← Chapters

အိမ်ပြန်ခေါ်သွားသည့် မိစ္ဆာမ

Vol. 9 Ch. 121

အိမ်ပြန်ခေါ်သွားသည့် မိစ္ဆာမ

Vol. 9 Ch. 121

အသည်းကွဲကမ်းပါး၏ ဆေးဥယျာဥ်တွင်

မြောင်တင်းလျန်က ဝင်ပေါက်တွင်ရပ်လျက် ပျော်ရွှင်နေ၏။

"ဂျူနီယာမောင်လေးကျန်း မရှိတော့ ဒီနေရာက ငါ့နေရာဖြစ်လာပြီ သူက လူကောင်းဆိုပေမဲ့ ဆေးပင်တွေနဲ့ပတ်သတ်တဲ့ ဗဟုသုတက နည်းလွန်းတယ် သူ ပြန်မလာခင် တိုးတက်မှုတွေကို လုပ်ဆောင်ရမယ်"

"ဒီမှာ တန်ဖိုးကြီးတဲ့ဆေးပင်တွေအများကြီးရှိတယ် ပြဿနာဖြစ်စေရင် ဂိုဏ်းက ထုတ်ပယ်ခံရလိမ့်မယ် ငါ့ကို ပြဿနာမရှာနဲ့" မုချီက ပြောသည်။

"ရှင်က ကျမကို အမြဲတမ်းအပြစ်ပြောနေတာပဲ ကျမက ဆေးပင်တွေအကြောင်းသိပေမဲ့ အရိုးတစ်ရာတောအုပ်က ဒီလိုနည်းလမ်းမျိုး လုပ်ဆောင်နိုင်မယ်မထင်ထားဘူး "

"ဒီလိုနည်းလမ်းမျိုးက ဖြစ်နိုင်လို့လား" မုချီက သူမ၏ ပြောဆိုမှုကြောင့် ကြောင်အသွားခဲ့သည်။

ကျန်းဟောင် ရုတ်တရက် ထွက်ခွာသွားခြင်းက ထိုကိစ္စနှင့် ပတ်သတ်နေနိုင်သည်။ ဆေးပင်နှင့် တစုံတဦး၏ ကျင့်ကြံခြင်းကိုဖိနှိပ်ခြင်းက ကြားပင်မကြားဖူးသည့် ကိစ္စရပ်ဖြစ်၏။

"ငါလည်း မသေချာဘူး ဒါပေမဲ့ ဂျူနီယာမောင်လေးကျန်း ထွက်သွားတာ အဆင်ပြေပါ့မလား" မြောင်တင်းလျန်က မေးသည်။

မုချီ ခေါင်းယမ်းသည်။" ဒါက သူ့ရဲ့ ရွေးချယ်မှုပဲ ဆရာက ဘာမှမပြောဘူး"

ကျင့်ကြံခြင်းလမ်းစဥ်က ခက်ခဲကြောင်း သူတို့နားလည်၏။ တခါတလေ သေခြင်းရှင်ခြင်းက အခြားသူ၏ လက်ထဲ ရှိတတ်သည်။ ကိုယ် မည်မျှသန်မာသလဲဆိုတာပေါ် မူတည်၏။

"ဒီမှာနေပြီး ဂရုစိုက်ချေ ငါ မိုင်းတွင်းသွားဦးမယ် နောက်လအနည်းငယ်ဆို ပြန်လည်ပတ်နိုင်လောက်တယ် "

မုချီက မိုင်းတွင်း၏ ကြီးကြပ်သူဖြစ်နေဆဲပင်။ သူ၏ ဒဏ်ရာများကြောင့်သာ ရှောင်နေခဲ့ရပြီး အခုတော့ အဆင်ပြေနေပြီဖြစ်၏။

"ဘာလို့ မိုင်းတွင်းကိုပဲ သွားနေရတာလဲ ဆေးဥယျာဥ်မှာပဲ အလုပ်မလုပ်ဘူးလား "

"ဆေးဥယျာဥ်က တချိန်လုံးကြီးကြပ်နေဖို့မလိုဘူး အတွင်းစည်းတပည့်တစ်ဦးရှိနေရင် လုံလောက်ပြီ ဂိုဏ်းမှာ စီမံရမဲ့နေရာအများကြီးရှိတယ် ငါ ဒီမှာ အလုပ်လုပ်ရင် ဂျူနီယာညီလေးကျန်းက မိုင်းတွင်းသွားရလိမ့်မယ် ဆရာက ဒါကို ခွင့်ပြုမှာမဟုတ်ဘူး"

မြောင်တင်းလျန် ခေါင်းညိတ်လိုက်လေသည်။

ကောင်းကင်ရှင်းလင်းဂိုဏ်း အပြင်ဖက် လေဟာနယ်က တွန့်လိမ်သွားခဲ့သည်။

ပုံရိပ်တခုက မြေပေါ် ပြုတ်ကျလာ၏။ ကျန်းဟောင် ထရပ်ပြီး မူးဝေဝေခံစားနေရသည်။

"အဆောင်သုံးရတာ အတော်ခေါင်းမူးတာပဲ"

အဆောင်က ကောင်းကောင်းမရပ်နိုင်လောက်အောင် ခေါင်းမူးစေမည်မထင်ထားပေ။ ရွှေအမြုတေအဆင့်ပင် ဤသို့ဖြစ်နေပါက ထို့ထက်နိမ့်ပါးသူများဆို ပိုအခက်တွေ့နိုင်လေသည်။

အနည်းငယ်သက်သာလာပြီးနောက် သူရောက်နေသည့်နေရာအား စစ်ဆေးသည်။

"ကောင်းကင်ရှင်းလင်းဂိုဏ်းနဲ့ ဘယ်လောက်ဝေးနေပြီလဲမသိဘူး"

"မိုင်ငါးရာ" အသံတခုက ရုတ်တရက် ထွက်လာ၏။

ကျန်းဟောင်လည်း နှလုံးခုန်မြန်သွားပြီး မနည်းတည်ငြိမ်အောင် လုပ်လိုက်ရသည်။

လှည့်ကြည့်လိုက်သောအခါ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက သစ်ကိုင်းပေါ်တွင် ထိုင်နေကြောင်းမြင်လိုက်ရသည်။ ကျန်းဟောင်ကိုမြင်သောအခါ ဆင်းလာ၏။

သူမ၏ ဆံပင်များကို ရိုးရှင်းစွာ ထုံးဖွဲ့ထား၏။ ခါးတွင် ခါးပတ်ရှိပြီး ခြေချင်းဝတ်ထိရှည်လျားသည့် ဝတ်စုံအား ဆင်မြန်းထားလေသည်။ ရိုးရှင်း၍ ခရီးသွားလာရန် သင့်တော်သည်။

"စီနီယာ ဘယ်ကိုသွားမှာလဲ" ကျန်းဟောင် မေးသည်။

"တိမ်ပုန်းစီရင်စု" ဟုန်ယွီယဲ့ ဖြေ၏။

တိမ်ပုန်းစီရင်စုက ကောင်းကင်ရှင်းလင်းဂိုဏ်းနဲ့ အနီးဆုံးဖြစ်၏။ ကောင်းကင်ရှင်းလင်းဂိုဏ်းက တောင်ဖက်ပိုင်းတွင်ရှိပြီး ကျယ်ဝန်းသည့် စီရင်စု ၁၆ ခု၏ ဝန်းရံခြင်းခံထားရသည်။

စီရင်စုတိုင်းက ကျယ်ပြောပြီး များပြားသည့် မြို့ရွာများပါဝင်နေကြ၏။

ကောင်းကင်ရှင်းလင်းဂိုဏ်း၏ လိုက်ဖမ်းခြင်းခံရပါက တိမ်ပုန်းစီရင်စုထဲ ထွက်ပြေးနိုင်၏။ သူ၏ ကျင့်ကြံဆင့်နဲ့ဆိုပါက ဓားပျံစီးသွားလျှင် တိမ်ပုန်းစီရင်စုသို့ တစ်ရက်အတွင်း ရောက်နိုင်၏။

"စီနီယာ အဲဒီကိုပျံသွားမှာလား" ကျန်းဟောင် မေးသည်။

ဟုန်ယွီယဲ့က သူ့ကိုကြည့်သည်။ အနီရောင်အလင်းက သူတို့နှစ်ဦးလုံးကို လွှမ်းခြုံသွားခဲ့သည်။

မျက်တောင်တခတ်အတွင်း ပတ်ဝန်းကျင်က ပြောင်းလဲသွားခဲ့သည်။

အသိပြန်ဝင်လာသောအခါ မြို့နဲ့ သိပ်မဝေးသည့် လမ်းပေါ် ရောက်နေကြောင်းသိလိုက်ရသည်။ လူများစွာက မြို့ထဲမှ ဝင်လိုက်ထွက်လိုက်ပြုနေကြသည်။ မြို့ဂိတ်တွင် ဆင်းသက်မြို့ဟူသည့် ဆိုင်းဘုတ်အား ချိတ်ဆွဲထားလေသည်။

"ဒါက..."

ဤမြို့မှာ အတော်လေးစီးပွားရေးကောင်းမွန်သည့် မြို့များထဲမှ တစ်ခုဖြစ်သည်။ သူ့အတွက် တစ်ရက်အချိန်ယူရမည်ဖြစ်သော်လည်း ဟုန်ယွီယဲ့၏ စွမ်းအားဖြင့် ချက်ချင်းရောက်လာ၏။

"သွားမယ်" ဟုန်ယွီယဲ့က ရှေ့ကနေ ဦးဆောင်သွားခဲ့သည်။

ကျန်းဟောင် လိုက်ပါသွား၏။ "စီနီယာ ရုပ်မဖျက်တော့ဘူးလား"

"ရုပ်ဖျက်မယ် ငါက ရုပ်ဆိုးနေလို့လား" သူမ၏ အော်ရာက မြင့်တက်လာသည်။

"တောင်းပန်ပါတယ် စီနီယာ အဲ့လိုမဟုတ်ပါဘူး စီနီယာက အရမ်းလှတော့ လူတွေကို ဆွဲဆောင်မိနိုင်တယ် ဒါက ပြဿနာဖြစ်စေလိမ့်မယ် "

ဟုန်ယွီယဲ့က သူ့ကိုကြည့်ပြီး ဆက်လျှောက်သွားခဲ့သည်။ "ငါ ပြဿနာဖြစ်မှာစိုးရိမ်တာလား မင်းအတွက်လား"

"သေချာပေါက် စီနီယာကို စိုးရိမ်တာပေါ့ "

"အလိမ်တွေ" သူမ အေးစက်စက် ပြော၏။

ကျန်းဟောင် တိတ်ဆိတ်စွာ လိုက်ပါလာ၏။ ပတ်ဝန်းကျင်ကိုကြည့်၍ ဟုန်ယွီယဲ့ကို ရန်စလာသူများရှိမည်ကို စိုးရိမ်နေ၏။။

ကျင့်ကြံဆင့်မြင့်လေ သာမန်လူများကို အထင်သေးနိုင်လေဖြစ်၏။ စွမ်းအားကြီး ပုဂ္ဂိုလ်များအတွက် သာမန်လူများ၏ အသက်က ပိုးမွှားများပမာဖြစ်၏။

ဟုန်ယွီယဲ့က အလွန်စွမ်းအားကြီးပြီး လူသတ်ရန် ဝန်လေးမည်မဟုတ်ပေ။ သို့သော် အံ့သြရသည်က မြို့ဂိတ်ကိုရောက်သောအခါ မည်သူကမှ သူတို့ကို အာရုံစိုက်ခြင်းမရှိသည်ကိုပင်။

သူ စိတ်အေးသွား၏။ သူမ၏ လုပ်ဆောင်မှုဖြစ်ရပေမည်။ သူတို့ကို သာမန်ဖြစ်စေရန် မန္တန်အသုံးပြုထားခြင်းဖြစ်ပေမည်။

"ဒီမြို့မှာ သုံးရက်နေမယ် နေစရာရှာချေ "

"ရှေ့မှာ အဆင်ပြေတဲ့တည်းခိုခန်းရှိတယ်" ကျန်းဟောင်က လမ်းရှေ့ကို ညွှန်ပြလိုက်သည်။

"ဒီကိုရောက်ဖူးတာလား"

"ဟုတ်ကဲ့" သူ ခပ်တိုးတိုးဖြေသည်။

ဤနေရာကို ယခင်က ရောက်ဖူးသော်လည်း ရင်းနှီးသလို မရင်းနှီးသလိုဖြစ်၏။ လမ်းများက ဆင်တူပြီး ကွဲပြားသည့် ခံစားချက်ပေးသည်။ နှစ်များစွာ ကြာမြင့်သွားမှုကြောင့်ထင်၏။ ဤနေရာက သူ၏ မွေးရပ်မြေဖြစ်လေသည်။

သူ ငါးနှစ်အရွယ်အထိ ဤနေရာထိ နေခဲ့ဖူးသည်။ သေချာမမှတ်မိသော်လည်း မြို့ထဲဝင်လေလေ ပြန်မှတ်မိလာလေပင်။

သူ၏ မိသားစုအားကြည့်ရန် လာရောက်ဖို့ စိတ်ကူးထားသော်လည်း ကျင့်ကြံခြင်းက မလုံလောက်၍ အပြင်မထွက်ခဲ့ပေ။

ဤနေရာကို မရည်ရွယ်ပဲ ပြန်ရောက်လာမည်ဟု မထင်ထားပေ။

သူ့အိမ်ကို သိပ်မမှတ်မိပဲ ရေခပ်ထင်းခွဲ နောက်ဖေးတွင် ချက်ပြုတ်ရာ၌ ကူခဲ့ရသည်ကိုသာ သတိရသည်။

မကြာခဏဆိုသလို မိထွေးဖြစ်သူ၏ ကြိမ်းမောင်းခြင်းကိုလည်း ခံရသည်။ ဤနေရာတွင် ကောင်းမွန်သည့် အမှတ်တရများမရှိပါချေ။

ငတ်မွတ်ခေါင်းပါးမှုကြုံတွေ့ရသောနှစ်တွင် မိထွေးက သူ့ကို ပေါက်စီနှစ်လုံးပေး၍ ကောင်းကင်ရှင်းလင်းဂိုဏ်းထံ ရောင်းစားခဲ့သည်။

ကျန်းဟောင်၏ ခံစားချက်များရောထွေးနေခဲ့၏။

All Chapters