စိတ်ရှင်းလင်းခြင်း
Vol. 9 Ch. 123
ကျန်းဟောင် ပြုံးသည်။ "ဒီမှာ ထင်းခုတ်ဖူးတယ် အတိအကျပြောရရင် ကျနော် လေးနှစ်သားအရွယ်လောက်ကပေါ့"
ကျန်းဟောင်က ပုဆိန်ကိုဆ၍ ထင်းတစ်တုံးအား ကောက်ခွဲလိုက်၏။
"လေးနှစ်" လူကြီးမှာ အံ့သြသွားပြီး "အဲ့အရွယ်ဆို ပုဆိန်မပြောနဲ့ ဓားတောင် ကောင်းကောင်းကိုင်နိုင်မှာမဟုတ်ဘူး"
"တကယ်ခက်ခဲခဲ့တာပေါ့ ဒါပေမဲ့ တဖြည်းဖြည်းကျင့်သားရသွားတာပဲ "
နှစ်များစွာကြာမြင့်ပြီးနောက် သူ့မိသားစုနဲ့ပတ်သတ်ပြီး မကျေနပ်မှုများမရှိတော့ပါချေ။ သူ့မိထွေးကိုပင် သေချာမမှတ်မိတော့ချေ။
"ကြည့်ရတာ ပင်ပန်းဆင်းရဲခဲ့ပုံပဲ "
"ကျနော်လည်း သေချာမမှတ်မိတော့ပါဘူးလေ"
"ဘာလို့ ကျန်းမိသားစုအကြောင်းသိချင်ရတာလဲ" လူကြီးက သူ့ကို မေးသည်။ "ဘယ်လိုပတ်သတ်လို့လဲ"
"သူတို့က ကျနော့်မိသားစုပါ "
လူကြီးမှာ အံ့သြသွားပြီး "မဖြစ်နိုင်ဘူး သူတို့ဆီက အိမ်ဝယ်တုန်းက ကလေးရှိတယ်မကြားမိပါဘူး"
"ဟုတ်ပါတယ် ကျနော့်ကို ငါးနှစ်တုန်းက ရောင်းစားလိုက်တာ ဒါက ပထမဆုံး ဒီကိုပြန်ရောက်လာတာပဲ သူတို့ကို ပြန်လာကြည့်တာ"
ကျန်းဟောင်က စကားပြောရင်း ထင်းခွဲနေလေသည်။
"ဘယ်လောက်ကြာပြီလဲ"
"၁၇ နှစ်"
"ငါ ဒီအိမ်ကိုဝယ်ခဲ့တာ လွန်ခဲ့တဲ့ ၁၆ နှစ်ကပဲ" လူကြီးက တွေးသည်။
"သူတို့ ငါ့ကို ရောင်းစားပြီး တစ်နှစ်အကြာမှာ ပြောင်းသွားခဲ့တာလား" ကျန်းဟောင် ခါးသက်သွား၏။ "ငါ ပြန်လာပြီး လက်စားချေမှာစိုးလို့လား"
"သူတို့ ဘယ်ပြောင်းမယ်ပြောသွားသေးလဲ "
"ဟင့်အင်း" လူကြီးက ခေါင်းခါသည်။ "ဒါပေမဲ့ သူတို့ အနီးအနားက မြို့ကိုပဲပြောင်းလောက်တယ် လိုက်ရှာကြည့်ပေါ့"
ကျန်းဟောင် ဘာမှမပြောချေ။ သူ့အတွက် လျှောက်သွားရန်မှာ မဖြစ်နိုင်ပေ။ ဒီကိုရောက်လာတာကပင် ဟုန်ယွီယဲ့ကြောင့်ဖြစ်၏။ သူ့တွင် ရန်သူများစွာရှိ၍ အပြင်လျှောက်သွားရန် မဖြစ်နိုင်ပေ။
ရန်သူများသာ သူ့မိသားစုအကြောင်းသိသွားပါက ၎င်းကို အသုံးချလာနိုင်၏။
"လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက မြို့က အတော်လေးခက်ခဲခဲ့တယ်"
"ကျနော်မှတ်မိပါတယ်"
"သူတို့ကို မုန်းလား" လူကြီးက မေးသည်။
"မမုန်းပါဘူး ဒါပေမဲ့ သိပ်တော့မကျေနပ်ဘူး "
လူကြီးက ပြုံးပြီး "အခြားသူသာဆို ငယ်ငယ်တည်းက ရောင်းစားခံရရင် မိသားစုကို ကျိန်းသေမုန်းတီးမှာပဲ"
ကျန်းဟောင်က တိတ်တဆိတ်သာ ထင်းခွဲနေ၏။ ထင်းများကုန်သွားသောအခါ ဝတ်ရုံကိုခါလိုက်၏။
"အခုလိုပြောပြပေးလို့ ကျေးဇူးပါ ကျနော် ပြန်လိုက်ပါဦးမယ်"
"တံခါးထိလိုက်ပို့ပေးမယ်" လူကြီးက သူနဲ့အတူ လိုက်ပါလာ၏။
ကျန်းဟောင်မှာ အတွေးရေယဥ်ထဲ နစ်မျောနေ၏။ သူ၏ ငယ်ဘဝက ကောင်းမွန်သည့် အမှတ်တရများမရှိပေ။ ဒါပေမဲ့ သေချာလည်း မမှတ်မိပေ။ မဖော်ပြနိုင်သည့် ခံစားချက်အား ခံစားနေရသည်။ ၎င်းတို့ကို ဦးညွတ်၍ ထွက်ခွာလာခဲ့သည်။
တံခါးပိတ်သံကြားသောအခါ ပြန်လှည့်ကြည့်လိုက်၏။
ဤနေရာက သူကြီးပြင်းခဲ့သည့်နေရာဖြစ်သည်။
အဲဒီနှစ် အဲဒီအချိန်တုန်းကလည်း တံခါးက ယခုလိုပိတ်သွားခဲ့သည်။
အမြဲတမ်း သူ့အိမ်က ရှိနေသေးသည်ဟု တွေးခဲ့သော်လည်း ယခု သူ့အိမ်က တကယ် မရှိတော့ပုံရ၏။ ဤနေရာသို့ ပြန်လာစရာအကြောင်းမရှိတော့ပေ။
နောက်ဆုံး နှုတ်ဆက်မှုနဲ့အတူ သူ ထွက်ခွာလာခဲ့သည်။
အတိတ်ကို တကယ်ပဲ လွှတ်ချနိုင်ပြီလား။ မဖြစ်နိုင်ပေ။ သို့သော် အတိတ်ကိုဖက်တွယ်ခြင်းက အကျိုးမရှိပဲ ရှေ့ကိုသာ ဆက်လျှောက်ရပေမည်။
ငြိမ်းချမ်းမှု၏ ချိုမြခါးသက်သည့် ခံစားချက်အား ရလိုက်သည်။ သူ့ကံတရားအား လက်ခံလိုက်၏။။
သာမန်ကလေးအဖြစ်မှ မူလဝိညာဥ်အဆင့်နှင့် သိပ်မဝေးတော့သည့် ကျင့်ကြံသူတဦးဖြစ်နေပြီမဟုတ်ပါလား။
နှစ်ဝက်လောက် လေ့ကျင့်ခဲ့ခြင်းသည်ပင် သူ့စိတ်အား ရင့်ကျက်မှုမဖြစ်စေခဲ့ပေ။ ယခု အိမ်ပြန်လာသည့် ခဏတာအခိုက်အတန့်က သူ၏ စိတ်အား ရှင်းလင်းအေးချမ်းစေခဲ့သည်။
သူ လမ်းမကြီးအတိုင်း ရောက်လာ၏။ လူများစွာက ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြသည်။ ဈေးသည်များက ပစ္စည်းများကို ကြေညာနေကြသည်။
ကြည်လင်သန့်စင်နှလုံးသားက ငုပ်လျှိုးနေရာမှ ပြောင်းလဲမှုတစုံတရာဖြစ်သွားသည်အား အာရုံခံမိလေသည်။
"ထူးခြားတဲ့ခံစားချက်ပဲ"
ဟုန်ယွီယဲ့ထံပြန်သွားရန်လုပ်ပြီးမှ ဆိုင်တခုတွင် ရပ်လိုက်၏။
သူ တခဏမျှတုံ့ဆိုင်းပြီး အထဲဝင်သွားခဲ့သည်။
"ဘယ်လို လက်ဖက်ရည်အိုးအမျိုးအစားလိုချင်လို့ပါလဲ" ဆိုင်ရှင်က မေးသည်။
ကျန်းဟောင် လျှောက်ကြည့်ပြီး အနီရောင်လက်ဖက်ရည်အိုးနှင့် ခွက်အစုံအား တွေ့လိုက်သည်။ အရောင်က အရမ်းမတောက်ပဲ သိမ်မွေ့၏။ လက်ရာကလည်း ကောင်းမွန်သည်။
"ဒါ ဘယ်လောက်လဲ"
"၁၅ စပါ"
သူဝယ်ပြီး တည်းခိုခန်းပြန်လာသည်တွင် အဆာသွပ်မုန့်ဆိုင်တခုအား ဖြတ်လာ၏။ ဆိုင်မှ မွှေးပျံ့သည့်ရနံ့များ ထွက်ပေါ်နေ၏။
ကလေးတုန်းက ဤဆိုင်မှ မုန့်ဝယ်စားချင်ခဲ့သည်။ သို့သော် သူက ဆင်းရဲလွန်းခဲ့၏။
သူ၏ ငယ်ဘဝဆန္ဒကိုဖြည့်သည့်အနေဖြင့် မုန့်အချို့ဝယ်လိုက်သည်။
သူ လမ်းလျှောက်လာစဥ် လမ်းထောင့်တခုမှ တစုံတခုက သူ့ထံ လွင့်ပျံလာ၏။
ဖမ်းယူလိုက်သောအခါ ကျောက်တုံးတခုဖြစ်နေ၍ အကဲဖြတ်စွမ်းရည်အသုံးပြုလိုက်သည်။
[ဝှက်စာ၊ ကောင်းချန်နတ်ဂိုဏ်းမှ လျှို့ဝှက်စာပေးပို့ရန် အသုံးပြုသည်၊ ဖတ်ရှုရန် ချေမွ၍ ရေထဲထည့်ပါ ]
ကောင်းချန်နတ်ဂိုဏ်း
သူ ပဟေဠိဖြစ်သွား၏။ ဘာလို့ ကောင်းချန်နတ်ဂိုဏ်းက သူ့ကို ဆက်သွယ်ရတာလဲ။
ကျန်းဟောင် တည်းခိုခန်း ပြန်ရောက်လာ၏။ ဟုန်ယွီယဲ့က သူ့ကို အဖြေပေးနိုင်လောက်သည်။
"ခြောက်လွှာက အခန်းနံပါတ်တစ်ကို ရေတစ်ဇလုံယူလာပေးပါ" အစေခံအား သူမှာလိုက်၏။
ထို့နောက် ဟုန်ယွီယဲ့၏ အခန်းကိုသွားသောအခါ တံခါးက အလိုလိုပွင့်သွားလေသည်။
သူမက ပြတင်းပေါက်နားတွင်ထိုင်နေ၏။
သူ့ကိုလှည့်ကြည့်လာပြီး ပြော၏။ "မင်းထွက်ပြေးသွားပြီထင်နေတာ"