← Chapters

ညဥ့်နက်မှ အပြင်ထွက်ခြင်း

Vol. 9 Ch. 124

ညဥ့်နက်မှ အပြင်ထွက်ခြင်း

Vol. 9 Ch. 124

"နောက်ကျသွားတယ် "

ကျန်းဟောင် သူမဆီလျှောက်သွား၏။ ထွက်ပြေးပြီး အသက်ကို စွန့်စားရမည့်အလုပ်မျိုးပြုလုပ်မည် မဟုတ်ချေ။

ဟုန်ယွီယဲ့မှာ လက်ဖက်ရည်အား မထိရသေးပေ။

ကျန်းဟောင် သက်ပြင်းချ၍ ထီးပေးလိုက်၏။ ထို့နောက် အသစ်ဝယ်လာသည့် လက်ဖက်ရည်အိုးနှင့်ခွက်များအား ဆေးကြောပြီး လက်ဖက်ရည်အသစ်ကျိုသည်။

ဟုန်ယွီယဲ့က သူလုပ်နေသည်အားကြည့်ပြီး ဘာမှမပြောပေ။

ထို့နောက် လက်ဖက်ရည်ခွက်အား ရှေ့ချပေးလိုက်၏။ ထိုအခါမှ ဟုန်ယွီယဲ့က ခွက်ကိုယူ၍ သောက်သည်။

"မင်း သိတတ်သားပဲ" သူမက ဆိုသည်။

"ဒါပေါ့ စီနီယာကိုပြုစုဖို့ ကျနော် အကောင်းဆုံးလုပ်မှာပါ"

"လိမ်တာလည်းတော်တယ် "

ကျန်းဟောင် တိတ်နေ၏။

ထို့နောက် တံခါးခေါက်သံကြားရသည်။ ကျန်းဟောင် တံခါးသွားဖွင့်ပြီး အစေခံဆီမှ ရေဇလုံကိုယူ၍ တံခါးပြန်ပိတ်သည်။

ထို့နောက် ရေဇလုံအား စားပွဲပေါ်တင်၏။

"ကျနော် တခုခုတွေ့ထားတာရှိတယ်"

ကျောက်တုံးတခုကိုထုတ်၍ ချေမွပြီး ရေထဲထည့်လိုက်သည်။

ရေများက ပလုံစီလာပြီး ရေမျက်နှာပြင်တွင် စာလုံးများပေါ်လာ၏။။

"ညသန်းခေါင်၊ မြို့အပြင်ဖက် တောင်နတ်ဘုရားကျောင်းမှာဆုံမယ်"

"ငါပေးထားတဲ့ကျောက်ပြားကိုထုတ်လိုက်" ဟုန်ယွီယဲ့ ပြော၏။

ကျန်းဟောင် အံ့အားသင့်သွားပြီး အဘယ်ကြောင့် ကောင်းချန်နတ်ဂိုဏ်းမှ စာရသည်အား အကြမ်းဖျင်း ခန့်မှန်းမိသွား၏။

ကျောက်ပြားပေါ်၌ သူ့လက်တင်ထားရန်ပြောသည်။

"အားကုန်သုံးပြီး အာရုံခံချေ"

ကျန်းဟောင် ပဟေဠိဖြစ်သွားသော်လည်း သူမ ပြောသည့်အတိုင်းလုပ်သည်။ ခဏကြာသော် ကျောက်ပြားက အပိုင်းအစကိုးခုအဖြစ် ကွဲထွက်သွား၏။

၎င်းတို့တွင် အနီရောင်အလင်းတခုစီရှိနေ၏။

"အနီရောင်အလင်းဆုံတဲ့နေရာကို ကျောက်တုံးရွေ့ချေ"

သူလုပ်ဆောင်လိုက်သောအခါ ကျောက်တုံးပိုင်းများက အနီရောင်အလင်းအတိုင်း စီရီသွား၍ သင်္ကေတတခုဖြစ်လာသည်။

၎င်းမှ စွမ်းအားတရပ်ဖြစ်ပေါ်လာ၏။ အခြားနေရာတခုတွင် ကျောက်တုံးများရှိရဦးမည်ဟု ခံစားနေမိ၏။ ဒါကြောင့် ကောင်းချန်နတ်ဂိုဏ်းက သူ့ကိုတွေ့သွားခြင်းပင်။

သူ နည်းနည်းစိတ်အေးသွား၏။ အနည်းဆုံး သူ့အိမ်ဟောင်းတွင် မဟုတ်သည့်အတွက် အဘိုးအဘွားလင်မယားအား ထိခိုက်စေမည်မဟုတ်ပေ။

ကျောက်တုံးနဲ့ စာက ကောင်းချန်နတ်ဂိုဏ်းကပဲ ဟုန်ယွီယဲ့ ပြော၏။

"အခြားကျောက်ပြားတွေရှိသေးတာလား ဘယ်မှာလဲ"

သူမ ခေါင်းညိတ်ပြီး "အနီးအနားက မြို့တွေမှာဖြစ်နိုင်တယ် တခုပြီးတခုရှာရတာပေါ့"

အံ့သြဖွယ်တိုက်ဆိုင်မှုက သူ့ကို အံ့သြသွားစေ၏။ သူ့မိသားစုကို ပြန်တွေ့နိုင်မဲ့အခွင့်အရေးလား။

ဟုန်ယွီယဲ့က သူ့ကို ထောက်လှမ်းနေသလားဟုပင် ထင်မိသည်။ သို့သော် ထိုအကြောင်းနဲ့ပတ်သတ်ပြီး မမေးမြန်းရဲပါချေ။

ကျန်းဟောင်လည်း သူ့အခန်းကိုပြန်နားရန်ပြင်၏။ စိတ်ရှင်းလင်းမှုအပြီး သူ၏ ကျင့်ကြံခြင်းနှင့် စွမ်းရည်များအား သန့်စင်ရန်လိုနေသည်။

လက်ဖက်ရည်အိုးကို သူယူသွား၏။ တခဏမျှတွေးပြီး ဝယ်လာသည့် မုန့်တစ်ဝက်အား ဟုန်ယွီယဲ့အတွက် ထားပေးခဲ့သည်။။

ကျန်းဟောင် ထွက်သွားသောအခါ ဟုန်ယွီယဲ့က မုန့်ကိုစိုက်ကြည့်ပြီး အနည်းငယ်ဖဲ့ကာ ပါးစပ်ထဲထည့်လိုက်၏။ သူမ အတန်ငယ်မျက်မှောင်ကြုတ်သည်။

လက်ဖက်ရည်သောက်ပြီး အတန်ငယ်ချောင်းဆိုးလိုက်၏။

ကျန်းဟောင် အခန်းပြန်ရောက်လာပြီးနောက် သူ့အတွက် လက်ဖက်ရည်ကျို၍ မုန့်စားသည်။

သူ အနည်းငယ်စိတ်ပျက်သွား၏။ ငယ်စဥ်တုန်းက ၎င်းမှာ လက်လှမ်းမမီနိုင်သည့် နတ်သုဓာကဲ့သို့ဖြစ်ပြီး အခုမူ သာမန်သာခံစားရသည်။ ဘာပဲဖြစ်ဖြစ် သူ ကုန်အောင်စားလိုက်၏။

ထို့နောက် ကျင့်ကြံခြင်းအား စတင်ပြုလုပ်၏။ စိတ်ရှင်းလင်းနေသည့်အတွက် လျင်မြန်စွာ အာရုံစိုက်နိုင်သွား၏။

"အချိန်ကျပြီ" သူ ရေရွတ်လိုက်၏။ တောင်နတ်ဘုရားကျောင်းတွင် မည်သို့ကြုံရမည်မှန်း မသိသော်လည်း သူ၏ ကျင့်ကြံခြင်းက ကာကွယ်ပေးနိုင်မည်ဟုထင်၏။ သူက ရွှေအမြုတေအဆင့် နောက်ဆုံးဖြစ်သည်မဟုတ်ပါလော။

"သွားမယ်" ပြတင်းပေါက် အပြင်မှအသံထွက်လာ၏။

သူကြည့်လိုက်ရာ ဟုန်ယွီယဲ့က လေထဲတွင်ရပ်တည်နေ၏။ သူသည်လည်း ဓားပျံစီးနင်း၍ လိုက်ပါလာတော့သည်။

ခဏလေးအတွင်း နှစ်ယောက်သား မြို့ပြင်ကိုရောက်လာ၏။။

ဘုရားကျောင်းက မီးအလင်းပျပျရှိနေ၏။ အထဲတွင် လူရှိပုံပင်။

ရွှေအမြုတေအဆင့် အလယ်အလတ်တစ်ဦးနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းနှစ်ဦးအား သတိထားမိ၏။

"စီနီယာ" ကျန်းဟောင် ဟုန်ယွီယဲ့ကိုကြည့်လိုက်၏။

"ငါ့ကိုမကြည့်နဲ့ စာရခဲ့တာမင်းပဲ အထဲဝင်ချေ"

"ဒါပေမဲ့... "သူ စိုးရိမ်သွား၏။

သူဆက်မပြောရသေးခင် အားကောင်းသည့်အော်ရာလွှမ်းခြုံလာကြောင်း သတိပြုမိ၏။

"ပြဿနာရှိလား"

"မ မရှိပါဘူး"

အော်ရာပျောက်သွားမှ သူ သက်ပြင်းချနိုင်သည်။

အထဲမှလူများမှ ကောင်းချန်နတ်ဂိုဏ်းမှမဟုတ်ကြောင်းခံစားမိနေ၏။ စာက အတုဖြစ်နိုင်သည်။

သို့သော် ကျောက်ပြားအား အနီးအနားတွင် အာရုံခံမိနေသောကြောင့် ရန်သူက ဤနေရာတွင် ရှိနေနိုင်သည်။

"လူတွေကို မျှားခေါ်နေတာလား"

သူ့တုံ့ဆိုင်းသွားပြီးမှ အထဲသို့လျှောက်ဝင်လိုက်၏။

သူ ရောက်လာသည်အား ရွှေအမြုတေအဆင့် အလယ်အလတ်ရှိသည့် လူက လျင်မြန်စွာသတိထားမိသွား၏။

သို့သော် တဖက်လူက မလှုပ်ရှားပေ။

ကျန်းဟောင်က ဟုန်ယွီယဲ့နဲ့အတူ ဝင်လာခြင်းဖြစ်သည်။ အထဲကိုဝင်ပြီးပါမှ အစီအရင်အသက်ဝင်သွားပြီး သူတို့ကို ထွက်မရအောင် ပိတ်ဆို့လိုက်သည်။

"သူတို့က ပြင်ဆင်ထားတာပဲ" ကျန်းဟောင် တွေး၏။

အလယ်ကိုကြည့်လိုက်သောအခါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတဦးက မီးပုံငယ်နားတွင်ထိုင်နေကြောင်း မြင်ရသည်။ သူတို့က ကျန်းဟောင်ကိုမြင်ပြီး အနည်းငယ် အံ့သြသွားကြပုံရသည်။

သူတို့ရှေ့တွင် သက်လတ်ပိုင်းလူတဦး ထိုင်နေ၏။ ၎င်းမှာ တရားထိုင်နေသည့်အလား မျက်လုံးပိတ်ထား၏။

အမည်မဲ့ကျင့်စဥ်က အော်ရာများကို အာရုံခံနိုင်စေသောကြောင့် သူ အန္တရာယ်အငွေ့အသက်ရလိုက်သည်။

ထို့နောက် အကဲဖြတ်စွမ်းရည်အား ထုတ်သုံးလိုက်၏။

All Chapters