သတိကြီးလွန်းခြင်း
Vol. 9 Ch. 125
[ပိုလန်၊ ကောင်းချန်ဂိုဏ်းတပည့်၊ လျှို့ဝှက်စာပိုင်ရှင်များထဲမှ တစ်ဦး၊ သူ၏ အဓိကတာဝန်မှာ သတင်းအချက်အလက်များ စုဆောင်းခြင်းဖြစ်၏၊ သင်ရောက်လာသည်ကို တွေ့ပြီးနောက် ကျောက်ပြားပိုင်ရှင်ပြောင်းသွားသည်အား သိသွားသည်၊ အမှန်ကိုသိရရန် မှော်ရတနာဖြင့် ကျောက်ပြား၏ အော်ရာကိုသီးခြားဖြစ်စေ၍ မလွတ်မြောက်နိုင်သည့် ထောင်ချောက်တခုအား ဖန်တီးထားရှိသည်]
ကျန်းဟောင် နားလည်သွား၏။ သူ့ကို မျှားခေါ်ခဲ့သူက ဤနေရာတွင် အမြဲတမ်းပုန်းအောင်းနေ၏။ ကျောက်ပြားကလွဲ၍ အားလုံးကို လျစ်လျူရှုထား၏။
"ရောင်းရင်း မထိုင်တော့ဘူးလား" ပိုလန်က မျက်လုံးဖွင့်သည်။
"မလိုပါဘူး" ကျန်းဟောင်က လခြမ်းဆေဘာကိုထုတ်သည်။ "ဒီမှာနေမှာမဟုတ်ဘူး လုပ်စရာရှိလို့ရောက်လာတာ"
ပိုလန်က ပြုံးသည်။" ညတာက ရှည်လျားလွန်းတယ် ဘာလို့ထိုင်ပြီး စကားမပြောရမှာလဲ"
ကျန်းဟောင် အချိန်မဖြုန်းချင်ပေ။ အချိန်ဆွဲလေ သူ့အတွက် အန္တရာယ်များလေပင်။
"လိုရင်းပဲပြောရအောင် ခင်ဗျားမှာ လျှို့ဝှက်စာကျောက်ပြားရှိလား၊ နောက်ကွယ်က ဘယ်သူစေခိုင်းနေတာလဲ"
ဘုံကျောင်းတခုလုံးတိတ်ကျသွားပြီး မီးပုံမှ ထွက်ပေါ်နေသည့် အသံများသာကြားရသည်။
"ရောင်းရင်းက ဘာကိုပြောနေတာလဲ" ပိုလန်က မေးသည်။
ကျန်းဟောင် တည်ငြိမ်နေသည်။
"ဟန်ဆောင်မနေနဲ့တော့"
"ကျောက်ပြားတွေကို စာပို့ဖို့သုံးတယ်ဆိုပေမဲ့ အသုံးပြုတဲ့လူက ပိုင်ဆိုင်တာမဟုတ်ဘူး မင်းတို့က ဒီဟာနဲ့ လူတွေကို ဆန့်ကျင်ဖို့ကြိုးစားတာ အတော်ရဲတင်းတာပဲ "
"အခြားကျောက်ပြားတွေ ဘယ်မှာလဲ ငါတို့ ဘယ်သူ့ကို ဆန့်ကျင်မိမှာလဲ" ကျန်းဟောင် ထပ်မေး၏။
"ငါ နည်းနည်းတော့သိတယ် ဒါပေမဲ့ မင်းကို ဘာလို့ပြောပြရမှာလဲ" ပိုလန် ထရပ်သည်။ "မင်းက အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်၊ ဟိုမိန်းမက နောက်ဆုံးအဆင့်ပဲ ဒီလောက်လေးနဲ့ ဖိအားပေးချင်နေတာလား"
ချွင်
ကျန်းဟောင် လခြမ်းဆေဘာအား ဓားအိမ်ချွတ်လိုက်၏။
မိုင်ထောင်ချီမိစ္ဆာအသံကြောင့် ပိုလန်ရှေ့ မျက်တောင်တခတ်အတွင်း ရောက်သွား၏။
ရုတ်တရက် တိုက်ခိုက်မှုက သူ့ကို ကြက်သီးထသွားစေ၏။ ထို့ကြောင့် အကာအကွယ် ဓမ္မရတနာအား အသက်သွင်းလိုက်၏။ သို့သော် ဆေဘာနှင့်ထိမိသောအခါ ရတနာမှာ ကွဲကြေသွား၏။
ဘုန်း
ဓားမြှောင်က ပိုလန်၏ လည်ပင်းပေါ်ကျသွားပြီး သူ့နောက်မှ တောင်နတ်ဘုရားရုပ်ထုမှာ ပြိုကျသွားခဲ့သည်။
"အခု ပြောတော့မှာလား"
"မင်း" ပိုလန် မယုံနိုင်ဖြစ်သွား၏။" မင်းက အခြေခံတည်ဆောက်ခြင်းအဆင့်မဟုတ်ဘူး"
ဝှစ်
ဓားမှာ လက်ခနဲဖြစ်သွား၍ ပိုလန်၏ လည်ပင်းမှာပွင့်ပြီး သွေးများ ပန်းထွက်လာသည်။
"ပြော ကျောက်ပြားတွေ ဘယ်မှာလဲ နောက်ကွယ်က ဘယ်သူလဲ ကျန်းဟောင် မေးသည်။
"နောက်ကွယ်က လူအကြောင်း သိပ်မသိဘူး" ပိုလန်မှာ ခက်ခက်ခဲခဲပြောလိုက်ရသည်။
"ဆက်ပြော "
"ငါ ကျောက်ပြားတွေကို တနေရာမှာဝှက်ထားတယ် ဝေးလွန်းလို့ မင်းသတိမထားမိနိုင်တာ ကျောက်ပြားတွေကို တိမ်ပုန်းစီရင်စု အနှံ့ဖြန့်ကျက်ထားတယ် တခုက ကောင်းကင်မြေမြို့မှာ၊ တခုက ဂိုဏ်းငယ်တခု..."
ထိုအခိုက် အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ လူနှစ်ဦးက ကျန်းဟောင်ကို ချောင်းတိုက်လိုက်ကြသည်။
သူ သက်ပြင်းချလိုက်၏။
ထို့နောက် ငွေလသတ်ဖြတ်ခြင်းဖြင့် ခုတ်ပိုင်းလိုက်ရာ ပိုလန်မှာ ခေါင်းပြတ်သွားလေတော့၏။
နောက်ဆုံးထွက်သက်အထိ ပိုလန်မှာ မယုံနိုင်ဖြစ်နေ၏။ ကျန်းဟောင်ကို အပြည့်အစုံဝန်မခံရသေးခင် အသတ်ခံလိုက်ရသည်မဟုတ်ပါလော။
ပိုလန်သေပြီးနောက် ကျန်နှစ်ယောက်မှာ ငြိမ်သက်သွား၏။
ကျန်းဟောင်က ဆေဘာဖြင့် အမျိုးသမီးအား တချက်တည်းခုတ်ချ၍ သတ်သည်။ အမျိုးသားမှာမူ ထွက်ပြေးရန် ကြိုးစား၏။
ငွေလသတ်ဖြတ်ခြင်းအား ထပ်သုံးလိုက်ပြန်သည်။
ထို့နောက် ပိုလန်အား ဓားဖြင့် ထပ်ထိုး၏။
ခဏမျှစောင့်ဆိုင်းပြီး ၎င်းတို့သေဆုံးပြီးကြောင်း သေချာမှ သက်ပြင်းချသည်။ ဟုန်ယွီယဲ့မှာမူ ဒီတိုင်းကြည့်နေ၏။
ကျန်းဟောင်က သိုလှောင်ရတနာများရှာဖွေပြီးသောအခါမှ သူမ ပြောသည်။
"သတိကြီးလွန်းနေတာမဟုတ်ဘူးလား"
"ကျင့်ကြံခြင်းလောကက အန္တရာယ်များတယ် သတိထားနိုင်မှ တော်ကာကျမယ်" သူ သိုလှောင်ရတနာအား ကောက်ယူသည်။ ၎င်းပေါ်ရှိ အမှတ်အသားအား ဖျက်ပစ်လိုက်သည်။
ဝိညာဥ်ကျောက်တုံး ၃၆၂၃ တုံးအားတွေ့သည်။ သူ့မှာရှိသည့် ၄၀၀ နဲ့ဆို ၄၁၀၀ ဝန်းကျင်လောက်ဖြစ်သွားလေပြီ။
သူ မနေနိုင်ပဲ သက်ပြင်းချလိုက်၏။ ကျင့်ကြံခြင်းလောကတွင် အကျိုးအမြတ်အများဆုံးက လုယက်ခြင်းဖြစ်၏။
ဝိညာဥ်ကျောက်တုံးများအပြင် ဆေးလုံးကဲ့သို့ အခြားအရာလည်း ရှိသေးသော်ငြား သူ့အတွက် သိပ်အသုံးမဝင်ချေ။
ရွှေအမြုတေအဆင့် အထွတ်အထိပ်အောက် ဆေးလုံးများက သူ့အတွက် အသုံးမဝင်တော့ပေ။ ၎င်းတို့ကို ပြန်ရောင်းရုံသာ တတ်နိုင်၏။
သူ့တွင် ဆေးလုံးများစွာရှိနေကြောင်း ကျန်းဟောင် အမှတ်ရမိ၏။ ၎င်းတို့ကိုရောင်းရန် အခွင့်အရေးရှာရပေမည်။
သူသာ ခရီးစဥ်တွင် ဝိညာဥ်ကျောက်တုံးတစ်သောင်းကို စုဆောင်းနိုင်ပါက ပြန်ရောက်လျှင် ဝိညာဥ်သားရဲ၏ သွေးမျိုးဆက်ကို ထပ်မံနှိုးထနိုင်လောက်သည်။
ဘူးတစ်ခုနှင့် ဓားတစ်ချောင်းလည်းတွေ့သည်။
ဟုန်ယွီယဲ့ လက်ဝေ့ယမ်းလိုက်သောအခါ အခြေခံတည်ဆောက်ခြင်းအဆင့် သိုလှောင်မှော်ရတနာနှစ်ခုက လက်ထဲပေါ်လာ၏။
စစ်ဆေးပြီး သာမန်ကာလျှံကာ ပစ်ပေးလိုက်၏။
"တွေ့လား" သူမ မေးသည်။
"ဟုတ်ကဲ့" ကျန်းဟောင် ခေါင်းညိတ်ပြီး ဘူးနှင့် ဓားအား ပြသည်။ "ဒီဘူးက အာရုံခံတာကို ပိတ်ဆို့နိုင်တယ် အထဲမှာ ကျောက်ပြားရှိနိုင်တယ်"
ကျန်းဟောင် ဓားကိုစစ်ဆေးကြည့်၏။ ဆွဲထုတ်လိုက်သောအခါ ထူးဆန်းသည့် စွမ်းအင်လှုပ်ခတ်မှုများပေါ်လာ၏။ ဓားက အပြာရောင်ဖျော့ဖျော့တောက်နေ၏။ ကန်ရေပြင်ကဲ့သို့ တည်ငြိမ်၍ ကောင်းမွန်သည့်လက်ရာရှိလေသည်။
သူ စိတ်ဝိညာဥ်စွမ်းအင်အား အသုံးပြုကြည့်ရာ ဓားက ရွှေအမြုတေအဆင့် အထွတ်အထိပ်စွမ်းအားကို တောင့်ခံနိုင်ကြောင်းတွေ့ရသည်။ ဓားကောင်းတစ်လက်ပင်။
ဒီဓားမျိုးဆို ဝိညာဥ်ကျောက်တုံး ဘယ်လောက်တန်မလဲ၊တစ်သောင်းလား နှစ်သောင်းလား။
သူ နည်းနည်းစိုးရိမ်သွားသည်။ ဝိညာဥ်ဓားများက ဈေးကြီးသော်လည်း ရောင်းချရန်မလွယ်ပေ။
ဓားသိမ်းလိုက်သည်တွင် ဟုန်ယွီယဲ့က ဘူးအား ဖွင့်လိုက်လေပြီ။။ထင်သည့်အတိုင်း အထဲတွင် ကျောက်ပြားရှိနေ၏။
၎င်းက သူမလက်ထဲပျံသန်းလာ၏။
သူတို့ထွက်သွားမည်အပြု အပြင်မှခြေသံများပေါ်လာသည်။
"သူခိုးကောင် ထွက်လာခဲ့စမ်း ငါ့ဓားကိုခိုးပြီး ထွက်ပြေးနိုင်မယ်မထင်နဲ့ "
ကျန်းဟောင် ကြောင်သွား၏။
သူတို့အပြင်ထွက်လာသောအခါ ယောကျာ်းတယောက်နှင့် မိန်းမနှစ်ယောက်အား တွေ့ရသည်။
အမျိုးသားက အဖြူရောင်ဝတ်ထားပြီး အားကောင်းသည့် အော်ရာရှိသည်။ အမျိုးသမီးတဦးမှာ အပြာရောင်ဝတ်၍ တဦးမှာ အဖြူရောင်ဝတ်ထားလေသည်။
ကျန်းဟောင်လည်း ၎င်းတို့၏ ကျင့်ကြံခြင်းအား စစ်ဆေးလိုက်ရာ အဖြူရောင်ဝတ်အမျိုးသားနှင့် အမျိုးသမီးက ရွှေအမြုတေအဆင့် အထွတ်အထိပ်တွင်ရှိနေကြောင်း တွေ့ရသည်။
အပြာရောင်ဝတ် အမျိုးသမီးမှာမူ ရွှေအမြုတေအဆင့် အစောပိုင်းသာရှိသည်။
ဘာပဲဖြစ်ဖြစ် သူတို့သုံးဦးက အလွန်အားကောင်းကြသည်။ ရွှေအမြုတေအဆင့် ဘယ်လောက်များများကို ဒီလိုမြို့မှာ တွေ့နိုင်မှာလဲ။