← Chapters

ညတွင်းချင်း ချမ်းသာခြင်း

Vol. 9 Ch. 126

ညတွင်းချင်း ချမ်းသာခြင်း

Vol. 9 Ch. 126

အပြာရောင်ဝတ်အမျိုးသမီးက ကျန်းဟောင်နှင့် ဟုန်ယွီယဲ့အား ကြည့်သည်။ "ရှင်တို့က ဘယ်သူလဲ"

"ခင်ဗျားကရော ဘယ်သူလဲ" ကျန်းဟောင် ပြန်မေး၏။

၎င်းတို့ပေါ်လာခြင်းက သူ့ကို စိတ်ညစ်စေ၏။ တဖက်လူများက အားမနည်းရာ မတိုက်ခိုက်ချင်ပေ။

ဟုန်ယွီယဲ့ တခုခုလုပ်လိုက်မည်ကို စိုးရိမ်သော်လည်း သူမကိုကြည့်သောအခါ အမူအရာမပြောင်းမလဲရှိကြောင်း သတိထားမိသည်။

"သူခိုး ဘယ်မှာလဲ သူက ဓားကိုခိုးသွားတယ် ရှင်က သူနဲ့အတူတူပဲလား" အမျိုးသမီးက မေးပြန်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့်နှစ်ဦးနှင့် ရင်ဆိုင်နေရသည့်အတွက် သူမလေသံက ယုံကြည်မှုရှိနေသည်။

"ဂျူနီယာညီမလန် အဲ့လိုမလုပ်နဲ့ " အမျိုးသားက သတိပေးစကားဆိုပြီး ကျန်းဟောင်ကို ဦးညွတ်သည်။ "ငါ့ဂျူနီယာညီမရဲ့ ဓားကို လူတယောက်ခိုးသွားတယ် သူက ဘုံကျောင်းထဲ ပုန်းနေလောက်တယ် တွေ့မိသေးလား"

"အထဲမှာရှိလိမ့်မယ် ကျမဓားကို အာရုံခံမိတယ်" လန်က စိတ်မရှည်စွာပြော၏။

ကျန်းဟောင် သက်ပြင်းချ၍ ဓားကိုထုတ်လိုက်၏။ "ဟောဒီဓားလား"

လန်က တစုံတခုပြောမည်အပြု အမျိုးသားဖြစ်သူ ဖန်ကျင်းက တားလိုက်၏။

"ဒီဓားပါပဲ ခင်ဗျားလက်ထဲရောက်နေမယ်မထင်ထားဘူး ဘယ်လိုလဲ ကျုပ်မှာ ကောင်းကင်နုပျိုဆေးရှိတယ် ဓားနဲ့လဲလို့ရမလား ဆေးလုံးက ခင်ဗျားအတွက် အသုံးဝင်မှာပါ "

ထိုလူက သူ့ကို ဆေးလုံးပေးလာ၏။

ဤဆေးလုံးက ဝိညာဥ်ကျောက်တုံး ၇၀၀၀ လောက်တန်ကြောင်း သူ အမှတ်ရလိုက်သည်။ ခေါင်းညိတ်ပြီး ဓားကိုပေးလိုက်၏။။

လန်လည်း စိတ်အေးသွားသလို အဘယ်ကြောင့် တန်ဖိုးကြီးသည့် ဆေးလုံးအား ပေးလိုက်ရသလဲဆိုတာကို နားမလည်နိုင်ဖြစ်နေ၏။

"တခြားရှိသေးလား" ကျန်းဟောင် မေးသည်။

၎င်းတို့က သူတို့လမ်းကို ပိတ်ထားတုန်းဖြစ်၏။

"တကယ်တော့ရှိပါသေးတယ် ဖန်ကျင်းပြော၏။ ပိုလန်နဲ့ပတ်သတ်ပြီး ပြောစရာရှိတယ် သူ ဘယ်သွားတယ်ဆိုတာ ပြောပြပေးနိုင်မလား"

"ဘုံကျောင်းထဲမှာ" ကျန်းဟောင် ရှေ့လျှောက်သွား၏။ ဟုန်ယွီယဲ့က ဘာမှမပြောပဲ လိုက်လာသည်။

"သူက အခြေခံတည်ဆောက်ခြင်းအဆင့်လောက်နဲ့ ကျမတို့ရှေ့ ဘယ်လိုလုပ်မောက်မာပြနေတာလဲ "လန်က မကျေမနပ်ဆိုသည်။

"ပြဿနာမရှာနဲ့ သူတို့က ထင်သလိုမရိုးရှင်းနိုင်ဘူး" အဖြူရောင်ဝတ် အမျိုးသမီးက ပြောသည်။

"အထဲဝင်ကြည့်ကြတာပေါ့" ဖန်ကျင်း ပြော၏။

"အစီအရင်ရှိနေတယ် သက်ရောက်အားလျော့သွားပေမဲ့ ဂရုစိုက်ရလိမ့်မယ်" အဖြူရောင်ဝတ် အမျိုးသမီးက ပြောသည်။

ဖန်ကျင်း ခေါင်းညိတ်ပြီး ဘုံကျောင်းထဲ အရင်ဆုံးဝင်၏။ သူက ရွှေအမြုတေအဆင့်ဆိုလျှင်ပင် ဂရုမစိုက်မပြုမူရဲပါချေ။

ထို့နောက် သူ ကြောင်သွား၏။

"စီနီယာအစ်ကိုဖန် တခုခုဖြစ်လို့လား" လန်၏ အသံထွက်လာ၏။

"ဘာမှမဖြစ်ဘူး"

"ဒါနဲ့များ" သူမက အထဲလိုက်ဝင်လာ၏။ မြေပြင်ပေါ်က ပိုလန်၏ အလောင်းကိုမြင်သောအခါ မယုံနိုင်ဖြစ်သွားခဲ့ရသည်။

"ကျောက်ရုပ်ထုကလွဲရင် ကြီးကြီးမားမားပျက်စီးထားတာမျိုးမရှိဘူး" အဖြူရောင်ဝတ် အမျိုးသမီးက ‌ဆိုသည်။ "သူ တချက်တည်းနဲ့ အသတ်ခံလိုက်ရတာပဲ"

"ကျမတောင် ဒီလိုမလုပ်နိုင်လောက်ဘူး သတ်သွားသူက ဆေဘာသုံးတာပဲ"

"ဘယ်သူလုပ်တာလဲ" လန်က မေးသည်။ "ခုနက နှစ်ယောက်လား"

...

မြို့ထဲပြန်ရောက်လာမှ ကျန်းဟောင် သက်ပြင်းချနိုင်သည်။

"ဘာလို့ သူတို့ကိုမသတ်လိုက်တာလဲ" ဟုန်ယွီယဲ့ မေးလာ၏။

"သူတို့က စန္ဒာလဂိုဏ်းပဲ ကျောက်စိမ်းပြားတွေကိုတွေ့ခဲ့တယ် သူတို့ကိုသတ်တာ ပြဿနာတက်လိမ့်မယ် နောက်ပြီး ကျနော်တို့ခြင်းမသိမှတော့ နှုတ်ပိတ်စရာမှမလိုတာ"

"မင်းက အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ပဲရှိသေးတာမဟုတ်ဘူးလား" ဟုန်ယွီယဲ့ မေးသည်။

သူ ကြောင်သွား၏။ တကယ်ကြီး သူ့ကျင့်ကြံဆင့်ဖုံးကွယ်ထားသည်ကို မေ့ပြီး ပြောဆိုနေမိ၏။။

ဟုန်ယွီယဲ့က ခပ်ထေ့ထေ့ပြုံးပြီး ပျောက်ကွယ်သွားခဲ့သည်။

အသံတခုက နားထဲဝင်လာ၏။ "သဖက်ခါ ကောင်းကင်မြေမြို့ကိုသွားမယ်"

ကောင်းကင်အားကြည့်လိုက်ရာ မိုးသောက်လုပြီဖြစ်ကြောင်း သတိထားမိသည်။ ပူဖောင်းအလို့ငှာ အနီးအနားတွင် မိုင်းတွင်းရှိလား သိချင်သွားမိ၏။

ကံမကောင်းစွာ သူ မြို့ကနေ ထွက်မသွားရဲပါချေ။ ဟုန်ယွီယဲ့မပါပဲ ခပ်ဝေးဝေးမသွားရဲပေ။ သူတို့၏ တည်နေရာကို သူမက ဖုံးကွယ်ထားပေးသည်ဟု ခံစားနေရသည်။

ယွင်ရိုကို ချစ်မြတ်နိုးသူက သူ့ကို သေလောက်အောင် မုန်းတီးနေ၏။ သူ ဂိုဏ်းက ထွက်သွားသည်ကို နေဝင်ဆည်းဆာဂိုဏ်းက မသိပဲမနေချေ။

ကျန်းဟောင်က သူ့တွင်ပိုနေသည်အား ရောင်းချ၍ အဆောင်ပစ္စည်းနှင့် လက်ဖက်ရွက်ဝယ်ရန် ဈေးသွားချင်လာ၏။

အခန်းကိုပြန်ရောက်ပြီး ကောင်းကင်ဆေဘာ တတိယအကွက်အား လေ့လာ၏။ ခက်ခဲသော်လည်း ကြိုးစားရပေမည်။

အိမ်ကနေ ပြန်လာပြီးကတည်းက သူ၏ ကျင့်ကြံခြင်းမှာ တည်ငြိမ်သွားခဲ့သည်။

နောက်တစ်ရက်

ကျန်းဟောင်က ပြတင်းပေါက်ကနေ အပြင်ကိုကြည့်နေ၏။ နောက်ရက်ဆို ထွက်သွားရတော့မည်ဖြစ်ပြီး ဤနေရာသို့ ဘယ်အချိန်မှ ပြန်ရောက်တော့မည်မှန်းမသိနိုင်ပေ။

အတိတ်တွင် မိသားစုရှိခဲ့သော်လည်း ယခုမူ ဤမြို့တွင် သူနှင့် သက်ဆိုင်သည့်အရာမရှိတော့ပေ။

ဆယ်နှစ်ကျော်သည့် အချိန်ကာလတလျှောက် သူ အလွန်သတိကြီးနေခဲ့သည်။ ယခုမူ ဟုန်ယွီယဲ့၏ အကာအကွယ်အောက်တွင် စိတ်လက်ပေါ့ပါးနေ၏။

အခန်းကနေထွက်၍ ကော်ရစ်တာအတိုင်း လျှောက်လာသောအခါ ဘယ်ဖက်မှ တံခါးတခုပွင့်လာပြီး ဖန်ကျင်း ထွက်လာသည်။

ကျန်းဟောင် အနည်းငယ်အံ့သြသွားသော်လည်း ခေါင်းညိတ်ပြ၍ အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။

"ခဏစောင့်ပါဦး" ဖန်ကျင်းက အနောက်ကနေပြောသည်။

"ဘာကိစ္စရှိလို့လဲ"

"တစ်ခွက်လောက်သောက်ဖို့ ဖိတ်ခေါ်ချင်လို့ပါ ဒီနားမှာ ယစ်ရွှေအင်မော်တယ်စားသောက်ဆိုင်အသစ်ဖွင့်တယ်လို့ ကြားထားတယ်"

ကျန်းဟောင် တွန့်ဆုတ်သွားပြီးမှ ခေါင်းညိတ်သည်။ စန္ဒာလဂိုဏ်းနဲ့ပတ်သတ်ပြီး သူ ထောက်လှမ်းရန်လိုအပ်နေ၏။ သူ၏ တာဝန်က ၎င်းတို့၏ တပည့်ကိုလုယူ၍ ကောင်းကင်ရှင်းလင်းဂိုဏ်းအတွက် စုဆောင်းရန်မဟုတ်ပါလော။

"သူတို့ ဘယ်လောက်သန်မာလဲကြည့်ရအောင်"

သူသာကျရှုံးလျှင် ဝိညာဥ်ကျောက်တုံး ၃၀၀၀ ပေးရပေမည်။

သူ့တွင် ပိုက်ဆံရှိနေပြီဖြစ်သော်လည်း မကျရှူံးအောင်တော့ ကြိုးစားသင့်သည်မဟုတ်ပါလော။

All Chapters