← Chapters

မြစ်စောင့်နတ်အား ကျေးဇူးတင်

Vol. 9 Ch. 127

မြစ်စောင့်နတ်အား ကျေးဇူးတင်

Vol. 9 Ch. 127

ယစ်ရွှေအင်မော်တယ်စားသောက်ဆိုင်

ကျန်းဟောင်က စားပွဲပေါ်ရှိ ဟင်းပွဲများနှင့် ဝိုင်အား ကြည့်နေ၏။

သူ အနည်းငယ် ခံစားချက်ဖြစ်သွား၏။ ဤကဲ့သို့နေရာမျိုးတွင် စားသောက်ချင်သော်လည်း တခါမှ အခွင့်အရေးမရခဲ့ပါချေ။

"ကျုပ်က စန္ဒာလဂိုဏ်းက ဖန်ကျင်းပါ မိတ်ဆွေရဲ့နာမည်ကို သိခွင့်ရမလား" ဖန်ကျင်းက ယဥ်ကျေးစွာမေးသည်။

ဂျူနီယာညီမလန်မပါ၍ ပိုပြီး သက်သောင့်သက်သာ ဖြစ်နေဟန်ရသည်။

"ကျန်းဟိုထျန်" သူ့နာမည်နဲ့ အနီးစပ်ဆုံးတူသည့် နာမည်အသစ်အား ပေးလိုက်၏။

"ရောင်းရင်းကျန်း ငါ့ဂျူနီယာညီမက ငယ်ရွယ်ပြီး မသိတတ်လို့ မနေ့ညက အပြစ်ပြုမိခဲ့ရင် ဗွေမယူဖို့ မေတ္တာရပ်ခံပါတယ်"

"ကိစ္စမရှိပါဘူး"

၎င်းတို့နှင့် ပြဿနာမတက်လျှင် သူ့အတွက် အဆင်ပြေသည်ဖြစ်၏။ စန္ဒာလဂိုဏ်းက လူများနှင့် ပြဿနာဖြစ်လျှင် သူ့အတွက် လုပ်ကိုင်ရခက်ခဲပေမည်။

ကောင်းကင်နက်ဂိုဏ်းနှင့် နေဝင်ဆည်းဆာဂိုဏ်းနဲ့တင် အတော် ဒုက္ခရောက်နေပြီဖြစ်၏။ စန္ဒာလဂိုဏ်းပါပါလာပါက ကြောက်စရာကောင်းပေမည်။

"ဒါဖြင့် ဂျူနီယာညီမလန်ကိုယ်စား ကျေးဇူးတင်ပါရစေ စကားမစပ် ဒီဓားက မဆိုးဘူး ရောင်းရင်းနဲ့ သင့်တော်လောက်တယ်" ဖန်ကျင်းက ရှေးဟောင်းဓားတစ်လက်အား ထုတ်ပေးလာ၏။

ဓားအိမ်မချွတ်ရသေးသောကြောင့် အသေးစိတ်မသိနိုင်သော်လည်း ၎င်းမှထွက်ပေါ်နေသည့် လှုပ်ခတ်မှုများက ပုံမှန်မဟုတ်ပေ။ ဒီဓားက မနေ့က ဓားလောက်မကောင်းသော်လည်း သာမန်ရတနာများထက်တော့ စွမ်းအားကြီးသည်။ သာမန်အခြေအတင်ဖြစ်မှုအတွက် ဒီလိုရတနာကို လက်ဆောင်ပေးခြင်းက အနည်းငယ် ချဲ့ကားရာတော့ကျသည်။

"တခုခုလိုအပ်လို့လား" ကျန်းဟောင် က ဓားကိုမထိပေ။

"ရောင်းရင်းက မှန်းဆနိုင်တာပဲ အမှန်တိုင်းပြောရရင် စန္ဒာလဂိုဏ်းက တိမ်ပုန်းစီရင်စုနဲ့ အတော်ဝေးကွာတယ် ဒီတခေါက် ရောက်လာတာက ဂျူနီယာညီမတဦးကြောင့်ပဲ ကျုပ်တို့ရဲ့ ဂျူနီယာညီမတဦးပျောက်နေလို့ ရောက်လာရတာပဲ သဲလွန်စကို ခြေရာခံကြည့်တော့ ပိုလန်ကို ညွှန်ပြနေတယ် ဂျူနီယာညီမလန်က ငယ်ရွယ်ပြီး မသိတတ်ပေမဲ့ ခြေရာခံတော်တယ် သူ့ကိုတွေ့ခဲ့ပေမဲ့ ဓားကိုခိုးပြီး ထွက်ပြေးသွားတယ် အဲ့လိုနဲ့ မနေ့က အဖြစ်အပျက်မျိုးဖြစ်လာတာပဲ"

"ကံဆိုးတာက ပိုလန်ဆီက သတင်းမရလိုက်ဘူး"

ကျန်းဟောင် ခေါင်းယမ်းသည်။ "တောင်းပန်ပါတယ် ကျုပ် ကူညီနိုင်မယ်မထင်ဘူး ဒီကိစ္စအကြောင်း ကျုပ်မသိဘူး"

"အဆင်ပြေပါတယ်" ဖန်ကျင်းက ဓားကိုသူ့ဆီပေး၏။

ကျန်းဟောင်မှာ လက်မခံချေ။ ဒီလိုရတနာမျိုးလက်ခံလိုက်ခြင်းက သူ့အတွက် မျက်နှာမပေးမနေရဖြစ်သွားနိုင်သည်။

ဖန်ကျင်းလည်း မတိုက်တွန်းတော့ပဲ သောက်စားရင်း စကားပြောဆိုကြသည်။

အရက်အား မမြည်းစမ်းတာ ကျန်းဟောင်အတွက် အတော်ကြာသွားပြီဖြစ်၏။ များသောအားဖြင့် လက်ဖက်ရည်သာသောက်သုံး၏။

အတန်ကြာသော် သူတို့ချင်း နှုတ်ဆက်ခဲ့ကြသည်။

ကျန်းဟောင် ပျောက်သွားသည်ကိုကြည့်ပြီး ဖန်ကျင်း သက်ပြင်းချ၏။ ကျန်းဟောင်က အလွန်သတိကြီးလွန်းသည်။

အနည်းဆုံး သူတို့၏ ဆက်ဆံရေးအား ခိုင်မာစေရန် ဓားအား လက်ဆောင်ပေးလိုသော်လည်း အထမမြောက်ခဲ့ပေ။

"စီနီယာအစ်ကိုက ဒီရောက်နေတာကိုး ကျမတို့လိုက်ရှာနေတာ" လန်က ရောက်လာသည်။

"စားလို့ပြီးပြီလား" အဖြူရောင်ဝတ်အမျိုးသမီး ပိုင်ချုံးက မေးသည်။

"အင်း မနေ့ညက တွေ့ခဲ့တဲ့လူနဲ့ တစ်ခွက်လောက်သောက်နေတာ သူက ရင်းနှီးဖို့တော့ခက်တယ် သူက ကို့လန်ကိုရှာဖို့ ကောင်းကင်မြေမြို့ကို သွားမယ်ထင်တယ်"

"ကောင်းကင်မြေမြို့ ကို့လန် " ပိုင်ချုံး မျက်မှောင်ကြုတ်၏။

"သူက အားမနည်းဘူး" ဖန်ကျင်း ပြောသည်။ "ဘာပဲဖြစ်ဖြစ် စုံစမ်းဖို့ ငါလူလွှတ်ထားတယ် ငါတို့တပည့်ပျောက်သွားတာ ကောင်းချန်နတ်ဂိုဏ်းနဲ့ ပတ်သတ်နေလောက်တယ် အဲ့ဂိုဏ်းက ငွေအတွက်ဆို ဘာမဆိုလုပ်တယ် သူတို့ကို နောက်ကွယ်က လူက ကောင်းကောင်းပေးထားတာဖြစ်ရမယ် "

"ကောင်းကင်မြေမြို့ကို ဘယ်အချိန်သွားမှာလဲ"

"အခုပဲ "ဖန်ကျင်း အချိန်မဆွဲပေ။

"စီနီယာအစ်ကို မနေ့က လူနှစ်ယောက်က အားကောင်းလို့လား" လန်က မေးသည်။

"မသိဘူး ဒီနေ့သေချာအကဲခတ်ခဲ့ပေမဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်လို့ပဲ ထင်ရတယ် ဒါပေမဲ့ လောကမှာ မြင်ရတိုင်း အမှန်လို့မယူဆနိုင်ဘူး ငါတို့က စန္ဒာလဂိုဏ်းကဆိုပေမဲ့ အပြင်ထွက်ရင် ဂရုစိုက်ဖို့လိုတယ် ရန်သူအစား မိတ်ဆွေရှိတာကောင်းတယ် "

"ဒီနေရာက ကောင်းကင်ရှင်းလင်းဂိုဏ်းနဲ့ နီးကပ်တယ် သူက ကောင်းကင်ရှင်းလင်းဂိုဏ်းတပည့်များလား "

"အရေးမကြီးပါဘူး သူ ဘယ်ကပဲလာလာ အရေးမကြီးဘူး အဓိကက ငါတို့နဲ့ ပြဿနာမဖြစ်ရင် ပြီးတာပဲ"

"ကျမတော့ နားမလည်တော့ဘူး" လန်က ခေါင်းယမ်းသည်။" ဘာလို့ ကျမတို့က တခြားသူတွေနဲ့ ရင်းနှီးဖို့ကြိုးစားရမှာလဲ သူတို့ကသာ ကြိုးစားသင့်တာမဟုတ်ဘူးလား"

ပိုင်ချုံးက ရယ်ပြီး "ဂျူနီယာညီမလန်က ရည်ရွယ်ချက်နဲ့ ချဥ်းကပ်လာမျိုး သဘောကျလို့လား"

စကားဝိုင်းက လျင်လျင်မြန်မြန်အဆုံးသတ်ပြီး သူတို့ ထွက်ခွာသွားကြသည်။

ထိုအခိုက် ကျန်းဟောင်က လမ်းလျှောက်နေ၏။ သူ လမ်းလျှောက်လေလေ ရင်းနှီးသည့် မှတ်ဉာဏ်များဖြစ်ပေါ်လာလေလေပင်။

သူ မမှတ်မိသည့်နေရာများလည်းရှိ၏။ နှစ်များစွာကြာပြီးနောက် ပြောင်းလဲမှုရှိလာသည်မှာ သဘာဝပင်မဟုတ်ပါလော။

အချိန်တချို့ကြာသော် မြစ်ကမ်းဘေးအား လျှောက်သွားခဲ့သည်။ သစ်ပင်အချို့လည်း ပေါက်ရောက်နေပြီး ကလေးတချို့ ကစားနေကြသည်။

ကျန်းဟောင် ပြုံး၏။ သူ ကလေးဘဝတုန်းကလည်း ဤနေရာတွင် လာကစားခဲ့ဖူးသည်။ သို့သော် သူက အခြားကလေးများနှင့် သိပ်မဝင်ဆံ့ခဲ့ပေ။

"ငါ ဘာလို့ ဒီကိုရောက်လာရတာလဲ"

ငယ်ငယ်တုန်းက ထင်းမခွဲချင်၍ ဤနေရာတွင် လာပုန်းခဲ့ဖူးသည်။ သို့သော် အမြဲတမ်း မိထွေးဖြစ်သူက ရှာတွေ့ပြီး အိမ်ပြန်ခေါ်သွားခံရသည်သာ။

ကျင့်ကြံသူများအတွက် အတိတ်နှင့်ဖက်တွယ်နေသည်က ကောင်းသည့်အရာမဟုတ်ပေ။ သို့သော် မေ့လည်း မမေ့ပစ်နိုင်ပေ။ ဤမှတ်ဉာဏ်များက သူ့စိတ်အနက်ပိုင်းတွင်း ရှိနေသည်မဟုတ်ပါလော။

ဝုန်း

သူလှည့်ကြည့်လိုက်ရာ ကလေးတယောက် ကစားရင်း မြစ်ထဲပြုတ်ကျသွားသည်အား တွေ့လိုက်ရသည်။

"အမေ မြန်မြန်လာ ကို့ထန် ရေထဲပြုတ်ကျသွားပြီ"

ကျန်းဟောင် ကလေးအား ဆယ်လိုက်၏။ လူကြီးများက ပြေးလာနေဆဲပင်။

ကို့ထန်၏ အဖေရောက်လာသောအခါ ကလေးက ရေစိုလျက် ထိုင်နေသည်အား တွေ့ရသည်။ အနားတွင်မူ မည်သူမှမရှိပေ။

"ဘယ်လိုတက်လာတာလဲ" အဖေက စိုးရိမ်တကြီး မေးသည်။

"မ မသိဘူး" ကို့ထန်မှာ ကြောင်စီစီဖြစ်နေဆဲပင်။

အဖေဖြစ်သူက သူ့ခေါင်းကိုခေါက်၍ "အသက်ကယ်ပေးတဲ့ မြစ်စောင့်နတ်ကို မြန်မြန်ကျေးဇူးမတင်သေးဘူးလား"

All Chapters