ဝိညာဥ်ကျောက်တုံးများအား ဓားပြတိုက်သွားသည့် မိစ္ဆာမ
Vol. 9 Ch. 128
မြစ်ဘေးတွင် ဒူးထောက်နေသူများအား ကြည့်၍ ကျန်းဟောင် ပြုံးသည်။ ၎င်းတို့ကို ကလေးကိုကယ်ပေး၍ မြစ်စောင့်နတ်အား ကျေးဇူးတင်နေကြသည်။
သူ့အနေနဲ့ ကျေးဇူးမတင်ခံရသော်လည်း စိတ်မရှိပေ။ ဒီတိုင်း ကူညီလိုက်ရုံသာဖြစ်၏။။
လူကြီးများက ကလေးအား ဂရုမစိုက်၍ ဆူပူနေကြသည်။ ကျန်းဟောင် ထွက်လာခဲ့၏။ မိဘများအနေနဲ့ သားသမီးများအား အချိန်ပြည့်ကြည့်နိုင်မည်မဟုတ်ပေ။ အထူးသဖြင့် ၎င်းတို့မှာ ဆင်းရဲ၍ အလုပ်လုပ်နေရချိန်တွင်ဖြစ်သည်။
မှောင်လာသောအခါ အိမ်ဟောင်းကိုပြန်ရောက်နေကြောင်း သတိထားမိ၏။ တံခါးဝတွင် ကြာမြင့်စွာ ရပ်နေပြီးမှ တံခါးခေါက်သည်။
အဘွားအိုက တံခါးဖွင့်ကြည့်ပြီး သူ့ကိုမှတ်မိသွားခဲ့သည်။ အထဲကိုခေါ်သော်လည်း သူ ခေါင်းယမ်းသည်။
"အကူအညီတောင်းစရာရှိလို့ပါ"
"ခဏစောင့်ပါဦး" အဘွားအိုက သူ့ယောကျာ်းကိုခေါ်သည်။
အထဲမှပြန်ထူးသံနဲ့အတူ အဘိုးအိုတဦးထွက်လာ၏။ သူက ကျန်းဟောင်ကို အံ့အားသင့်စွာကြည့်သည်။ "သူငယ်လေး တခုခုလိုအပ်လို့လား"
ကျန်းဟောင် တွန့်ဆုတ်သွားပြီးမှ "ကျန်းမိသားစုက တယောက်ယောက်များ ဒီကိုရောက်လာခဲ့ရင် ကျေးဇူးပြုပြီး စကားပါးပေးနိုင်မလား"
"ဘာများလဲ "
"သူတို့သားက အသက်ရှင်နေသေးတယ်လို့ပြောပေးပါ မလွယ်ပေမဲ့ ကျနော် ကောင်းကောင်း ရှင်သန်နေပါတယ်လို့ သူတို့ကို မုန်းလည်းမမုန်းသလို အပြစ်လည်း မတင်ပါဘူးလို့"
အဘိုးအဘွားမှာ ထိုစကားကြောင့် အံ့သြသွားလေသည်။
"တယောက်ယောက်ရောက်လာရင် ငါ သေချာပေါက် ပြောပေးပါမယ်" အဘိုးအိုက ဆိုသည်။" ငါတို့သေသွားရင် ဒါမှမဟုတ် ပြောင်းရွေ့သွားရင်တောင် ယုံကြည်ရသူကို အပ်ခဲ့ပေးမယ် စိတ်ချပါ"
ကျန်းဟောင် ဦးညွတ်၍ ကျေးဇူးတင်သည်။ ထို့နောက် ထွက်လာခဲ့၏။ သူလုပ်နိုင်သမျှအား လုပ်ခဲ့ပြီးဖြစ်သည်။ အခု သူ့စိတ်က ရှင်းလင်းသွားပြီး မနက်ဖြန် ထွက်ခွာသွားလျှင် မည်သည့်နောင်တမှကျန်တော့မည်မဟုတ်ပေ။
သို့သော် သူ့စကားထဲ အလိမ်အညာတခုတော့ပါသည်။ သူ့ကို ရောင်းစားပြီး ချက်ချင်းပြောင်းရွေ့သွားသည့်အတွက် မကျေနပ်မှုတချို့တော့ ကျန်ခဲ့သည်။ ဒါပေမဲ့ ထိုအရာက သိပ်အရေးမကြီးပေ။
နောက်တစ်ရက်
ကျန်းဟောင်က ဟုန်ယွီယဲ့နဲ့အတူ ထွက်လာခဲ့သည်။ ဒုတိယကျောက်ပြားက သူ့ဆီမှာဖြစ်၍ ငါးစာသဖွယ် အခြားသူများ၏ အာရုံစိုက်ခြင်းခံရပေမည်။ သို့သော် ဟုန်ယွီယဲ့က အားစိုက်ထုတ်ရန် ရည်ရွယ်ချက်မရှိပေ။ ငါးစာက ပြဿနာဖြေရှင်းရန် လုံလောက်သည်။
ကျန်းဟောင် မငြင်းပေ။ ပိုလန်က သူ့ကို ညတွင်းချင်း ချမ်းသာသွားစေသည့်အတွက် အခြား ချမ်းသာသူများ ငါးစာလာမိစေရန် မျှော်လင့်မိလေသည်။
"လူတွေ အပြင်ထွက်စွန့်စားတာမဆန်းတော့ဘူး "
ဂိုဏ်းထဲတွင်နေခြင်းထက် အပြင်ထွက်စွန့်စားခြင်းက ပိုမိုအခွင့်အလမ်းများသည်။
ခေါင်းယမ်း၍ တည်းခိုခန်းမှထွက်လာခဲ့သည်။
ဂိုဏ်းကနေထွက်လာသည့်အတွက် ငွေရေးကြေးရေး ကန့်သတ်မှုမရှိတော့သလို ခံစားရသော်လည်း သူ့တွင် အသုံးပြုရန် ဝိညာဥ်ကျောက်တုံး အလုံအလောက်မရှိသေးပေ။ ကံကောင်းစွာ လုယက်နိုင်ခဲ့၍သာ ကြွယ်ဝမှုတိုးလာခြင်းဖြစ်၏။ ထိုအကြောင်းကိုတွေးမိလျှင် ပျော်ရွှင်ရလေသည်။
"ဝိညာဥ်ကျောက်တုံးထောင်ဂဏန်းလောက်နဲ့ ပျော်နေရလား" ဟုန်ယွီယဲ့က ထီးကိုင်လျက် မေးသည်။
ကျန်းဟောင် မျက်နှာထိလိုက်၏။ ငါ သိသာလွန်းနေတာလား။
အခြားသူများ၏ ရှေ့တွင် သူ့ပုံစံက တည်ငြိမ်လွန်းသဖြင့် စိုးရိမ်စရာမရှိပေ။ သို့သော် ဟုန်ယွီယဲ့ ရှေ့တွင်မူ သူ၏ ဂူအဆိပ်က အာနိသင်ကုန်သွား၏။ ထို့ကြောင့် သူ့ခံစားချက်များအား သူမ ထွင်းဖောက်မြင်နိုင်သည်မှာ မဆန်းပါချေ။
နေ့ခင်းဖြစ်၍ နေအပူအောက်တွင် ဟုန်ယွီယဲ့က ထီးဆောင်း၍ သွားနေ၏။
"ဒီထက်သာ ဝိညာဥ်ကျောက်တုံးတွေရလာရင် ဘယ်လိုလုပ်မလဲ" သူမက သာမန်ကာလျှံကာ ပြောသည်။
သူသာ ဝိညာဥ်ကျောက်တုံးပိုရလာပါက မည်သို့ဖြစ်မည်ကို ကျန်းဟောင် မသိပါချေ။ ဒါပေမဲ့ သူ့ကိုယ်သူ တုံးအသည့်အရာများမလုပ်ဆောင်နိုင်အောင် ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်သည်။ ဝိညာဥ်ကျောက်တုံးတွေက သူ့စိတ်နေသဘောထားကို ပြောင်းလဲနိုင်ပါ့မလား။
"မဟုတ်ပါဘူး စီနီယာ့အတွက် လက်ဖက်ခြောက်ကောင်းကောင်းဝယ်ရဦးမယ် ဒီ ဝိညာဥ်ကျောက်တုံးတွေက မလောက်လောက်သေးဘူး"
"ကောင်းကင်နုပျိုဆေးက ဘယ်လောက်တန်လဲ"
"သုံးထောင်ကနေ တစ်သောင်းကြားပါ" ကျန်းဟောင် ဖြေသည်။
ဟုန်ယွီယဲ့က ရပ်တန့်လိုက်ပြီး "ဒါဖြင့် ဒီဆေးလုံးကို ၇၀၀၀ နဲ့ ရောင်းနိုင်မယ်ထင်လား "
"ဖြစ်နိုင်ပါတယ် "
"မိုးနီလက်ဖက်ခြောက်က ဘယ်လောက်လဲ"
"တစ်ကီလိုကို ဝိညာဥ်ကျောက်တုံး ၁၀၀၀၀ ပါ"
ပြောရင်းဖြင့် သူ မကောင်းသည့် ခံစားချက်ရလိုက်သည်။
"ဒါဆို ပိုလန်ဆီက ၃၀၀၀ ရယ်၊ ဆေးလုံးက ၇၀၀၀ ရယ်ဆို ဝိညာဥ်ကျောက်တုံး ၁၀၀၀၀ ရလိမ့်မယ် ငါ့အတွက် လက်ဖက်ခြောက်ကောင်းဝယ်ပေးချေ ဈေးပေါတဲ့လက်ဖက်ရည်နဲ့ ဧည့်ခံတာကို နှစ်ခါသည်းခံမှာမဟုတ်ဘူး"
ထို့နောက် သူမ ရှေ့ကိုလျှောက်သွားပြီး ကျန်းဟောင်အား ငြင်းဆန်ရန် အခွင့်အရေးမပေးပါချေ။ ကျန်းဟောင်မှာ ချောက်နက်ကြီးထဲပြုတ်ကျသွားသလို ဟာလာဟင်းလင်းဖြင့် ကြောင်အစွာရပ်နေ၏။
သူ သက်ပြင်းချပြီး ဟုန်ယွီယဲ့နောက်လိုက်သွား၏။ သူ မည်မျှ ဝိညာဥ်ကျောက်တုံးရပါစေ ပျော်ရွှင်ရမည့်ပုံမပေါ်။
နောက်ရမည့် ဝိညာဥ်ကျောက်တုံးများနဲ့ပတ်သတ်ပြီး ထပ်မံမတောင်းဆိုရန်သာ မျှော်လင့်ရလေသည်။
"ဒါနဲ့ အရင်လက်ဖက်ရည်အိုးကို သိမ်းထားဦး"
"ကောင်းပါပြီ"
"ကျောက်ပြားနှစ်ချပ်ကိုလည်း အတူထားထား" ဟုန်ယွီယဲ့ ပြောသည်။
သူ ခေါင်းညိတ်သည်။ ကျောက်ပြားများ၏ အနောက်တွင် ရှိသည့်အရာအား အကဲဖြတ်နိုင်သောကြောင့် အလျင်မလိုပါချေ။
တစုံတရာသောအကြောင်းကြောင့် အကဲဖြတ်စွမ်းရည်အား ဟုန်ယွီယဲ့ရှေ့တွင် အသုံးပြုရန် မဝံ့ရဲပေ။
သူမ၏ စွမ်းရည်နဲ့ဆို သူ့နတ်စွမ်းရည်၏ အလုပ်လုပ်ပုံအား သိသွားလောက်သည်။
"တခြားသဲလွန်စများရှိသေးလား" စီနီယာ သူ မေးသည်။
မြို့မှ ထွက်လာသောအခါ ကျန်းဟောင် လှည့်ကြည့်လိုက်၏။ ၎င်းက သူ့ကို လွမ်းဆွတ်သည့်ခံစားချက်ပေးနေ၏။
"အခုတော့ မရှိသေးဘူး နောက်တခုတွေ့ရင်တော့ သတင်းတချို့ရနိုင်တယ်" သူမက ကျန်းဟောင်ကိုကြည့်ပြီး "ဒီကနေ ထွက်သွားဖို့ ခက်နေတာလား"
"မဟုတ်ပါဘူး ဒီမြို့မှာ ကျနော်ဖက်တွယ်တဲ့အရာမရှိတော့ဘူး "
သူ့မိသားစုက ဤနေရာတွင် မရှိတော့ဘူးမဟုတ်ပါလော။ သူ့အနေနဲ့ ဤမြို့တွင် ဂရုစိုက်ရမည့်လူမကျန်ရစ်တော့ပါချေ။
ဟုန်ယွီယဲ့က သူ့ကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်လိုက်၏။ ဒီတခါ သူ မလိမ်သဖြင့် အနည်းငယ် အံ့သြမိသွားသည်။
ထို့နောက် နှစ်ယောက်သား လမ်းမကြီးအတိုင်း လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။
မငြင်းဆန်နိုင်ကြပေ။ အဆုံးတွင် ကျန်းဟောင်က ကောင်တာတွင် ငွေစတင်၍ ဟုန်ယွီယဲ့နဲ့အတူ အပေါ်သို့တက်သွားလေသည်။