ရန်သူအား တချက်တည်းသတ်ခြင်း
Vol. 9 Ch. 129
ဒီတကြိမ်တော့ ကျန်းဟောင်မှာ လေဟာနယ်လှုပ်ခတ်မှုအား မခံစားရပေ။ ထို့အစား ပတ်ဝန်းကျင်မြင်ကွင်းများက လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
ဒါက သာမန်ကျင့်ကြံသူများရှိနိုင်သည့် အလျင်မျိုးမဟုတ်ပေ။
ဤနှုန်းအတိုင်းဆိုလျှင် ကောင်းကင်မြေမြို့ကို နှစ်နာရီအတွင်း ရောက်နိုင်၏။
"စီနီယာ ပတ်ဝန်းကျင် ရှုခင်းတွေကို မခံစားတော့ဘူးလား"
"သတ်မှတ်ထားတဲ့နေရာရောက်ရင်တောင် သဲလွန်စရှာတွေ့မယ်ဆိုတာ မသေချာဘူး "ဟုန်ယွီယဲ့က အရှေ့ကိုကြည့်ရင်း အတန်ငယ်နှေးလိုက်၏။
"ကောင်းကင်မြေမြို့အကြောင်း သိလား"
သူ ကြောင်အသွားပြီးမှ ခေါင်းညိတ်သည်။" ဟုတ်ကဲ့"
"ပြောပြ"
ထိုအခိုက် သူတို့က အရက်ဆိုင်တခုကိုဖြတ်လာသောအခါ ဟုန်ယွီယဲ့က ထီးကိုသိမ်းပြီး ဆိုင်ထဲဝင်ထိုင်သည်။
သူမ တစ်ခွက်လောက်သောက်ချင်ပုံရ၏။
ထို့ကြောင့် ကျန်းဟောင်က လက်ဖက်ရည်ခွက်အား ထုတ်လိုက်သည်။ "ပိုလန်နဲ့ တခြားသူတွေက အရေးကြီးတဲ့လူတချို့ကိုဖမ်းထားတယ်လို့ စန္ဒာလဂိုဏ်းကကြားခဲ့တယ် ဖြစ်နိုင်တာက မကျင့်ကြံရသေးတဲ့ ပါရမီရှင်ပဲ အဲ့ပါရမီရှင်က အတော်ထူးခြားရမယ်"
"နေရာတခုခုအကြောင်းပြောသေးလား"
"ဟင့်အင်း ပိုလန်နဲ့ ပူးပေါင်းထားတာက သူတို့ကိုယ်ပိုင်လူတွေပဲ ကောင်းကင်မြေမြို့က ကို့လန်က အဲ့ဒီထဲက တယောက်ပဲ လျှို့ဝှက်ကျောက်ပြားနဲ့ပတ်သတ်တဲ့ အကြောင်းရင်းကိုတော့ မသိသေးဘူး"
ကျောက်ပြားများနောက်တွင် ကြိုးကိုင်နေသူရှိရပေမည်။ ကောင်းချန်နတ်ဂိုဏ်းက ၎င်းအတွက် အလုပ်လုပ်ပေးနေခြင်းဖြစ်ပေမည်။
ကောင်းကင်ရှင်းလင်းဂိုဏ်းတွင်လည်း ကောင်းချန်နတ်ဂိုဏ်းမှ လူများရှိသည်။ ၎င်းတို့၏ ရည်ရွယ်ချက်က ကောင်းကင်ဘုံရနံ့တာအိုပန်းဖြစ်နိုင်သည်။
ဒါပေမဲ့ ဘယ်ဟာက ဟုန်ယွီယဲ့ရဲ့ အာရုံကိုဆွဲဆောင်နိုင်တာလဲ။ ဒီထက် ပိုတဲ့အရာရှိနိုင်တယ်။
"ဘာများမှာပါမလဲ" ဆိုင်ရှင်ဖြစ်ဟန်တူသူက ရောက်လာသည်။
ကျန်းဟောင် အတန်ငယ် မျက်မှောင်ကုတ်လိုက်၏။ ၎င်းက သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး အနည်းငယ်ဝသည်။
သို့သော် ၎င်းမှာ သာမန်မဟုတ်ကြောင်း ခံစားမိနေ၏။ ခွန်အားကို ထိန်းချုပ်ထားသော်လည်း ကျယ်ပြောသည့် စွမ်းအားများအရ ရွှေအမြုတေအဆင့်တွင်ရှိနေသည်။ အလယ်အလတ် သို့မဟုတ် နောက်ဆုံးအဆင့်လည်း ဖြစ်နိုင်သည်။
"ဝိုင်တစ်ခရားနဲ့ ရေနွေးပူတစ်အိုးပေးပါ " ကျန်းဟောင် ဖြေသည်။
"ကောင်းပါပြီ ခဏစောင့်ပါ "
ကျန်းဟောင် ကြည့်လိုက်၏။ ဆိုင်ထဲတွင် အမျိုးသမီးတဦးလည်းရှိနေ၏။ သူမသည်လည်း သာမန်ဖြစ်ဟန်ရပေမဲ့ ရွှေအမြုတေအဆင့်ဖြစ်လေသည်။
စားပွဲနှစ်ဝိုင်းတွင် စုံတွဲတစ်တွဲနှင့် ကလေး တစ်ဦးရှိနေပြီး ပေါက်စီစားနေကြသည်။ ၎င်းတို့မှာ ကျင့်ကြံသူမဟုတ်ကြပေ။
လူလေးယောက်ထိုင်နေသည့် စားပွဲဝိုင်းတခုလည်းရှိသည််။ တဦးမှာ ရွှေအမြုတေအဆင့် အစောပိုင်းတွင်ရှိပြီး ကျန်သုံးဦးမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ဖြစ်ကြသည်။
သူတို့အော်ရာက မတည်ငြိမ်သောကြောင့် ဒဏ်ရာရထားပုံရသည်။ တခုခုကို စိုးရိမ်သည့်အလား သတိအပြည့်ဖြစ်နေ၏။
"သူတို့ ဘာလုပ်နေကြတာလဲ" ကျန်းဟောင် ပဟေဠိဖြစ်သွားသော်လည်း ဝင်ပါရန် စိတ်ကူးမရှိပေ။ ဟုန်ယွီယဲ့ သူ့ကို ဒီနေရာခေါ်လာတာ တခုခုလုပ်ချင်လို့လား။
သူ သက်ပြင်းချလိုက်၏။
ရေနွေးရသောအခါ နှင်းဘုရင်မနွေဦးလက်ဖက်ခြောက်ကိုထုတ်ပြီး ဟုန်ယွီယဲ့အတွက် ကျိုပေးသည်။
ခဏကြာသော် လက်ဖက်ရည်ကြမ်းမှ ထွက်ပေါ်လာသည့် စိတ်ဝိညာဥ်စွမ်းအင်များက အနီးရှိလူများ၏ အာရုံကိုဆွဲဆောင်လိုက်၏။ ဆိုင်ရှင်နှင့် အမျိုးသမီးပင် လှည့်ကြည့်လိုက်ကြသည်။
ဒီလိုလက်ဖက်ရည်က သူတို့အတွက် တန်ဖိုးကြီးလွန်းသည်မျိုးဖြစ်နိုင်သည်။ သူသာ မိုးနီလက်ဖက်ရည်ဖျော်ခဲ့ရင် တိုက်ခိုက်လာလိမ့်မလား။
ကျန်းဟောင် အများကြီးမတွေးပေ။ မိုးနီလက်ဖက်ခြောက်အား ဝယ်ယူရန်လိုသေး၏။
သူ့အနေနဲ့ အတန်ငယ်ခန့်မှန်းမိထား၏။ သိပ်မကြာခင် ချမ်းသာမည့် အခွင့်အရေးထပ်ရနိုင်သည်။ ဥပဒေခန်းမကို ပေးနိုင်ရန် ဝိညာဥ်ကျောက်တုံး ၃၀၀၀ ပြည့်သွားလျှင် ပိုကောင်းပေမည်။
ဟုန်ယွီယဲ့က လက်ဖင်ရည်သောက်ပြီး သူက ဝိုင်သောက်သည်။
အနားရှိ လူများက မကြာခဏကြည့်နေကြသော်လည်း ဘာမှလုပ်ဆောင်ခြင်းမရှိကြပါချေ။
မိသားစုသုံးဦးက ထွက်ခွာရန်ပြုနေသည်အား သတိထားမိသည်။
"အဖေ သားကို ဒီတခါ အရုပ်ဝယ်ပေးပါလား" ကောင်လေးက ပြောသည်။
လူကြီးက ပြုံး၍ ခေါင်းညိတ်သည်။ "ကောင်းပြီ"
"ကတိနော်"
အမျိုးသမီးကြီးမှာမူ အကူအညီမဲ့စွာ ကြည့်လိုက်၏။
သူတို့ ထွက်သွားမည်အပြု ကြက်သွေးရောင်မီးတောက်များ လွှမ်းခြုံနေသည့် လူသုံးဦးပေါ်လာခဲ့သည်။
ရှေ့ဆုံးမှ လူက ဖြူရော်ရော်နှင့် ကြောက်စရာကောင်းသည်။
"ရပ်လိုက်စမ်း" ဟဲချန်က တားသည်။
"ဆရာကြီး "လူကြီးမှာ ကလေးကို နောက်ပို့လိုက်ပြီး "ကျုပ်တို့မှာ ငွေစနည်းနည်းပဲပါပါတယ်"
ပါလာသည့် ပိုက်ဆံများအား အန္တရာယ်ကင်းကင်းထွက်သွားနိုင်စေရန် ထုတ်ပေးလိုက်၏။
ဟဲချန်က ငွေစများကိုပုတ်ထုတ်လိုက်ပြီး" ငြိမ်ငြိမ်နေစမ်း"
သွေးစွန်းနေသည့် အနီရောင်ဆေဘာပေါ်လာပြီး မိသားစုသုံးဦး၏ ခြေထောက်များထံ လွှဲလိုက်၏။ သွေးအော်ရာကြောင့် လူကြီးနှင့် အမျိုးသမီးကြီးမှာ ကလေးအား ကြောက်ရွံ့စွာဖက်ထားလိုက်ကြသည်။
ထန်
ဓားက ခုတ်မိတော့မည်အပြု ကျန်းဟောင်က ခွက်ဖြင့် ပစ်လိုက်သည်။ ဓားကိုင်ထားသူက ရွှေအမြုတေအဆင့် အစောပိုင်းဖြစ်၍ ကျန်နှစ်ဦးမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ဖြစ်ကြသည်။
၎င်းတို့၏ အော်ရာတွင် သွေးအငွေ့အသက်များပါသောကြောင့် သွေးဘီလူးဂိုဏ်းမှဖြစ်နိုင်သည်။ သွေးဘီလူးဂိုဏ်းမှာ အခြားဂိုဏ်းများနှင့်ယှဥ်လျှင် အဆင့်မမြင့်မားပေ။
ရွှေအမြုတေအဆင့်က ထိုဂိုဏ်းများအတွက် အအောင်မြင်ဆုံးဖြစ်ပြီး ထို့ထက်ကျော်လွန်သည့် တည်ရှိမှုမျိုးမရှိနိုင်ပေ။
"ဘာလို့ သာမန်လူတွေကို ပြဿနာရှာနေရတာလဲ" ကျန်းဟောင် ပြောသည်။
သူ ဝင်မပါချင်ပေမဲ့ မတတ်နိုင်ပေ။ သူ့အကန့်အသတ်ကိုသိ၏။ တဖက်က သူ့ထက် အားကြီးပါက မတတ်နိုင်ပဲ ငြိမ်ငြိမ်နေမည်ဖြစ်သည်။ ကူညီနိုင်သည့် အခြေအနေရှိလျှင်တော့ လျစ်လျူမရှုနိုင်ပေ။
အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ် ဟဲချန်က သူနဲ့ ဟုန်ယွီယဲ့အား ကြည့်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်း
"ငါက ကျင့်ကြံသူမဟုတ်တာကိုရှာနေတာ ဒါပေမဲ့ မင်းတို့က အဆင်သင့်တာပဲ"
လက်ဖက်ရည်သောက်နေသည့် ဟုန်ယွီယဲ့မှာ အမူအရာမပြောင်းပေ။
ကျန်းဟောင် သက်ပြင်းချ၍ ကောင်းကင်ဆေဘာ ဒုတိယအကွက် တောင်တန်းဖိနှိပ်ခြင်းအား အသုံးပြုသည်။
ဆေဘာမြင့်တက်လာသောအခါ တောင်တန်းတစ်ရာဖိနှိပ်လိုက်သလို ခံစားရ၏။
ရွှေအမြုတေအဆင့် အစောပိုင်း ကျင့်ကြံသူမှာ အော်ရာကြောင့် လှုပ်ပင်မလှုပ်နိုင်ပေ။
ဝှစ်
လခြမ်းဆေဘာကို ပြန်သိမ်းလိုက်၏။
ဟဲချန်မှာ အလောင်းအဖြစ် မြေပေါ်လဲကျသွား၏။ ဒါက လူတိုင်းကို ရှော့ရစေလေသည်။
ဟဲချန်နှင့် အတူပါလာသည့် အခြေခံတည်ဆောက်ခြင်းအဆင့်နှစ်ဦးမှာ ထွက်ပြေးရန်လုပ်၏။
သို့သော် ကျန်းဟောင်က ငွေလသတ်ဖြတ်ခြင်းအား ထပ်သုံး၏။ ၎င်းက ထွက်ပြေးနေသူများ၏ ဦးခေါင်းကို ထိခိုက်သွားစေ၏။
"ပိုက်ဆံယူပြီး ထွက်သွားကြတော့" ကျန်းဟောင်က မိသားစုသုံးဦးကိုပြောသည်။
"ကျေး ကျေးဇူးတင်ပါတယ်" သုံးဦးသား တုန်တုန်ယင်ယင် ဦးညွတ်သည်။
ထို့နောက် လူကြီးမှာ ငွေစများကိုကောက်၍ မိသားစုနဲ့အတူ ခပ်သုတ်သုတ်ထွက်သွားတော့၏။
ကျန်းဟောင်မှာ ဝိုင်ဆက်သောက်နေ၏။
"ဘာလို့ တိုက်ခိုက်ရတာလဲ" ဟုန်ယွီယဲ့က လက်ဖက်ရည်ကျိုက်လိုက်၏။