ဘယ်သူက ရုပ်ဆိုးတာလဲ
Vol. 9 Ch. 131
ကျန်းဟောင်နှင့် ဟုန်ယွီယဲ့မှာ ခြောက်ထပ်သို့ရောက်လာကြသည်။
ကျန်းဟောင်မှာ နှိမ့်ချစွာနေထိုင်၍ ပြဿနာမတက်လိုသော်ငြား အောက်ဖက်မှလူများက နားမလည်ကြပေ။ တည်းခိုခန်းတခုလုံးကိုငှားပြီး ပြဿနာကို ဖိတ်ခေါ်နေ၏။ အဝေးကနေ လာရောက်ပြီး အနားယူချင်သူများမှာ ဤကိစ္စကြောင့် မကျေမနပ်ဖြစ်ကြမည်မှာအမှန်။
ထို့ကြောင့် ကျန်းဟောင်မှာ နှိမ့်ချစွာ မနေနိုင်တော့ခြင်းဖြစ်၏။ သူ ဘာမှမလုပ်လျှင် ဟုန်ယွီယဲ့လှုပ်ရှားပေမည်။ ထိုအခါ အကျိုးဆက်က ပိုမိုကြီးမားမည်ဖြစ်၏။
"စီနီယာ တခုလောက်မေးလို့ရမလား"
ဟုန်ယွီယဲ့က ပြတင်းပေါက်နားတွင်ထိုင်၍ ဝင်လုဆဲနေအား ကြည့်နေ၏။
ကျန်းဟောင်က သူမအတွက် လက်ဖက်ရည်ငှဲ့ပေးသည်။ "အခြားသူတွေက စီနီယာကို မတူညီတဲ့ပုံစံနဲ့မြင်ကြတယ် ကျနော်ကိုရော အတူတူပဲဖြစ်မလား"
သူမက ကျန်းဟောင်ကိုကြည့်ပြီး "ဖြစ်နိုင်တယ် မင်းကလည်း ရုပ်နည်းနည်းဆိုးတယ်"
ကျန်းဟောင်မှာ သူမ ဆိုလိုသည်အား နားမလည်သော်လည်း ဆက်မမေးတော့ပေ။
လက်ဖက်ရည်သောက်ပြီးနောက် သူမက ပြောသည်။ "ရက်အနည်းငယ်နေပြီး တတိယကျောက်ပြားရဲ့ သဲလွန်စကိုရှာမယ် ကျောက်ပြားရှိသူတွေနဲ့ ဆက်သွယ်နိုင်မဲ့နည်းလမ်းရှာချေ ဘယ်လိုအသုံးပြုရမလဲဆိုတာ သင်ထားပြီးပြီမလား "
ကျန်းဟောင် ခေါင်းညိတ်သည်။
ဟုန်ယွီယဲ့တွင် အချိန်ကန့်သတ်ချက်မရှိပေမဲ့ သူ့တွင်ရှိသည်။
အခန်းပြန်ရောက်သောအခါ ကျောက်ပြားနှစ်ချပ်ကိုထုတ်ပြီး အခြားကျောက်ပြားများအား ရှာဖွေသော်လည်း ဘာမှမတွေ့ပေ။ ၎င်းတို့တွင် ကျောက်ပြားများအား ရှာဖွေခြင်းကို တားနိုင်သည့် နည်းလမ်းရှိပုံရသည်။ ၎င်းတို့ သူ့ကို လာရှာလျှင် ပိုကောင်းမည်ဖြစ်၏။ သို့သော် သူက ရှာမည်ဆိုပါက တည်းခိုခန်းမှထွက်သွားရပေမည်။ ဟုန်ယွီယဲ့နဲ့အတူရှိနေပါက သူ၏ တည်ရှိမှုအား အာရုံခံနိုင်မည်မဟုတ်ပေ။
ပထမကျောက်ပြားအား အကဲဖြတ်စွမ်းရည်အသုံးပြုလိုက်၏။
[လျှိို့ဝှက်စာကျောက်ပြား၊ ရတနာများအားရှာဖွေရန် သန့်စင်ထားသော ဓမ္မရတနာ၊ ရတနာအား ချဥ်းကပ်မိပါက ပိုင်ရှင်အား အသိပေးပေမည်၊ ကျောက်ပြားများက အချင်းချင်းဆက်သွယ်ပြီး တည်နေရာရှာနိုင်၏၊ ကျောက်ပြားများက သုံးခု၊ ကိုးခုပေါင်းပြီး မတူညီသည့် ခွင့်ပြုချက်အား ပေးနိုင်သည်၊ ဤကျောက်ပြားမှာ ဟုန်ယွီယဲ့၏ လွှမ်းမိုးခြင်းခံထားရပြီး ဓမ္မရတနာပိုင်ရှင်၏ လွှမ်းမိုးခြင်းမခံရပေ]
ကျန်းဟောင် အံ့အားသင့်သွား၏။ ကျောက်ပြားများ၏ နောက်ကွယ်မှလူက ရတနာရှာနေသည်။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးစာကြောင်းက သူ့ကို စိတ်သက်သာရစေ၏။ ကျောက်ပြားက လောလောဆယ် အန္တရာယ်ကင်းသည်။ ထို့အပြင် အနည်းဆုံး ကျောက်ပြား ကိုးခုရှိသည်ကိုလည်း သိလိုက်ရသည်။
"အားလုံးကိုရှာဖို့ သုံးလက လုံလောက်ပါ့မလား"
အခြားကျောက်ပြားရခဲ့လျှင်တော့ သုံးခုပေါင်းပြီး မျှော်လင့်ချက်ရှိနိုင်သည်။
ရတနာပိုင်ရှင်က ဟုန်ယွီယဲ့ရှာနေသူများဖြစ်မလား ကျန်းဟောင် အတိအကျမသိနိုင်ပေ။
ကျောက်ပြားနောက်မှလူက ဟုန်ယွီယဲ့ကိုဆန့်ကျင်ခဲ့သည်လား ဒါမှမဟုတ် ဟုန်ယွီယဲ့ကပဲ ရတနာကိုလိုချင်၍လား မသိပါချေ။
သူမနှင့် ဒုတိယအကြိမ်တွေ့ဆုံမှုအား အမှတ်ရသည်။ ကောင်းကင်ဘုံရနံ့တာအိုပန်းကို ကြိုက်၍ လိုချင်သည်ဟုပြောခဲ့သည်မဟုတ်ပါလော။
ယခုရတနာကိုလည်း သူမ လိုချင်သည်ဆိုပါက အံ့သြစရာကောင်းမည်မဟုတ်ပေ။
သူ သိပ်နားမလည်ပေမဲ့ မသက်ဆိုင်သောကြောင့် အများကြီးမတွေးပေ။ ကို့လန်ကိုရှာပြီး ကျောက်ပြားရှာရပေမည်။ ထို့နောက် သုံးလအတွင်း ဂိုဏ်းကိုပြန်ရမည်။
အရက်ဆိုင်ရှင်က ဈေးကိုညွှန်းလိုက်သည့်အတွက် ကျင့်ကြံသူများ၏ ဈေးရှိနိုင်လောက်သည်။
မနက်ဖြန်သွားကြည့်မှပဲ ငါ့မှာရှိတဲ့ဆေးလုံးတွေကိုလည်း ရောင်းလို့ရတယ်။
သူ့မိထွေးနှင့် အဖေကိုလည်းရှာချင်သေး၏။ ဤမြို့၌ သူ့မိသားစုမရှိပါက ၎င်းတို့အား ကောင်းစွာမေ့ပျောက်ပစ်နိုငိသည်။ ရှိနေပါကလည်း သွားရှာ၍ ပြဿနာမဖြစ်စေနိုင်ပေ။
စိတ်ပြင်ဆင်ပြီးနောက် အရက်ဆိုင်မှရလာသည့် သိုလှောင်ရတနာများအား ထုတ်သည်။
စုစုပေါင်း ဝိညာဥ်ကျောက်တုံး ၂၀၀ သာရသည်။ ၎င်းတို့သည်လည်း သူ့လို ဆင်းရဲပုံရ၏။
၎င်းတို့အပြင် ဆေးလုံးအချို့လည်းပါ၏။ သာမန်များသာဖြစ်သည်။ ဝိညာဥ်ကျောက်တုံး ၅၀ လောက်နှင့် ရောင်းနိုင်သည့် ကုသရေးအဆောင်အချို့လည်းပါသည်။ သူ့လက်ထဲရှိထားသမျှအား ရောင်းလိုပါက ၁၀၀၀၀ လောက်ရနိုင်သည်။
ထို့နောက် သူ့ ကိုယ်ရေးအကျဥ်းအား ဖွင့်၏။
အမည် ကျန်းဟောင်
အသက် ၂၂
ကျင့်ကြံခြင်းအဆင့် ရွှေအမြုတေအဆင့် အထွတ်အထိပ်
ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ
နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား၊ ပုန်းကွယ်ဝိညာဥ် ပြန်ပေါ်လာခြင်း
အသက်သွေး ၂၄/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
ကျင့်ကြံရေး ၂၆/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
နတ်စွမ်းရည် ၀/၃ (မရနိုင်)
ဂိုဏ်းကနေထွက်လာပြီး အသက်သွေးနဲ့ ကျင့်ကြံရေးက မပြောင်းလဲပေ။ံ
အပြင်ဖက်တွင် ပူဖောင်းများရှာဖွေရသည်က ခက်ခဲ့သည်။ ဆေးဥယျာဥ်နှင့် မိုင်းတွင်းတို့လိုနေရာများ မရှိဘူးမဟုတ်ပါလော။
ထို့နောက် စိတ်အခြေအနေကိုပြင်၍ နတ်စွမ်းရည်များအား စစ်ဆေးကြည့်သည်။ ပြန်ကောင်းအောင် အချိန်ယူနေရသည့် ကြည်လင်သန့်စင်နှလုံးသားမှလွဲ၍ ကျန်စွမ်းရည်များက အဆင်ပြေသည်။
အခု သူ့တွင် ရွေးစရာသုံးခုရှိ၏။ ကျင့်ကြံမလား၊ အမည်မဲ့ကျင့်စဥ်ကို လေ့လာမလား၊ ကောင်းကင်ဆေဘာ တတိယအကွက်ကို လေ့ကျင့်မလား။
အတန်ငယ်တုံ့ဆိုင်းပြီးနောက် အမည်မဲ့ကျင့်စဥ်ကိုသာ ရွေးလိုက်၏။ အဆင့်တက်ထားသည်မှာ လွန်ခဲ့သည့်ရက်ပိုင်းကဖြစ်၍ ဆက်လက်တိုးတက်ရန်ခက်သည်။ ကောင်းကင်ဆေဘာကလည်း အနည်းငယ်သာနားလည်သေးပြီး အချိန်ယူရပေဦးမည်။ တဖက်တွင် အမည်မဲ့ကျင့်စဥ်က လေ့လာလျှင် လေ့လာသလောက် နားလည်မှုများဖြစ်စေသည်။
နောက်မနက်
အမည်မဲ့ကျင့်စဥ်ကိုသိမ်းပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ တတိယထပ်က အခန်းတခုစီသွားပြီး တံခါးခေါက်၏။
မိန်းကလေးတဦးပေါ်လာပြီး ကျန်းဟောင်ကိုမြင်သောအခါ ကြောက်လန့်သွားပုံပေါ်၏။
"ဒါက ဒီနေ့အတွက် အခန်းခ" သူ ပြောသည်။ "အထဲက လူနဲ့ တွေ့ခွင့်ရမလား"
မနေ့က သူ ဒဏ်ရာရစေလိုက်သည့်လူအား တွေ့လိုခြင်းပင်။ ၎င်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်တွင်ရှိသည်။ ခြောက်ထပ်တွင် တည်းနေသည်ထင်ခဲ့သော်လည်း တတိယထပ်တွင် နေနေခြင်းပင်။
ငွေစအား မိန်းကလေးလက်ထဲထည့်ပြီး အထဲဝင်လာ၏။ သက်လတ်ပိုင်းလူက ကုတင်ပေါ်တွင်လှဲနေသည်။ ကျန်းဟောင်ကိုမြင်သောအခါ ထပ်တိုက်ခိုက်မည်စိုး၍ သတိအပြည့်ဖြစ်သွား၏။
"စီနီယာ"
"မစိုးရိမ်နဲ့ ငါလာတာ မေးစရာရှိလို့ပဲ"