← Chapters

ငါ့အခန်းထဲက မိစ္ဆာမ

Vol. 9 Ch. 132

ငါ့အခန်းထဲက မိစ္ဆာမ

Vol. 9 Ch. 132

ကျန်းဟောင် ရောက်လာခြင်းက ချန်းချွမ်အား တုန်လှုပ်စေ၏။

မိသားစုတွင် သူက အသန်မာဆုံးဖြစ်၏။ ဂိုဏ်း၏ ။ကျွမ်းကျင်သူက ကောင်းကင်မြေမြို့ကို ရောက်လာမည်ဟု ကြားခဲ့သည်။

၎င်းတို့နှင့် တွေ့ဆုံရန် တည်းခိုခန်းတခုလုံးကိုငှားထားခဲ့ခြင်းဖြစ်၏။

သို့သော် သူတို့မရောက်ခင် ကြောက်စရာကောင်းသည့် ကျင့်ကြံသူနှင့်တွေ့ဆုံရခြင်းအတွက် သူ့ကံကိုသာ အပြစ်တင်နိုင်သည်။

သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်သူက ရွှေအမြုတေအဆင့် ကျင့်ကြံသူဖြစ်ရပေမည်။

အားကောင်းသူများက တကယ့်ကိုခန့်မှန်းရခက်သည်။ အားနည်းသူများမှာ ၎င်းတို့ပြုသမျှနုရမည်သာ။ စွမ်းအားက အရာအားလုံးကို ဆုံးဖြတ်ပေးနိုင်သည်မဟုတ်ပါလော။

"စီနီယာ ဘာများမေးချင်လို့ပါလဲ"

သူ ထရပ်ရန် ကြိုးစားလိုက်၏။ ဒဏ်ရာရနေသည်ဆိုလျှင်တောင် မရိုမသေမပြုရဲပေ။

ထိုအခိုက် မိန်းကလေးက သူ့ကို လာကူပေး၏။

ကျန်းဟောင်မှာ သူ့အပြုအမူကြောင့် အံ့အားသင့်သွားသော်လည်း ဘာမှမပြောပေ။ ဂိုဏ်းပြင်ကိုထွက်လာပြီးမှ ရွှေအမြုတေအဆင့် ကျင့်ကြံမှုက မည်မျှအားကောင်းမှန်း သိလာရသည်။

အဓိကဂိုဏ်းကြီးအနည်းငယ်ကလွဲ၍ မူလဝိညာဥ်အဆင့်ရှိသူများမှာ အပြင်ဖက်တွင် တွေ့ရရှား၏။

အားလုံးသာ အဆင်ပြေချောမွေ့မည်ဆိုပါက တစ်နှစ်အတွင်း မူလဝိညာဥ်အဆင့်ကို သူတက်နိုင်မည်ဖြစ်၏။ အသက် ၂၃ အများဆုံး ၂၄ တွင် လုပ်ဆောင်နိုင်ပေမည်။

ငယ်ရွယ်လွန်းသည့်အရွယ်တွင် မူလဝိညာဥ်အဆင့်ကိုတက်ခြင်းအတွက် အနည်းငယ်စိုးရိမ်မိသည်။ သူ၏ မောက်မာမှုကို မထိန်းချုပ်နိုင်ပဲ ပြဿနာဖြစ်စေမည်အား စိုးရိမ်သည်။

သန်မာခြင်း၏ ဆိုးကျိုးမှာ အလွယ်တကူ မာနကြီးစေသည်။ ထိုအရာကပင် ကိုယ့်ကိုပြန်ဆွဲချသွားနိုင်၏။

"မင်း နာမည်ဘာလဲ"

"ချန်ချွမ်ပါ စီနီယာကို အပြစ်ပြုမိတဲ့အတွက် တောင်းပန်ပါတယ် "

"ဂျူနီယာချန် ကောင်းကင်မြေမြို့မှာ ကျင့်ကြံသူတွေရဲ့ ဈေးရှိလား "

"ဟုတ်ကဲ့ မြို့အနောက်ပိုင်းက တောအုပ်ထဲမှာရှိပါတယ် အဲဒီမှာ အစီအရင်စီမံထားတယ် ဈေးက တစ်လတကြိမ်ပဲဖွင့်တာ မနက်ဖြန်ဖွင့်ရက်ပဲ"

ကျန်းဟောင် ခေါင်းညိတ်သည်။" ကောင်းကင်မြေမြို့မှာ အသန်မာဆုံးက ဘယ်သူလဲ"

"ကောင်းကင်မြေမြို့မှာ ကျင့်ကြံခြင်းမိသားစုကြီးနှစ်ခုရှိတယ် အသန်မာဆုံးက အဲ့မိသားစုနှစ်ခုရဲ့ ခေါင်းဆောင်တွေပဲ ရွှေအမြုတေအဆင့် အစောပိုင်းပါ၊"

"မူလဝိညာဥ်အဆင့်ရော မရှိဘူးလား"

"လော့ယွမ်မြို့မှာ တစ်ဦးရှိတယ်လို့တော့ ကြားတယ် ဒါပေမဲ့ ကောင်းကင်မြေမြို့နဲ့ နည်းနည်းလှမ်းတယ်"

ကျန်းဟောင် ခေါင်းညိတ်ပြီး ဆက်မမေးတော့ပဲ ထွက်သွားသည်။ အခန်းထဲရှိ လူများလည်း ထိုအခါမှ စိတ်သက်သာရတော့သည်။

တည်းခိုခန်းအဝင်ဝတွင် ကျန်းဟောင်က အာရုံဖြန့်ကျက်၍ လေ့လာမှုပြုသည်။

မကြာခင် လမ်းပေါ် သူရောက်သွား၏။

လမ်းတလျှောက် ဈေးသည်များ၏ အော်သံများအား ကြားရသည်။

ကြက်ကင်ရောင်းသည့်ဆိုင်တခုကိုမြင်သောအခါ တခဏမျှ တွေးတောမိသွား၏။ ထို့နောက် တခဏမျှတွေးပြီး ဆက်လျှောက်သွားလေသည်။

မကြာခင် လူနေရပ်ကွက်တခုကိုရောက်သွားပြီး အိမ်များအား လိုက်ကြည့်နေမိ၏။ သူ့နားမှ ဖြတ်လျှောက်သွားသူတိုင်းကို အကဲခတ်နေမိ၏။

ညနေရောက်တော့မှသာ တည်းခိုခန်းသို့ ပြန်ရောက်လာ၏။

သူ ဘာမှအာရုံမခံမိခဲ့ချေ။

မြို့မှာ မရှိတာများလား

ထို့နောက် မနက်ဖြန်ဖွင့်မည့် ဈေးကိုသွားကြည့်ရန် စဥ်းစား၍ အခန်းကိုရောက်လာသည်။

တံခါးဖွင့်လိုက်သောအခါ ဟုန်ယွီယဲ့က သူ့အခန်းထဲတွင် ထိုင်နေကြောင်းတွေ့လိုက်ရသည်။

"စီနီယာ ဒီအခန်းထဲ ဘယ်လိုရောက်နေတာလဲ" သူ အံ့အားသင့်သွား၏။

ဟုန်ယွီယဲ့က သူ့ကိုကြည့်ပြီး ကြောက်မက်ဖွယ်စွမ်းအားပေါ်လာ၏။

ဘန်း

ကျန်းဟောင်မှာ နံရံနဲ့ ပစ်ဆောင့်သွားလေ၏။

ရုတ်တရက် တိုက်ခိုက်မှုက သူ့ကို သတိကင်းလွတ်သွားစေ၏။ သူလည်း ဘာမှမှားယွင်းတာ မလုပ်ထားဖူးပေ။။

"မင်းကြည့်ရတာ နားမလည်သေးဘူးပဲ" သူမ ထရပ်လာ၏။

"လက်ဖက်ရည်အိုးက ဘယ်လောက်ကြာကြာခံမယ်ထင်လဲ"

သူ ကြောင်သွား၏။ ဆင်းသက်မြို့တွင် ဟုန်ယွီယဲ့ အခန်းထဲမှာနေစဥ် သူ မနှောင့်ယှက်ခဲ့ပေ။ အခုလည်း အတူတူဖြစ်မည်ဟုထင်ခဲ့၏။

ထိုအချိန်က ကျောက်ပြားများကို သူမ လေ့လာနေခဲ့ကြောင်း အမှတ်ရသည်။ ယခုမူ တတိယကျောက်ပြားအား မတွေ့သေးပါချေ။

သို့သော် သူမ၏ စွမ်းအားဖြင့် လက်ဖက်ရည်ဖျော်ခြင်းက ဘာမှခက်သည့်အရာမဟုတ်ပေ။

သို့ပေသိ ထုတ်မပြောရဲပဲ ခေါင်းငုံ့၍ သူ့အမှားဖြစ်ကြောင်းကိုသာ ဝန်ခံလိုက်ရသည်။

...

မှောင်နေပြီ လန်က ကောင်းကင်ကိုကြည့်၍ စောဒကတက်သည်။" အဲဒီမွန်းစတားကြောင့်မဟုတ်ရင် နောက်ကျနေမှာမဟုတ်ဘူး"

"ဒီလိုအားကောင်းတဲ့မွန်းစတားက အနီးအနားမှာပေါ်လာတာ မယုံနိုင်စရာပဲ ကောင်းကင်မြေမြို့က ထင်တာထက် ပိုအားကောင်းပုံပဲ" ပိုင်ချုံး သက်ပြင်းချသည်။

"မွန်းစတားကိုသတ်ပြီး အတော်ကောင်းတာတွေလည်း ရခဲ့တယ် အခြားသူတွေကို သတိပေးလိုက်သလိုဖြစ်သွားမလား" ဖန်ကျင်းကဆိုသည်။

သူတို့က တိမ်တိုက်တည်းခိုခန်းသို့ ဦးတည်နေသည်။

"စီနီယာဦးလေးတို့ရော မရောက်လာသေးဘူးလား" ပိုင်ချုံ့းမေးသည်။

"ဟင့်အင်း ကောင်းကင်သူတော်စင်ဂိုဏ်းက ဝင်ရှုပ်နေတာကြောင့်ဖြစ်ရမယ်" ဖန်ကျင်း ခေါင်းယမ်းသည်။

ထိုနာမည်ကိုကြားရခြင်းက သူတို့ကို ခေါင်းကိုက်စေ၏။ ကောင်းကင်သူတော်စင်ဂိုဏ်းက အားကောင်းနေလွန်းသောကြောင့်မဟုတ်ပေ။ စန္ဒာလဂိုဏ်းနှင့်ယှဥ်ပါက သာမန်ဖြစ်သည်။

သို့သော် ၎င်းတို့က ရူးသွပ်နေကြသည်။ ကြည်လင်ကောင်းကင်ကျောင်းပင် သူတို့ကို ပြဿနာကောင်များဟု မြင်ကြသည်။

သူတို့ တည်းခိုခန်းကိုရောက်သောအခါ သက်လတ်ပိုင်းလူတဦး စောင့်နေသည်အား တွေ့သည်။

"ခင်ဗျားတို့က စန္ဒာလဂိုဏ်းရဲ့ တပည့်တွေဖြစ်မယ် ကျုပ်က ချန်ချွမ်ပါ"

သူတို့ချင်း နှုတ်ဆက်လိုက်ကြသည်။

လန်က အပေါ်ကိုကြည့်၍ "ရှင်တို့ တည်းခိုခန်းတခုလုံးငှားထားတယ်ပြောပြီး အခု အပေါ်မှာ လူအချို့ရှိနေပါလား"

ချန်ချွမ်လည်း ရှက်ရွံ့ပြီး ဘာပြောရမှန်းမသိတော့ချေ။

"ဒဏ်ရာရထားတာလား" ဖန်ကျင်းက မေး၏။

"ဘာမှမဟုတ်ပါဘူး ချန်ချွမ်က ပြုံးပြီး "သားရဲကြောင့် ထိခိုက်မိတာပါ အပြင်းအထန်ကြီးမဟုတ်ပါဘူး အခန်းတွေကို ပြင်ထားပြိးပါပြီ လိုအပ်တာရှိရင် ပြောပါ ကို့လန်သတင်းကိုလည်း ဆက်စုံစမ်းနေပါတယ်"

ကျေးဇူးတင်ပါတယ် ကျင့်ကြံခြင်းနဲ့ပတ်သတ်ပြီး ကူညီပေးရင် စိတ်မရှိဘူးမလား

ထိုလူက သူ့အပေါ် အတော်ကူညီခဲ့ရာ ကျင့်ကြံရေးတွင် ထောက်ပြရခြင်းက ပြဿနာမဟုတ်ပေ။

ချန်ချွမ်မှာ ဝမ်းသာမဆုံးဖြစ်နေ၏။

ညတွင် ဖန်ကျင်း၏ အခန်းမှာ တံခါးခေါက်သံကြားရသည်။ သူ တံခါးဖွင့်လိုက်သောအခါ ပိုင်ချုံးနှင့်လန်က အခန်းတွင်းသို့ လျင်မြန်စွာဝင်၍ တံခါးပိတ်သည်။

"ချန်ချွမ်ကို ဒဏ်ရာရအောင်လုပ်တဲ့သူက တဖက်ခန်းမှာရှိနေတယ်" ပိုင်ချုံးက တိုးတိုးပြောသည်။

All Chapters