မိစ္ဆာမ၏ နာမည်အားမေးခြင်း
Vol. 9 Ch. 133
"ဘေးခန်း" ဖန်ကျင်း အံ့သြသွား၏။
"ချန်ချွမ်က တကယ်ပဲ ကျမတို့အတွက် တည်းခိုခန်းတခုလုံးကို ငှားပေးခဲ့တယ် ဒါပေမဲ့ လွန်ခဲ့တဲ့ရက်အချို့က စုံတွဲတတွဲရောက်လာတယ်" ပိုင်ချုံးပြောသည်။
"သူတို့က တည်းခိုချင်ပေမဲ့ ချန်ချွမ်က တည်းခိုခန်းတခုလုံးကိုယူထားတော့ တိုက်ခိုက်ကြတယ် နောက်တော့ အဲ့လူက ငွေနှစ်စပေးပြီး ဒီမှာ နေနေတာပဲ"
"စွမ်းအားကြီး ပုဂ္ဂိုလ်တွေက နေရာတိုင်းမှာရှိတယ် ချန်ချွမ်နဲ့ သူ့မိသားစုက ကံကောင်းတယ်လို့ပြောရမယ် အဲဒီလူတွေသာ မိစ္ဆာဂိုဏ်းကဆိုရင် ဒုက္ခရောက်ပြီပဲ" ဖန်ကျင်း သက်ပြင်းချသည်။
"ဂျူနီယာညီမလန်လည်း ဒါကို မှတ်ထားသင့်တယ် ဒီလိုအပြုအမူမျိုး မပြုမူမိစေနဲ့"
"ကို့လန်နဲ့ ပတ်သတ်တဲ့သတင်းရလာတယ် သူ မနက်ဖြန် ကျင့်ကြံသူဈေးမှာ ပေါ်လာလိမ့်မယ် သူက အစီအရင်၊ ဆေးပင်နဲ့ တပည့်တွေရောင်းတယ်"
"တပည့်ရောင်းတယ် ဘာကြီးတုန်း" လန်က သိလိုစွာမေးသည်။
"သူက လူတွေကိုရောင်းတာလား "
"မကြာသေးခင်က အဖမ်းခံခဲ့ရတဲ့လူတွေက ဒါနဲ့ ပတ်သတ်နေနိုင်တယ် "
"မသေချာဘူး ဈေးထဲမှာ ဒါမျိုးကို ကြေညာပြီး ပေါ်တင်လုပ်ဆောင်ရအောင် သူ အတင့်မရဲဘူးလို့ထင်တယ်"
"ဒါပေမဲ့ သူ တကယ်ရဲတင်းတာလည်း ဖြစ်နိုင်တယ် ငါတို့ ဂရုစိုက်ရလိမ့်မယ်"
"လူခွဲပြီး ချဥ်းကပ်သင့်လား" လန်က မေးသည်။
"ဟင့်အင်း ကို့လန်က စွမ်းအားကြီးတယ် တယောက်တည်းလှုပ်ရှားတာ အန္တရာယ်များလိမ့်မယ်" ဖန်ကျင်း သဘောမတူပေ
"ကျမရဲ့ စိတ်ဝိညာဥ်ဓားကို သန့်စင်ပြီးပြီ အစ်ကို့လောက်တော့ မဟုတ်ပေမဲ့ အရမ်းမဆိုးပါဘူး" သူမက စောဒကတက်သည်။
"ခွန်အားကြောင့်မဟုတ်ဘူး ဂျူနီယာညီမ အတွေ့အကြုံပဲ" ပိုင်ချုံးပြုံး၏။
သူတို့ ညီမက ငယ်ရွယ်ပြီး တဇွတ်ထိုးဆန်တာကြောင့် ပြဿနာဖြစ်မည်အား စိုးရိမ်နေကြခြင်းပင်။
"ဒါဆို ဘယ်လိုလုပ်မလဲ အစီအရင်ရောင်းတဲ့နေရာကိုသွားရမှာလား တပည့်ရောင်းတဲ့နေရာကို သွားရမှာလား"
ခဏကြာတွေးပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။
"တပည့်ရောင်းတဲ့နေရာကို အရင်သွားမယ် ညီမရဲ့ ခြေရာကောက်စွမ်းရည်နဲ့ဆို အဖြစ်အပျက်ကို ပိုပြီးသိလာလိမ့်မယ်"
"စကားမစပ် မြို့ပြင်က နတ်ရေကန်မှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ့တယ်လို့ ချန်မိသားစုဆီက ကြားထားတယ်" ပိုင်ချုံးပြောသည်။ "မနက်ဖြန် ဘာမှမတွေ့ရင် အဲဒီကို သွားကြည့်ရအောင်"
စကားပြောဆိုကြပြီးနောက် လန်နှင့် ပိုင်ချုံးတို့ အခန်းဆီ ပြန်ရန်ပြင်ကြသည်။
သူတို့ထွက်မသွားခင် ဖန်ကျင်းက လန်ကိုပြော၏။ "ညီမ တဖက်ခန်းက လူတွေနဲ့တွေ့ရင် ယဥ်ယဥ်ကျေးကျေးရှိပါ ရန်သူများတာက ငါတို့ကိစ္စကို ထိခိုက်လိမ့်မယ်"
"ကောင်းပါပြီ"
အခန်းပြန်ရောက်သောအခါ လန်က စောဒကတက်တော့သည်။ "စီနီယာအစ်မပိုင် အစ်ကိုဖန်က သတိထားလွန်းနေတာမဟုတ်ဘူးလား ကျမတို့ သုံးယောက်လုံးက ရွှေအမြုတေအဆင့်ပဲ ချန်မိသားစုက အသန်မာဆုံးကိုတောင် ကျမတယောက်တည်း ဖိနှိပ်နိုင်တယ် စီနီယာအစ်ကိုနဲ့ အစ်မက ကျမထက်တောင် စွမ်းအားကြီးတာပဲကို"
"ဘာပဲဖြစ်ဖြစ် နှိမ့်နှိမ့်ချချနေတာကောင်းတာပေါ့" ပိုင်ချုံး ပြုံးသည်။
နောက်မနက်
ကျန်းဟောင်က အမည်မဲ့ကျင့်စဥ်နဲ့အတူ နိုးထလာ၏။
ဒီနေ့ ကျင့်ကြံသူဈေးဖွင့်မည့်နေ့ဖြစ်သည်။ လက်ရှိ သူ့ရဲ့ ရည်ရွယ်ချက်က ကျောက်ပြားရှာ၍ နောက်ကွယ်မှ လူကိုဖော်ထုတ်ရန်ဖြစ်သည်။
ထိုလူကို သူ မကိုင်တွယ်နိုင်လောက်သော်လည်း ဟုန်ယွီယဲ့ လှုပ်ရှားပေမည်။
ရွှေအမြုတေအဆင့်နဲ့အောက်များမှာ သူ့ကို မယှဥ်နိုင်ပေ။ သို့သော် မူလဝိညာဥ်အဆင့်နဲ့ သွားတိုက်လျှင်တော့ သေရုံသာရှိမည်။
အခန်းမှထွက်လာပြီး ဟုန်ယွီယဲ့ တံခါးကိုခေါက်သည်။
ကျွီ
တံခါးက ဖြည်းညင်းစွာ ပွင့်လာ၏။
သူမက ပြတင်းပေါက်နားတွင်ထိုင်၍ အပြင်အား ငေးနေသည်။
အခုက နေထွက်ချိန်ကိုခံစားရန် အကောင်းဆုံးအခိုက်အတန့်ဖြစ်သည်။
"စီနီယာ တခုခုများအာရုံခံမိလား" ကျန်းဟောင်က သူမလက်ထဲ လက်ဖက်ရည်ဆက်သလိုက်၏။
"ဒီမှာ ခြံရှိလား" သူမ မေးသည်။
"ဟုတ်ကဲ့ အနောက်ဖက်မှာ အတော်လေးကြီးတဲ့ခြံရှိတယ်"
ဟုန်ယွီယဲ့ ဘာလုပ်ချင်မှန်းမသိပေမဲ့ သူ အကောင်းဆုံး ထောက်ပံ့ပေးရမည်မဟုတ်ပါလား။ သူမက တကယ်အားကောင်းသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်ကို သိချင်သော်လည်း မမေးမြန်းရဲပေ။ အခုချိန်အထိ သူမ၏ နာမည်ကိုပင် မပြောပြပေ။ အကဲဖြတ်စွမ်းရည်ကြောင့်သာ သူသိထားခြင်းဖြစ်၏။
သူ တွန့်ဆုတ်သွား၏။ "လူတွေ အများကြီးနဲ့ဆုံတွေ့ရတဲ့အခါ စီနီယာရဲ့နာမည်ကို မသိနိုင်ဘူးဖြစ်နေတယ် "
ကျန်းဟောင် ဉာဏ်များလိုက်ခြင်းပင်။ လမ်းခရီးတွင် သူတို့ကို စပ်စုသည့်လူများစွာနှင့် တွေ့ကြုံရသည့်အတွက် သူ့စကားက လုံးလုံးအလိမ်အညာ မဟုတ်ပါချေ။
ဟုန်ယွီယဲ့၏ လက်ရပ်တန့်သွားပြီး သူ့ကို မျက်ခုံးပင့်ကြည့်သည်။
"ငါ့နာမည် ဟုန်ယွီယဲ့ သူများကိုပြောစရာမလိုဘူး"
"ဟုတ်ကဲ့ ကျနော်က ကျန်းဟောင်ပါ" သူ ဦးညွတ်လိုက်၏။ သူ့နာမည်ကိုပြောပြီး မိတ်ဆက်ဖူးတာမျိုးမရှိခဲ့ဖူးပေ။
ဟုန်ယွီယဲ့ လက်ဖက်ရည်သောက်၏။
"ငါ ခြံဝန်းကိုသုံးချင်တယ် ဆေးပင်အချို့စိုက်ပေး "
"ဘယ်လိုဆေးပင်များလဲ "
ခြံအတွက်က ပြဿနာမရှိပေ။ တည်းခိုခန်းပိုင်ရှင်ကို ပြောလိုက်ရုံဖြစ်၏။
ဧည့်သည်အများစုက ကျင့်ကြံသူဖြစ်သောကြောင့် တောင်းဆိုရလွယ်သည်။ ဝိညာဥ်ကျောက်တုံး တစ်တုံးနှစ်တုံးလောက်ပေးလိုက်လျှင် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်မည်ဖြစ်၏။
"မင်း ခြံထဲက ပန်းနဲ့တူတဲ့အရာ" သူမက တည်ငြိမ်စွာဆိုသည်။
ကျန်းဟောင် ကြောင်သွား၏။ "စီနီယာပြောတာ ကောင်းကင်ဘုံရနံ့တာအိုပန်းလား
ပြဿနာရှိလား" ဟုန်ယွီယဲ့က သူ့ကို ခပ်ထေ့ထေ့ပြုံးကြည့်သည်။ ထိုအပြုံးနောက်တွင် အလွန်ကြီးမားသည့် အန္တရာယ်ပါနေ၏။
"မရှိပါဘူး"
အခန်းထဲမှ အတွေးနက်လျက် သူ ထွက်လာခဲ့သည်။
ကောင်းကင်ဘုံရနံ့တာအိုပန်းနဲ့ဆင်တူတဲ့ ဆေးပင် ငါ ဘယ်မှာသွားရှာရမှာလဲ။
လက်ဖက်ခြောက်များကဲ့သို့ ကောင်းကင်ဘုံရနံ့တာအိုပန်းအား အစားထိုးရန် ဝိညာဥ်ကျောက်တုံး မည်မျှကုန်ကျမည် မှန်းမသိပါချေ။ ထိုအတွေးဖြင့် သူ သက်ပြင်းချမိသည်။
ကြည့်ရတာ သူ ထပ်မွဲဦးမှာပဲ။