← Chapters

နိုးလာတာနဲ့ ခိုးနမ်း

Vol. 009 Ch. 896

နိုးလာတာနဲ့ ခိုးနမ်း

Vol. 009 Ch. 896

ရှီမာယူယူသည် ဖန်ကျောက်ဖျာပေါ်တွင် ထိုင်ကာ ဝမ်းနည်းမှုဖြင့် ပြည့်နေသာ အမူအရာနှင့်လူကိုကြည့်လိုက်သည်။ သူမသည် လက်ဆန့်ထုတ် ကာ သူ့မျက်ခုံးများကိုထိတွေ့လိုက်သည်။

အရင်ပုံစံနှင့် တူသည်မှာ သေချာသော်လည်း သူ့ထဲမှ ဝိဉာဉ်မှာ လုံးဝ ပြောင်းလဲသွားလေပြီ။ သူမသည် အာရုံငါးပါးနှင့် သူ့ကိုအာရုံခံနိုင်သည်။

မိုရှား သူမကို သတိမေ့အောင်လုပ်ပြီး သူ့ဘာသာစာချုပ်ဖျက်ခဲ့သည်ကို တွေးလိုက်သောအခါ ရင်ထဲထိမိသော်လည်း ဒေါသထွက်တုန်းပင်။

“တကယ့်ကို စိတ်လိုက်မာန်ပါလုပ်တဲ့လူပဲ”

သူမသည် ပြောစရာအများကြီးရှိသည်ကို ခံစားရသလိုပင် သက်ပြင်း ကြီးချလိုက်သည်။ သို့သော် သူ့အခုပုံစံကိုမြင်သောအခါ ပြောစရာများကို ထိုသက်ပြင်းနှင့်အတူ မျိုချလိုက်ရတော့သည်။

သူမသည် ဆေးစားပြီးနောက် တင်ပျင်ခွေထိုင်ကာ သူမချီကို ကိုယ်တိုင် စတင်ကုလေသည်။

၈ရက်ကြာပြီးနောက်တွင် အပ်စိုက်ရန်လိုအပ်သည့် စွမ်းအင် ရလာ သည်။ သူမသည် အောင်မြင်မည်မှာသေချာသည်။ ထို့ကြောင့် သူမ စိတ်ကို စုစည်းရန်သာ လိုလေသည်။

ထိုရက်အနည်းငယ်တွင် သူမကို ဘယ်သူမှမနှောင့်ယှက်ကြပေ။ သူတို့ သည် ကြားထဲတွင် ဝူလင်းယူ၏ အခြေအနေကို လာကြည့်ရုံသာကြည့်ကြပြီး သူအဆင်ပြေသည်ကိုတွေ့သည်နှင့် ပြန်သွားကြသည်။

ထိုနေ့တွင် ရှီမာယူယူသည် မျက်လုံးပွင့်လာကာ စိတ်အခြေအနေ ကောင်းမွန်သည့်ပုံပေါက်သည်။

သူမသည် ဖန်ကျောက်ဖျာပေါ်မှဆင်းကာ လျှို့ဝှက်အိမ်အရှေ့သို့ လာ လိုက်သည်။ ထင်ထားသည့်အတိုင်းပင် သူမကို စောင့်နေသည့် လူတစ်စုကို တွေ့လေသည်။

“ယူယူ နိုးလာပြီလား၊ ဘာလို့ထွက်လာတာလဲ”

“ငါ နောက်ဆုံးအကြိမ်အပ်စိုက်တာလုပ်မလို့ ပြင်နေတာ၊ အနှောင့်အယှက် မခံရအောင် သေချာဖို့အတွက် အတားအဆီးလုပ်မလို့ အဲဒါကြောင့် ထွက်လာပြီး မင်းတို့အားလုံးကိုလာပြောတာ” ရှီမာယူယူ ပြော လိုက်သည်။

“ငါတို့ပြင်ပေးရမယ့်ဟာရှိလား” ဟွာကျင်း မေးလေသည်။

“အများကြီးမရှိပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဘယ်သူမှ ငါ့ အတားအဆီးကို မဖျက်အောင်လုပ်ပေးရုံပဲ”

“အဲဒါတော့ စိတ်ချလို့ရတယ်၊ စိတ်ချပါ” ဟွာကျင်း ပြောလေသည်။

ရှီမာယူယူသည် သူတို့ကိုခေါင်းညိမ့်ပြပြီးနောက် လှည့်ထွက်ကာ လျှို့ဝှက်အခန်းသို့ ဦးတည်သွားလေသည်။ သူမအနောက်မှ တံခါးကိုပိတ် လိုက်ပြီး အတားအဆီးလုပ်လိုက်သည်။

နောက်ဆုံးအကြိမ်အပ်စိုက်ခြင်းသည် အရေးကြီးဆုံးဖြစ်ကာ သူမ အာရုံ သေချာစိုက်ရမည်။ သူမသည် တစ်ချိန်လုံး ဇွဲနှင့်မလုပ်ခဲ့လျှင်တောင်မှ အကောင်းဆုံး အာရုံစိုက်လုပ်ရမည်။

“ဒီတစ်ကြိမ်သာအောင်မြင်သွားရင်တော့ ပေါင်းစပ်တာအောင်မြင်မှာပဲ”

သူမသည် လက်ဆန့်ထုတ်ပြီး သူ့မျက်နှာကိုထိတွေ့ပြီးနောက်တွင် မတ်တပ်ရပ်ကာ လုပ်ငန်းစဉ် စတင်တော့သည်။

ဒီတစ်ခေါက် အပ်စိုက်ခြင်းသည် အပ်တိုင်းကို သေချာအာရုံစိုက်ထား ရန်လိုအပ်သည်။ သူမ နေရာတစ်ခုချလိုက်တိုင်း ဝိဉာဉ်စွမ်းအင်ကို သေချာ ထည့်ပြီး အပ်ချောင်းပိုသွားသည် လိုသွားသည် မဖြစ်အောင်လုပ်ရသည်။

၂နာရီကြာပြီးနောက်တွင် အပ်အားလုံးကိုစိုက်ပြီးနောက် ဖြေးညင်းစွာ စတင်ထုတ်တော့သည်။

“အာ…”

သူမ အကြိမ်အနည်းငယ် သတိလွတ်ကာ မေ့မြောမလိုဖြစ်လေသည်။

သူမ ဆေးတစ်လုံးထုတ်ကာ စားလိုက်သည်။ သို့သော် ဆေးသည် သူမ ကိုယ်တိုင် ဖော်သည့်ဆေးလောက်မကောင်းပေ။ သူမ အပ်များကို နှုတ်ပြီး သည်နှင့် သူမခေါင်းမှာ ပေါ့နေသည်။

သူမ သူ့အဝတ်များကိုယူပြီး ဝတ်ပေးချင်သော်လည်း သူမ၏ လက် သည် သူ့ခန္ဓာကိုယ်ကို ဖက်လျက်နှင့် တစ်လောကလုံးမှောင်မိုက်သွားကာ အိပ်ရာဘေးတွင် မေ့လဲသွားလေသည်။

သူမ အိပ်ရာဘေးတွင် မရိုက်မိခင်တွင် ရှည်လျားသော လက်သည် သူမ ကျမည်ကို ဆွဲလိုက်သည်။ သူမကို အပေါ်သို့ဆွဲပြီး သူ့ဘေးတွင် လှဲလှောင်း ခိုင်းလိုက်သည်။

၁၀ရက်ကြာအောင် ပိတ်နေသော မျက်လုံးများသည် နောက်ဆုံးတွင် ပွင့်လာလေပြီ၊ သွေးနီရောင်မျက်လုံးအိမ်သည် ရာဇဣနြေရောင်ဝါထွက်နေ သည်။ သို့သော် လျင်မြန်စွာပင် အနီရောင်ပျောက်ကွယ်သွားပြီး ပုံမှန်အနက် ပြန်ဖြစ်သွားသည်။

သူခေါင်းငုံ့ပြီး ပင်ပန်းနွမ်းနယ်နေသော လူအားကြည့်ပြီးနောက် သူ၏ အဝတ်မဲ့နေသောခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သူ့ပါးစပ်ထောင့်မှာ တွန့် တက်သွားပြီး အလွန်ဆွဲဆောင်မှုရှိသော အပြုံးအဖြစ်ဖန်တီးလေသည်။

“ယူယူ မင်းငါ့ကိုအားလုံးမြင်ပြီးသွားပြီ ဒီတစ်ခါတော့ တာဝန်ကို ရှောင်လွှဲလို့မရတော့ဘူး….”

သူသည် အိပ်ရာအတွင်းပိုင်းသို့တိုးကာ ရှီမာယူယူ့ကို ဖန်ကျောက်ဖျာ ပေါ်တင်လိုက်သည်။

“အာ…”

ယူယူသည် သက်တောင့်သက်သာမဖြစ်မှုကြောင့် မျက်မှောင်ကြုတ် ကာ မကျေနပ်စွာရေရွတ်သော်လည်း မနိုးပေ။

ဝူလင်းယူသည် သူမကို ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး သူမနဖူးကို ရင်နာ စွာဖြင့် နမ်းလိုက်လေသည်။

“မင်းအတွက်ခက်ခဲမှာပဲ ကောင်းကောင်းနား”

ရှီမာယူယူသည် သူ့ရင်ခွင်ထဲရောက်သည်နှင့် လှဲရသည်မှာ သက်တောင့်သက်သာဖြစ်သည်ကို တွေ့ရလေသည်။

ဝူလင်းယူသည် လက်တစ်ဖက်ကို ခေါင်းဦးအဖြစ်သုံးပေးကာ နောက် တစ်ဖက်မှာ သူမ၏ မျက်နှာကိုနူးညံ့စွာ တယုတယပွတ်သပ်လေသည်။ သူ့မျက်လုံးများသည် သူမလက်တစ်လျှောက်လိုက်ကြည့်ပြီးနောက် မျက်နှာ တွင်ရပ်သွားလေသည်။

သူထိုအချိန်က သတိမရသော်လည်း သူ့ဝိဉာဉ်နှင့် အသိစိတ်မှာ ရှင်းလင်းနေသည်။ သူသည် သူမ အပ်စိုက်ပေးသည့်အချိန်တိုင်းကို သိကာ သူမ အကြိမ်ပေါင်းများစွာ အင်္ကျိချွတ်ပေးသည်ကိုလည်းသိသည်။

“ယူယူ…”

ဒီတစ်ကြိမ်တွင် သူ သူမကို ထပ်နမ်းလိုက်သည်။ သူမ၏ နဖူးကိုမဟုတ် ပဲ သူ ကြာရှည်စွာတောင့်တခဲ့သော သူမ၏ နှုတ်ခမ်းများကိုပင်…

သူ၏ နှုတ်ခမ်းများသည် သူမ နှုတ်ခမ်းအပေါ်နူးညံ့စွာ ထားလိုက်သည်။ ထို့နောက်တွင် နူးညံ့စွာစုပ်ယူကာ သူမ၏ချိုမြမှုတိုင်းကို အရသာခံစားလေ သည်။

ဒါက နမ်းတာကိုခေါ်တာပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က သူ တကယ်ပဲ သူမကို ကြမ်းကြမ်းကြီး ကိုက်မိတာပဲ။ အဲဒါကြောင့် သူမ ဒေါသထွက်တာကိုး။

သူတွေးနေသည်ကို ယူယူသာသိပါ နိုးလာနိုင်သည်။

သူ့ကိုအတင်းနမ်းလို့ သူမ ဒေါသထွက်တာ ရှင်းနေတာပဲ။ ဟုတ်တယ် မလား။ သူကြမ်းကြမ်းတမ်းတမ်းနမ်းတာနဲ့ ဘယ်လိုလုပ်ဒေါသထွက်မှာလဲ။

သို့သော် သူမ ဒါကိုမသိပေ။ သူမသည် အခု အိပ်မောကျနေကာ အား ပြန်မပြည့်မချင်းမနိုးနိုင်ပေ။

သူမကို ဖျက်ဆီးသည်ဟု ဒေါသထွက်နိုင်သည်။

သို့သော် သူ ဒီ့ထက်ပိုပြီးမသွားပေ။ သူမ၏ သက်တောင့်သက်သာမဖြစ် ရာမှ ထွက်လာသောအသံကြားသည်နှင့် သူမကို မလွှတ်ချင်လွှတ်ချင်နှင့် လွှတ်လိုက်ရသည်။

သူမသည် ပင်ပန်းထားသည်။ သူမကို အနားယူခိုင်းသည်က ကောင်း သည်။

လျှို့ဝှက်အခန်းအပြင်ဘက်တွင် အားလုံးသည် အတားအဆီးအပြင် တွင် စောင့်နေဆဲပင်။ သို့သော် အတွင်းခန်းထဲမှ အသံတစ်သံမှထွက်မလာ သဖြင့် အားလုံးစိုးရိမ်နေကြသည်။

“မင်းတို့အားလုံးဒီမှာဘာလုပ်နေကြတာလဲ” ဟုန်ယွမ်၏ အသံသည် အပြင်မှထွက်လာရာ ထိုအချိန်မှပင် သူဘယ်အချိန်ကပြန်ရောက်နေသည်ကို သူတို့ သတိရသွားလေသည်။

“ဘုန်းတော်ကြီး”

ရှောင်ချီမှလွဲပြီးအားလုံး အရိုအသေပေးကြသည်။

“မင်းတို့အားလုံး အပြင်မှာဘာလုပ်နေကြလဲလို့ မေးနေတာ၊ ဘုရင်ကြီး ရဲ့ အခြေအနေဘယ်လိုလဲ” ဟုန်ယွမ်၏အသံသည် ဒေါသသံပါနေသည်။

သူတို့အားလုံး အပြင်မှာစောင့်နေကြတော့ ဘုရင်ကြီးမှာတစ်ခုခုဖြစ်နေ ရင် ဘယ်သူက တာဝန်ယူမှာလဲ။

“ဘုန်းတော်ကြီး ဒေါသလျော့ပါ၊ ဘုရင်ကြီးက နေကောင်းပါတယ် သခင်လေးရှီမာက အပ်စိုက်ပေးနေတာ၊ သူတို့ကို အနှောင့်အယှက်ပေးလို့မရ လို့ အပြင်မှာစောင့်နေကြတာပါ” ဟွာဒိ ရှင်းပြလေသည်။

“အပ်စိုက်တယ်ဟုတ်လား” ထိုသည်မှာ ဟုန်ယွမ် ပထမဆုံးကြားဖူးခြင်း ဖြစ်သည်။

“အပ်စိုက်တယ်ဆိုတာက အပ်တွေကို ဖိအားနေရာတွေကို လှုပ်ရှားလာ အောင် အပ်တွေကိုသုံးပြီး ခန္ဓာကိုယ်ထဲက အကြောတွေနဲ့ ဆက်သွယ်ပေး တာပါ၊ ဝိဉာဉ်စွမ်းအင်နဲ့ဆိုရင် ကုသဖို့အတွက် သက်ရောက်မှုဖြစ်နိုင်ပါတယ်” ဘာကျားဇီသည် ရှီမာယူယူ ပြောပြထားသည်များကို ပြောပြလိုက်သည်။

“ဒါကဘုရင်ကြီးအတွက် အသုံးဝင်ပါ့မလား” ဟုန်ယွမ်သည် ထိုကဲ့သို့ ထူးဆန်းသော ကုသမှု ကမ္ဘာပေါ်တွင်ရှိသည်ဟု မထင်သေးပေ။

“ရှိပါတယ် ဘုရင်ကြီးက ဒီရက်တွေမှာ အများကြီးတိုးတက်လာတယ်၊ အသားအရေတောင် ပြန်ကောင်းလာပြီ” ဘာကျားဇီ ပြောလေသည် “ဒီနေ့ သာအောင်မြင်ရင် ဘုရင်ကြီး သတိပြန်ရလာမယ်လို့ ယူယူပြောပါတယ်”

“မအောင်မြင်ရင်ရော၊ ဘုရင်ကြီးဘာဖြစ်မှာလဲ” ဟုန်ယွမ် မေးလေ သည်။

“ဒါက….” ဟွာဒိသည် အတွေးထဲမြောသွားသည်။

သူတို့ိထိုသို့မေးမည်ဟု မစဉ်းစားထားပေ။

“မင်းတို့မသိဘူးလား”

“ဒါက… အရေးကြီးဆုံးက ပြီးခဲ့တဲ့နှစ်ကြိမ်လုံး သူမ အောင်မြင်ခဲ့တယ်၊ ဘုရင်ကြီးရဲ့ အခြေအနေက အများကြီးတိုးတက်ခဲ့တယ်၊ အဲဒါကြောင့် ကျွန်တော်တို့ မမေး….”

“အသုံးမကျလိုက်တာ” ဟုန်ယွမ်သည် သူတို့ကို ကြိမ်းမောင်းလေသည် “သူမက အသက်ဘယ်လောက်ရှိသေးလို့လဲ၊ ဘုရင်ကြီးကိုကုဖို့ ဘယ်လိုလုပ် သူမကို အပ်ထားရတာလဲ၊ ငါ နှင်းကြာအနက်နဲ့ ပြန်လာမယ်လို့ မပြောထား ဘူးလား ငါ့ကိုဘာလို့မစောင့်ကြတာလဲ”

ဟွာဒိနှင့် တခြားသူများသည် ဘာမှမပြောကြပဲ ခေါင်းကိုသာငုံ့ထားလေ သည်။

“ယူယူက မကျရှုံးဘူး” ရှောင်ချီ ပြန်ချေပလေသည် “သူမကို မယုံဘူး လို့ပြောတဲ့သူတွေကိုသာ နားမလည်တာ၊ ဟင်း အားက အသက်နဲ့ဘာမှ မဆိုင်တာ”

သူမသည် သူ၏ ဒေါသပြည့်နေသော မျက်လုံးများနှင့် သွားဆုံသော် လည်း အကြည့်ပြန်မရုတ်ပေ။

တခြားသူတွေက သူ့ကိုကြောက်ရင်ကြောက်မယ်၊ သူမကတော့ မကြောက်ဘူး။ သူမက သူ့လက်အောက်ငယ်သားမှမဟုတ်တာ။

“မင်း…”

လျှို့ဝှက်အခန်းမှ အတားအဆီးသည် ရုတ်တရက်ပျောက်ကွယ်သွား ကာ တံခါးပွင့်လာသည်။ ဝူလင်းယူသည် ယူယူ့ကိုချီပြီးထွက်လာသည်။

ဝူလင်းယူ၏ နတ်ဆိုးမျိုးနွယ်ရောင်ဝါမှာ မှားလောက်စရာမရှိပေ။

“ဘုရင်ကြီး”

“ဘုရင်ကြီးကို နှုတ်ဆက်ပါတယ်”

အားလုံးသည် ဝမ်းပန်းတသာ ဒူးထောက်ကြသည်။

တကယ်ပဲ နတ်ဆိုးမျိုးနွယ်ရဲ့ ရောင်ဝါပဲ။ သူက သူတို့ရဲ့ ဘုရင်ဖြစ်နေ တုန်းပဲ။

“ဝူလင်းယူ မင်းနေကောင်းလာပြီလာ” ရှောင်ချီသည် ပြေးလာကာ သူ့ ခန္ဓာကိုယ်ကို ရိုက်လိုက်သည်။

“အင်း”

ဝူလင်းယူသည် သူမကို မငေါက်ပေ။ သူသည် သူမကိုကြည့်ရုံသာကြည့် ရာ သူမသည် ချောင်းနှစ်ချက်ဟန့်ပြီးနောက် လက်ကိုပြန်ရုတ်သွားလေသည်။

“ဟီးဟီး ပြန်ကောင်းလာပြီဆိုတော့ နှင်းကြာအနက်သွားယူတဲ့ လူတစ် ယောက်ရဲ့ အားထုတ်မှုတွေအလကားဖြစ်သွားပြီ” ရှောင်ချီသည် ဟုန်ယွမ် အား ကြည့်လေသည်။

***

All Chapters