← Chapters

ဝိညာဥ်ကျောက်တုံး အချို့ရခြင်း

Vol. 9 Ch. 134

ဝိညာဥ်ကျောက်တုံး အချို့ရခြင်း

Vol. 9 Ch. 134

ခြံဝန်းထဲ သူရောက်လာ၍ ကြည့်ရာ ကျယ်ဝန်းပြီး ဆေးပင်များစိုက်ပျိုးရန် သင့်တော်ကြောင်း တွေ့လိုက်ရသည်။ သို့သော် မြေဆီလွှာက သိပ်မကောင်းသောကြောင့် ပြန်လည်လဲလှယ်ရပေမည်။

နောက်ပြီး မကြာခဏ အသုံးပြုတတ်သည့် အနောက်တံခါးကလည်း ပြဿနာတခုဖြစ်သည်။ ဟုန်ယွီယဲ့က လူများ ရစ်သီရစ်သီလုပ်နေသည်အား ကြိုက်မည်မဟုတ်ပေ။ ကျန်းဟောင်၏ သားရဲပင် သူမလက်ထဲ အတော်ခံထားရပြီဖြစ်၏။ ဒါတောင် သားရဲက သူမကို မမြင်ရသေးခင် ရိုက်နှက်ခံရခြင်းဖြစ်၏။

ခြံကို စစ်ဆေးပြီးနောက် ကောင်တာဆီသွားကာ ဆိုင်ရှင်အား မေးမြန်းသည်။

"နောက်ဖေးခြံလား" ဆိုင်ရှင်က သူ့ကိုကြည့်ပြီး "သုံးချင်ရင် သုံးလို့ရပါတယ်"

ကျန်းဟောင် ခေါင်းညိတ်သည်။" ဒါပေမဲ့ တခြားလူတွေ လာတာမျိုးမဖြစ်စေချင်ဘူး"

"ရပါတယ် အနောက်တံခါးကိုပိတ်ထားလိုက်မယ် ဒါပေမဲ့ တည်းခိုခန်းက သာမန်ဆိုတော့..."

သူဆိုလိုသည်အား နားလည်လိုက်၏။ တည်းခိုခန်းက သာမန်ဖြစ်ပြီး အခြားတည်းခိုသူများမှာ ကျင့်ကြံသူများဖြစ်ကြသည်။ ဆိုင်ရှင်က ၎င်းတို့ကို မထိန်းချုပ်နိုင်ပေ။

"အဲဒီအတွက် စိတ်မပူပါနဲ့ နောက်ဖေးခြံကို အသုံးပြုခ ဘယ်လောက်ပေးရမလဲ"

ဆိုင်ရှင်က အလကားဟုပြောချင်ပေမဲ့လည်း ကျန်းဟောင်က ပေးရန် ဆန္ဓရှိနေသည်ကို မြင်ရသောကြောင့် "တနေ့ကို ငွေတစ်စပါ" ဟုပြောလိုက်လေသည်။

"ကျန်းဟောင်က ငွေသုံးစထုတ်ပေးပြီး သုံးရက်သုံးမယ် ကြာမယ်ဆို ထပ်ပြောမယ် ဒီနေ့ပဲ ပြင်ဆင်ပေးပါ"

"တယောက်ယောက်ကန့်ကွက်ရင် ကျုပ်ပြန်လာတဲ့အထိစောင့်ပါ "

"ကောင်းပါပြီ"

ကျန်းဟောင် တည်းခိုခန်းမှထွက်သွား၏။

ခဏကြာသော် စန္ဒာလဂိုဏ်းမှ သုံးဦးက အောက်ဆင်းလာကြသည်။ အစေခံများ ခြံရှင်းနေသည်ကိုမြင်သောအခါ မေးသည်။

"ဘာလုပ်နေတာလဲ" ပိုင်ချုံးက မေး၏။

ဆိုင်ရှင်က ပြန်ဖြေသည်။ "အခန်းနံပါတ် ၅ က ဧည့်သည်တော်က နောက်ဖေးခြံကိုသုံးချင်လို့ ရှင်းလင်းနေတာပါ"

"အို့ "ဖန်ကျင်း အံ့သြသွား၏။ အခန်းနံပါတ် ၅ က သူတို့နဲ့ တခန်းထဲဖြစ်သည်။ ခြောက်ထပ်တွင် လက်ရှိ ၅ ဦးသာရှိနေသည်။

"ဘာလို့ အသုံးပြုချင်လဲဆိုတာ ပြောသေးလား"

"ကျုပ် မမေးရဲဘူး" ဆိုင်ရှင် ခေါင်းယမ်းသည်။

"ဆိုင်ရှင်ကြီးကို မေးစရာရှိတယ် လန်က ပြောသည်။ "မနေ့က တည်းခိုခန်းမှာ တိုက်ခိုက်မှုဖြစ်တော့ ရှိနေလား"

ဆိုင်ရှင်ဖြေရခက်သွားသော်လည်း ခေါင်းညိတ်သည်။ ရှိပါတယ်

"ကောင်းပြီ ကျမမေးချင်တာက သူ ဘယ်လိုတိုက်ခိုက်လဲဆိုတာပဲ "

ဖန်ကျင်းနှင့် ပိုင်ချုံးပင် သိလိုစွာနားစွင့်နေကြသည်။

"သူက ဆေဘာနဲ့ ချန်ချွမ်ကို ဒဏ်ရာရအောင် လုပ်လိုက်တာ"

"ဘယ်နှစ်ကွက်သုံးသွားလဲ သူသာ ရွှေအမြုတေအဆင့်မဟုတ်ရင် ကမ္ဘာဗဟိုပြုမိုးကြိုးတစ်စင်းနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်တယ်"

"ဂျူနီယာညီမလန်ရဲ့ ခန့်မှန်းမှုက မှန်နိုင်တယ် လူတွေကို အထင်မသေးတာ အကောင်းဆုံးပဲ" ဖန်ကျင်းက ပြုံးပြီး လှည့်မေးသည်။ သူက တည်းခိုခန်းကို ဖျက်ဆီးချင်တာလား နောက်ဖေးခြံကို ငှားတဲ့လူနဲ့အတူတူပဲလား

"သူက တည်းခိုခန်းကို မဖျက်ဆီးပါဘူး အခန်းပဲလိုချင်ပုံရတယ် အခန်းခတောင် ကြိုပေးသေးတယိ"

ဖန်ကျင်း ခေါင်းညိတ်ပြီး လှည့်ထွက်သွား၏။ လန် စိတ်ရှုပ်သွား၏။

ပိုင်ချုံး သက်ပြင်းချ၏။ သူက အခန်းပဲငှားချင်ပြီး ပြဿနာမဖြစ်ချင်ဘူး ညီမသာ ကမ္ဘာဗဟိုပြုမိုးကြိုးသုံးခဲ့ရင် တည်းခိုခန်းကို ဘယ်လောက်ထိခိုက်စေလိုက်မလဲ

လန် စဥ်းစားလိုက်၏။ ကမ္ဘာဗဟိုပြုမိုးကြိုးနဲ့ဆို တည်းခိုခန်း ပြိုကျသွားနိုင်၏။ စိတ်ဝိညာဥ်ဓားအား အသုံးပြုမည်ဆိုလျှင် ဒဏ်ရာသာရစေနိုင်ပြီး ရန်သူအား သတ်နိုင်မည်မဟုတ်ပေ။

ကျန်းဟောင်မှာ မြို့အနောက်ဖက်က တောအုပ်ထဲရောက်လာသည်။ ပတ်ဝန်းကျင်ကိုကြည့်ပြီး အထဲဝင်သွားရာ သာမန်ဈေးတခုအား တွေ့သည်။

ဆိုင်တွေလည်းများပြီး လူအများသွားလာနေကြသည်။ မြို့နဲ့မတူစွာ ကျင့်ကြံသူမဟုတ်သူအား မတွေ့ရချေ။

သို့သော် အများစု၏ ကျင့်ကြံဆင့်က နိမ့်ပါးကြသည်။ အနည်းငယ်သာ အခြေခံတည်ဆောက်ခြင်းအဆင့်ဖြစ်ပြီး ရွှေအမြုတေအဆင့်ကိုမူ တယောက်မှမတွေ့ရချေ။

ကျန်းဟောင် ဖုံးကွယ်ထားသည့် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်က မြင့်မားသည်ဟုယူဆနိုင်၏။

လက်ရှိ သူက ငွေမသုံးနိုင်ပဲ ရှိထားသည့်အရာများကိုသာ ရောင်းချရပေမည်။

ဈေးကိုပတ်၍ ဈေးနှုန်းများအား စနည်းနာ၏။ ဤနေရာ၏ ဈေးနှုန်းက ကောင်းကင်ရှင်းလင်းဂိုဏ်းထက် နိမ့်သည်။ ဥပမာ ကုသရေးအဆောင်က ဤနေရာတွင် ဝိညာဥ်ကျောက်တုံး ၂၀ သာတန်၏။

နေရာလွတ်တခုရှာပြီး သူ့အဆောင်များအား ခင်းကျင်းလိုက်၏။

"သူငယ် ဒီမှာရောင်းရင် ပိုက်ဆံပေးရတယ်ကွဲ့ အလကားမဟုတ်ဘူး မကြာခင် ပိုက်ဆံလာကောက်လိ့မ််မယ်" ကြင်နာတတ်သည့်လူတဦးက ပြောသည်။

ကျန်းဟောင် ကြည့်လိုက်ရာ အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးသို့ရောက်နေကြောင်းတွေ့သည်။

"သတိပေးလို့ ကျေးဇူးပါ "

ထို့နောက် အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံးများ၊ အဆောင်များနှင့် ဝိညာဥ်ဓားများကို ပြသထားလိုက်သည်။ နတ်ခြေလှမ်းအဆောင်အချို့ကိုပင် အရောင်းတင်ထားလိုက်သည်။

"ဟေ့ သူငယ် ကုသရေးအဆောင်က ဘယ်လောက်လဲကွ သက်လတ်ပိုင်းလူတဦး ရောက်လာသည်။

၂၆ "

""၅ ခုယူမယ်"

ပြင်ပပေါက်ဈေးထက် နည်းပေမဲ့ သူ့အတွက် အမြတ်ရနေဆဲပင်။

"ဝိညာဥ်ဓားတွေကရော" ထိုလူက မေးပြန်သည်။

"ဝိညာဥ်ကျောက်တုံး ၇ တုံး "

ပြင်ပဈေးတွင် ၈ တုံးမှ ၁၂ တုံးကြားရှိသည်။

"မင်းမှာ ဘယ်နှစ်ခုရှိလဲ"3

"ခင်ဗျားက ဘယ်နှစ်ခုယူမှာလဲ

"၁၀ ခု"

ကျန်းဟောင် ဓားဆယ်ချောင်းထုတ်ပေးလိုက်၏။ ထိုလူမှာ အံ့အားသင့်သွားပုံရ၏။ ဒီကောင်လေး ဘယ်ကလာတာလဲ၊ ချမ်းသာတဲ့ဂိုဏ်းကို ဓားပြတိုက်လာတာလား။

"ကျုပ်က ရှီစင်းပါ "

"ကျနော်က ကျန်းဟိုထျန်ပါ" စကားပြောရင်းဖြင့် စစ်ဆေးကြညိ့သည်။

သာမန်အတိုင်းဝတ်စုံဝတ်ထားသော် သွေးအဆီအနှစ်နှင့် အော်ရာက အလွန်သန်မာကြောင်း ဖော်ပြနေ၏။။သူက ရွှေအမြုတေအဆင့်ကိုရောက်ရနိ အလားအလာအတော်ရှိသည်။။

"နောင်ကြီး ရွှေအမြုတေအဆင့်ကို မရောင်းချင်ဘူးလား" သူတိုးတိုးမေးလိုက်၏။။

All Chapters