← Chapters

ထူးဆန်းသော ရုပ်ထုများ

Vol. 9 Ch. 135

ထူးဆန်းသော ရုပ်ထုများ

Vol. 9 Ch. 135

ရှီစင်း ပဟေဠိဖြစ်သွား၏။ ရွှေအမြုတေအဆင့်ကို မရောက်ချင်သူ မည်သူရှိမည်နည်း။ ရွှေအမြုတေအဆင့်ကိုရောက်ခြင်းက အင်မော်တယ်ဖြစ်ရန် ခြေတစ်လှမ်းနီးကပ်သွားခြင်းပင်။

ထိုသို့တောင့်တရသည့် ရွှေအမြုတေအဆင့်ကိုရောက်ရန်မှာ အရည်အချင်း၊ အရင်းအမြစ်၊ အားထုတ်မှု၊ ကံတရား အားလုံးလိုအပ်သည်။

အချို့မှာ အရည်အချင်းရှိသော်လည်း အခွင့်အရေးများကို လက်လွှတ်ရသောကြောင့် သူတို့၏ အလားအလာက အလဟဿဖြစ်သွားရသည်။

"ရောင်းရင်း ရွှေအမြုတေအဆင့်ကို မရောက်ချင်သူ ဘယ်သူရှိပါ့မလဲ နောက်နေရော့မယ်" ရှီစင်းက ပြောသည်။

"ဝိညာဥ်ကျောက်တုံးတွေရှိလား" ကျန်းဟောင်မေး၏။

ရှီစင်းမှာ သတိအပြည့်ဖြစ်သွားပြီး "တစ်ရာလောက်ပဲရှိတယ် မဟုတ်ရင် ငါ ဒီမှာ ဈေးရောင်းနေမှာမဟုတ်ဘူး"

"သိပြီ "ကျန်းဟောင် ခေါင်းညိတ်သည်။

သူ့လို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက ကောင်းကင်နုပျိုဆေးအား တတ်နိုင်မည်မဟုတ်ပါချေ။

အဆောင်ဖန်တီးနိုင်သည့် ကျန်းဟောင်ပင် များပြားသည့် ဝိညာဥ်ကျောက်တုံးများအား မစုဆောင်းနိုင်ပါချေ။

ဂိုဏ်းက သူ့ကို အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်အတွက် ဝိညာဥ်ကျောက်တုံး ၃၀ ထောက်ပံ့သည်။ တစ်နှစ်မှ ၃၆၀ ဆယ်နှစ်မှ ၃၆၀၀ သာရှိပေမည်။

ဂိုဏ်း၏ အရင်းအမြစ်များအပေါ် သူ မမှီခိုနိုင်ပေ။ သူ၏ ငါးနှစ်စာ အရင်းအမြစ်များကို ဆိုင်းငံ့ထားသောကြောင့်ပင်။

တတ်နိုင်ခြင်းမရှိ၍ ကောင်းကင်နုပျိုဆေးအကြောင်း ပြောနေစရာမလိုတော့ပေ။

ကျန်းဟောင် တိတ်သွား၍ ရှီစင်းလည်း နားမလည်နိုင်ဖြစ်သွား၏။ သူ ဘာကို ရောင်းချင်မှန်း မသိပါချေ။

ကျန်းဟောင်က ရွှေအမြုတေအဆင့်နှင့် ဝိညာဥ်ကျောက်တုံး အကြောင်းပြော၏။ ဒီနှစ်ခုကြားမှာ ဆက်စပ်မှုရှိနေတာလား။

ငါသာ ဝိညာဥ်ကျောက်တုံး ရှိတယ်ဆိုရင် ဘယ်လိုပြန်ကြားရမလဲ။

ကျန်းဟောင်၏ ဆိုင်က ကောင်းမွန်စွာဆက်သွားပြီး တခုပြီးတခု ရောင်းထွက်နေ၏။

ဒါက သူ့ကို ဂနာမငြိမ်ဖြစ်စေပြီး အခွင့်အရေးကြီးအား လက်လွတ်သွားရမည်ဟု ခံစားနေရသည်။

သူ့မှာ ရွှေအမြုတေအဆင့်အတွက် ကူညီပေးနိုင်တဲ့တစုံတခုရှိနေတာလား။ အဲဒါကိုရောင်းချင်လို့ ဝိညာဥ်ကျောက်တုံး အကြောင်းမေးတာလား။

အလိမ်ဖြစ်နေမည်ကိုလည်း ရှီစင်း စိုးရိမ်သည်။

"မိတ်ဆွေလေး မင်းပြောတဲ့ ဝိညာဥ်ကျောက်တုံးက ဘယ်လောက်ပမာဏလဲ "

ကျန်းဟောင်က သူ့ကိုကြည့်သည်။" တစ်သောင်း"

ရှီစင်း၏ မျက်နှာဖြူဆုတ်သွား၏။ ဒါသာ အလိမ်ဆိုလျှင် ထိုလူငယ်၏ ရည်မှန်းချက်က အတော်ကြီးရပေမည်။

ရှီစင်းက ကျန်းဟောင်ကိုကြည့်လိုက်သည်။ "ငါ့မှာ အဲ့လောက်ရှိတယ်"

"ရှိတယ်လား" သူ အံ့အားသင့်သွား၏။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူမှာ အတော်များတဲ့ ဝိညာဥ်ကျောက်တုံးတွေရှိနေတာပဲ။

"ခင်ဗျားဆေးလုံးလိုလား"

"ဘာဆေးလုံးလဲ"

"ကောင်းကင်နုပျိုဆေး"

"ကောင်းကင်နုပျိုဆေး ရွှေအမြုတေအဆင့် ရောက်အောင် ကူညီပေးနိုင်တဲ့ဆေးလုံးလား" ရှီစင်း မျက်လုံးပြူးသွား၏။

ဆယ်စုနှစ်များစွာ သူ စုဆောင်းခဲ့ခြင်းသည်လည်း ထိုသို့အရာကိုဝယ်ယူရန်ဖြစ်သည်။

အခုလို ရောင်းချမည့်လူနှင့် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး လာဆုံမည်မထင်ထားပေ။

"ငါတို့ သီးသန့် ဆွေးနွေးလို့ရမလား"

ကျန်းဟောင် ခေါင်းညိတ်သည်။ ပစ္စည်းများထုပ်ပိုးပြီး နှစ်ယောက်သား လူအရိပ်အခြေနည်းသည့်နေရာသို့ ရောက်သွားကြသည်။

သူ ဘာမှမစိုးရိမ်ပေ။ မနေ့က သူ့ကိုယ်သူ အကဲဖြတ်ခဲ့သည်။ ဂူအဆိပ်၊ ပိုင်ရီ၏ စိတ်ဝိညာဥ်စည်းခတ်နည်းလမ်းနှင့် ပြန်ကုစားဆဲနတ်စွမ်းရည်၊ ဟုန်ယွီယဲ့၏ အမြင်ပြောင်းစွမ်းအားက သူ့အပေါ် အခြားသူများ၏ အမြင်အား ပုံပျက်စေသည်။

အခြားသူများ၏ အမြင်၌ သူ မည်သို့ဖြစ်နေမည်အား တွေးမိသည်။

နတ်စွမ်းရည်ထိခိုက်မှုက ဖြေမဆည်နိုင်အောင်ဖြစ်ရပေမဲ့ သူ့တွင် ဖြေရှင်းနည်းမရှိပါသေးပေ။

"ဆေးလုံးကိုကြည့်လို့ရမလား"

"ကောင်းပြီ"

ကျန်းဟောင် သူ့ကို ဆေးပုလင်းပြလိုက်သည်။

ပုလင်းကိုဖွင့်လိုက်သောအခါ ဆေးရနံ့ကိုရှုရှိုက်မိပြီး သူ့တကိုယ်လုံးက မွေးညင်းပေါက်များပွင့်သွားသလိုခံစားရသည်။

အဖုံးပြန်ပိတ်ပြီး ကျန်းဟောင်ကိုပေးသည်။

"ဘယ်လောက်ပေးနိုင်လဲ" သူ မေးသည်။

"ငါ့မှာ ဝိညာဥ်ကျောက်တုံးက ၇၀၀၀ ကျော်နဲ့ ၁၀၀၀၊လောက်တန်ဖိုးရှိတဲ့ အခြားပစ္စည်းတွေပါတယ် ငါမင်းကို ၈၅၀၀ ပေးမယ်"

"၈၅၀၀" ကျန်းဟောင် အနည်းငယ်အံ့အားသင့်သွား၏။ သူမှန်းထားသည်ထက် ၁၅၀၀ ပိုနေသည်မဟုတ်ပါလား။

ကျန်းဟောင် မကျေနပ်ဖူးဟု ရှီစင်းထင်လိုက်သည်။" ဈေးနည်းရင် ခဏစောင့်ပေးပါလား ငါချေးပြီး တစ်သောင်းအတိလုပ်ပေးမယ်"

"မလိုပါဘူး ၈၅၀၀ နဲ့ရတယ် ကျနော်မေးတာသာဖြေ ဒါဆို အရောင်းအဝယ်ဖြစ်ပြီ "

"တကယ်လား" ရှီစင်းမှာ ယုံရခက်ကြီးဖြစ်နေ၏။ သို့သော် သူပိုင်သည့် အရာအားလုံးကို လွှဲပြောင်းပေးလိုက်သည်။

"ဘာမေးချင်တာလဲ"

"ကို့လန်ကိုသိလား"

"ကို့လန်လား" ရှီစင်း ခေါင်းညိတ်သည်။ "သူလည်း ဈေးမှာပဲ ဈေးဆိုင်သုံးခုရှိတယ် တခုက သတင်းရောင်းတာ၊ တခုက တပည့်နဲ့ တခုက ဆေးလုံးရောင်းတာပဲ ဆိုင်သုံးခုက တပြိုင်တည်းရောင်းတော့ ကို့လန်အစစ်က ဘယ်မှာရှိမှန်းမသိဘူး "

ဒါကိုကြားပြီး ကောင်းချန်နတ်ဂိုဏ်းအား အမှတ်ရလိုက်သည်။

တပည့်ရောင်းတယ် ကလေးတွေလား

ကျန်းဟောင် တုံ့ဆိုင်းသွားပြီးမှ တခေါက်လောက်သွားကြည့်ရန် ဆုံးဖြတ်သည်။ သူ့ဆိုင်နဲ့လည်း သိပ်ဝေးသည်မဟုတ်ချေ။

All Chapters