ဓားမထုတ်ချင်ပေမဲ့ မိစ္ဆာမကဖိအားပေးတယ်
Vol. 9 Ch. 130
ကျန်းဟောင်က သူမကိုကြည့်သည်။" သူတို့က စီနီယာကို မလေးမစားလုပ်လို့ပါ"
"ငါ မင်းကို အပြစ်တင်မှာစိုးလို့လား ဒါမှမဟုတ် ငါလှုပ်ရှားလို့ လူအများကြီးသေမှာစိုးလို့လား "
သူမအသံက အနားရှိလူများ၏ အသက်ကို ဂရုမစိုက်သည့်အလား တည်ငြိမ်သွား၏။
"စီနီယာရဲ့လက်ညစ်ပတ်မှာ စိုးရိမ်လို့ပါ ဒီလိုလူမျိုးကတော့ ကျနော်နဲ့တင် လုံလောက်ပါတယ်" ကျန်းဟောင် ရိုသေစွာပြောသည်။
"အလိမ်တွေ" ဟုန်ယွီယဲ့က လက်ဖက်ရည်ဆက်သောက်နေ၏။
ကျန်းဟောင်၏ အလိမ်များနဲ့ပတ်သတ်ပြီး ကျင့်သားရနေပုံပင်။
သူ၏ အလိမ်တွင် အမှန်တရားအချို့တော့ပါ၏။ တကယ်ပဲ သွေးဘီလူးဂိုဏ်းမှလူများ ဟုန်ယွီယဲ့ကို ပြဿနာမရှာစေချင်တာ အမှန်ဖြစ်သည်။ သူမသာ ဒေါသထွကလျှင် အားလုံးသေကုန်မည်ဖြစ်၏။
ဒါပေမဲ့ ကျန်းဟောင်က အခြေအနေကို ထိန်းချုပ်နိုင်သွား၏။ သူမရှိနေစဥ်အတွင်း သူ၏ ဓားအားဆွဲထုတ်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။
"ပြောရရင် ဟိုလေးယောက်မှာ တယောက်က ရွှေအမြုတေအဆင့် အစောပိုင်း၊ ကျန်တာက အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်ပဲ သွေးဘီလူးဂိုဏ်း ဒီမှာလာရမ်းကားရဲတာ ဒီလူတွေ ဒဏ်ရာရနေလို့ပဲ ဒီလေးယောက်က သူတို့ပစ်မှတ်ထားခံရတာကို သိမှာပဲ ဒါတောင် ဆက်နေနေရင် ရည်ရွယ်ချက်ကြီးရှိရမယ်"
ကျန်းဟောင်က ဆိုင်ရှင်နှင့် အမျိုးသမီးကိုကြည့်သည်။
"ဒီနေရာက ကောင်းကင်မြေမြို့နဲ့မဝေးဘူး တခုခုဖြစ်လာရင် ကို့လန်နဲ့ ကောင်းချန်နတ်ဂိုဏ်းနဲ့ ပတ်သတ်နေမှာပဲ"
ခန့်မှန်းမှုနဲ့အတူ အနီးအနားက လူများကို မေးမြန်းရန် ဆုံးဖြတ်လိုက်၏။ သူ၏ ခွန်အားပေါ်ပေါက်သွား၍ ဘာမှဖုံးကွယ်ထားရန် မလိုတော့ပေ။
သို့သော် သူ ဘာမှမပြောခင် လူလေးယောက်က ထရပ်ပြီး ငွေရှင်း၍ ထွက်ခွာသွားရန်လုပ်သည်။
"ခဏစောင့်ပါ" ကျန်းဟောင် သူတို့ကိုခေါ်လိုက်၏။
လူလေးယောက်မှာ တုန်ယင်သွား၏။ ကျန်းဟောင်၏ ခွန်အားက သူတို့ကို ကြောက်ရွံ့စေနိုင်၏။
တချက်တည်းနှင့် ရွှေအမြုတေအဆင့် အစောပိုင်းကို သတ်ဖြတ်ခဲ့သည်မဟုတ်ပါလား။ သူတို့ကိုသာ ပစ်မှတ်ထားပါက လွတ်မြောက်နိုင်မည်မဟုတ်ပေ။
သူတို့က ဒဏ်ရာလည်းရနေသည်မဟုတ်ပါလား။
ခေါင်းဆောင်ဖြစ်သူက ပြုံး၍ မေးသည်။ "စီနီယာ လိုအပ်တာများရှိလို့လား"
သူ့နာမည်က ကျောက်ရှဖြစ်၏။
"မေးစရာလေးရှိလို့ပါ" ကျန်းဟောင်က ဝိုင်ခွက်ကိုချလိုက်၏။ "ဘာလို့ ဟိုသုံးယောက်က ချဥ်းကပ်လာရတာလဲ"
ထိုမေးခွန်းကြောင့် လူလေးယောက်မျက်နှာဖြူရော်သွား၏။ ဆိုင်ရှင်နှင့် အမျိုးသမီးပင် လုပ်လက်စများရပ်တန့်သွားခဲ့၏။
"သွေးဘီလူးဂိုဏ်းက ပါရမီရှင်တွေကိုဖမ်းဆီးဖို့ ကောင်းကင်မြေမြို့နဲ့ လျှို့ဝှက်ကြံစည်ထားတယ်လို့ ကြားထားတယ်" ကျောက်ရှက ပြောသည်။ "သူတို့ရဲ့ အရေးကြီးစခန်းတချို့ကိုရှာတွေ့ခဲ့ပေမဲ့ ဖမ်းခံလိုက်ရတယ် သူတို့ ဒီထိ တောက်လျှောက်လိုက်လာခဲ့မယ်မထင်ထားဘူး "
"ခင်ဗျားတို့က ဘယ်သူလဲ "
"ဆင်းသက်မြို့က ကျောက်မိသားစုပါ "
"အခြေစိုက်စခန်းက ဘယ်မှာလဲ"
"ကောင်းကင်မြေမြို့အပြင်ဖက်က နတ်ရေကန်မှာပါ "
"ကောင်းပြီ သွားနိုင်ပြီ "
ကျန်းဟောင်၏ စကားကိုကြားသည်နှင့် လေးယောက်စလုံး စိတ်သက်သာရပြီး အလျင်အမြန်ထွက်ခွာသွားကြသည်။
"သူတို့စကားကို ဘယ်လိုထင်လဲ" ဟုန်ယွီယဲ့က မေး၏။
"လုံးဝမယုံရပေမဲ့ နေရာကတော့ မှန်လောက်တယ်"
ထိုလူများက စခန်းကနေ တစုံတရာအား တွေ့ရှိခဲ့ကြောင်း အကဲဖြတ်စွမ်းရည်ကနေ သိပြီးဖြစ်သည်။ သို့သော် ကျောက်ပြားမဟုတ်၍ သူ စိတ်မဝင်စားပါချေ။
ဟုန်ယွီယဲ့က လက်ဖက်ရည်သောက်နေပြီးမှ ထရပ်ပြီး ထွက်သွားရန်ပြုသည်။
ကျန်းဟောင်က လက်ဖက်ရည်ခွက်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်နှစ်ဦး၏ သိုလှောင်ရတနာအား ကောက်ယူလိုက်၏။ ရွှေအမြုတေအဆင့်၏ ဟာကမူ ဓားချက်ကြောင့် ပျက်စီးသွားလေပြီ။
"အို့ ဒါနဲ့" ကျန်းဟောင်က ဆိုင်ရှင်ဖက်ကိုလှည့်မေး၏။ "ကို့လန်ဆိုသူကို သိလား"
"သူက ကောင်းကင်မြေမြို့ကလို့ကြားတယ် သတင်းရောင်းသူပဲ သူ့အကြောင်းပိုသိချင်ရင် ဈေးကိုသွားလို့ရတယ်" ဆိုင်ရှင်က ပြောသည်။
ကျန်းဟောင် ခေါင်းညိတ်၍ ကျေးဇူးတင်ပြီး ဟုန်ယွီယဲ့နဲ့အတူ ထွက်လာခဲ့သည်။
သူတို့ထွက်သွားသောအခါ ဆိုင်ရှင် စိတ်သက်သာရသွား၏။ သူ ပေါ်သွားပြီဟုထင်ခဲ့သော်လည်း ထိုနှစ်ဦးက လက်ဖက်ရည်သာသောက်၍ သူ့အား အာရုံ မစိုက်ခဲ့ချေ။
ကျောက်ရှတို့ထွက်သွားသောအခါ တခုခုမှားနေကြောင်း သတိပြုမိခဲ့သည်။ ထို့ကြောင့် ကျန်းဟောင်က ကို့လန်အကြောင်းမေးသောအခါ သူ တိတ်မနေနိုင်ခဲ့ခြင်းပင်။
"ထုပ်ပိုးပြီးပြီ" အမျိုးသမီးက ပြောသည်။။
"ဒီက ဝေးရာကိုသွားရအောင် ဒီနေရာက ပိုပြီးရှုပ်ထွေးလာပြီ ကောင်းကင်ရှင်းလင်းဂိုဏ်းလည်း ပါလာလောက်တယ် ငါတို့ ဝင်ပါလို့မဖြစ်ဘူး"
ဆိုင်ရှင်လည်း သက်ပြင်းချပြီး အမျိုးသမီးနဲ့အတူ ထွက်ခွာသွားတော့သည်။
ညနေခင်းတွင် ကျန်းဟောင်နှင့် ဟုန်ယွီယဲ့တို့ ကောင်းကင်မြေမြို့ကို ရောက်လာကြသည်။
ဆင်းသက်မြို့ထက်စာလျှင် လူအဝင်အထွက်နည်းပြီး လမ်းများသည်လည်း တခုခုလစ်လပ်နေပုံရသည်။
ကံကောင်းစွာ ဆင်တူသည့် တည်းခိုခန်းတခုကိုရှာတွေ့ခဲ့၏။ တိမ်တိုက်တည်းခိုခန်းဟုခေါ်၍ ခြောက်ထပ်ရှိလေသည်။
"အခန်းနှစ်ခန်း" ကျန်းဟောင်က ငွေစအချို့ကို ကောင်တာပေါ် တင်လိုက်၏။
"တောင်းပန်ပါတယ် အခန်းမရနိုင်တော့ပါဘူး"
ကျန်းဟောင် ဆွံ့အသွား၏။ တည်းနေသည့် ဧည့်သည်များစွာမရှိသည်ကို ခံစားမိသည်မဟုတ်ပါလော။
"အရေးကြီးဧည့်သည်က တည်းခိုခန်းတခုလုံးကို ငှားထားလို့လား"
ဆိုင်ရှင်မှာ ဒုက္ခရောက်သွားဟန်ရပြီး "ဧည့်သည်တော်ကြီး ဒါက သာမန်တည်းခိုခန်းပါ နားလည်ပေးနိုင်မယ်ထင်ပါတယ်"
ကျန်းဟောင် ဟုန်ယွီယဲ့ကိုကြည့်၏။ သူမက တည်ငြိမ်နေပြီး ဤအခြေအနေတွင် သူ ဘာလုပ်မည်အား ကြည့်ချင်နေပုံရသည်။
ကျန်းဟောင် သက်ပြင်းချ၍ လခြမ်းဆေဘာကိုထုတ်၏။
ပြဿနာမဖြစ်ချင်သော်လည်း ဟုန်ယွီယဲ့က တွန်းအားပေးနေသည်မဟုတ်ပါလော။
ချွမ်
လခြမ်းဆေဘာအား ချွတ်လိုက်၏။
လအလင်းပေါ်လာပြီး ခြောက်ထပ်မြောက်အား ခုတ်ချလိုက်၏။
ဘုန်း
ဓားအလင်းတခုပေါ်လာပြီး သူ၏ တိုက်ကွက်အား ခုခံသည်။
သက်လတ်ပိုင်းလူတဦး ထွက်လာပြီး ကျန်းဟောင်အား ကြည့်၏။ သူ ဘာမှမပြောခင် ကျန်းဟောင်က ခြေတစ်လှမ်းလှမ်း၍ ၎င်းရှေ့ရောက်လာပြီး ဆေဘာအား ထပ်မံလွှဲယမ်းလိုက်၏။
ဘုန်း
ဆေဘာက ထိုလူ၏ ဓားရှည်ကိုချိုးပြီး ရင်ဘတ်အား ပိုင်းဖြတ်လိုက်၏။ သက်လတ်ပိုင်းလူမှာ မြေပေါ် ပြုတ်ကျသွားခဲ့သည်။
ထိုလူက သိပ်မသန်မာပေ။ ထိုအခိုက် တည်းခိုခန်းထဲ အခြားသူများပေါ်လာပြီး ကျန်းဟောင်အား အတူတကွ တိုက်ခိုက်လိုက်ကြသည်။
၎င်းတို့မှာ အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်မှ နောက်ဆုံးအဆင့်ထိသာရှိကြသည်။
ကျန်းဟောင်က ၎င်းတို့ကို ဒဏ်ရာကိုယ်စီဖြင့် လဲကျအောင် လုပ်လိုက်၏။
ထို့နောက် ပထမဆုံးလူထံ ချဥ်းကပ်လာခဲ့သည်။
"ငါ ဒီတည်းခိုခန်းမှာ နေချင်တယ်"
"မင်း ဘယ်သူလဲ" ထိုလူက မေးသည်။
ကျန်းဟောင်က ဆေဘာဖြင့် လည်ပင်းအား ထောက်၏။ "ဒီတည်းခိုခန်းမှာ ငါတို့နေချင်တယ် အခန်းနှစ်ခန်းပေးနိုင်မလား"
လူတိုင်း တုန်ယင်ပြီး မည်သူမှ