ဒေါသထွက်ချင်စရာ
Vol. 12 Ch. 166
"ဒီနတ်ဆိုးက တပေါက်ဖာဘုံကျောင်းမှာ နေ့တိုင်း ဗုဒ္ဓသုတ္တန်တွေ ရွတ်နေတဲ့ ဘုန်းကြီးမဟုတ်ဘူးလား... ဘုန်းကြီးတွေများ တုံးလိုက်တာ!"
သူတောင်းစားကြီးသည် ဒေါသတကြီး ထွက်၍ ရွှေဗုဒ္ဓ၏ တိုက်ခိုက်ရာ လမ်းကြောင်းမှ ရှောင်ထွက်လိုက်သည်။
“မင်းက နတ်ဆိုးလေ! ဘာလို့ ဗုဒ္ဓကျမ်းဂန်တွေ လာရွတ်ပြနေတာလဲ?"
သူ ဝါးချောင်းကို လှန်လိုက်တာနဲ့ ရုတ်တရက် စိမ်းပြာရောင် နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားကာ လေထဲက ရွှေဗုဒ္ဓ၏ ထူထဲသော ခြေရာတော်ကို တားဆီးလိုက်လေသည်။ သူတောင်းစားကြီးရဲ့ ခက်ခက်ခဲခဲ တားဆီးလိုက်ပုံက ကြီးမားလှတဲ့ ရွှေဘုရားကြီးကို အနည်းငယ် တုန်လှုပ်သွားစေ၏။
ရွှေဘုရားသည် ချက်ချင်းပင် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်သွားအောင်လုပ်ဖို့ ပြန်ထိန်းလိုက်သည်။ ထိုအခိုက် သူတောင်းစားကြီး၏ နောက်ကွယ်တွင်လည်း ကြီးမားသော စိတ်ဝိညာဉ် ပေါ်ထွက်လာပြီး ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်နှင့် ထိတွေ့ရန် လက်ဖဝါးကြီးကို မြှောက်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်သည် စိတ်ဝိညာဥ်နဲ့ ပြန်လည် ပေါင်းစပ်ကာ နောက်အခိုက်အတန့်တွင်တော့ ခန္ဓာကိုယ်သည် စိတ်ဝိညာဥ်လောက် ကြီးမားလာပြီး ကြွက်သားများက ပြင်းထန်စွာ ဖောင်းကြွလာ၏။
စိတ်ဝိညာဉ်သည် နတ်တန်ခိုးဖြင့် ပြုလုပ်ထားကာ ရုပ်ခန္ဓာကို အသွေးအသားဖြင့် ပြုလုပ်ထားသည်။ အသွေးအသားတွေနဲ့ ခန္ဓာကိုယ်သည် မယုံနိုင်စရာ လျှို့ဝှက်ဆန်းကြယ်သော စိတ်ဝိညာဉ်ခန္ဓာ အဖြစ် ပြောင်းလဲသွားသည်။
တရှင်းချန် ဘုရားကျောင်းကြီးထဲက အဆောက်အဦးများသည် ပြင်းထန်သော လေအားကြောင့် အနည်းငယ် တုန်ခါသွားသည်။ စောစောက ဘုန်းကြီးအသွင်ပြောင်းသွားသော မှိုဘီလူးကြီးများသည်လည်း ကြောက်စရာကောင်းသော လေပြင်းကြောင့် လုံးဝ အငွေ့ပျံသွား၏။
သူတောင်းစားအိုကြီး ပါးစပ်မှာ သွေးထွက်နေပြီး မျက်နှာကလည်း နီရဲနေသည်။ သူအစောကလေးတင် အဘွားရှား၊ ချင်းယန်တို့ဆီကနေ စိတ်ဝိညာဉ်ကို နှစ်ကြိမ်တိုင်တိုင် ရိုက်နှက်ခံခဲ့ရသည်။ ထိုနှစ်ယောက်မှာ သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိခဲ့သော်လည်း သူ့ခန္ဓာကိုယ်ကလည်း ပြင်းထန်သော သန်မာမှုကြောင့် ဒဏ်ရာမရရှိခဲ့ပေ။
သို့သော် သူသည် နတ်ဆိုးရွှေဗုဒ္ဓနှင့် တစ်ကြိမ်သာ ထိပ်တိုက်တွေ့ပြီးနောက် ဒဏ်ရာရသွားခဲ့သည်။
"ဒီနတ်ဆိုးမျိုးစိတ်က နည်းနည်း ဒေါသထွက်စရာတော့ ကောင်းတယ်!"
သူတောင်းစားအိုကြီးက ညည်းတွားလိုက်သည်။ ထို့နောက် အလွန်လက်သွက်သော ရွှေဘုရားကြီးဘက် လှည့်၍ ခြေထောက်တစ်ဖက်ဖြင့် ရှေ့သို့ တွန်းပို့ကာ ကြီးမားသောတောင်ကြီး ဖိချလိုက်သလို လွှဲကန်လိုက်တဲ့အခါ တောင်ကို ထုရိုက်လိုက်သကဲ့သို့ပင် တုန်သွား၏။
သူတောင်းစားရဲ့လက်ထဲက ဝါးချောင်းဟာ စိမ်းပြာရောင် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ကို တွားသွားရစ်ပတ်ကာ သူ့ရဲ့ နတ်တန်ခိုးအားလုံးကို စုစည်းလိုက်လေသည်။
အဘွားရှားသည် သိုးတစ်ကောင်နှင့် မြေခွေးတစ်ကောင်ဘေးမှာ ရပ်ကာ အဝေးမှ ကြည့်ရှုနေခဲ့သည်။ သုံးယောက်သား တောင်ခြေရင်းတွင် ပုန်းအောင်းနေရာမှ အနှီမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ တုန်လှုပ်သွားမိသည်။
"အရမ်းသန်မာတယ်... သုံးလောင်းဖြတ်များလား? အဲဒါကြောင့် ဒီနတ်ဆိုးမျိုးစိတ်တွေကို ထိပ်တိုက်ရင်ဆိုင်နိုင်တာ!"
အဘွားရှားက ထိတ်လန့်တကြားနဲ့ ရေရွတ်နေသည်။
"သူက ငါတို့ရဲ့ထက်မြင့်တဲ့ နတ်သန့်စင်ခြင်းနယ်ပယ်ထဲမှာ ဖြစ်ကောင်းဖြစ်နိုင်နေပြီ!"
သုံးလောင်းဖြတ်ကို ယင်နတ်ဘုရား ဖယ်ရှားခြင်းဟုလည်း ခေါ်ဝေါ်ကြသည်။ ကျင့်ကြံ ပြီးသောအခါ ဝိညာဉ်သည် သန့်ရှင်းသော ယန်နတ်ဟု ခေါ်တွင်လာပြီး မိုးကြိုးပစ်ခံရမည်ကို စိုးရိမ်စရာ မလိုပေ။
ချင်းယန်ကလည်း လှည့်ပတ်ကြည့်ရင်း ဝင်ထောက်သည်။
“အဲဒီနတ်ဆိုးမျိုးစိတ်ရဲ့ ခန္ဓာကိုယ် ဝါးခါးရဲ့ ရွှေရောင်ကိုယ်ထည်ပဲ... မဟာယာနနယ်ပယ်ရဲ့ ရွှေရောင်ကိုယ်ထည်နဲ့ဆိုရင် နံစော်နေတဲ့ သူတောင်းစားကို အနိုင်ယူနိုင်မှာ သေချာပါတယ်.. သူ မသေသေးဘဲ တစ်ချက်နှစ်ချက်လောက် လှုပ်ရှားနိုင်တာကတော့ ထူးထူးခြားခြား ဖြစ်နေပြီ"
ရွှေဗုဒ္ဓကိုယ်ထည်က သန်မာလွန်းပြီး လျှောက်လှမ်းသည့် ခြေလှမ်းတိုင်းမှာလည်း လက်သီးတစ်ချက်၊ ခြေတစ်ချက်ဖြင့် ကန်ကျောက်ကာ သူတောင်းစားအိုကို ဒဏ်ရာများစွာ ရသွားအောင် အဆက်မပြတ် ထိုးကြိတ်နေသည်။
မြေခွေးသည် မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ကွဲနေသော ပန်းကန်လုံးအား လက်ထဲကနေ လွှင့်ပစ်ပေးလိုက်သည်။
“အရိုက်ခံရပြီး မသေခင် ပန်းကန်အကွဲကို ပြန်ပေးလိုက်မယ်”
အရင်ကတော့ ပဲ့နေတဲ့ ပန်းကန်လုံးကို သိမ်းယူခဲ့ရာ ပန်းကန်လုံးရဲ့ အစွမ်းက ဖိနှိပ်ခံခဲ့ရသည်။ ဒါပေမဲ့ အခု ဒီသူတောင်းစားက အကြာကြီး မထိန်းနိုင်တော့တာမို့ ကျိုးပဲ့နေတဲ့ ပန်းကန်လုံးကို ချက်ချင်း ပြန်ပေးလိုက်သည်။ ဖိနှိပ်မှုမရှိတော့တဲ့ ပန်းကန်လုံးကလည်း သူတောင်းစားအိုဆီသို့ ချက်ချင်း ပျံသန်းသွားသည်။
သူတောင်းစားအိုကြီးသည် ပါးစပ်ထဲက သွေးများကို ကြိမ်ဖန်များစွာ ထွေးထုတ်နေရသည်။ ထိုအခိုက် ပန်းကန်လုံးရဲ့ အငွေ့အသက်ကို ခံစားလိုက်ရလေသည်။ ပန်းကန်လုံးက လွင့်ပျံလာတာနဲ့ ရွှေကိုယ်ထည်ကို တိုက်ခိုက်ဖို့ အတွက် တခဏချင်းတွင် တရှင်းချန် ဘုရားကျောင်းတည်ရှိရာ တောင်ထိပ်ထက် အဆများစွာ ပိုကြီးသွားသည်။
ရွှေဘုရား၏ မှိုခေါင်းကို ဖိနှိပ်လိုက်ရုံဖြင့် ရွှေဘုရားမှာ ဒူးထောက်လုနီးပါး ဖြစ်သွားသည်။
ရွှေရောင်အလင်းတန်းတွေက ပန်းကန်လုံးပဲ့ကို အပေါ်ကို လွင့်သွားစေသည်။ အနှီ ရွှေရောင်အလင်းတန်းများဟာ ရွှေဘုရားရဲ့ ဦးခေါင်းနောက်ဘက်၌ အရှိန်အဟုန်နဲ့ တောက်ပလာကာ ပန်းကန်လုံးကို ရိုက်ခတ်ပစ်သည်။
သူတောင်းစားအိုမှာ အသားများက အဆုံးမရှိ နာကျင်နေသည်။ တစ်ဖက်မှာတော့ အဘွားရှား၊ ချင်းယန်ကို နှင့် မုတ်ဆိတ်မွေး ရှိသော လူကြီးသည် လေးနက်သော ပုံစံများဖြင့် စောင့်ကြည့်နေ၏။
"ဆရာတော်ဝါးခါးက တစ်ဆယ်လေးကို လျှို့ဝှက်ကြံစည်ခဲ့ပြီး မျက်ခုံးအလယ်ထဲကို အရူးအမူး ဝင်သွားခဲ့တာ ဆိုတော့ သူက သေဖို့ ထိုက်တန်ပါတယ်... ဒါပေမယ့် သူ့ရဲ့ဦးခေါင်းမဲ့ ခန္ဓာကိုယ်ကို ချန်ထားခဲ့တယ်... အစေ့တွေကို ကြဲဖို့ သူ့ခန္ဓာကိုယ်ကို သုံးနေတာ... သူစိုက်ပျိုးထားတဲ့ နတ်ဆိုးက အံ့မခန်းပဲ"
အဘွားရှား: "ဝါးခါးက မဟာယာနနယ်ပယ်မှာ တည်ရှိနေတဲ့ ကမ္ဘာပေါ်က တန်ခိုးအရှိဆုံး ဘုန်းကြီး... ရွှေရောင်ကိုယ်ထည်ကိုလည်း မွေးမြူထားတာ... ရွှေကိုယ်ထည်နဲ့ နတ်ဆိုးမျိုးစိတ်ကို ဘယ်သူက အနိုင်ယူနိုင်မှာလဲ"
ချင်းယန်: "ဒီနတ်ဆိုးမျိုးစိတ်က အခုထိ ကြီးထွားနေတုန်းပဲ... သူ့ရဲ့ နတ်ဆိုးနယ်မြေက ကမ္ဘာပေါ်က အရာအားလုံးကို နတ်ဆိုးအသွင်ပြောင်းစေပြီး နတ်ဆိုးလမ်းကြောင်းကို ချဲ့ထွင်ပေးလိမ့်မယ်... မိုင်တစ်ရာအတွင်းက တစ်ပြည်လုံး နတ်ဆိုးမျိုးစေ့တွေ ပေါက်လာရင် နတ်ဆိုးအစစ်တွေ ပေါက်ဖွားလာနိုင်တယ်... အဘွားရှား ဒါက ကြာလေ ကိုင်တွယ်ရ ပိုခက်လေပဲနော်...သူ နတ်ဆိုးဖြစ်လာတဲ့အခါ စန့်ရန်တွေ ဘယ်လောက်ပဲလာလာ မနိုင်မှာ ကြောက်ရတယ်!"
မုတ်ဆိတ်မွေးရှိတဲ့ လူကြီး: “နတ်ဆိုးဖြစ်လာရင် ကောင်းကင်ပြင်နတ်ဘုရားကပဲ သတ်နိုင်လိမ့်မယ်”
တစ်ချိန်တုန်းက ဟွာရှရှန်ကျိုးက ဘုန်းတော်ကြီးများသည် ရွှေဘုရားလောင်းသယ်ကာ သမုဒ္ဒရာကို ဖြတ်၍ အနောက်နွားရှင်းကျိုးကို ရောက်လာခဲ့ကြသည်။ နတ်ဆိုးများကို သန့်စင်ရန် ရွှေဘုရားလောင်းအား အသုံးပြုကာ တပေါက်ဖာ ဘုရားကျောင်းတွင် နတ်ဆိုးများကို နှိမ်နင်းခဲ့သည်။
နှစ်ပေါင်းများစွာ ဗုဒ္ဓဘာသာ အဆုံးအမများ ခံယူပြီးနောက် နတ်ဆိုးများက နတ်ဆိုး မဟုတ်တော့ချေ။ ယခင်ကကဲ့သို့ နတ်ဆိုး ပြန်ဖြစ်လိုပါက လောကရှိ နတ်ဆိုးစွမ်းအင်များကို စုပ်ယူပြီး နတ်ဆိုးလမ်းစဥ်ကို လိုက်လျှောက်ရလိမ့်မည်။
သူတောင်းစားအို၏ ခွန်အားသည် သာမန်နတ်ဆိုးများကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သော်လည်း ဆရာတော်က သူ့ရွှေကိုယ်ခန္ဓာထဲတွင် နတ်ဆိုးတစ်ကောင်ကို ချိတ်ပိတ်ခဲ့ရာ သူ သေဆုံးပြီးနောက် ရွှေရောင်ကိုယ်ထည်သည် နတ်ဆိုး၏ အစွမ်းထက် အဆများစွာ တိုးလာကာ သူတောင်းစားအိုတောင် မယှဉ်နိုင်တော့ပေ။
အဘွားရှားရဲ့ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြင့် :"မြို့ထဲက တခြားစန့်ရန်တွေ ဒီမြင်ကွင်းကို မြင်ရင် လှုပ်ရှားမယ်ထင်လား? သူတို့သာ ထွက်လာတိုက်ရင် တစ်ဆယ်လေးကို ပစ်မှတ်ထားဖို့ အချိန်မရှိလောက်တော့ဘူး"
ချင်းယန်က သက်ပြင်းချလိုက်သည်။
ချန်ယင်တုက တစ်ဆယ်လေးကို သူတို့လက်ထဲ အပ်ထားခဲ့သည်။ သူတို့ကို ချန်ရှီရဲ့ ကန့်ညောင် လုပ်ခိုင်းခဲ့ရာ ချန်ရှီတစ်ယောက် ထိန်းချုပ်မှု ဆုံးရှုံးပြီး ပုန်ကန်လာမှာကို ပိုကြောက်လာတာကြောင့် အားလုံးက ငြင်းဆိုကြသည်။ ကန့်ညောင် မလုပ်တာတောင် ကန့်ညောင်ထက် အလုပ် ပိုလုပ်နေရမယ်လို့ ဘယ်သူက ထင်မှာလဲ။
အဘွားရှား: "ရှင်းရှန်ကို ဘယ်တော့ပြန်ပြီး သူဌေး လုပ်ရမှာလဲ?"
ဟူရှောင်လျောင်: "တောင်တန်းတွေမှာ ဆော့ကစားရတဲ့ ဆိုးသွမ်းတဲ့ နေ့ရက်လေးတွေကို လွမ်းလိုက်တာ"
ကုံကျိုးမြို့ရှိ ပိုင်ရှန်းလက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးများနှင့် ဆိုင်ရှင်က ကျောက်ရုပ်များအဖြစ် ပြောင်းလဲခဲ့တာ ကြာပါပြ သို့သော် ထပ်ခိုးတွင် လက်ဖက်ရည် ထိုင်သောက်နေကြသူများက ရှိနေဆဲဖြစ်ပြီး တိုးညှင်းသော ဖီဖာစောင်းသံကလည်း ထိုအဆောက်အအုံထဲမှ ထွက်ပေါ်လာသည်။
သခင်မဟွာလီရဲ့ တီးခတ်သံသည် လေထဲတွင် လွင့်နေကာ အလွန်တရာ ချိုမြိန်လှသည်။ တင်းတင်းက လက်ဖက်ရည် စပ်ပြီးနောက် ကျောက်လက်ဖက်ရည်အိုးဖြင့် ထွက်လာသည်။ သခင်မဟွာလီနှင့် ဆန့်ကျင်ဘက်က အစိမ်းရောင်ဝတ် အမျိုးသားအတွက် လက်ဖက်ရည်ကို ဦးစွာ လောင်းငှဲ့ပေးပြီးနောက် သခင်မဟွာလီအတွက် လက်ဖက်ရည်ကို ငှဲ့ပေး၏။
ထိုလူ စားပွဲကို စောင်းသံနဲ့ လိုက်ဖက်ညီအောင် လက်ဖဝါးဖြင့် ညင်သာစွာ ပွတ်သပ်နေသည်။ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရင် တရှင်းချန် ဘုရားကျောင်းက သူတောင်းစားအိုကြီးနှင့် ရွှေဗုဒ္ဓ၏ တိုက်ပွဲအခြေအနေကို မြင်နေရသည်။
"သူတောင်းစားတော့ ဒုက္ခရောက်တော့မယ်"
ဆံပင်အဖြူနဲ့ အစိမ်းရောင်ဝတ် အမျိုးသားက ပြုံးကာ သခင်မဟွာလီဘက် လှည့်ပြောလိုက်သည်။
"သူတောင်းစားက တကယ်ကို အစွမ်းထက်ပါတယ်...ဝါးခါးရဲ့ ခန္ဓာကိုယ်က အရမ်းရိုင်းစိုင်းပေမယ့် တကယ်ကို လေးစားစရာကောင်းတယ် သူ့နယ်ပယ်က လွန်ခဲ့တဲ့ ဆယ်နှစ်ထက်စာရင် ပိုကောင်းလာပြီး နတ်သန့်စင်ခြင်း နယ်ပယ်ကို ရောက်နေပြီ... သခင်မရဲ့ ဂီတသံကလည်း ကြီးကြီးမားမား တိုးတက်လာသလိုပဲနော်"
သခင်မဟွာလီက ပြုံးပြီး "ကျေးဇူးတင်ပါတယ် ဂီတပညာရှင်...."
ဂီတပညာရှင်က ခေါင်းခါကာ :"မင်းမှာ အရည်အချင်းရှိတယ် ဒါကြောင့် မင်း ဒီလမ်းကို လျှောက်သင့်တယ် ကွေ့ဝိုက်တာကိုတော့ ရှောင်စေချင်တယ်"
သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်နှင့် အလင်းရောင်တွေ လင်းလတ်နေသည်။
"ဝူဟူစန့်ရန်က သေဆုံးသွားပေမယ့် အောင်မြင်နေတုန်းပဲ... သေလွန်တဲ့လူကို တကယ် ရှင်ပြန်ထမြောက်အောင် လုပ်နိုင်တယ်"
သူ့အမူအရာကို မြင်တော့ သခင်မဟွာလီက ပြုံးလိုက်သည်။
"ရေမီးအဂ္ဂိရတ် သန့်စင်နည်းကို စိတ်ဝင်စားရင် ကျွန်မ ရှင့်အတွက် ပေးလို့ရတယ်"
အစိမ်းရောင်အဝတ်အစားဝတ်ထားတဲ့ ဂီတပညာရှင်က
“ရေနဲ့မီး သန့်စင်နည်းကို တကယ် စိတ်ဝင်စားပါတယ် ဒါပေမယ့် ပိုစိတ်ဝင်စားတာက သေပြီး ရှစ်နှစ်အကြာမှာ တကယ်အသက် ပြန်ရှင်လာနိုင်တဲ့ လူကိုပါ”
သူပြောနေတဲ့လူက ချန်ရှီ ဆိုတာကို သိထားတဲ့ တင်းတင်းမှာ စိတ်တွေမထိန်းနိုင် ဖြစ်လာသည်။
သခင်မဟွာလီက :"ဒီနတ်ဆိုးက ခြိမ်းခြောက်မှုကြီးပဲ... ဆရာတော်ဝါးခါးရဲ့ ရွှေရောင်ကိုယ်ထည်နဲ့ ဒီထက် အားကောင်းလာရင် အရာအားလုံးကို ချေမှုန်းပစ်နိုင်တယ်... လူကြီးမင်း ကျွန်မတို့ ဒီနတ်ဆိုးကို အရင်ကိုင်တွယ်သင့်တယ်မလား"
ဂီတပညာရှင်: "ငါ စိတ်မဝင်စားဘူး။"
သခင်မဟွာလီ လက်ဖက်ရည် မော့သောက်လိုက်သည်။
တစ်စုံတစ်ခုသော အရာသည် မှန်ကန်သည်ရှိသော် အကျိုးစီးပွားကို အခြေခံ၍ စိတ်ပါဝင်စားခြင်း မရှိလျှင်ပင် အကျိုးရှိမည် မဟုတ်ပေ။
တချို့အရာတွေက မှားနေပြီး နာမည်ပျက်သွားမှာ သေချာပေမယ့် စိတ်ဝင်စားနေသရွေ့ စိတ်အားထက်သန်စွာ လုပ်ဆောင်မှာဖြစ်ပြီး ကမ္ဘာကြီး ပျက်စီးသွားရင်တောင် ဂရုမစိုက်ကြချေ။
စန့်ရန်က ထိုကဲ့သို့သော လူတစ်စုဖြစ်သည်။
ဂီတပညာရှင်သည် အဝေးကို လှမ်းကြည့်ကာ မျက်လုံးများကို ခေတ္တ မှိတ်ထားကာ ဆို၏။
"သူငယ်ချင်းဟောင်းတချို့လည်း ရောက်လာကြပြီ... သူတို့ ဒီတိုက်ပွဲကို ကြည့်နေတာလား ဒါမှမဟုတ် အသက်ရှင်နေတဲ့ အလောင်းကောင်ရဲ့ မသေနိုင်တဲ့ ကွပ်မျက်မှုကို စောင့်ကြည့်နေတာလားပေါ့"
သခင်မဟွာလီသည် ထိုနေရာသို့ လှမ်းကြည့်သော်လည်း ထူးထူးခြားခြား ဘာအရိပ်အယောင်ကိုမျှ မတွေ့ခဲ့ရသဖြင့် သူမ နှလုံးသားထဲတွင် အံ့သြထိတ်လန့်သွားသလို ခံစားလိုက်ရသည်။
ဒါကို တွေးကြည့်နေတုန်း ဖုန်ထူတဲ့ ရထားတစ်စင်း အောက်ထပ်ကနေ ဖြတ်သွားခဲ့ကာ လူချောတစ်ယောက် ရထားလုံးထဲမှာ ထိုင်နေတာကို တွေ့လိုက်ရ၏။
"မင်းသားရှောင်? သူလည်း ဒီမှာပဲလား... သူက မြို့ပြင်က လာခဲ့တာဖြစ်မယ် ဒီနေရာက နတ်ဆိုးနယ်မြေတစ်ခု ဖြစ်နေတာတောင် ဝင်လာဖို့ သတ္တိရှိနေတုန်းပဲကိုး... သူက အရမ်းသတ္တိရှိတာပဲ"
သခင်မဟွာလီလည်း အနည်းငယ် လန့်ဖျပ်သွားကာ သူမ၏ စိတ်ထဲက ခံစားချက်ဖြင့် ဆိုလိုက်သည်။
"ဒီနေ့ ကမ္ဘာပေါ်မှာ မျိုးရိုးအမည် ကျူးနဲ့ လူတစ်ယောက်မှ မရှိပါဘူး"
အစိမ်းရောင်အဝတ်အစား ဝတ်ထားတဲ့ ဂီတပညာရှင်က ရှောင်ဝမ်စွင်းကို ကြည့်ပြီး ပြန်ပြောသည်။
"သူ့မျိုးရိုးနာမည်က ကျူးလို့ ပြောရဲတဲ့သူ ရှိတယ်ဆိုရင်တောင် သူ့အသက်အန္တရာယ်ကို ဖုံးကွယ်ထားလိုက်ဖို့ကလွဲလို့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး!"
ရထားလုံး ဖြတ်သွားသောအခါတွင် ရှောင်ဝမ်စွင်းသည် အပေါ်ထပ်သို့ မတက်သေးချေ။ တည်းခိုခန်းရှိ စားပွဲထိုးများနှင့် ဆိုင်ရှင်များက ကျောက်တုံးများအဖြစ် ပြောင်းလဲသွားကာ ဆိုင်ရှိလူတိုင်းမှာလည်း ကျောက်တုံး ဖြစ်သွားကြသည်။
ရှောင်ဝမ်စွင်းသည် သူ့ပိုက်ဆံအိတ်ကို ထုတ်ယူကာ ငွေအကွဲတစ်ဖဲ့ကို ယူ၍ ကောင်တာပေါ်တွင် တင်ထားလိုက်သည်။
"ဆိုင်ရှင်... အပေါ်ခန်းကို သုံးရက်လောက် ငှားပါရစေ..."
နောက်ထပ် ငွေအကွဲအပြဲတွေကို ထုတ်ယူပြီး စာရေးရဲ့ ရင်ခွင်ထဲ ပစ်ထည့်လိုက်သည်။
"ကျေးဇူးပြုပြီး ငါ့ရထားလုံးကို အိမ်နောက်ဖေးမှာ ရပ်ထားပေးပါဦး.... ငါ့မြင်းမှာ အစာအလုံအလောက် ရှိတယ်...ငါလည်း ညနေကမှ ထမင်းထပ်စားထာယလို့ ဗိုက်မဆာတော့ဘူး"
အပေါ်ထပ်အခန်းသို့ ရောက်လာပြီး ခရီးဆောင်အိတ်ကိုချကာ ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ အပြင်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ တရှင်းချန် ဘုရားကျောင်းက တိုက်ပွဲကို မြင်လိုက်ရသည်။ သူ အသံမထွက်ဘဲ တိတ်ဆိတ်စွာ ကြည့်နေလိုက်၏။
ဤရက်များတွင် သူသည် ကျင်းဟုန်ရိရဲ့ လိုက်ဖမ်းနေမှုကြောင့် ဦးစွာ လင်နမ်ကို ထွက်ပြေးခဲ့သည်။ ရှီးကျင်းကိုလည်း ရောက်သွားခဲ့သေးကာ နောက်ဆုံးတွင် ကုံကျိုးက နတ်ဆိုးနယ်မြေ အကြောင်း ကြားလိုက်သဖြင့် ဝင်ရောက်ရန် အစပြုခဲ့သည်။
"မြို့ထဲမှာ ရင်းနှီးတဲ့ မျက်နှာတွေ အများကြီးရှိနေတာကိုး..."
သူ့စိတ်ထဲမှ တိတ်တိတ်လေးသာ ပြောလိုက်သည်။
တည်းခိုခန်းတစ်ဝိုက်တွင် ခြေသံများ တဆတ်ဆတ် တုန်ခါနေပြီး မဝေးလှသော အမိုးပေါ်တွင် လူစိမ်းတစ်ယောက် ပေါ်လာသည်။ သူသည် မျောက်ကြီးတစ်ကောင်လို ခေါင်မိုးပေါ်တွင် ထိုင်နေကာ နားရွက်ကြီးများက လေတွေ တိုက်ခတ်နေပြီး မင်းသားရှောင်း၏ ဧည့်ခန်းဆီသို့ လှည့်ကာ ဂရုတစိုက် နားထောင်နေလေသည်။
တခြားလမ်းများမှာလည်း ဧည့်ခန်းထဲက လှုပ်ရှားမှုများကို နားထောင်နေသော ကောင်းကင်နားစွင့် တမန်တော် ခြောက်ဦး သို့မဟုတ် ခုနစ်ယောက်လောက် ရှိလေသည်။
ရှောင်ဝမ်စွင်းကတော့ ဒါကို ကျင့်သားရနေတာ ကြာပါပြီ။ သူ့မျက်လုံးတွေက ၎င်းတို့ကို အနည်းငယ် စိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားတော့သည်။ သူသည် ငယ်စဉ်ကတည်းက တမန်တော်များ၏ ဝန်းရံခြင်းကို ခံခဲ့ရပြီး သူ့စကားများကို ရက်ပေါင်းများစွာ စောင့်ကြည့်နေခဲ့သည်။
ထိုအချိန်မှစ၍ သူသည် တမန်တော်များနှင့်ဝေးကွာသောအခါတွင်သာ ပို၍စကားများလာတတ်သည်။
......
ချန်ရှီနှင့် အခြားသူများ တောင်နီခန်းမကို ပြန်ရောက်လာကြသည်။ ချန်ရှီသည် ဟေးကော်ဆီက သွေးအချို့ကို ယူပြီး အင်တုံ၏ အနောက်ဘက်တွင် တောက်တျယ်ကောင်းကင်မျို အဆောင်စာလုံးကို ဆွဲထုတ်ပြီးနောက် ရေအင်တုံကို ယူဆောင်ကာ အဘွားမင်ကျန်းကို နေရာတစ်ခု ပေးလိုက်သည်။
ငါးကြင်းနက် နဂါးကြီးသည် ရေကန်ငယ်ထဲတွင် ကူးခတ်နေသော်လည်း ၎င်း၏ဦးခေါင်းထက်တွင် တုတ်တစ်ချောင်းဖြင့် အဘွားအိုတစ်ဦး ရှိနေသည်။ သူမ မြေပြင်ပေါ်သို့ ဆင်းသက်ကာ ချန်ရှီကို ဂါဝရပြုလေ၏။
"ကယ်ဆယ်ပေးလို့ ကျေးဇူးတင်ပါတယ်... မဟုတ်ရင် အစားခံလိုက်ရနိုင်တယ်"
ချန်ရှီ စကားမပြောမီတွင် တောင်နီမယ်မယ်က ဝင်ဆိုသည်။
"ရှို့ချိုင်လေး မင်းသူ့ကိုစားဖို့ စီစဉ်နေတာလား"
ချန်ရှီ ခေါင်းယမ်းလိုက်တာကြောင့် သူမ ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။
"အရင်တုန်းက ရှင့်ကို စော်ကားခဲ့တာ ခွင့်လွှတ်ပါ အဘွား..."
အနီရောင် ၀တ်ထားတဲ့ ကလေးမလေးက အမြန်တောင်းပန်လိုက်ပါ၏။ သူမက ရွှင်မြူးသော သူတစ်ယောက် ဖြစ်လေသည်။
"ရှင်နဲ့ တခြားသူတွေက ကျွန်မကို အရင်က ရိုက်နှက်ခဲ့ဖူးတယ်လေ... ဒါပေမဲ့ ရှင့်ကိုလည်း ကျွန်မ ရိုက်ဖူးတဲ့အတွက် ကျေပြီလို့ သတ်မှတ်လိုက်မယ်"
သူမသည် အတိတ်က မုန်းတီးမှုကို ဖယ်ထားပြီး အဘွားမင်ကျန်း၏ ပုံစံအမှန်ကို လှောင်ပြောင်ရန် ရေကန်ဘေးတွင် ထိုင်နေခဲ့သည်။
ချန်ရှီ: "လမ်းက မညီညာနေရုံပါ... အဘွား အဲဒါအတွက် စိတ်မပူပါနဲ့"
အဘွားမင်ကျန်း: "ခန်းမသခင်ကျောင် ဘယ်မှာလဲ သူ လွတ်သွားပြီလား"
ချန်ရှီ ခေါင်းယမ်းလိုက်သည်။
အဘွားမင်ကျန်းသည် စင်္ကြံလမ်းရှိ ကျောက်ခုံတန်းပေါ်တွင် ထိုင်ရင်း အတွေးပျက်ကာ မျက်ရည်များဝဲလာသည်။
"ငါသူ ဖြည်းဖြည်းချင်း ကြီးပြင်းလာတာကို ကြည့်နေခဲ့တာ...သူ ငယ်ငယ်က ရေကစားတယ်၊ ရေငုပ်ပြီး ငါးဖမ်းဖို့ မြစ်ထဲကို ခဏခဏ လာတယ်.... သူ ရေနစ်ပြီး သေမလိုဖြစ်တာ လေးငါးခါလောက် ရှိတယ်...ငါသူ့ကို ကမ်းပေါ်တင်ပြီး သူ့မိဘတွေ ပြန်ခေါ်သွားတာကို ကြည့်နေခဲ့တာ နောက်တော့ သူ့မိဘတွေက သူ့ကို မြစ်ထဲခေါ်လာပြီး အမွှေးတိုင်ထွန်း၊ သစ်သီးတွေနဲ့ ပူဇော်ပြီး ငါ့ကို ကန့်ညောင်အဖြစ် ကိုးကွယ်ခိုင်းတယ်... သူ့အမေပေးတဲ့ အဲဒီအစားအစာတွေကို ငါ မစားချင်ဘူး"
သူမသည် အဘိုးကြီးတစ်ယောက်လို အတိတ်အကြောင်း ပြောနေသည်။
"...ငါ သူ ဖြည်းဖြည်းချင်း ကြီးပြင်းလာတာကို ကြည့်ရတာ ပျော်တယ်... စာမေးပွဲအောင်ပြီး မြစ်ကမ်းနားကို သွားကြည့်တယ်။ သူက မူလက ခရိုင်မှာ ပထမဖြစ်ပေမဲ့ အထက်အရာရှိကြီးရဲ့သားက စာမေးပွဲမှာ ပထမရတော့ သူက ပထမနေရာကနေ တွန်းချခံရတယ်တဲ့....ငါ သူ့အတွက် ဝမ်းသာတယ် နောက်တော့ သူ့မိန်းမတစ်ယောက်နဲ့ လက်ထပ်သွားပြီး ခေါ်လာတယ်။ မြစ်ကမ်းမှာတွေ့တုန်းကတော့ အဲဒီအမျိုးသမီးကို မကြိုက်ပေမယ့် နောက်ပိုင်းမှာ အလုပ်ရလို့ ပိုပျော်လာတယ်... ဒါပေမဲ့ သူ့မျက်နှာက အပြုံးတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်... နှစ်အတော်ကြာအောင် စောင့်ခဲ့ပေမယ့် အဲ့တရားဝင်ရာထူးက သူ့အတွက် မလွယ်ကူလှဘူး တရားရုံးက အဲဒီနှစ်မှာ ရေကြီးပြီး လူတော်တော်များများ ရေနစ်သေဆုံးခဲ့တယ်လို့ ပြောတယ်... သူက တူးမြောင်းအဖွဲ့အစည်းကို တည်ထောင်ပြီး ပြည်နယ်မြို့တော်သို့ သွားဖို့ ဆုံးဖြတ်ခဲ့တည... ငါတို့က ကျေးလက်ကဖြစ်ပြီး မြို့နဲ့ မဆိုင်ဘူးလို့ ငါပြောခဲ့တယ်..."
ဒီလိုပြောတဲ့အခါ မျက်ရည်တွေက ကျလာခဲ့သည်။
"သူက ငါ့စကားကိုနားမထောင်ဘဲ သွားခိုင်းတယ် ယောက်ျား တစ်ယောက်က အသက်မွေးဝမ်းကြောင်း တစ်ခုခုတော့ လုပ်ကိုလုပ်ရမယ်လို့ ပြောခဲ့တယ်..."
တောင်နီမယ်မယ်က သူ့ဘေးမှာ ငုတ်တုတ်ထိုင်ပြီး သူမကို ပျော့ပျောင်းစွာ နှစ်သိမ့်ပေးဖို့ ကျောကို ပုတ်ပေးနေသည်။
ချန်ရှီ: "ထျန်းချင်....စာမေးပွဲမှာ အနိုင်ရပြီးရင် ငါတို့လည်း နှစ်ပေါင်းများစွာ ပျင်းနေရမှာလား"
လီထျန်းချင်: "ဒီနှစ် ဆောင်းဦးပေါက် စာမေးပွဲ ရှိမယ် ထင်သလား ရှိရင်တောင် မင်းနာမည်က ဖမ်းဝရမ်းထဲမှာ ရှိနေတုန်းပဲကွ!"
ကြီးကျယ်ခမ်းနားတဲ့ ယုန်က ချန်ရှီဆီကို ရောက်လာခဲ့သည်။
"ရှို့ချိုင်လေး... တောင်နီမယ်မယ်ရဲ့ ရုပ်အလောင်းကိုရော ရေကန်ထဲမှာ ထည့်ထားလို့ရမလား?"
သူက ခေတ္တရပ်ပြီး "သူမဒီမှာနေဖို့ မလုံခြုံဘူးလို့ ခံစားနေရတယ်"
ချန်ရှီရဲ့ မျက်လုံးများ တောက်ပလာခဲ့သည်။
"စမ်းကြည့်လို့ ရတယ်"
ယွိထျန်းချန် ချက်ချင်းပင် အခြားအင်တုံတစ်ခုကို ပြေးယူလိုက်သည်။ ချန်ရှီလည်း ဟေးကော်ရဲ့ သွေးအချို့ကို ယူကာ ပန်းကန်နောက်ဘက်တွင် အဆောင်စာလုံး တစ်ခု ရေးဆွဲလိုက်သည်။ တောင်နီမယ်မယ်ရဲ ခန္ဓာကိုယ်အစစ်အမှန်မှာ ဇာတိတောင်တန်းတစ်ခုလို ဖြစ်သည့် ရွှယ်ထိုက်ဆွေ့ ဖြစ်သည်။
ချန်ရှီ ရေအင်တုံကို ထုတ်ကာ သူ့ချီသွေးကို ချိန်ညှိ၍ အဆောင်စာလုံးအား အသက်သွင်းလိုက်သည်။ ထို့နောက် ရွှယ်ထိုက်ဆွေ့ အနောက်ဘက်တွင် ချိတ်ထားသော မှင်စာသည် ရွှန်းရွှန်းတောက်ပနေပြီး အသားတောင် ရွှယ်ထိုက်ဆွေ့က တဖြည်းဖြည်း သေးငယ်လာတာ မြင်လိုက်ရသည်။
ချန်ရှီ အင်တုံကို လှည့်လိုက်တာနဲ့ ရွှယ်ထိုက်ဆွေ့က အင်တုံထဲ ဝင်ကာ ငြိမ်သက်စွာ အိပ်သွားခဲ့သည်။
လူတိုင်း အံ့ဩသွားကြ၏။
ရုတ်တရက် ယွိထျန်းချန်က: "ရှို့ချိုင်လေး... ရှေးခေတ်ကတည်းက အဆောင်စာလုံးတွေကို မတူညီတဲ့ မိသားစုတွေကလာတာ ဆိုပြီး ခွဲမထားဘူး... အဆောင်စာလုံးတွေက မှော်တွေပဲ...မင်း ဒါတွေကိုတောင် နားလည်နိုင်တာ အဆောင်စာလုံး မှော်အစီအရင် အဖြစ် ပေါင်းစည်းလို့ ရလောက်မလား"
ချန်ရှီစိတ်ထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီ သူ အံ့ဩမဆုံးနိုင်အောင်ပင် ဆွံ့အသွားသည်။ သူ မထင်မှတ်ထားသော လမ်းတစ်ခုက သူ့ရှေ့မှာ ပေါ်ထွက်လာခဲ့ပြီ။