← Chapters

အဆောင်လက်ဖွဲ့ ပညာဆိုတာ တူညီတဲ့ မူလအစကနေ ဆင်းသက်လာခဲ့တယ်

Vol. 12 Ch. 167

အဆောင်လက်ဖွဲ့ ပညာဆိုတာ တူညီတဲ့ မူလအစကနေ ဆင်းသက်လာခဲ့တယ်

Vol. 12 Ch. 167

ချန်ရှီ အံ့အားသင့်သွားတာကို မြင်တော့ ယွိထျန်းချန်လည်း သူ့စကားက တစ်ခုခုမှားနေပြီလို့ ထင်သွားသည်။

"ငါ တောသားလေးတစ်ယောက်ပါ ပညာရှင်စာမေးပွဲတောင် မဖြေခဲ့ရပါဘူး ငါ ပြောတာတွေက မမှန်နိုင်ပါဘူး"

ပြောရလျှင် သူသည် တောင်နီခန်းမရဲ့ အ​ဆောင်ဆွဲ ဆရာကြီး ဖြစ်သည်။ နံ့သာသခင်လုသည် ချန်ရှီ၏ အောင်ပွဲများကို မြင်ပြီးနောက် ခန်းမအတွင်းရှိ ညီအကိုများကြားတွင် ချန်ရှီက ဒုတိယအဆင့်ဖြစ်နိုင်ပြီး ပထမမှာ ပညာရှင်ဖြစ်ရန် စာမေးပွဲတောင် မအောင်မြင်သေးသည့် ခန်းမသခင်ယွိ ဖြစ်နိုင်ကြောင်း တစ်ချိန်က ပြောခဲ့ဖူးသည်။

နောက်ပိုင်းတွင် ချန်ရှီရဲ့ အမျိုးမျိုးသော အဆောင်ဆွဲ အရည်အချင်းများကို မြင်သောအခါ နံ့သာသခင်လုလည်း ထိုစကားကို ထပ်မပြောနိုင်တော့ပါ။

ယွိထျန်းချန်ဟာ ကြမ်းတမ်းသော အဘိုးအိုတစ်ဦး ဖြစ်ပြီး သူသည် သာမာန်သဘောအရ စာမေးပွဲက ပညာရှင်ဖြစ်ရန် ဖြစ်နိုင်ခြေမရှိသလို အဆောင်ဆွဲ ဆရာကြီး ဖြစ်ရန် လုံးဝ ဖြစ်နိုင်ချေ မရှိပေ။ သူသည် "အဆောင်လက်ဖွဲ့ ပေါင်းစည်းခြင်း" ၏ မပြည့်စုံသော စာအုပ်ကို အားကိုးနေခဲ့ရသူ ဖြစ်သည်။

အဆောင်စာလုံး များစွာကို ဘယ်လိုချရမလဲမသိ၊ သူ့ကိုယ်သူ သင်ကြား​ပေးခဲ့တဲ့ အဆောင်စာလုံးတွေမှာ ချို့ယွင်းချက်တွေ အများကြီးရှိပေမယ့် သူ့မှာ အလွန်မြင့်မားတဲ့ အမြော်အမြင် ရှိသေးသည်။

သူက နှောင့်နှေးတဲ့လူပင်။ သူ့မှာသာ ကျော်ကြားသော ဆရာတစ်ဦး၏ လမ်းညွှန်မှုနှင့် လေးနက်သော အရည်အချင်းများ ရှိနေခဲ့ပါက သူ၏ အောင်မြင်မှုများက ဒီနေရာမှာပဲ ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။

ချန်ရှီ အံ့အားသင့်သွားပြီး အတွေးထဲ ခေတ္တ နစ်မျောသွားသည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က သူသည် သေခြင်းတရားလက်က နိုးထလာချိန်မှ စ၍ အမျိုးမျိုးသော အဆောင်စာလုံးနဲ့ တံဆိပ်ခတ်နည်းများကို လေ့လာရန် သူ့အဖိုးနောက်သို့ လိုက်ခဲ့သည်။ သူဟာ ရေးတတ်ဖတ်တတ်ရန် စုတ်တံနဲ့သာ ကစားခဲ့ကာ အဆောင်စာလုံး အမျိုးမျိုးကို ရေးဆွဲနိုင်ရန် နတ်သန္ဓေသားမပါဘဲ ချီစွမ်းအင်နဲ့ သွေးကိုသာ ချိန်ညှိနိုင်သည်။

ဒါပေမဲ့ အဆောင်လက်ဖွဲ့ ရေးဆွဲတဲ့ စာလုံးတွေနဲ့ မှော်စွမ်းအင်ကို ပေါင်းစည်းဖို့တော့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါ။ အဆောင်စာလုံးနဲ့ မှော်စွမ်းအင် ကြားတွင် ပြတ်သားသော နယ်နိမိတ်ရှိသည်။

အဆောင်စာလုံးသည် စွမ်းအားအမျိုးမျိုးဖြင့် အဆောင်လက်ဖွဲ့ ဆွဲနိုင်စေရန်အတွက် သန့်စင်သော ယန်သွေး၊ စုတ်တံနဲ့ မှင်၊ အဆောင်ဆွဲ သခင်တစ်ဦး လိုအပ်သည်။

အဆင့်မြင့်အဆင့်အထိ ကျင့်ကြံထားသော အဆောင်ဆွဲ ဆရာများသည် နတ်ဘုရားများနှင့် ဆက်သွယ်ရန်အတွက် ၎င်းတို့၏ကိုယ်ပိုင် ချီနှင့် သွေးများကို အသုံးပြုနိုင်သည်။ စုတ်တံ၊ မှင်များ၊ ခွေးနက်သွေး၊ သစ်ကြံပိုးခေါက်နှင့် အဝါရောင် စာရွက်များကို အသုံးမပြုဘဲ အဆောင်လက်ဖွဲ့ များကို လေထုထဲမှာ ဆွဲထုတ်နိုင်သည်။

ထို့ထက်ပို၍ ကျင့်ကြံထားပါက တစ်ခုတည်းသော အတွေးကိုသုံးပြီးတောင် မှော်ဆန်သည့် အဖြစ်သို့ ပြောင်းလဲနိုင်သည်။

သို့သော် မှော်စွမ်းအင်မှာ နတ်ကွန်းထဲတွင် ချီစွမ်းအင်များကို သုံးကာ ဖွဲ့စည်းထားရသည်။ ၎င်းမှ ချီစွမ်းအင်နှင့် ချီသွေးများသည် ဓားသိုင်းစွမ်းအင်နဲ့ အတွေး အကြံအစည်များရဲ့ ထိန်းချုပ်မှုအောက်တွင် မှော်စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် အံ့ဩဖွယ်ရာ စွမ်းအားများကို ထုတ်လွှတ်ပေးသည်။

ဒီနှစ်မျိုးသုံးတဲ့အခါ လုံးဝ ကွဲပြားပါသည်။

သို့သော် တောက်တျယ်ကောင်းကင်မျို အဆောင်စာလုံးကတော့ မှော်စွမ်းအင်တစ်ခု ဖြစ်လာနိုင်ခဲ့တယ် မဟုတ်ပါလား။

စုတ်တံနဲ့ဆွဲမယ့်​အစား ကိုယ်ပိုင် ချီ နှင့် သွေးများကို စုစည်းရန် အတွေးများကို သုံးနိုင်သည်။ ချီစွမ်းအင်နှင့် ချီသွေးများ နတ်ကွန်းထဲသို့ ဝင်သွားသောအခါတွင် ၎င်းသည် မှော်ဆန်သည့် စွမ်းအင်ပုံစံအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

ဖြစ်နိုင်လျှင် တောင်ကြီးငါးခု အဆောင်လက်ဖွဲ့ရဲ့ အစွမ်းကိုတောင် တိုက်ရိုက် ပြသနိုင်လောက်၏။ အရိုးရှင်းဆုံး မီး၊ ရေ နှင့် မိုးကြိုးအဆောင်လက်ဖွဲ့ တို့ကိုတောင် နတ်ကွန်းထဲမှ ထုတ်လွှတ်နိုင်လိမ့်မည်။

ဒါဆို တံခါးနတ်ဘုရား အဆောင်လက်ဖွဲ့က ရွှေရောင်အလင်းတန်း တစ်ခုပဲဆိုတော့ မဟာယာနဘုံက ရွှေကိုယ်ထည်နှင့် ဆင်တူလောက်သလား။

သံချပ်ကာမြင်းအဆောင်လက်ဖွဲ့နဲ့ နတ်လမ်းလျှောက်အဆောင်လက်ဖွဲ့တို့ကို လေကို ထိန်းချုပ်သည့် မှော်စွမ်းအင်နဲ့ ခန္ဓာကိုယ် မြင့်တင်ခြင်း မှော်စွမ်းအင် အဖြစ် ပြောင်းလဲနိုင်​လောက်သလား။

အသွင်ပြောင်းအဆောင်လက်ဖွဲ့ကို မှော်စွမ်းအင်နဲ့ အစားထိုးလိုက်ရင် မတူညီတဲ့ ပုံစံတွေကို ပြောင်းလဲနိုင်လောက်လား။

အကယ်၍ "အဆောင်လက်ဖွဲ့ ဖန်တီးရတနာ" ထဲတွင် မှတ်တမ်းတင်ထားသော အမျိုးမျိုးသော ဖန်တီးမှု အဆောင်စာလုံးများကို မှော်စွမ်းအင် အဖြစ် ပြောင်းလဲနိုင်ပါက ချည်ဆွဲပိုးကောင်လိုမျိုး ကောင်းကင်မှာ ပျံသန်းနိုင်​လောက်သလား။ သူတို့ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ တခြားသူတွေရဲ့ ဦးနှောက်ထဲကို စိမ့်ဝင်သွားအောင် ဦးနှောက်သန်ကောင်အဖြစ် ပြောင်းလဲဖို့ ဖြစ်နိုင်​လောက်လား။

ဖန်တီးမှု လျှို့ဝှက်ချက် ဖြစ်လာရင် အဆောင်ဆွဲသခင် တစ်ယောက်ရဲ့ တန်ခိုးကို ပိုင်ဆိုင်ရလောက်လား။

ဖန်တီးခံရှောင်ဝူပါ ဖြစ်သွားနိုင်လား။

ချန်ရှီ ထိုနေရာတွင် မှင်တက်သွားပြီး မှင်စာနှင့် မှော်စွမ်းအင်တို့ကြားက အတားအဆီးကို ဘယ်လို ချိုးဖျက်ရမလဲ ပြင်းပြင်းထန်ထန် တွေးတောနေသည်။

တောင်နီမယ်မယ်သည် ဇလုံထဲရှိ သူမ ခန္ဓာကိုယ်အစစ်အမှန်ကို စူးစမ်းလေ့လာကာ သူမခန္ဓာကိုယ်ကို ပွတ်သတ်ရန် တူချောင်းနှစ်ချောင်းကို ယူ၍ ထိုးကြည့်သည်။ ရုတ်တရက် ဟစ်အော်ကာ အဖွားမင်ကျန်းအား လှည့်ပြောပြနေ၏။

"ကြည့်စမ်း... ​ရေဇလုံးထဲက ကျွန်မခန္ဓာကိုယ်ကို တုတ်နဲ့ထိုးရင် ခန္ဓာကိုယ်မှာ အစွန်းအထင်း​တွေ ပေါ်လာတယ်!"

ဒီရှာဖွေတွေ့ရှိမှုက သူမကို အလွန် စိတ်လှုပ်ရှားသွားစေခဲ့သည်။

ဒါပေမဲ့ အဘွားမင်ကျန်းက သူမမျက်လုံးတွေကို မှိတ်ထားလေသည်။ ဒီငတုံးကလေးမငယ်လေးနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ရန်ဖြစ်ခဲ့ပေမယ့် သူမကို ဘယ်လိုမှ မသတ်နိုင်သေးပါဘူး။

"ငါက တကယ်ကို အရည်အချင်းမရှိသူပါ... ဒါပေမဲ့ ရေထဲကဟာက မင်းရဲ့ ခန္ဓာအစစ်ပဲ အခုမင်းက နတ်အသွင်... မင်းရဲ့ ခန္ဓာပျက်စီးရင် မင်းရဲ့ နတ်အသွင်လည်း ပျက်စီးသွားလိမ့်မယ်... ဒီအချိန်မှာ တစ်ယောက်ယောက်က မင်းရဲ့အသားတစ်ပိုင်းကို လှီးဖြတ်ဖို့ ဓားတစ်ချောင်းယူရင် မင်းရဲ့ နတ်အသွင်က တစ်ပိုင်းပျောက်နေလိမ့်မယ် ဥပမာ၊ မင်းဒီနေရာမှာ အသားတစ်ပိုင်းလှီးရင်..."

သူမသည် တောင်နီမယ်မယ်ဆီက ဓားတစ်ချောင်းကို ယူကာ ဇလုံထဲရှိ ရွှယ်ထိုက်ဆွေ့ကို ထိလိုက်သည်။

"ဖြတ်လိုက်သလိုပဲ မင်းခေါင်းတစ်ပိုင်း ပြတ်သွားသလိုပေါ့... မင်းဒီမှာ အပိုင်းတစ်ပိုင်းဖြတ်ရင် မင်းခေါင်းတစ်ခုလုံး ပျောက်သွားလိမ့်မယ်"

ထိုမှသာ တောင်နီမယ်မယ်သည် သူမ၏ ခန္ဓာကိုယ် အစစ်အမှန်ကို တစ်စုံတစ်ယောက် လုယူသွားမည်ကို စိုးရိမ်သဖြင့် အမြန်ကောက်ယူလိုက်လေသည်။

ယွိထျန်းချန်ကလည်း နံ့သာသခင် များစွာကို ဆင့်ခေါ်ပြီး ဆွေးနွေးနေသည်။

"မယ်မယ် ပင်မယဇ်ပလ္လင်မှာ နေရင် ပစ်မှတ်က အရမ်းကြီးလွန်းတယ်... အခု သူမ ပြောင်းရွှေ့တာ လွယ်ကူသွားအောင် ရေကန်ထဲမှာ ပုန်းနေခိုင်းထားတယ်... ငါတို့ ချက်ချင်း လူစုခွဲပြီး တောင်နီမယ်မယ်နဲ့ အဘွားမင်ကျန်းကို ပင်မခန်းမထဲကနေ ခေါ်ထုတ်ပြီး သူတို့ကို ရှာမတွေ့ရအောင် ဝှက်ထားရမယ်"

နံ့သာသခင်ရှောင်း: "ဘယ်မှာဝှက်ထားမှာလဲ?"

ယွိထျန်းချန်ရဲ့ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်နှင့် အရောင်လတ်နေသည်။

"ငါ့ရဲ့ပစ်မှတ်က ကြီးလွန်းပေမယ့် မင်းတို့ကို ဖျောက်ထားဖို့တော့ အဆင်ပြေတယ်..."

လူတိုင်းရဲ့ မျက်လုံးများက သူ့အား စိုက်ကြည့်ကာ ကြီးကျယ်ခမ်းနားသော ယုန်သည် အရပ်နှစ်ပေကျော်ရှိပြီး အသားနှင့် ဖုံးအုပ်ထားသည်ကို တွေ့လိုက်ရသည်။

"မှိုနဲ့ပြုတ်ထားတဲ့ ယုန်က ပိုအရသာရှိတယ်... ခန်းမသခင်က ဆွဲဆောင်မှုရှိနေသလိုပဲ..."

အဆောင်ဆွဲ ဆရာတစ်ယောက် ဒီလိုပြောပြီးတာနဲ့ သူ့ခေါင်းကို အနောက်ကနေ ဖြတ်ရိုက်ခံလိုက်ရတော့သည်။

နံ့သာသခင်လု: "ဒါဆို မယ်မယ်နဲ့ အဘွားမင်ကျန်းကို ဘယ်သူက သယ်သွား​​ပေးမှာလဲ?"

လူတိုင်းက ပြတ်ပြတ်သားသား ခေါင်းတွေ ခါပစ်လိုက်သည်။

ပန်းတိုင်က သေးငယ်ပေမယ့် ခွန်အားက မလုံလောက်ကြချေ။ သန်မာသူတွေဟာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိတတ်သည်။

ထိုအချိန်တွင် လေချွန်သံများ ထွက်ပေါ်လာပြီး အပူလှိုင်းများ လွှမ်း​ခြုံသွားသည်။ အားလုံး အသံလာရာကို လိုက်ကြည့်ရင်း ချန်ရှီရဲ့ ခေါင်းနောက်မှာ လွင့်မျောနေတဲ့ ဘုံကျောင်းငယ်လေးကို တွေ့လိုက်သည်။ လူငယ်က သူ့ဓားသိုင်းစွမ်းအင်ကို အရှေ့ကို ထိုးလိုက်ချိန် သေးငယ်တဲ့ ဘုံကျောင်းထဲက မီးလုံးတစ်ခု ပြေးထွက်သွားပြီး သုံးပေကျော်အကွာအထိ ရောက်သွားတာကို တွေ့လိုက်ရသည်။

မီးလုံးသည် သုံးပေအကွာသို့ ရောက်ရှိသွားပြီးနောက် ပေါက်ကွဲသံနှင့်အတူ ဆယ်ပေကျော်အချင်းဝက်အထိ လေလှိုင်းများ ရိုက်ခတ်သွားကာ ၎င်းတို့ဘေးရှိ နံ့သာခန်းမရဲ့ ခေါင်မိုးတောင် လွင့်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။

"ကောင်းလိုက်တဲ့ မှော်စွမ်းအင်!" လူတိုင်း မှတ်ချက်ပေးလိုက်၏။

ချန်ရှီကတော့ မျက်မှောင်ကြုတ်ကာ မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်လျက် ပြင်းပြင်းထန်ထန် တွေးတောပြီးနောက် ရုတ်တရက် ခုန်ထပြီး နောက်ထပ် မီးလုံးတစ်ခု ပစ်လွှတ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်တော့ မီးလုံးသည် လက်တစ်ချောင်းစာမျှသာ ရှိပြီး ဆယ်ပေကျော်မျှ ပေါက်ကွဲထွက်ကာ ယခင်ကထက် ပိုမိုပြင်းထန်လာသည်။

ချန်ရှီသည် သူ့ဓားစွမ်းရည်ကို ရှေ့သို့ အဆက်မပြတ် တွန်းထုတ်လိုက်ရာ မီးလုံးများက သေးငယ်သွားပေမယ့် အကွာအဝေးသည် ပို၍ပို၍ ဝေးလာသည်။ သို့သော် ပေါက်ကွဲအားက​တော့ ပို​ကောင်းလာကာ ဆက်တိုက်ဆိုသလို ပေါက်ကွဲသွားကာ အနီးနားရှိ အဆောက်အဦများ ချက်ချင်း ပြိုကျသွားသည်။

တောင်နီခန်းမက လူတိုင်းသည် အုံ့မှိုင်းသွားကြသည်။

ရုတ်တရက် ထိုမီးလုံးလေးများသည် ချန်ရှီ အနီးတစ်ဝိုက်တွင် ပျံတက်သွားသည်။ လူငယ်လေးက လက်ဖဝါးဖြင့် ရိုက်လိုက်ရာ လက်ဖဝါးမှ မီးလုံးလေး လွင့်ထွက်ကာ ပေါက်ကွဲသွားပြီး သူ့ရှေ့မှ ကျောက်တုံးများကို အပိုင်းပိုင်း ​ဖောက်ခွဲပစ်​လေသည်။

နံ့သာသခင်လုခမျာ ထိတ်လန့်တုန်လှုပ်သွားပြီး မထိန်းနိုင်ဘဲ ဟစ်အော်လိုက်တော့၏။

"ငါတို့ရဲ့ ပင်မခန်းမကို ဖျက်စီးလိုက်ပြီလား?"

သူရုတ်တရက် မတ်တပ်ထရပ်လိုက်တော့ သူ့ပုခုံးပေါ် လက်ကြီးတစ်ခု ကျလာသည်။ ယွိထျန်းချန်ရဲ့ လက်တစ်ဖက်မှာ သံမဏိလက်တစ်ဖက်လိုပဲ ဖြစ်ကာ ယုန်သွားတွေကလည်း ပိုတိုအောင်ကြိတ်နေ၏။

"သူက ဉာဏ်အလင်းရခါနီးပြီ လွှတ်ထားလိုက်"

နံ့သာသခင်လုမှာ သွားတွေကြိတ်နေတာကို တွေ့တော့ ခါးသက်စွာ ပြုံးချင်ပေမယ့် မပြုံးရဲချေ။

ယုန်သွားများသည် ကြီးထွားမြန်လွန်းပြီး ၎င်းတို့ကို ကြေမွစေရန် မကြာခဏ ဝါး​ပေးနေဖို့ လိုအပ်သည်။ ထုံးစံအတိုင်း ယွိထျန်းချန်သည် ယုန်တစ်ကောင်လို အရာများစွာကို ဝါးမစားနိုင်သောကြောင့် လက်ဖြင့်သာ ပွတ်ပေးနေရသည်။

"ရှို့ချိုင်ဆရာလေးက မီးအဆောင်လက်ဖွဲ့က မှော်စွမ်းအင် ဖြစ်အောင် ပြောင်းလိုက်တာပဲ... တကယ် ပိုအစွမ်းထက်လာတယ်"

နံ့သာသခင်လု: "ဒီစာလုံးက မီးအဆောင်လက်ဖွဲ့ လောက်တော့ မကောင်း​သေးဘူး ဒါပေမယ့် မြန်မြန်ပစ်နိုင်တယ်... မီးစွမ်းအင်ကို အများကြီးစုပြီး ပေါင်းလိုက်ရင်တော့ စွမ်းအားက ပိုအားကောင်းလာနိုင်တယ်!"

သူဒီလိုပြောလိုက်တာနဲ့ ချန်ရှီရဲ့ လှုပ်ရှားမှုက ရုတ်တရက် ပြောင်းလဲသွားလေသည်။ ဘုံကျောင်းငယ်ထဲကနေ ရေနဂါးတစ်ကောင်လို ရေစီးကြောင်းတစ်ခု ပြေးထွက်လာကာ သူ့လက်အမူအရာနဲ့အတူ ဓားသိုင်းတစ်ခုအား လှုပ်ရှားနေတာ တွေ့လိုက်ရသည်။

စွမ်းအင်တွေ ဟောက်နေစဉ်တွင် ရေက ပိုမိုအားကောင်းလာသည်။ ရေစီးကြောင်းက သူ့ခန္ဓာကိုယ်နှင့်အတူ ကခုန်နေသည့် မြစ်တစ်စင်းကဲ့သို့ တဟုန်ထိုး အသံ​တွေ ထွက်ပေါ်လာလေ၏။

ယခင်က ချန်ရှီရဲ့ မီးစွမ်းအင်သည် ပြင်းထန်ပြီး လွှမ်းမိုးထားနိုင်သော်လည်း ယခု ရေစွမ်းအင်ကလည်း သူ့လက်ဖဝါးရဲ့ အစွမ်းနှင့် သိုင်းကွက် အမျိုးမျိုးကို ပြသနေပါသည်။ နံ့သာသခင်လု ဘေးကို ကြည့်လိုက်တော့ ယွိထျန်းချန်ရဲ့ မျက်လုံးများက ချန်ရှီကိုသာ စိုက်ကြည့်နေကြောင်း မြင်လိုက်ရလေသည်။

"ခန်းမသခင်... သူ လုပ်နေတာ အရမ်းဆူညံနေပြီ... မယ်မယ်နဲ့ အဘွားကို ခေါ်ထုတ်သွားဖို့ မသင့်တော်​​လောက်ဘူး"

ယွိထျန်းချန်လည်း ပေါ့ပေါ့ပါးပါး ခေါင်းညိတ်​ပြလိုက်သည်။ ချန်ရှီရဲ့ အဆောင်လက်ဖွဲ့တွေကို ဖန်တီးနိုင်သော စာလုံးများကို စွမ်းအင်ပုံစံအဖြစ် ပြောင်းလဲရန် ကြိုးစားနေသော လှုပ်ရှားမှုသည် အလွန်ကျယ်လောင်ပြီး စွမ်းအင်နှင့် ချီသွေးများရဲ့ အတက်အကျကလည်း တခြား သခင်ထံမှ ဖုံးကွယ်ရန် ခက်ခဲလှသည်။

ရုတ်တရက် ချန်ရှီသည် သူ့ခြေရင်းအောက်မှ မီးကိုထွန်းလိုက်ပြီး မီးတောက်ပေါ် လျှောက်သွားကာ သူ့အဝတ်အစားနှင့် ဖိနပ်များကိုပါ မီးရှို့ပစ်လိုက်သည်။ ဟေးကော်မှာ ချန်ရှီကို မီးငြိမ်းသတ်​ပေးရန် ရေဇလုံကို အပြေးအလွှား ပြေးယူလေ၏။

ဘယ်သူကမှ မတုံ့ပြန်နိုင်ခင်မှာပဲ ဟေးကော်က မီးကို ငြိမ်းသတ်ခဲ့ပြီးပြီ။ ဤတော့မှ လူတိုင်း သက်ပြင်းချနိုင်ခဲ့သည်။

ထို့နောက် ချန်ရှီ ခြေဖဝါးအောက်မှ ရေပမာဏများစွာ ပေါ်ထွက်လာသည်။ ချန်ရှီ လှိုင်းလုံးများပေါ် လျှောက်လှမ်းရန် ကြိုးစားခဲ့သော်လည်း သူ့ပတ်ဝန်းကျင်မှ ရေများဟာ ပိုမြင့်မားလာပြီး ချန်ရှီတစ်ယောက် သူ့စွမ်းအင်ကို ထိန်းမနိုင်သိမ်းမရဖြစ်ကာ ရေထဲသို့ နစ်မြုပ်သွားခဲ့သည်။

ဟေးကော်ခမျာ ရေထဲခုန်ဆင်းကာ နည်းပြချန်ကို ကယ်တင်ဖို့ တောက်လျှောက် ပြေးလိုက်နေရ၏။ မှော်စွမ်းအားတွေ ပျောက်ကွယ်သွားတော့မှ ရေတွေလည်း ပျောက်ကွယ်သွားခဲ့သည်။ ထိုအခိုက် ကြည့်နေတဲ့ ယွိထျန်းချန်ရဲ့ မျက်လုံးများ တောက်ပလာခဲ့သည်။

"ပညာရှင်-ဆရာလေးက စိတ်မချရပေမယ့် ခွေးကတော့ စိတ်ချရတယ်.... တောင်နီမယ်မယ်နဲ့ အဘွားမင်ကျန်းကို သူတို့လက်ထဲ လွှဲထားခဲ့လိုက်.... မြို့က အရာရှိတွေရဲ့ အာရုံကိုလွှဲဖို့ ငါတို့က တာဝန်ယူကြမယ်!"

နံ့သာသခင်လုကတော့ တုံ့ဆိုင်းနေပြီး "မယ်မယ်ရဲ့ လုံခြုံရေးကို ခွေးတစ်ကောင်နဲ့ ကြိုးချည်လိုက်တာလား... ခန်းမသခင် ခင်ဗျား ရူးနေတာလား ကျွန်တော်ကပဲ ရူးသွားတာလား..."

ယွိထျန်းချန်က ငါးအသားတွေကို လှီးဖြတ်ခိုင်းပြီး အသီးသီးကို ကျင် ၂၀ ကျော်ရှိတဲ့ ငါးအသားတစ်ပိုင်းကို ခွဲထုတ်ပေးလိုက်သည်။

“အစ်ကိုလု... ဒီရက်ပိုင်းမှာ ပညာရှင်ရဲ့ ခွေးက ပုံမှန်မဟုတ်တာကို သတိထားမိလား?"

"ဘာတွေ ထူးထူးခြားခြား ရှိလို့လဲ ဒါက ပုံမှန်ပါပဲ ခွေးတစ်ကောင်က သခင်ကို ကယ်တင်ဖို့ ရေထဲသွားရတာ ပုံမှန်ပဲ... ခွေးက မီးငြိမ်းသတ်ပြီး သခင်ကို ကယ်တင်တာကလည်း ပုံမှန်ပါပဲ"

ယွိထျန်းချန်: "ဒါက ပုံမှန်ပဲလို့ ငါလည်းထင်ပါတယ်... ဒါပေမယ့် တခြားခွေးတွေကသာ ဒီလိုလုပ်ရင် ဒါက ပုံမှန်ပဲလို့ မင်းထင်မှာလား"

"တခြားခွေးတွေ ဒီလိုလုပ်ရင် သေချာပေါက် ရှဲ့၊ ဆွေ့ပဲပေါ့!"

ယွိထျန်းချန်က ဒါကိုကြားတော့ ပြုံးပြီးဆက်ပြောလေသည်။

"ဒါဆို မယ်မယ်နဲ့ အဘွားကို ရှို့ချိုင်​လေးလက်ထဲ အပ်ထားလိုက်ရအောင်... ခုတုံးလုပ်ထားတဲ့ ခွေးတစ်ကောင် ရှိရင် မယ်မယ်နဲ့ အဘွားက ငါတို့ထက် အသက်ပိုရှည်လိမ့်မယ်!"

ထမင်းချက်က ငါးကြီးကို လှီးဖြတ်ပြီးသောအခါ ချန်ရှီနဲ့ လီထျန်းချင်တို့လည်း ငါးအသားတစ်ပိုင်းစီ ရကြသည်။ ယွိထျန်းချန်က ဟေးကော်ကိုကြည့်ကာ ငါးအပိုတစ်ပိုင်း ထပ်ပေးခိုင်းလိုက်သည်။

"လူကြီးမင်းတို့...ဒီယဇ်ပလ္လင်က ပစ်မှတ်ထားဖို့ ကြီးလွန်းတယ်... ငါတို့ကို လူဆယ်ယောက်စီခွဲပြီး တစ်နေရာစီ ခွဲသွားကြမယ်... မှတ်ထား နတ်ဆိုးနယ်မြေ အပြင်ဘက်ကို မသွားကြနဲ့....တရှင်းချန်ဘုံကျောင်း၊ အစိုးရရုံးနဲ့ လူ​နေအိမ်တွေကို မသွားကြနဲ့... သေသေချာချာ ပုန်းနေကြ! လူစုလူဝေးနဲ့ မှို​တွေကို​ရှောင်သွားနိုင်တာ အကောင်းဆုံးပဲ...."

လူတိုင်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသည်။

"ညီလေးထျန်းချင်နဲ့ ညီအစ်ကို ဟေးကော်... မယ်မယ်နဲ့ အဘွားမင်ကျန်းကို မင်းတို့လက်ထဲ အပ်ထားခဲ့ပါရစေ..."

ယွိထျန်းချန်သည် လီထျန်းချင်နှင့် မြေပြင်ပေါ်ရှိ ခေါင်းဆောင် ဟေးကော်ကို လေးနက်စွာ ဦးညွှတ်လိုက်သည်။

"ဒီမှော်ဆန်တဲ့ ပြောင်းလဲမှုကို ရှင်သန်နိုင်ရင် ငါ မင်းတို့နဲ့ အတူ ထပ်သောက်မယ်!"

လီထျန်းချင်လည်း ပြန်ဂါဝရပြုလိုက်သည်။ တည့်တည့် ပြန်ကြည့်လိုက်သောအခါ ဟေးကော်ကလည်း လက်သီးများကို ဆုပ်ထားပြီး မြေပေါ် ဦးညွှတ်နေတာ တွေ့လိုက်ရသည်။ တစ်ဖက်မှာတော့ ချန်ရှီသည် သူ့စာလုံးတွေကို ထိန်းချုပ်လို့ မရခဲ့သဖြင့် အနည်းငယ် စိတ်ရှုပ်နေသလို ကြောင်တောင်တောင် ဖြစ်နေဆဲပါပဲ။

ယွိထျန်းချန် ထွက်သွားသည်။

လီထျန်းချင်သည် တောင်နီမယ်မယ်နဲ့ အဘွားမင်ကျန်းကို ထည့်ထားသော ပန်းကန်တစ်လုံးစီ ကိုင်ဆောင်ထား၏။ ချန်ရှီကတော့ အရှုံးပေါ်ကာ ဘေးနားတွင်သာ ရပ်နေသည်။

လီထျန်းချင်: “ပန်းကန်တွေကို လှည်းထဲမှာ အရင်ထည့်ထားလိုက်ရအောင်”

ဟေးကော်က သစ်သားတွန်းလှည်းကို နှိပ်လိုက်ရာ သစ်သားလှည်းက သွေးနီရောင် ပါးစပ်ကို ဖွင့်ကာ လျှာရှည်​​ကြီးဖြင့် လှည့်ပတ်​ပြလိုက်သည်။ လီထျန်းချင် လန့်ဖျပ်ပြီး လှည်းအတွင်းဘက်ကို လှမ်းကြည့်လိုက်သော် အနီရောင်မီးနီကို မြင်လိုက်ရပြီး အသွေးအသားတွေ တဖျပ်ဖျပ် ခတ်နေတာ တွေ့လိုက်ရပေ၏။

တောင်နီမယ်မယ်နဲ့ အဘွားမင်ကျန်းတို့သည် တုန်တုန်လှုပ်လှုပ်ဖြင့် လှည်းထဲသို့ အသီးသီးဝင်ကာ ပျောက်ကွယ်သွားကြသည်။ သစ်သားလှည်းက ပါးစပ်ကို ပြန်ပိတ်ပြီး သာမန် သစ်သားလှည်းအတိုင်း ပြန်ဖြစ်သွား၏။

လီထျန်းချင် ငြိမ်သက်နေဆဲ။ ထွက်ခါနီးတွင် ဟေးကော်သည် ချန်ရှီဓားကိုထုတ်ကာ သူ့ကိုယ်သူ ဓားဖြင့်ထိုးကာ သူ့ကိုယ်သွေးနှင့် သစ်ကြံပိုးခေါက်ကို ကြိတ်သည်။ ကြိတ်ပြီးနောက် သစ်သားလှည်းပေါ်ရှိ ဂါထာစာကြောင်းများကို စတင်ခြေရာခံ ရေးဆွဲ​နေခဲ့သည်။

၎င်း၏ စေ့စပ်သေချာမှုကို မြင်လိုက်ရသဖြင့် လီထျန်းချင်ခမျာ လျှို့ဝှက်စွာ ရှက်သွားပြီး ကူညီပေးဖို့ ရှေ့ကို တိုးလာခဲ့​တော့သည်။ လူတစ်​​ယောက်​နဲ့ ​ခွေးတစ်​​ကောင်​ အတူတူ အလုပ်လုပ်နေကြ၏။ ဟေးဟော် သစ်သားလှည်းပေါ် ခုန်တက်ကာ သံလိုက်အိမ်​မြှောင်​ကို ထုတ်​ပြီး လီထျန်းချင်ဘက် ထိုးဟောင်လိုက်မှ လီထျန်းချင်လည်း နိုးလာပြီး လှည်းပေါ်ကို အမြန်​တက်​သွားခဲ့သည်။

ဟေးကော်သည် သူတို့ကိုပေးခဲ့တဲ့ ငါးသုံးပိုင်းကို လှည်းပေါ် မတင်ရသေးတာတွေ့တော့ သူ့ဘာသာ အမြန်ခုန်ဆင်းပြီး ငါးသုံးပိုင်းကို ပစ်တင်လိုက်လေ၏။ လီထျန်းချင်မှာ တစ်ဖန် ရှက်ရွံ့သွားရ​ပြန်ပြီး လက်ဖြင့် အလျင်အမြန် ဖမ်းထားလိုက်သည်။

ချန်ရှီသည် ဘာတွေတွေးနေတာလဲ မသိစွာဖြင့် သစ်သားလှည်းပေါ် တွေးတောရင်း ငုတ်တုတ်ထိုင်ရင်း လိုက်ပါလာသည်။ ဟေးကော် အော်လိုက်သည်နှင့် သစ်သားလှည်းသည် သံလိုက်အိမ်မြှောင်၏ ထိန်းချုပ်မှုအောက်တွင် တောင်နီခန်းမရဲ့ ပင်မယဇ်ပလ္လင် ခန်းမရှေ့က ထွက်လာပြီး မှိုဘီလူးကြီးများအား ရှောင်ဖယ်ကာ လမ်းဘေးသို့ ထွက်လာခဲ့သည်။

ယွိထျန်းချန်သည် သူတို့ထွက်သွားတာကို ကြည့်ပြီး လေထဲက ခုန်ဆင်းလာခဲ့သည်။ တခြားလမ်းကို ခုန်ဆင်းပြီး နောက်တစ်ဖန် ခုန်တက်လာပြီး သူတို့နောက်ကို အမြန်လိုက်တော့မယ့် မှိုဘီလူးအုပ်စုရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတော့၏။

တစ်ချိန်တည်းမှာပင် မြို့တွင်းရှိ အခြားလူများကလည်း တုန်လှုပ်ခြောက်ခြားသွားကုန်သည်။ အထူးသဖြင့် ဆာလောင်နေသူများ ထိုကဲ့သို့ ယုန်ကြီးတစ်ကောင်ကို မြင်လိုက်ရသဖြင့် ပို၍ပင် စိတ်လှုပ်ရှားသွားကာ ပြေးလိုက်သွားကြသည်။

သူက အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ထားနိုင်သဖြင့် ချန်ရှီနဲ့ သူ့အဖွဲ့ဟာ ချောမွေ့စွာ ခရီးဆက်နိုင်လိမ့်မည်။

သစ်သားလှည်းသည် မြို့ပြင်သို့ မောင်းထွက်လာပြီးနောက် ရုတ်တရက် ကျယ်လောင်သော ဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လီထျန်းချင် မြို့တွင်းသို့ ပြန်လှည့်ကြည့်လိုက်ရာ မြို့တွင်းရှိ အဆောက်အအုံ အများစုထက် ပိုမိုမြင့်မားပြီး ဝမ့်ယွဲ့မျှော်စင်ထက် အနည်းငယ်သာ နိမ့်သော ရွှေဘုရားတစ်ဆူ ပေါ်ထွန်းလာတာ တွေ့လိုက်ရ၏။

ဝမ့်ယွဲ့မျှော်စင်သည် မြို့တော်ထဲရှိ အမြင့်ဆုံး အဆောက်အဦး ဖြစ်ပြီး စုစုပေါင်း ခုနစ်ထပ် ရှိသည်။ ခုနစ်လွှာတွင် ကြယ်နက္ခတ်တာရာကြည့် စင်မြင့် တစ်ခု ရှိသည်။ ရက်သတ္တပတ်များတွင် အလွန်အသက်ဝင်လှ၏။ ယခု ရွှေဘုရားကြီးသည် ဝမ့်ယွဲ့မျှော်စင်ဘေးတွင် ရပ်နေကာ အရပ်အမြင့်က အနည်းငယ် တိုသော်လည်း မှိုမျက်နှာစာသည် ဝမ့်ယွဲ့မျှော်စင်ထက် ပိုကြီး​ပေသည်။

ရွှေဗုဒ္ဓသည် ဝါးဦးထုပ်ကို ၀တ်ဆင်ထားပုံရပြီး ပါးစပ်ကလည်း ရှေးဘုန်းကြီး ထောင်ပေါင်းများစွာ စုဝေးကာ ဂါထာများ ရွတ်ဆိုနေတာကို တွေ့ရသည်။

ဝမ့်ယွဲ့ မျှော်စင်ဘေးက သူတောင်းစားအိုသည် ပြဿနာကို အရှေ့ဘက်သို့ ဆွဲဆောင်လာသဖြင့် ရွှေဘုရားကြီးက အစိုးရအတွင်းရုံးကို တိုက်ခိုက်နေလေသည်။ ရွှေဘုရားကြီးကို တိုက်ခိုက်နေရသူမှာ ကောင်းမိသားစုမှ ကောင်းစန်ဟိုင် ဖြစ်ပြီး နတ်ဆင်းသက်နယ်ပယ်အထိ ကျင့်ကြံထားသူ ဖြစ်သည်။

ကောင်းစန်ဟိုင်ဟာ သူသာ ဒီနတ်ဆိုးကို မတားနိုင်ရင် သူ့ဘဝ၊ မိသားစုနဲ့ ကလေးတွေအားလုံးကို ဒီမှာပဲ မြှုပ်နှံထားရမယ်ဆိုတာ သဘောပေါက်ထားပါ၏။

သူသည် ကောင်းမိသားစု၏ ဘိုးဘွားများ ချန်ထားခဲ့သမျှ လျှို့ဝှက်ချက်များကို အသက်သွင်းခဲ့သည်။ ဝမ်ရှန်းချီကျင့်စဥ်၊ ကောင်းကင်နှင့်မြေကြီးကို စက္ကူအဖြစ်အသုံးပြုကာ ဝိညာဉ်စာလုံးနဲ့ အဆောင်စာလုံးများကို ရေးထိုးသည်။ အဆောင်လက်ဖွဲ့ စွမ်းအင်များက နေရာ အနှံ့အပြားတွင် ပေါ်လာပြီး လှပသော ရွှေဗုဒ္ဓကို ထိုးသတ်ခဲ့သည်။

လီထျန်းချင်သည် ဤမြင်ကွင်းကို အဝေးမှသာ လှမ်းမြင်ရပြီး သူ့နှလုံးသားထဲ တိတ်တဆိတ် သက်ပြင်းချမိသည်။

"ကောင်းမိသားစုမှာ အရည်အချင်းကောင်းတွေ ရှိတာပဲ!"

သူစကားမဆုံးခင်မှာပဲ ကောင်းစန်ဟိုင်ရဲ့ နတ်ဝိညာဥ်မှာ ရွှေဗုဒ္ဓဆီ၌ အဖမ်းခံလိုက်ရလေသည်။ ၎င်းက ချက်ချင်း သန့်စင်ခံလိုက်ရပြီး မှိုခေါင်းအကြီးကြီးအဖြစ် ပြောင်းလဲသွားချေ၏။

လီထျန်းချင် အံ့သြသွားသည်။ ကောင်းစန်ဟိုင်လည်း မလွတ်မြောက်နိုင်ခဲ့။ ရုတ်တရက် ရွှေဘုရားကြီးက ၎င်းရဲ့ ခြေဖဝါးကို မြှောက်ကာ နင်းချလိုက်စဥ် ခေါင်းထက်မှ မှိုများသည် ရောင်စုံလေစီးကြောင်းများကဲ့သို့ အရပ်ရပ်သို့ ပြေးထွက်လာခဲ့သည်။

ကောင်းစန်ဟိုင်ရဲ့ ဦးခေါင်းကလည်း ပျံတက်သွားသည်။ သူ့လည်ပင်းမှ ကြီးမားသော မှိုအဖုံးများ ထွက်လာပြီး တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်သည်လည်း လျင်မြန်စွာ ကြီးထွားလာကာ အရေပြားနှင့် အသားများက ဖောင်းကြွ၍ မှိုဘီလူးကြီး ဖြစ်သွားသလို သူ့ခေါင်းနဲ့ မျက်လုံးတွေကလည်း မှိုတွေလို ဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် ကောင်းမိသားစုမှ ကျင့်ကြံသူများအားလုံး တွန်းချခံရပြီးနောက် ခေါင်းများ ပြုတ်ကျကာ မြေပြင်ပေါ်မှ မှိုပင်များအဖြစ် ပြောင်းလဲသွားကုန်သည်။ ၎င်းတို့၏ မျက်လုံးများသည်လည်း မှိုပွင့်များအသွင် ပေါက်ထွက်ကုန်ကြသည်။

ရွှေရောင် ဗုဒ္ဓဘုရားသည် လက်တော်ကို မြှောက်လိုက်ရာ မှိုဘီလူးကြီး အပါအဝင် အကြီးအသေး လူ့ဦးခေါင်းမှိုနှင့် မျက်လုံးမှိုတို့သည် လေထဲ ပျံ့လွင့်ကာ သူ့ဦးခေါင်းနောက်သို့ တဖြေးဖြေး ပေါင်းစည်းလာ၏။ ၎င်းသည် ကြီးမားသော စက်ဝိုင်းပုံသဏ္ဌာန် ဖြစ်လာကာ ဦးခေါင်းနောက်တည့်တည့်တွင် ရပ်လျက် ဗုဒ္ဓထီးဆောင်းတော်မူသည့်အတိုင်းပင်။

နတ်ဆိုးနယ်မြေ အသွင်ပြောင်းမှုက အရှိန်မြှင့်လာပြီ။

All Chapters