အဆောင်လက်ဖွဲ့ စွမ်းအင် ကျွမ်းကျင်မှု
Vol. 12 Ch. 168
တခြားမိသားစုကြီးများသည် မူလကတော့ ကောင်းမိသားစုကို ကယ်ဆယ်ရန် စီစဉ်ခဲ့သော်လည်း ၎င်းတို့ရောက်ရှိမလာမီတွင် ကောင်းမိသားစုတစ်ခုလုံးသည် မှိုများအဖြစ် ပြောင်းလဲသွားခဲ့ပြီမို့ ၎င်းတို့အား ကယ်တင်ရန် မဖြစ်နိုင်တော့ပေ။
ကောင်းမိသားစုအပြင်၊ တခြား မိသားစုကြီး ၁၂ စုလည်း ရှိပြီး သခင်အဖြစ် သတ်မှတ်ခံထားရတဲ့ စောင့်ကြပ်အမတ် စန်ရွှယ်ဖုလည်း ရှိပါသေးသည်။ ဒါပေမဲ့ မိသားစုကြီးတွေအားလုံး ဝိုင်းဖွဲ့ကြမယ်ဆိုရင်တောင် သူတို့ဟာ ရွှေဗုဒ္ဓနဲ့ ယှဉ်ဖို့ ဝေးနေပါသေးသည်။
တပ်မှူးကြီးရှနဲ့ ဒုတပ်မှူးကြီးကျောင်တို့သည် နယ်ခြားစောင့်တပ်များကို ဦးဆောင်ကာ ရွှေဗုဒ္ဓဘုရားကို ဝိုင်းထားရန် ကြံစည်ခဲ့သော်လည်း နယ်ခြားစောင့်တပ်များသည် ဘုန်းကြီးများကို တိုက်ခိုက်ရန် အလွန်ကောင်းသော်လည်း မနီးကပ်မီတွင် အရွယ်အစား အမျိုးမျိုးရှိသော မှိုများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ခေါင်းဆောင် နှစ်ယောက်သာ အသက်အန္တရာယ်ကြားက လွတ်မြောက်ခဲ့ပြီး ၎င်းတို့၏ ဇနီးများ၊ သားသမီးများနှင့် မြေးများကို သက်ဆိုင်ရာ အိမ်များထဲမှ ခေါ်ထုတ်ကာ နေရာတိုင်းတွင် ပုန်းအောင်းနေခဲ့ကြရသည်။
ဘုရင်ခံဖေ့၊ ကျန်းရွှင့်ကျန်းနဲ့ တခြားအရာရှိများသည်လည်း ရွှေဗုဒ္ဓဘုရား လိုက်ရှာနေတာက ရှောင်ရှားရန် ၎င်းတို့၏ မိသားစုများနှင့် အစောင့်များကို အမိန့်ပေးကာ အလျင်အမြန် ထွက်ပြေးသွားစေခဲ့သည်။
ဧရာမ ရွှေဗုဒ္ဓ၏ ဦးခေါင်းနောက်က စက်ဝိုင်းကြီးထဲတွင်တော့ မှိုပွင့်များက ပိုများလာနေသည်။ အနှီမှိုများတွင် လူ့ခန္ဓာကိုယ်လို ကြီးမားသော ခန္ဓာကိုယ်များ ရှိသည်။ အထူးသဖြင့် နတ်အလင်းရောင်နှင့် ပြည့်ဝပြီး အလွန်မြင့်မြတ်သော စိတ်ဝိညာဉ်ဖြင့် ဖွဲ့စည်းထားသော မှိုများရှိသည်။
မျက်လုံးနှင့် ဦးခေါင်းများမှ ပေါက်လာသော မှိုများကလည်း အကြီးအသေး စုံလို့ပင်။ မည်မျှကြီးသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ ဉာဏ်အလင်းကို ရခဲ့သော ဘုရားလောင်း၊ ရဟန္တာ၊ အသျှင်၊ ရဟန်းတို့အတိုင်းပါပဲ။
ဤမြင်ကွင်းသည် ဗုဒ္ဓဘာသာကျမ်းဂန်များတွင် ဖော်ပြထားသော ဆန်းကြယ်သည့် မြင်ကွင်းဖြစ်ပြီး လင်းရှန်တောင်ပေါ်တွင် ဗုဒ္ဓမြတ်စွာဘုရား ထိုင်တော်မူသည့် မြင်ကွင်းနှင့်ပင် တူနေသယောင်။
သို့သော် ဗုဒ္ဓအပါအဝင် ဘုရားလောင်း၊ ရဟန္တာများနှင့် အခြားအရာ အားလုံးကို ထူးဆန်းသော မှိုများဖြင့် အစားထိုးသွားခဲ့သည်။ ရွှေဘုရားသည် နတ်ဆိုးနယ်မြေနဲ့အတူ အခြားသတ္တဝါတို့ကို လိုက်ရှာကာ မြို့တွင်း၌ လှည့်လည်ရင်း အားလုံးကို မှိုအဖြစ်သို့ ပြောင်းလဲပစ်လေ၏။
မြို့တော်အတွင်းက အဆက်မပြတ် ထိတ်လန့်တုန်လှုပ်နေခြင်းနှင့် နှိုင်းယှဉ်ပါက လီထျန်းချင်က ပို၍ သက်တောင့်သက်သာ ရှိနေပုံရသည်။ ဟေးကော်က သူ့ကို ချန်ရှီနဲ့အတူ မြို့ပြင်ကို ခေါ်ထုတ်လာခဲ့သည်။
မြို့ပြင်မှာ ကျောက်တုံးရုပ်တွေ ပေါလို့ပင်။ ကျောက်ရုပ်တု တောအုပ်ကို မျက်စိနဲ့ မြင်နိုင်သလောက် အဆုံးမသတ်နိုင်ဘဲ နေရာတိုင်းမှာ ကြောက်စရာကောင်းတဲ့ ကျောက်တုံး လူသားတွေ ရှိနေတယ်လို့ ခံစားရစေလေသည်။
နတ်ဆိုးနယ်မြေ စတင်ပေါ်ပေါက်လာသောအခါက ချန်ရှီသည် မယ်မယ်ရှစ်ကျီ ဦးခေါင်းကို နတ်တစ္ဆေဘုံအဖြစ် ဖွဲ့စည်းကာ သာမာန်လူများကို ကျောက်တုံးလူသားများ အဖြစ်သို့ ပြောင်းလဲစေခဲ့သည်။ ယခုအချိန်တွင် ထိုကျောက်တုံးလူသား အများစုသည် မြို့တွင်းမှ ထွက်ပြေးလာသူများ ဖြစ်ကြပြီး အချို့မှာ မြို့ပြင်တွင် နေထိုင်ကြသူတွေ ဖြစ်ပါ၏။
လီထျန်းချင်သည် သစ်သားလှည်း မောင်းလာတဲ့ မိုင်အကွာအဝေးကို တွက်ချက်ကြည့်နေသည်။ နတ်ဆိုးနယ်မြေ ဗဟိုမှ နတ်ဆိုးနယ်မြေအစွန်း အထိ မိုင်ငါးဆယ် အကွာအဝေး ရှိသည်။ အစွန်း အနားသို့ ရောက်ခါနီး အချိန်၌ ပေါ်လာနိုင်သည့် ဧရိယာသည် တစ်မိုင်ကျော်ကျော် မှုန်ဝါးနေ၏။ ထိုနေရာက နတ်ဆိုးနယ်မြေပြန်တမ်း ပေါ်လာနိုင်သည့် နေရာပင်။
အကယ်၍ သင်သည် ထိုနေရာမှ လွတ်မြောက်ပြီး ရှေ့ဆက်သွားပါက ပြန်တမ်းထဲ ဝင်ရောက်မိသွားကာ ထွက်သွားနိုင်သယောင် ရှိသော်လည်း နတ်ဆိုးနယ်မြေ၏ အမိုးခုံးမှ ပြုတ်ကျလာလိမ့်မည်။
ယခု နတ်ဆိုးနယ်မြေရဲ့ အမိုးခုံးသည် ညစ်ညမ်းစေမည့် ပိုးမွှားများဖြင့် ဖွဲ့စည်းထားသော ရောင်စုံတိမ်များ အပြည့်ဖြစ်သည်။ မြို့တစ်ဝိုက်တွင် လှည့်လည် သွားလာနေသော ဧရာမမှိုအများအပြားဟာ နတ်ဆိုးနယ်မြေအစွန်းအထိ လွတ်မြောက်လာသော ကျင့်ကြံသူများ နတ်ဆိုးနယ်မြေပြန်တမ်းဖြင့် မြို့ထဲသို့ ပို့ဆောင်ခံလိုက်ရသူတွေပဲ ဖြစ်ပါ၏။
"ဟေးကော်.... ငါတို့ ဆက်သွားလို့ မရတော့ဘူး!"
လီထျန်းချင် ဟေးကော်ကို ရပ်ခိုင်းလိုက်သည်။
"ဒီနေရာက တရှင်းချန်ဘုံကျောင်းနဲ့ လေးဆယ့်ငါးမိုင်လောက် ဝေးတယ်"
ဟေးကော် တခဏမျှ တုံ့ဆိုင်းသွားပြီး မရပ်မီအထိ နောက်ထပ် သုံးမိုင်ခန့် ရှေ့သို့ ဆက်သွားခဲ့သည်။ မင်ကျန်း မြစ်ကမ်းနားက ရွာတစ်ရွာမှာတော့ လူမရှိချေ။ ကျောက်တုံးလူသားတွေအပြင် ကြက်၊ ဘဲ၊ တခြားတိရစ္ဆာန်တချို့လည်း ကျောက်တုံးတွေ ဖြစ်ကုန်ပါပြီ။
သစ်သားလှည်း ရွာထဲသို့ ဝင်သွားသောအခါ လီထျန်းချင်သည် မိသားစုတစ်စုရဲ့ အိမ်ကို ရှင်းထုတ်ပြီး ကျောက်တုံးရုပ်များကို တစ်နေရာ၌ စုရွှေ့ထားလိုက်သည်။ ထို့နောက် တောင်နီမယ်မယ်နဲ့ အဘွားမင်ကျန်းကို ထွက်လာရန် ဖိတ်ခေါ်ခဲ့သည်။
အဘွားမင်ကျန်းက ပတ်ဝန်းကျင်ကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။
"ဒါက ကျောင်ယွင်ရှန်းရဲ့ မွေးရပ်မြေ!"
သူမ အရာများကို မြင်သောအခါ ထိုလူများအကြောင်းကို မတွေးဘဲ မနေနိုင်တော့ချေ။ ကျောင်ယွင်ရှန်းသည် ငယ်စဉ်ကပင် ရွာအပြင်ဘက်ရှိ မင်ကျန်းမြစ်သို့ မကြာခဏ ပြေးလာတတ်ကာ ကမ်းပေါ်ရှိ မိုးမခပင်ဟောင်းပေါ်သို့ တက်ကြည့်တတ်သည်။
မြစ်ကမ်းနံဘေးမှာ လူတွေက မောင်းထုသံ၊ အိုးစည်သံ၊ မီးရှူးမီးပန်းတွေ ပစ်ဖောက်ကြသည်။ နံ့သာပလ္လင်တွေ တည်ဆောက်ကာ အမွှေးတိုင်တွေ ထွန်းညှိရင်း စပျစ်ရည်တွေ ဖြန်းကြပြီး ကောင်းချီးပေး ကပြကြသည်။
အမွှေးနံ့သာမီးခိုးတွေ ကျုံ့သွားချိန်မှာတော့ ကလေးတစ်ဦးဖြစ်တဲ့ ကျောင်ယွင်ရှန်းဟာ မြစ်ကျယ်ကျယ် မျက်နှာပြင်ပေါ်ရှိ အနက်ရောင်ငါးကြင်းကြီးသည် ကမ်းစပ်က လူတွေကို တိတ်တဆိတ် ကြည့်နေတာ တွေ့လိုက်ရလေ၏။
အနှီငါးကြင်းဟာ ရေထဲမှာ ဝှက်ထားတဲ့ ကျွန်းငယ်လေးလို ကြီးမားခဲ့သည်။
ဒါပေမယ့် အဲဒီကလေးက အခု မရှိတော့ပေ။
ဟေးကော် ထမင်းချက်ဖို့ သွားသည်နှင့် လီထျန်းချင်လည်း အိုးထဲကို ရေထည့်ကာ ငါးကို ချက်ပြုတ်တော့သည်။ ညနေခင်းအထိ ချန်ရှီတစ်ယောက် အိပ်ငိုက်နေသလိုမျိုး ရွာအပြင်ဘက်သို့ တစ်ယောက်တည်း ထွက်သွားကာ အဆောင် စာလုံးများအကြောင်း တွေးနေသေးသည်။
တောင်နီခန်းမတွင် အရိုးရှင်းဆုံး မီး နှင့် ရေ အဆောင်စာလုံးကို မှော်စွမ်းအင် အဖြစ် စမ်းကြည့်သောအခါ အလွယ်တကူ မထိန်းချုပ်နိုင်ဘဲ မပြည့်စုံခဲ့တာကို သတိထားမိခဲ့သည်။ သူ၏ စာလုံးများကို ပြားချပ်ချပ်မှ သုံးဖက်မြင် စာလုံးများအဖြစ်သို့ အသွင်ပြောင်းချင်သည်။ သို့သော် ထိန်းချုပ်ရန် လိုအပ်သော စာလုံးများက များပြားလွန်းလှသည်။
ဒါပေမဲ့ တခြားသူတွေနဲ့ တိုက်ခိုက်နေတဲ့အခါ ဒီလိုထိန်းချုပ်မှု ဆုံးရှုံးသွားရင် အန္တရာယ် ရှိသွားနိုင်သည်။ ဒါကြောင့် သူဟာ ဒီစာများအပေါ် ထိန်းချုပ်နည်းကို ကျွမ်းကျင်နေရမည်။
ထပ်ခါထပ်ခါ လေ့ကျင့်တာက အသုံးမဝင်ဘူးဆိုတာ သူသိသည်။ လေ့ကျင့်ဖို့ လိုအပ်နေတာက သူ့ဦးနှောက်ပင်။ စိတ်ထဲတွင် စာလုံးပေါင်းကို လေ့ကျင့်၊ စိတ်ကူးယဉ်ပြီး ထပ်ခါထပ်ခါ ပြီးပြည့်စုံအောင် လုပ်ကြည့်သည်။
၎င်းသည် သူ့ဘာသာသူ သင်ယူမိရုံသာမက ဖန်တီးမှုနှင့် အသုံးချမှုကိုလည်း ဖြစ်စေသည်။ အချိန်အတော်ကြာပြီးနောက် ချန်ရှီသည် ဘောင်းဘီရှည်ကို လိပ်တင်ကာ ဖိနပ်ချွတ်ပြီး မြစ်ထဲ ဆင်းလာခဲ့သည်။
ခြေထောက်ကို မြစ်ရေထဲ ချလိုက်သည်နှင့် မြစ်ထဲက ရေ၏ လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ ရုတ်တရက် ချန်ရှီ ခုန်တက်ပြီး မြစ်ထဲ ခုန်ဆင်းလိုက်သည်။ လှိုင်းလုံးတွေပေါ် ဖြတ်နင်းရင်း မြစ်ထဲ လမ်းလျှောက် ထွက်ပြေးသွားသလိုမျိုး ပြေးထွက်သွားကြည့်၏။
သူသည် ငါး သို့မဟုတ် နဂါးတစ်ကောင်လို ပြင်းပြင်းထန်ထန် ပြေးနေပြီး ရေမျက်နှာပြင်သည် သူနှင့်အတူ ပြိုလဲသွားသော်လည်း ခဏအကြာတွင် ရေစီးဆင်းမှုကို မထိန်းနိုင်တော့ဘဲ ရေထဲသို့ ပြုတ်ကျသွားခဲ့သည်။ ချန်ရှီ ကမ်းပေါ်သို့ အထပ်ထပ် ပြန်ကူးခတ်ပြီး အစောကအတိုင်း ရေပေါ် ပြန်ပြေးကြည့်ရင်း ရေထဲသို့ တစ်ဖန် ပြန်ဝင်သွားသည်။
အဘွားမင်ကျန်းသည် သူမထက် များစွာမြင့်သော ချိုင်းထောက်ကို မှီ၍ မြစ်ကမ်းဘေးတွင် ရပ်ကာ ဤမြင်ကွင်းကို ကြောင်တက်တက်ဖြင့် ကြည့်နေသည်။
မြစ်ကမ်းဘေးက လူငယ်တစ်ယောက်။
ထိုအချိန်က ကျောင်ယွင်ရှန်းလိုပင်။
"သူ့ရဲ့ အရည်အချင်းက အရမ်းမြင့်တယ်... ဒါပေမဲ့ ကျောင်ယွင်ရှန်းလိုမျိုး မြို့ရဲ့ တန်ခိုးနဲ့ စည်းစိမ်တွေကြောင့် စိတ်ရှုပ်သွားမလား မသိဘူး"
သူမရဲ့ ခန္ဓာကိုယ်အစစ်အမှန်က ပန်းကန်လုံးထဲက ခုန်ဆင်းပြီး မင်ကျန်းမြစ်ထဲကို တိတ်တဆိတ် ခိုးဝင်သွားခဲ့သည်။
ချန်ရှီသည် မြစ်ပေါ်တွင် လမ်းလျှောက်နေရာမှ သူ့ခြေထောက်အောက်မှ စီးဆင်းနေသော ရေစွမ်းအားထဲ ကျွန်းငယ်လေး တစ်ကျွန်းကဲ့သို့ ကြီးမားသော အနက်ရောင်ငါးကြင်းတစ်ကောင်က သူ့အား ရေဒြပ်စင်နဲ့ ရင်းနှီးစေပြီး စာလုံးပေါင်း အမှားများကို ပြုပြင်ပေးနေတာ တွေ့လိုက်ရသည်။
သူလဲကျတိုင်း လှိုင်းတွေ ထိုးတက်လာပြီး ရေကလည်း သူနဲ့အတူ ကခုန်နေဟန် ရှိလေသည်။
ချန်ရှီကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်မှုသည် သူ့အလိုအတိုင်း လှိုင်းလုံးများအဖြစ် ဟိန်းတက်လာသည်။ သူ့လက်ကို တွန်းထုတ်လိုက်တဲ့အခါ ရေလှိုင်းများက သူ့လက်ဖဝါးအတိုင်း ပြေးထွက်၍ မြစ်ရေမျက်နှာပြင်ကို ကွဲထွက်သွားစေသည်။
မြစ်ထဲမှာ ရေစီးကြောင်းတွေ ကပြနေပုံက ငါးတွေ၊ နဂါးတွေနဲ့ ကပြနေသလိုပင်။
ချန်ရှီ စာလုံးပေါင်းအမှားများကို အထပ်ထပ်အခါခါ ပြုပြင်ခဲ့ပြီးနောက် ရုတ်တရက် အတားအဆီးတစ်ခု ပွင့်သွားသလို ခံစားလိုက်ရကာ ရေသည် အသက်ရှင်နေတဲ့ ဝိညာဥ်တစ်ကောင်လို သူနဲ့အတူ လှုပ်ရှားလာတာ ခံစားလိုက်ရသည်။
လှိုင်းလုံးကြီးပေါ် လျှောက်သွားတဲ့အအခါ လှိုင်းလုံးကြီးက ကမ်းနားသို့ လှိုင်းလုံးကြီး ပေနှစ်ဆယ်ခန့် မြင့်သွားပြီး ရွာအဝင်ဝသို့ ရောက်သည့်တိုင်အောင် သူ့ခန္ဓာကိုယ်ကို သယ်ဆောင်သွားသည်။
အဘွားမင်ကျန်းက သူမကို ကူညီပေးတဲ့အတွက် ရေကို ထိန်းချုပ်ဖို့နဲ့ ကုန်းပေါ်မှာ သွားသလို လမ်းလျှောက်နိုင်ဖို့ သူမကိုယ်ပိုင် မှော်ပညာကို သင်ကြားပေးခဲ့တာကြောင့် ချန်ရှီ ရွှင်လန်းသွားသည်။
ဟေးကော်ကို ဟင်းလျာများ ချက်ပြုတ်ကူပြီးနောက် လီထျန်းချင် ရွာထဲမှ ထွက်ခွာလာပြီး ချန်ရှီကို လာစားဖို့ ပြောချင်ခဲ့သည်။ ချန်ရှီက ရေလှိုင်းပေါ်မှ အမြန်ထွက်ခွာသွားတာ မြင်သောအခါ သူ စကားပြောတော့မည့်နှုတ်က ရပ်သွားရသည်။
လှိုင်းလုံးများသည် ကုန်းမြေပေါ်တွင် ပြေးလွှားနေ၏။ တစ်ခါတစ်ရံ လှိုင်းလုံးများဟာ အမြင့်ပေများစွာ လွင့်ပျံသွားကာ ချန်ရှီရဲ့ ခန္ဓာကိုယ်ကလည်း အမြင့်ကြီး ရောက်သွားသည်။ တစ်ခါတစ်ရံ မြစ်ထဲ ရောက်နေသလို ကွေ့ပတ်သွားနေသေးသည်။
တစ်ခါတစ်ရံတွင် ရေစီးကြောင်းက သစ်ပင်များကို တွယ်ကပ်ကာ ချန်ရှီကို ချီဆောင်လာသည်။ တစ်ခါတစ်ရံ လှိုင်းလုံးကြီးများနှင့် လူငယ်လေး၏ ဦးခေါင်းနှင့် ခြေတို့သည် ကောင်းကင်အထက်၌ စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်သွားသည်။
"ရေစွမ်းအင်ကို ဒီလောက် မြန်မြန်ကြီး နားလည်သွားပြီလား"
လီထျန်းချင်သည် လီမိသားစုမှ စုဆောင်းထားသော ကျင့်စဥ်အမျိုးမျိုးကို ရင်းနှီးခဲ့ပြီးသား ဖြစ်တာကြောင့် ချန်ရှီ သုံးနေတဲ့ပုံစံက ပင်လယ်ပြာလှိုင်းကျင့်စဥ်နှင့် ခပ်ဆင်ဆင် တူနေတယ်လို့ ခံစားမိလာသည်။ သို့သော် ချန်ရှီသည် ပင်လယ်ပြာလှိုင်းကျင့်စဥ်ကို တစ်ခါမျှ မလေ့လာဖူး၊ မကြည့်ဖူးကြောင်း သူသေချာသည်။
ထိုကျင့်စဥ်က လေ့ကျင့်မှုတွေ မလုပ်ဆောင်မီ ပုံသေနည်းလမ်းတွေ လိုအပ်သောကြောင့် ဖြစ်သည်။ နည်းမသိရင် ကျင့်စဥ်ကို သိထားရင်တောင် ဘယ်လိုမှ လုပ်လို့မရပါ။ ပင်လယ်ပြာလှိုင်းကျင့်စဥ်သည် ထိပ်တန်းကျင့်စဥ်မျိုး မဟုတ်သော်လည်း ၎င်းသည် လီမိသားစု၏ လက်ထဲတွင်ရှိပြီး ဘယ်သောအခါမျှ အပြင်လူကို လက်ဆင့်ကမ်းလိမ့်မည် မဟုတ်ပါ။
ချန်ရှီသည် အမှန်တကယ်ပင် သူ့ကို အံ့အားသင့်စေသူပင်။ နဂါးတစ်ကောင် ထိန်းချုပ်နေသလိုမျိုး ပင်လယ်ပြာလှိုင်းကျင့်စဥ်နှင့် ဆင်တူသော စွမ်းအင်တစ်ခုကို နားလည်နိုင်ခဲ့သည်။
ကောင်းကင်ကို ရိုက်ခတ်နေတဲ့ လှိုင်းလုံးကြီးတစ်ခုနဲ့အတူ ချန်ရှီဟာ လေထဲ၌ အတော်ကြာအောင် ပြေးလွှားနိုင်ခဲ့သည်။ ထိုစဥ် ရုတ်တရက် လှိုင်းလုံးကြီးဟာ ချန်ရှီကို ကောင်းကင်ကနေ ပြုတ်ကျလာစေပြီး သူ့အဝတ်အစားတွေကိုပါ လွင့်ပျံသွားစေ၏။
သူ မြေပြင်ပေါ်သို့ ပြုတ်ကျခါနီးတွင် ရုတ်တရက် မီးခိုးငွေ့များ ထွက်လာပြီး သူ့ခြေထောက်များက မီးလုံးကြီးတစ်ခုပေါ် နင်းတက်လာခဲ့သည်။
လီထျန်းချင်လည်း အံ့အားသင့်သွားခဲ့သည်။ ချန်ရှီသည် မီးတောက်များပေါ်၌ ခြေထောက်ဗလာဖြင့် လျှောက်သွားနေတာကို မြင်နေရပြီး တောထဲသို့ ပျံတက်သွားပုံကဆိုရင် အလွန်ပေါ့ပါးလှသည်။
"စစ်မှန်လောင်ကျွမ်းမီးကျင့်စဥ်ထဲက စွမ်းအင်!"
စစ်မှန်လောင်ကျွမ်းမီးကျင့်စဥ်က မာမိသားစုရဲ့ စုဆောင်းမှု ဖြစ်သည်။ ၎င်းတို့ရဲ့ ကိုယ်ပိုင်ကျင့်စဥ မဟုတ်သော်လည်း အခြားသူများကို ဖြန့်ဝေပေးရန် မဖြစ်နိုင်ပေ။ မာမိသားစုအတွက် ကုသိုလ်ကောင်းမှု ပြုဖူးသူများသာ ဤနည်းပညာကို သင်ကြားနိုင်ကြသည်။
သို့သော် ပေးကမ်းတာကလည်း အားလုံးကိုမဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းများကိုသာ ပေးလေ့ရှိသည်။
ချန်ရှီရဲ့ မှော်စွမ်းအင်သည် စစ်မှန်လောင်ကျွမ်းမီးကျင့်စဥ်နှင့် အလွန်ဆင်တူသည်။ ၎င်းတို့နှစ်ခုက တူညီသော တစ်နေရာတည်းကနေ ဆင်းသက်လာသည့် အတိုင်းပင်။
ချန်ရှီဟာ ရုတ်တရက် ဉာဏ်အလင်းရသွားပုံရပြီး သူသည် သစ်သားဒြပ်စင်ကို ချက်ချင်းပင် ပြောင်းလဲကာ ဖေ့မိသားစု၏ "သစ်တစ်သောင်းညှိုးနွမ်းဂုဏ်ကျင့်စဥ်" ရဲ့ အရိပ်ကို ချက်ချင်း ပြသလိုက်ရသည်။
သူ မြေဒြပ်စင်ကို ပြောင်းလဲလိုက်တဲ့အခါ လီထျန်းချင်သည် ရွှီမိသားစု၏ "မြေဝါတကူရွှမ်ကျင့်စဥ်" လိုမျိုး အလားတူ စာလုံးများကို တွေ့ခဲ့သည်။
သတ္တုဒြပ်စင်ကို ရောက်လာတဲ့အခါ ချန်ရှီသည် သူ့လက်ချောင်းထိပ်တွင် မမြင်နိုင်သော ဓားစွမ်းအင်အမျိုးမျိုးဖြင့် ကစားလိုက်သည်။ အထူးသဖြင့် ဓားစွမ်းအင် အပြောင်းအလဲများ ပိုမိုရရှိလာခဲ့သည်။
လီထျန်းချင်မှာ သူပြသခဲ့သော ထူးဆန်းသော ဓားစွမ်းအင်မျိုးစုံမှာ ကမ္ဘာ့မျိုးနွယ်စုကြီးများ စုဆောင်းထားသော ဓားသိုင်းပညာများစွာ၏ အရိပ်များကို မြင်လိုက်ရသည်။ ကျယ်ပြန့်သော အဖွင့်အပိတ် နတ်ဖျက်စီးဓားဆယ့်ရှစ်ချက်မှ မိုးကဲ့သို့ နူးညံ့သိမ်မွေ့သော ရှောင်းရှန်းဓားသိုင်းအထိ မြင်ခဲ့ရသည်။
အခြားသူများ၏ အမြင်တွင် ချန်ရှီရဲ့ မှော်စွမ်းအင်ထဲ၌ ဓားစွမ်းအင်အမျိုးမျိုး၊ ဓားရှည်၊ ဓားတို၊ အကြီးအသေး၊ အထူအပါး၊ အနှေးအမြန် စသဖြင့် ဓားစွမ်းအင်များ ပါဝင်နိုင်သည်။ သို့သော် လီထျန်းချင်မျက်လုံးထဲတွင်တော့ ချန်ရှီသည် ရွှေကျင့်စဥ်ရဲ့ လျှို့ဝှက်သုံးပါးကို ရရှိထားပြီဖြစ်သည်။
"ကမ္ဘာ့မိသားစုကြီးတွေက စုဆောင်းထားတဲ့ မှော်အစွမ်းငါးခုက မီး၊ ရေ အဆောင်လက်ဖွဲ့တွေကနေ ဆင်းသက်လာတာများလား"
လီထျန်းချင် ရုတ်တရက် တွေးကြည့်လိုက်သည်။ ဤအဆောင်စာလုံး အမျိုးအစား ငါးမျိုးသည် အရိုးရှင်းဆုံး အဆောင်ဆွဲချက်များသာ ဖြစ်ပြီး အများစုက အခြေခံဖြစ်သည်။ ရိုးရှင်းပေမယ့် တကယ်ကျွမ်းကျင်ဖို့ကျ မလွယ်ပြန်။
ချန်ရှီသည် အဆောင်စာလုံး ငါးမျိုးကို ဖန်တီးခဲ့သော အကြီးအကဲတွေအတိုင်း တူညီသောအရာကို သိသာစွာ နားလည်ခဲ့သည်။ လီထျန်းချင် ရုတ်တရက် သူ့စိတ်ထဲတွင် မနာလိုမှု အထစ်အငေါ့ကို ခံစားလိုက်ပြီး။
"ဒါက ကလေး ပညာရှင်တစ်ယောက်ရဲ့ တကယ့်အဆင့်လား?"
မနာလိုမှုကို ချက်ချင်း သတိပြုမိပြီး မရယ်မောနိုင် ဖြစ်သွားသည်။
"ဘာလို့ ဒါကို မနာလိုဖြစ်ရမှာလဲ...သူက ဆရာမရှိဘဲ သူ့ဘာသာသူ သင်ယူပြီး စာလုံးနဲ့ မှော်စွမ်းအင်တွေရဲ့ ဆင်တူမှုတွေကို ကိုယ်တိုင်လေ့လာဖို့ လိုတယ်.... ငါက မြင့်မြတ်တဲ့ မိသားစုမှာ မွေးဖွားလာတဲ့အတွက် ဘာမဆို သင်ယူနိုင်ပါတယ် ငါက သူ့ထက်နိမ့်ကျမှာ မဟုတ်ဘူး"
ချန်ရှီသည် စာလုံးငါးလုံးကို တစ်ကြိမ်ထိုးလိုက်ပြီး ဓားစွမ်းအင်မျိုးစုံ လွင့်စင်သွားသောအခါ သူသည် တောက်တျယ်ကောင်းကင်မျို အဆောင်စာလုံးကို အသက်သွင်းရန် ကြိုးစားလိုက်သဖြင့် ဓားသွားများ ပွင့်ထွက်သွားသည်။
သူ့ရှေ့ရှိ လူနှစ်ယောက် ပွေ့ဖက်နိုင်သော သစ်ပင်ကြီးတစ်ပင်က ကျိုးပဲ့သွားကာ သစ်ပင်ထိပ်ဖူးသည် လှိမ့်ခနဲ ပြုတ်ကျသွားသည်။ တစ်ချိန်တည်းမှာပင် မြေကြီးက တုန်ခါသွားကာ အပင်ကြီးများ၏ ငုတ်တိုများသည်လည်း တုန်ခါသွားသည်။ သစ်ပင်ကြီးကို အမြစ်ကနေ နှုတ်ပစ်ကာ ပေပေါင်းများစွာ ရှည်လျားသော မြေဆီလွှာသည် အမြစ်များနှင့်အတူ ချန်ရှီလက်ထဲသို့ ပျံသန်းသွားသည်။
လီထျန်းချင် အံ့သြသွားသည်။
သူ ထိတ်လန့်သွားပြီး ဟောက်သံကြားရာဘက် သေချာကြည့်လိုက်တော့ သစ်ပင်ထိပ်ဖူးက ချန်ရှီကို ထိမှန်သွားလေပြီ။ လီထျန်းချင်လည်း ထိုလူငယ်ကို ကယ်တင်ရန် အလျင်စလို ပြေးလာခဲ့ရ၏။ နောက်ဆုံးတွင်တော့ သူသည် မြေကြီးကို တူးဖော်ကာ ချန်ရှီ အသက်ရှူနေသေးတာကို တွေ့လိုက်ရတော့မှ စိတ်ချသွားတော့သည်။
"တစ်ဆယ်လေး... အခုချက်ချင်း လေ့ကျင့်တာကို ရပ်လိုက်တော့... ဟေးကော်က ငါတို့ကို ထမင်းစားဖို့ ခေါ်နေပြီ"
လီထျန်းချင် ကမန်းကတန်း ပြောလိုက်သည်။ လက်ရှိအချိန်၌ ချန်ရှီ၏ ဦးခေါင်းနှင့် မျက်နှာသည် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသော်လည်း သူ့ဦးခေါင်းထဲမှာတော့ ပိုကြည်လင်သွားလေပြီ။
"ထျန်းချင်....တောက်တျယ်ကောင်းကင်မျို စွမ်းအင်ကို သုံးနိုင်မယ်ထင်တယ် ဒါပေမဲ့ စွမ်းအင်နဲ့ သွေးတွေ အရမ်းကုန်သွားတယ်... ငါအခုနက သုံးလိုက်တော့ ငါ့ရဲ့ စွမ်းအင်နဲ့ သွေးက မထနိုင်တော့ဘူး အဲဒါကြောင့် ငါ့ကို မြှုပ်ပစ်လိုက်တာ...."
လီထျန်းချင်က ပြုံးပြီးပြောသည်။
"လူတွေက သံထမင်းကို သံမဏိနဲ့တူအောင် လုပ်နိုင်တယ်တဲ့ မင်းထမင်းမစားရင် အားပြတ်သွားလိမ့်မယ်... မြန်မြန် သွားစားမယ်!"
နှစ်ယောက်သား ရွာကိုပြန်ရောက်တော့ ဟေးကော်က ကုလားထိုင်ပေါ်ထိုင်ပြီး ခြေထောက်တွေကို ဖြန့်ထားသည်။ လက်ထဲ၌ စာအုပ်တစ်အုပ်ဖတ်နေရာမှ လူငယ်နှစ်ယောက်ကို တွေ့တော့ သူ့စာအုပ်ကို ချလိုက်ပြီး မကျေမနပ်နဲ့ ဟောင်လေ၏။
ချန်ရှီ သူ့ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများကို ဆေးကြောရန် ရေဆီကို ထွက်သွားခဲ့သည်။ လီထျန်းချင်လည်း ခွေးကြည့်နေတာကို စပ်စုချင်စိတ်ဖြင့် အနား ကပ်သွားကြည့်လိုက်သည်။ ထိုစာအုပ်ပေါ်တွင် သရဲတစ္ဆေပုံများနှင့် သင်္ကေတများ ရှိနေသည်။
လီထျန်းချင်တွင် ဗဟုသုတများစွာ ရှိသော်လည်း သူ့မျက်လုံးများထဲ လုံးဝ မည်းမှောင်နေသေးသည်။ ဟေးကော်ကတောင် လုံ့လဝီရိယရှိပြီး တစ်ဆယ်လေးကလည်း လေ့ကျင့်ရန် ကြိုးကြိုးစားစား လုပ်နေသည်။ သူလည်း အလုပ်မကြိုးစားပါက နောင်တွင် တောင်နီမယ်မယ်လို စားနေရမယ်လို့ သူ့ကိုယ်သူ ပြန်တွေးနေမိသည်။
သူ့ဘေးတွင်တော့ အနီရောင်ဝတ်ထားသော ကလေးမလေးသည် ပန်းကန်တစ်လုံးနှင့် တစ်ယောက်တည်း စားသောက်ရင်း ထောင့်တွင် ထိုင်နေသည်။ အဘွားမင်ကျန်းက ငါးမကြိုက်သောကြောင့် မကျွေးခဲ့ပါ။
နေ့ရောညပါ ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြပြီး နေ့ရက်များက လျင်မြန်စွာ ကုန်လွန်သွားကြသည်။ မသိလိုက်ခင်မှာပဲ ဆယ်ရက်ကျော် ကြာသွားပါပြီ။
ထိုနေ့တွင် ချန်ရှီသည် အနက်ရောင် ရွှေအမြုတေဆေးလုံးလေးကို သန့်စင်ဖို့ ထျန်းချီ နန်းတော်ကို အသက်သွင်းနေတုန်း ရုတ်တရက် အံ့အားသင့်စွာ ထအော်လိုက်၏။
"ငါ့မှာ နာမည် ရှိသွားပြီ!... ထျန်းချင်! မယ်မယ် အဘွား! ငါ့နာမည်ကို မှတ်မိပြီလား...."
သူက ထပ်ခါတလဲလဲ အော်ဟစ်ပြီး မရှင်းပြနိုင်လောက်အောင် စိတ်လှုပ်ရှားနေတော့သည်။ လီထျန်းချင်လည်း နောက်ဆုံးတွင် ချန်ရှီရဲ့ နာမည်ကို မှတ်မိပြီး သူ့အတွက် ပျော်ရွှင်နေခဲ့သည်။ ဟေးကော်က စာအုပ်ကို ပိတ်လိုက်ပြီး ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ တစ္ဆေစာအုပ်ကို ပါးစပ်ထဲသို့ ထည့်၍ ကျေနပ်စွာ ပြုံးပြသည်။
နောက်ဆုံးတော့ သူ့ရဲ့ကိုယ်ပိုင် စွမ်းရည်တွေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ သိလာပြီလေ။
ထိုနေ့တွင် ကုံကျုံးမြို့၌ ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရသည်။ ရွှေဘုရားသည် တင်ပျဥ်ခွေ ထိုင်နေကာ ကျန်လွတ်မြောက်သူများကို လိုက်မရှာတော့ချေ။ ဖောက်ထွင်းမြင်ရသော အဖြူရောင် အစင်းကြောင်းများသည် ၎င်း၏ခန္ဓာကိုယ်အောက်မှ အညှောက်ပေါက်ကာ မြေကြီးထဲသို့ ထိုးဖောက်၍ မြေအောက်ထဲ၌ ပျံ့နှံ့သွားခဲ့သည်။
ဦးခေါင်းနောက်က ဘုရားလောင်း၏ ရောင်ခြည်တော်နှင့်တူသော မှိုဘီလူးကြီးများသည် ညီညီညာညာ တင်ပျဉ်ခွေထိုင်လျက် ဗုဒ္ဓဘာသာသုတ္တန်များကို ရွတ်ဆိုနေကြသည်။ ရွှေဘုရား၏ မှိုခေါင်းပေါ်၌ မီးခိုးခေါင်းတိုင်ကြီးကဲ့သို့ အဝိုင်းပေါက်များကလည်း ရုတ်တရက် ပွင့်လာသည်။
ဖုန်း!
ထိုမီးခိုးခေါင်းတိုင်များသည် ရောင်စုံအလင်းဖြင့် ရောင်ပြန်ဟပ်နေသော ဗုဒ္ဓရွှေရောင်အလင်းများသည် မီးခိုးဖြူရောင် လေလှိုင်းများဖြင့် အထက်သို့ လွင့်နေသည်။
"ဒီရွှေမှိုကြီးက ရင့်လာသလိုပဲ..."
အဘွားရှား၊ ချင်းယန်နဲ့ ဟူရှောင်လျောင်တို့သည် အဝေးမှ သံသယများဖြင့် ကြည့်နေကြ၏။
"နတ်ဆိုးဖြစ်ဖို့ ရက်တစ်ရာ အချိန်ယူဖို့လိုတယ်... ယုတ္တိနည်းအရပြောရရင် နတ်ဆိုးအဆင့် ဖြစ်လာဖို့ ရက်တစ်ရာလိုတယ်... အခုအချိန်က တစ်ဝက်တောင် မပြည့်သေးပါဘူး ဘယ်လိုလုပ် ရင့်လာမှာလဲ..."
မုတ်ဆိတ်မွေးရှိတဲ့ ဟူရှောင်လျောင်က စိတ်ပူပြီး :"ဘာကို ပိုစိတ်ပူနေရတာလဲဆိုတော့ ငါတို့ကို ထွက်လာအောင်လုပ်တဲ့ သူတောင်းစားဟောင်းကလွဲလို့ တခြား စန့်ရန်တွေက အခုထိ ဝင်လှုပ်ရှားတာမျိုး မလုပ်ဖူးဘူး... ကြီးကြီးမားမား ရှုပ်ယှက်ခတ်ကုန်မှာကို မကြောက်ကြဘူးလား"
ချင်းယန်: "သူတို့က မကြောက်ဘူး...သူတို့က ဒီနတ်ဆိုးမျိုးစိတ်တွေ ရင့်လာပြီး နတ်ဆိုးဖြစ်လာဖို့ကို စောင့်နေကြတာ သူတို့က နတ်ဆိုးနဲ့ ဆော့ကစားချင်နေကြတာလေ..."