နတ်ဆိုးက အိပ်မက်လိုပဲ
Vol. 12 Ch. 171
ဤနတ်ဆိုးအသွင်ပြောင်းခြင်းသည် နည်းလမ်းတိုင်းတွင် ဆင်ခြင်တုံတရား မဲ့လွန်းသည်။
ပထမဦးစွာ ဆရာတော်ဝါးခါးသည် သူ့အလောင်းထဲမှ နတ်ဆိုးတစ်ကောင်ကို မွေးဖွားခဲ့သည်။ ထို့နောက် နတ်ဆိုးအသွင်ပြောင်းရန် ရက်ပေါင်း တိုတောင်းလာကာ ယခုအခါ နတ်ဆိုးက ပျောက်ကွယ်သွားကာ မြို့ပေါ်တွင် ကြီးမားသော မှိုဦးခေါင်းတစ်ခု ပါရှိသည့် ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကိုသာ ထားရစ်ခဲ့သည်။
အစိမ်းရောင်ဝတ် ဂီတသမားသည် ကြောက်ရွံ့သော အကြည့်ဖြင့် ရွှေဘုရားကို လှမ်းကြည့်နေသည်။ ရင့်မှည့်လာတဲ့ နတ်ဆိုးကို သူတောင်မှ လွယ်လွယ်နဲ့ မနှောင့်ယှက်ဝံ့ချေ။
နတ်ဆိုးအစေ့များသည် အမြစ်မှပေါက်ပြီး အာဟာရအားလုံးကို စုပ်ယူသွားသည်။
ယခု နတ်ဆိုး ဖြစ်တည်လာပြီ။
မြို့ထဲက လူတိုင်း၏ မျက်လုံးများသည် ဧရာမ ရွှေဘုရားကြီးကို အားတက်သရော စိုက်ကြည့်နေကြသည်။ ရင့်လာသော နတ်ဆိုးသည် ၎င်းတို့အတွက် ရှားပါးပစ္စည်း တစ်ခုဖြစ်ပြီး စုဆောင်းကာ လေ့လာကြည့်ဖို့ ထိုက်တန်ပါသည်။
ဒါပေမဲ့ ဘယ်သူကမှ ကြိုပြီး အရင် လှုပ်ရှားတာမျိုး မရှိသေးချေ။
အကယ်၍ သင်သည် ယခုအချိန်တွင် ဝင်လှုပ်ရှားလိုက်ပါက လူအများ၏ ပြစ်တင်ဝေဖန်မှု ပစ်မှတ်ဖြစ်လာပြီး တခြားသူများဆီက ဝိုင်းထားတာကိုတောင် ခံရလိမ့်မည်။
အမှီအခိုကင်းသော စန့်ရန် လူများတွင် ခေါင်းဆောင်မရှိ၊ အကောင်းနဲ့အဆိုး၊ အမှားအမှန်က အရေးမကြီးသလို စည်းကမ်းကလည်း အရေးမကြီးပါဘူး။ သူတို့ လိုချင်တာ မှန်သမျှ လုပ်ပြီး ကိုယ့်ဆန္ဒ အတိုင်း လုပ်သည်။ ထို့ကြောင့် လွတ်လပ်သော လူများကြားတွင် တိုက်ပွဲများက မကြာခဏ ဖြစ်ပွားတတ်သည်။
အသေအပျောက်များစေသည့် သိုင်းသမား တစ်ဦးချင်းကြားအတွင်း ရန်ပွဲများ ဆိုတာက ဖြစ်ရိုးဖြစ်စဉ်ပဲ ဖြစ်သည်။ သို့သော် အဝိုင်းခံနေတဲ့သူတော့ မဖြစ်ချင်ကြ။
အထူးသဖြင့် နတ်ဆိုးများနှင့် ကွဲလွင့်နေသော လူတစ်စု၏ ဝိုင်းရံခြင်းကို ရင်ဆိုင်ရသောအခါ ထွက်ပြေးဖို့ ခက်ခဲလိမ့်မည်။ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ဧရာမမှိုဘီးများသည် လုံးဝ ပုပ်ပွသွားပြီး အနက်ရောင် အရည်များ အဖြစ်သို့ ပြောင်းလဲသွားပါပြီ။
လူများစွာ၏ ဦးခေါင်းခွံများသည် တောင်ကုန်းငယ်တစ်ခုနှယ် စုပုံနေသည်။ ၎င်းတို့၏ မျက်လုံးများ၊ နှာခေါင်းများနှင့် ပါးစပ်များမှ အနက်ရောင်ရေများ စီးကျနေဆဲ။
ထိုအခိုက်တွင် အနက်ရောင်ရေသည် ရုတ်တရက် ရွှေဘုရား၏ ခေါင်းပေါ်ရှိ မှိုများထံမှ စီးဆင်းလာပြီး ဗုဒ္ဓ၏ ခန္ဓာကိုယ်အနှံ့မှ လျှောကျလာသည်။ တစ်ဖန် ကြီးမားသော မျက်လုံးများသည် ထီးတော်အောက်မှ လှိမ့်ဆင်းကာ မြေပြင်ပေါ်၌ နေရာအနှံ့ လှိမ့်သွားသည်။
ရွှေဘုရားကြီး၏ မှိုခေါင်းသည်လည်း ပုပ်ပြီး ပြိုကျလာသည်။
အစိမ်းရောင်ဝတ် ဂီတသမားသည် လက်ဖက်ရည် စားပွဲကို ဆောင့်ရိုက်ကာ ရုတ်တရက် ထရပ်ရင်း မယုံကြည်နိုင်သော အရိပ်အယောင်မျိုး ပြကာ ရွှေဘုရားကြီးကို စိုက်ကြည့်နေသည်။ သခင်မဟွာလီသည်လည်း ပြတင်းပေါက်အနားသို့ တိုးလာ၍ ပြိုကျပျက်စီးနေသည့် ဧရာမဗုဒ္ဓကြီးကို မယုံနိုင်စွာ ကြည့်နေသည်။
ဧရာမဗုဒ္ဓဆီမှာ မယုံနိုင်လောက်စရာ အပြောင်းအလဲတချို့ ရှိလာမယ်ဆိုတာ သူတို့ သိပေမယ့် တခြားသူတွေလိုပဲ ကြောက်လန့်ပြီး စစ်ဆေးဖို့ ရှေ့မတိုးရဲကြသေးချေ။
တစ်ဖက်တွင် သူတောင်းစားဟောင်းနှင့် ရှောင်ဝမ်စွင်း အပါအဝင် အမှီအခိုကင်းသူ (စန့်ရန်) အများအပြားသည်လည်း ထိုမြင်ကွင်းကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေကြသည်။ တချို့က ယုံကြည်ရခက်ပေမယ့် တခြားလူတွေကိုလည်း သတိထား ကြည့်နေကြသေး၏။
ရုတ်တရက် သိုးစိမ်းတစ်ကောင်သည် ဦးခေါင်းကို မြှောက်ကာ လမ်းမပေါ်က ကျောက်ချပ်များပေါ် ခွာကိုနင်း၍ ရုတ်တရတ် ပြေးထွက်လာသည်။ အော်ဟစ်သံ တစ်သံက သူ့ဆီကနေ ထွက်ပေါ်လာကာ ရွှေရောင် ဗုဒ္ဓရုပ်ပွားတော်ဆီသို့ တည့်တည့် ရောက်လာသည်။
အစိမ်းရောင်ဝတ်ထားသော ဂီတသမားသည် လက်သီးများကို တင်းတင်းဆုပ်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သော်လည်း သူဘာကို တွေးနေမှန်းမသိဘဲ တွေးမိသွားပြီး မလှုပ်ရှားတော့ချေ။
"ဝူဟူစန့်ရန်ရဲ့ မကောင်းတဲ့ ညီအစ်ကို!"
သူသည် ဝူဟူစန့်ရန်ဆီက အနိုင်ကျင့်ခံခဲ့ရသည့် နေ့များကို ပြန်အမှတ်ရကာ မပျော်မရွှင် ဖြစ်နေသည့်ပုံစံဖြင့် အသက်ရှုထုတ်လိုက်သည်။ အခြားစန့်ရန်များသည်လည်း သိုးစိမ်းကို မှတ်မိကြသဖြင့် အားလုံးက စိတ်မချမ်းသာသလို ဖြစ်ကုန်ကြသည်။
ဝူဟူစန့်ရန် နေရာတိုင်းတွင် မကောင်းမှု ပြုလုပ်နေချိန်၊ ချင်းယန်နဲ့ အမြီးကိုးချောင်း မြေခွေးက သူ့နောက်သို့ မကြာခဏဆိုသလို ရာဇ၀တ်မှုခင်းများနှင့်အတူ ပေါ်လာတတ်သည်။ စန့်ရန် အတော်များများကိုတောင် ၎င်းတို့က သင်ခန်းစာတစ်ခု သင်ကြားပေးခဲ့သေးသည်။
တခါတရံတွင် အခြားလူဆိုးနှစ်ဦး ဖြစ်သည့် ကျောက်ထွင်းသမားနှင့် ပျားလုပ်သားတို့သည်လည်း မှုခင်းအခင်းဖြစ်ပွားရာ နေရာတွင် ပေါ်လာတတ်သည်။ ပြန့်ကျဲနေသော စန့်ရန် လူအချို့သည် အသက်ရှင် ကျန်ရစ်ပြီး ရန်ငြိုးထားနေရသော်လည်း လက်စားချေဖို့ မဝံ့ရဲကြပေ။
အချို့သော လက်စားချေသူတွေမှာ ကံမကောင်းစွာဘဲ ညီအစ်ကိုငါးယောက်ဆီက ရိုက်နှက်တာကို ခံခဲ့ရသည်။ လူအချို့က သူတို့ကို ကပ်ဆိုးငါးပါးဟုလည်း ခေါ်ကြသည်။
"ဝူဟူစန့်ရန်က ကွယ်လွန်သွားပေမယ့် ညီအကိုလေးယောက်ကို နောက်မှာ ထားခဲ့သေးတယ်... အားလုံးက ဆက်ဆံရတာ အရမ်းခက်ခဲတဲ့ကောင်တွေ.."
အပြာရောင်ဝတ် ဂီတသမားက တိုးတိုးလေးပြောသည်။
"ချင်းယန် ပေါ်လာပြီ... ကျန်တဲ့ သုံးယောက်ကလည်း ပုန်းနေသင့်တယ်"
မြို့တော်၏ အနောက်ဘက်ရှိ မင်ကျန်းမြစ်ဘေးတွင်တော့ စောင်းတီးခတ်သံကြောင့် ရုတ်တရက် နေရာတစ်ခု၏ ပွင့်သွားခဲ့သည်။
စောင်းတီးသံသည် ငြိမ့်ညောင်းသည်။ နတ်သမီးကဲ့သို့ ကျက်သရေရှိသော မိန်းကလေးတစ်ဦးသည် လေထဲတွင် လွင့်မျောလျက် တီးခတ်နေတာ တွေ့ရပေသည်။ အစိမ်းရောင်ဝတ်ရုံနဲ့ ဂီတသမားက သူ၏ စွမ်းအင်များကို ရုတ်သိမ်းလိုက်သောအခါ တီးနေသည့် နတ်သမီး၏ အရိပ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။
လူတိုင်းက စိတ်မချမ်းသာကြချေ။
သခင်မဟွာလီကတော့ ရွှင်မြူးနေပြီး သူ့ဘေးနားက တင်းတင်းကို တိုးတိုးလေး ပြောပြလိုက်သည်။
"ရွှေဘုရားက နတ်ဆိုးရဲ့ ခန္ဓာအစစ်မဟုတ်ပေမယ့် တကယ်တော့ ဒါကနတ်ဆိုးရဲ့ အာဟာရပဲ... ဒီနတ်ဆိုးက ဗုဒ္ဓဘုရားရဲ့ ခန္ဓာကိုယ်အစစ်အမှန်လို့ထင်အောင် လူတိုင်းကို လှည့်စားခဲ့တာ... ဗုဒ္ဓရုပ်တုကို ခြောက်အောင် တိတ်တဆိတ် စုပ်ယူလိုက်ပြီး ခန္ဓာကိုယ်ကို အသွင်ပြောင်းချင်တာ... ရယ်စရာကောင်းလိုက်တာ ငါတို့က အမှီအခိုကင်းတဲ့ စန့်ရန်တွေက ဒါက နတ်ဆိုးလို့ ထင်နေကြတာ...အချိန်ဖြုန်းရုံသက်သက်ပဲ.... မထင်ထားဘူး ဝါးခြင်းနဲ့ ရေခပ်မိသွားတယ်"
တင်းတင်း: "သူ့ရဲ့ခန္ဓာကိုယ်အမှန်က ဘယ်ကိုသွားမှာလဲ... နတ်ဆိုး လွတ်မြောက်သွားရင် ကမ္ဘာကြီး ကမောက်ကမ ဖြစ်သွားမှာကိုတောင် ကြောက်ရတယ်"
ကလေးမလေးက စိတ်ပူနေပေမယ့် သခင်မဟွာလီက စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာမရှိပေ။ သူမက ပြုံးပြီးတောင် ပြောလိုက်သေးသည်။
"မသိဘူး အခု နတ်ဆိုးနယ်မြေက ပြန့်ကျဲသွားပြီ သူလိုတဲ့နေရာကို သွားနိုင်တယ် ဘယ်သူက မြင်နိုင်မှာလဲ"
တင်းတင်း ပို၍ပင် စိုးရိမ်လာသည်။ သခင်မဟွာလီက သူမပုခုံးကိုထိကာ ပြုံးပြလာ၏။
"ဒါက အရွယ်မရောက်သေးတဲ့ နတ်ဆိုးတစ်ကောင်ပဲ ဘာမှမဖြစ်ပါဘူး... ရင့်လာရင် နည်းနည်းတော့ ဒုက္ခများလိမ့်မယ် ဒါပေမယ့် ရုန်းထွက်ဖို့ စိတ်အားထက်သန်တဲ့အတွက် ဒီမိုင်ရာချီအကွာအဝေးကို နတ်ဆိုးနယ်မြေအဖြစ် လုံးဝမပြောင်းသွားခဲ့ဘူး... နတ်ဆိုးနယ်မြေအတွင်းက စွမ်းအင်တွေကို လုံးလုံးလျားလျား မစုပ်ယူနိုင်ခဲ့ဘူး ဆိုရင်တော့ သေချာပေါက် ပြန်ပေးဆွဲရတာ ပိုကောင်းလာလိမ့်မယ်.."
သူ့အသံက အကျယ်ကြီးမဟုတ်ပေမယ့် ပတ်ဝန်းကျင်က အရမ်းတိတ်ဆိတ်နေပြီး လူတွေ အကုန်လုံးက သူမစကားတွေကို နားထောင်နေကြ၏။
"တပေါက်ဖာဘုံကျောင်းက သူ့ကို နှစ်ထောင်ပေါင်းများစွာကြာအောင် ဖိနှိပ်ချုပ်ချယ်ခဲ့တယ်...အခုသူက ပိုထက်မြက်လာပြီ ကောင်းကင်ပြင်နတ်ဘုရားရဲ့ အကြည့်တွေကို ရှောင်ရှားဖို့ ရွှေဗုဒ္ဓကိုယ်ထဲက လှည့်ထွက်သွားတယ်... ကမ္ဘာကြီးရဲ့ အန္တရာယ်တွေကို သိပြီး မရင့်လာခင်မှာ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အစွမ်းထက်တဲ့သူတွေ အများကြီး ရှိတယ်ဆိုတာလည်း သူ သိနေတယ်"
"အသက်မပြည့်သေးပါဘူး အဲဒါကြောင့် လူ့လောကကြီးထဲမှာ ကျင်လည်ရင်း နတ်ဆိုးသဘာဝကို စုပ်ယူပြီး သူ့ကိုယ်သူ နတ်ဆိုးအဆင့်အဖြစ် ပြောင်းလဲပစ်လိုက်လို့ ရတယ် ဒါက နတ်ဆိုးတွေရဲ့ အလေ့အကျင့်တစ်မျိုးပဲ မဟုတ်ရင် အလကားလူ ဖြစ်သွားနိုင်တယ်လေ.."
တင်းတင်း မျက်လုံးများကို မှိတ်ထားလိုက့သည်။ လူ့အရေခွံကို ၀တ်ဆင်ထားတဲ့ နတ်ဆိုးတစ်ကောင်ဟာ မှော်ပညာလမ်းကို လိုက်လျှောက်နေပြီး လူ့လောကထဲ လျှောက်လှမ်းနေပြီလားမသိ။
၎င်းက ဘယ်လိုပုံစံဖြစ်မလဲ။
နေ့ခင်းအိပ်မက်ကို သူမ မမက်နိုင်ပါ။
အရွယ်မရောက်သေးသော နတ်ဆိုးကို လိုက်ရှားရန် ပြန့်ကျဲနေသော စန့်ရန် လူများစွာက လူစုခွဲသွားခဲ့ကြသည်။
ချင်းယန်သည် ဆရာတော်ဝါးခါးကို သားရေအိတ်ထဲ ထုပ်ပိုးထည့်နေသည်။
“ရတနာတွေကို သန့်စင်တဲ့နေရာမှာ သုံးလို့ရလောက်တယ်..."
တင်းတင်းက သိုးကို စူးစမ်းလိုစိတ်နဲ့ စူးစူးစိုက်စိုက် ကြည့်သော်လည်း သခင်မဟွာလီကတော့ အလွန်သတိရှိစွာ တီးတိုးပြော၏။
"ဝေးဝေးနေ... ဒီညီအကိုတွေက တစ်ယောက်မှ လူကောင်းမဟုတ်ဘူး"
ချင်းယန်က သူမကို မြင်သောအခါ ဗုဒ္ဓအရေပြားကို လက်မောင်းအောက်တွင် ထည့်ကာ လှမ်းပြောလေသည်။
"ခယ်မကိုး... မတွေ့တာကြာပြီနော်"
သခင်မဟွာလီလည်း အလွန်ရှက်သွားပြီး မျက်နှာနီရဲကာ ဒေါသဖြင့် ထွက်သွားခဲ့သည်။ တင်းတင်း တစ်ယောက်တည်း အလျင်စလို တွေးကြည့်လိုက်သည်။
"သခင်မက တကယ်ကြီး သခင်လေးချန်ရဲ့ အဘိုးနဲ့ ဆက်ဆံရေး ရှိနေတာပဲ... ဒါဆို သခင်လေးက သခင်မကို အဘွားလေးလို့ ခေါ်သင့်တယ်... ဟုတ်သားပဲ သခင်လေး ဘယ်ရောက်သွားတာလဲ "
ချင်းယန် ဗုဒ္ဓအရေခွံကို ယူဆောင်လာစဥ် မုတ်ဆိတ်မွေးက အလျင်အမြန် ရောက်ရှိလာသည်။
"ရှောင်လျောင်... ငါတို့ အကျိုးအရှိဆုံးဟာကြီးကို ရပြီ... ဒီဗုဒ္ဓရုပ်ပွားတော်က ထူးထူးခြားခြား မှော်လက်နက်အဖြစ် သန့်စင်ပေးနိုင်တယ်ကွ... ခေါင်းပျောက်နေလို့ သနားစရာပဲ... အဘွား ဘယ်မှာလဲ"
မုတ်ဆိတ်မွေးကလည်း ဗုဒ္ဓအရေခွံကို ယူလိုက်သည်။
"တစ်ဆယ်လေးကို သွားရှာရအောင်"
တစ်ဖက်တွင်တော့ ချန်ရှီသည် အဘွားမင်ကျန်း၏ ခေါင်းပေါ်၌ ရပ်ကာ အရှေ့က ကုံကျိုးမြို့ဆီသို့ တည့်တည့် သွားနေ၏။
"ဟေးကော်! မင်း ဒီသန်မာသူတွေရဲ့ စိတ်ကို ညှို့နိုင်လား?"
ဟေးကော် နောက်ပြန် လှည့်ကြည့်လိုက်သည်။ ဘုရင်ခံဖေ့၊ ရှချူးလီ၊ ယန်ကျိုလင်နဲ့ တခြားသူတွေက သူတို့ကို လေအလျင်နဲ့ လိုက်နေတာ တွေ့လိုက်ရသည်။ နှစ်ဖက်ကြားမှာ မိုင်ပေါင်းများစွာ ဝေးကွာနေ၏။
၎င်းသည် နတ်ဆင်းသက်နယ်ပယ်နဲ့ အနတ္တသန့်စင်နယ်ပယ်က ကျင့်ကြံသူများ၏ အတွေးအမြင်နှင့် အသိစိတ်တို့ကို ထိခိုက်စေနိုင်သော်လည်း အကွာအဝေးက ဝေးလွန်းသောကြောင့် မဖြစ်နိုင်ပါ။ မိုင်ပေါင်းများစွာ အကွာအဝေး မရှိပါက တစ်ဖက် လူတို့အား စာလုံးတစ်လုံးတည်းဖြင့် ဖျက်ဆီးရန် လုံလောက်ပါသည်။
ထိုအခိုက်တွင် ချန်ရှီသည် အဝေးမှ ကမ်းစပ်တွင် ရပ်နေသော အရိပ်နှစ်ခုကို မြင်လိုက်ရသည်။ တစ်ယောက်က ဘုန်းကြီးဝူချန်၊ နောက်တစ်ယောက်က ကောင်မလေးတစ်ယောက်ပင်။ သူမသည် မျက်နှာကို အစိမ်းရောင် ပိတ်စဖြင့် ဖုံးအုပ်ထားပြီး ဝူချန် ဘေးတွင် ရပ်နေခဲ့သည်။
ဘုန်းကြီးဝူချန်က သူ့ရင်ဘတ်ရှေ့မှာ လက်တစ်ဖက်ကို ထားလျက် ချန်ရှီကို အဝေးကနေ ဂါဝရပြုလိုက်သည်။ လေပြင်းတစ်ချက် တိုက်ခတ်သွားသောအခါ အစိမ်းရောင် ပိတ်စက မိန်းကလေး၏ မျက်နှာပေါ်မှ လွှင့်တင်လိုက်ရုံမျှဖြင့် သူမကို သေချာ မြင်ရလေ၏။
ချန်ရှီ သူမကိုတွေ့တော့ အံ့သြသွားသည်။ နှလုံးသားက နတ်ဘုရားမကို မြင်လိုက်ရသလို ခံစားလိုက်ရသဖြင့် သူ့နှလုံးခုန်နှုန်းတွေက တဒိန်းဒိန်း တုန်နေသည်။
"ဒီလောက်လှတဲ့ မိန်းကလေးတစ်ယောက် ကမ္ဘာပေါ်မှာ ရှိနေတယ်ပေါ့... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
မိန်းကလေးက ပေါ့ပေါ့ပါးပါး ပြုံးပြီး ဖုန်မှုန့်တွေကို သုတ်လိုက်သလိုမျိုး ဘုန်းကြီးဝူချန်ရဲ့ တောက်ပြောင်တဲ့ နဖူးကို သုတ်ပေးဖို့ လက်ဆန့်လိုက်သည်။ ချန်ရှီ သူ့အကြည့်ကို ဆုတ်လိုက်ပြီး သူ့ဘဝအတွက် ဆက်လက် ပြေးသွားခဲ့သည်။
ဘုန်းကြီး ဝူချန်သည် လေးနက်သော မျက်နှာထားဖြင့် အကြည့်ကို ဆုတ်လိုက်သည်။
"ဆရာတူဒေါ်လေး... သွားရအောင်"
ကောင်မလေးက ပြုံးပြီးပြောလေ၏။
"မင်းငါ့ကို ဒေါ်လေးကို ခေါ်ရင် မင်းသေစရာ မလိုဘူးပေါ့ဘလေ... မင်းရဲ့ဆရာသခင် နာမည်က ဝါးခါး...ငါ့ကိုတော့ ဒေါ်လေးလို့ ခေါ်တယ်...ငါ မခါးချင်ဘူး"
ဘုန်းကြီးဝူချန်က သူ့ကိုစေ့စေ့ မကြည့်ဝံ့ဘဲ မျက်လုံးနဲ့ နှာခေါင်းကိုသာ ကြည့်ရဲသည်။
"ဆရာတူဒေါ်လေး.. ကျွန်တော်က အငယ်တန်း ခင်ဗျားက အကြီးအကဲပါ... ခင်ဗျားကို ဘယ်လိုလုပ် နာမည် ပေးရဲမှာလဲ ရှက်စရာကြီး"
ကောင်မလေးက ခေါင်းငုံ့ပြီး ခဏလောက် စဉ်းစားနေသည်။
“မင်း ဖင်ပြောင်တဲ့ မြည်းတွေနဲ့အတူ ငါ့ရှေ့မှာ နေ့တိုင်း မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို ရွတ်ဆိုနေပေမဲ့ မင်းစိတ်ထဲမှာတော့ ကောက်ကျစ်တဲ့ အတွေးတွေ အမျိုးမျိုးရှိနေတယ်...လောက အဖြစ်အပျက်တွေ အားလုံးက အိပ်မက်တွေ၊ စိတ်ကူးယဉ်တွေ၊ ပူဖောင်းတွေ၊ အရိပ်တွေလိုပဲတဲ့... နှင်းရည်တွေက အလင်းရောင်တွေကို ကြိုက်သလို ရှုမှတ်ရမယ်ဆို... “အိပ်မက်လို မြင်သင့်တယ်” ဆိုတဲ့ မင်းရဲ့ ဗုဒ္ဓကျမ်းဂန်များကို ပြန်လှန်ကြည့်လိုက်....ငါ့ကို နာမည်တစ်ခု ပေးရမယ်ဆိုရင်တော့ ရင့်ရူးမုန့် ဆိုပါတော့.... သွားကြရအောင် မဟုတ်ရင် ငါတို့ကို ဖမ်းမိသွားလိမ့်မယ်... ဒီမှာ ငါမရိုက်နိုင်တဲ့ ကောင်တွေရှိတယ်"
ဘုန်းကြီးဝူချန်မှာ ရှေ့ကလမ်းကို ဦးဆောင်နေပေမယ့် တကယ်တော့ အနောက်က စုန်းမကြီးကြောင့် မရပ်ရဲချေ။ ဘယ်ကိုသွားရမလဲ မသိပေမယ့် သူ့စိတ်ထဲမှာ လွှမ်းမိုးပြီး ဘယ်ကိုသွားသင့်တယ်ဆိုတာ ပြောပြတဲ့ အသိစိတ်က အမြဲရှိနေ၏။
"ဝူချန်... အဲဒီလူငယ်က ဘယ်သူလဲ"
ရင့်ရူးမုန့်က မေးလိုက်သည်။
"ချန်ရှီပါ.. အင်ပါယာစာမေးပွဲကို ဖြေဆိုမယ့် ပညာရှင်..လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဆုံးပါးသွားခဲ့တယ် အဲဒီအချိန်တုန်းက ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားပြီး ပြည်နယ်ငါးဆယ်မှာ ပထမအဆင့်ရခဲ့တယ်... နတ်ဘုရားက သူ့ကို အမြင့်မြတ်ဆုံး တာအိုသန္ဓေသား အပ်နှင်းထားပြီး ကလေးပညာရှင်လို့ လူသိများတယ်... ဒီတစ်ကြိမ်မှာတော့ ဆရာတော်က သူ့ဆီကို လာခဲ့တာ... နည်းနည်းစမ်းသပ်ပြီးတဲ့ နောက်တော့ ကောင်လေးကို နာမ်ဝိညာဉ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ခဲ့တယ်"
ရင့်ရူးမုန့်: "သူက အရမ်းအန္တရာယ်များတယ်... သူနဲ့ ဝေးဝေးနေပါ ငါ့ကို ကြောက်သွားအောင် ဖုံးကွယ်ထားတဲ့ အရာတစ်ခု ရှိတယ်"
ဘုန်းကြီးဝူချန်လည်း အနည်းငယ် လန့်ဖျပ်သွားပြီး ချန်ရှီ၏ တဖြည်းဖြည်း အသွင်အပြင်ကို လှည့်ကြည့်ကာ စိတ်ထဲ ရှုပ်ယှက်ခတ်နေသဖြင့် မေးလိုက်သည်။
"စာတတ်ပေတတ် လူငယ်က အန္တရာယ်ရှိလို့လား"
"မင်းရဲ့ဆရာသခင်ကို သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရာတွေက စားပစ်တာ!"
ဘုန်းကြီးဝူချန် မျက်လုံးပြူးသွားသည်။
ချန်ရှီတို့လက်ထဲတွင် ဆရာတော်ဝါးခါး သေဆုံးခဲ့သည်ဟု သူခန့်မှန်းခဲ့သော်လည်း ဘယ်လို သတ်ခဲ့သလဲတော့ သူမသိပေ။ ချန်ရှီက သူ့ကို စားပစ်မယ်လို့တော့ မမျှော်လင့်ထားခဲ့။
"ကျွန်တော် သူ့ဘေးနားက ခွေးနက်ကို တစ်ချက်ကြည့်လိုက်တယ်... ခွေးက ကျွန်တော့်ကို ကြည့်ပြီး အသိဥာဏ်တွေကို ပြောင်းပစ်ဖို့ ကြိုးစားနေသေးတယ်.."
ရင့်ရူးမုန့်: "အရင်က ငါလည်းသူ့ကို ယူချင်ပေမယ့် အဲ့ချန်ရှီရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရာတွေကို မတော်တဆ တွေ့လိုက်ရလို့ လန့်သွားတာ..."
ဘုန်းကြီးဝူချန် အံ့အားသင့်သွားပြန်သည်။ ဤအသက်မပြည့်သေးသော နတ်ဆိုးကို ကြောက်ရွံ့ထိတ်လန့်တဲ့ အရာက ဘာများဖြစ်မလဲ။
"ဟူး--"
မြေကြီးဖြိုခွဲနိုင်သော စွမ်းအားများက မှော်အတတ်များသည် သူတို့ခေါင်းများပေါ်မှ ဖြတ်ပျံသွားပြီး ချန်ရှီဆီသို့ ဦးတည်သွားခဲ့သည်။ ထို့နောက် ဖေ့ထျန်းကျန့်၊ ရှချူးလီနဲ့ ယန်ကျိုလင်တို့ ပျံသန်းလာခဲ့သည်။
အကြီးတန်းအရာရှိများထဲမှ တစ်ယောက်က ရင့်ရူးမုန့်နဲ့ ဝူချန်တို့ကို တစေ့တစောင်း ဖမ်းမိသွားသဖြင့် သူတို့ကို နှုတ်ပိတ်ရန် ဆုံးဖြတ်ကာ ဆင်းလာခဲ့၏။
"ဒီလူမိုက်တွေကို အရင် စုပ်ပစ်သင့်တယ်!"
ရင့်ရူးမုန့် သူမလက်များကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်ပေမယ့် မှော်အစွမ်းများက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ သူမသည် မင်ကျန်းမြစ်တလျှောက်မှ ချန်ရှီတို့ဆီ ပြေးလာနေသော မှော်စွမ်းအင်ကို ကြည့်ရင်း မျက်နှာအမူအရာက အနည်းငယ် ပြောင်းသွားခဲ့သည်။
"ဒီနေရာက အန္တရာယ်များတဲ့နေရာပဲ... သွားကြစို့ ငါတို့ အခုမသွားရင် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး!"