အိမ်ရှင် သေဆုံးခြင်း
Vol. 12 Ch. 172
မင်ကျန်းမြစ်ရဲ့ မျက်နှာပြင်မှာ အဘွားမင်ကျန်း ရေအောက်ကို အမြန်ဆင်းပြီး ရေကူးနေတာကြောင့် လှုပ်ရှားနေသည်။ သူမ၏ ကြီးမားသော ခန္ဓာကိုယ်သည် မြစ်ရေမျက်နှာပြင်ကို ဆယ်ပေကျော်အထိ မြှင့်တင်ထားစေသည်။
အမြန်နှုန်းက ကန့်သတ်ချက်သို့ ရောက်ရှိသွားသော်လည်း သူမနောက်ကွယ်က မှော်စွမ်းအင် ပေါင်းများစွာက သူမရဲ့ အမြန်နှုန်းထက် အဆများစွာ ပိုမြန်နေသည်။
ဖေ့ထျန်းကျန့်နဲ့ တခြားသူတွေက သူတို့ကို နှုတ်ပိတ်ဖို့ ဆုံးဖြတ်ထားပြီးပြီ။ သူတို့သတ်ချင်တဲ့ ပထမဆုံးလူကတော့ အဘွားမင်ကျန်းနဲ့ တောင်နီမယ်မယ်တို့လို “ကန့်ညောင်” တွေပါပဲ။ ထို့နောက် တူးမြောင်းအဖွဲ့အစည်းနဲ့ တောင်နီခန်းမက ဂိုဏ်းဝင်များ အားလုံးကို သတ်ပစ်မည်ဖြစ်သည်။
ကုံကျိုးမှာ ငြိမ်းချမ်းရေး ပြန်ရလာတဲ့အခါမှသာ သူတို့ စိတ်ချနိုင်လိမ့်မည်။
၎င်းတို့သည် နတ်ဆင်းသက်နယ်ပယ်နဲ့ အနတ္တသန့်စင်နယ်ပယ်မှာ တန်ခိုးကြီးသူများ ဖြစ်သည်။ သူတို့မှာ ကြီးမားတဲ့ မှော်အစွမ်းတွေ အများကြီး ရှိကာ အံ့သြဖွယ်စွမ်းအားဖြင့် မိုင်ရာနှင့်ချီဝေးသော ပစ်မှတ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်သည်။ အဘွားမင်ကျန်းလို ဖြစ်တည်မှုကို ဖျက်ဆီးပစ်ဖို့ဆို သူတို့အတွက်က အင်္ကျီလက်တစ်ဖျပ်ဖျပ် ခတ်လိုက်ရုံပါပဲ။
ချန်ရှီသည် အဘွားမင်ကျန်း၏ ခေါင်းပေါ်တွင် ရပ်ကာ နောက်သို့ လှည့်ကြည့်သော်လည်း တောက်လောင်နေသော မီးတောက်များက သူ့အမြင်အာရုံ အားလုံးကို ပိတ်ဆို့သွားသည်။ သူ မြင်လိုက်ရတာက ပြင်းထန်သော မီးတောက်များသာ။
မီးတောက်အောက်တွင် မြစ်ရေမျက်နှာပြင်က လျင်မြန်စွာ အငွေ့ပျံလာသည်။ ထူးဆန်းတာက မြစ်ရေက မဆူဘဲ တိုက်ရိုက် အငွေ့ပျံသွားတာပါပဲ။ သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။
"ငါကအခု သေရေးရှင်ရေးရဲ့ အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်နေပြီ.. ဒီအသေးအဖွဲ့ အရာတွေကို တွေးနေမိတုန်းပဲ"
သူ့အမြင်အာရုံကို ပိတ်ဆို့ခဲ့သော မီးသည် ဒုတပ်မှူးကြီး ကျောင်ရှိုချင်းရဲ့ အစွမ်းအစပဲ ဖြစ်လေသည်။ ရှုံထိုက် အသွင်ပြောင်းမှု သုံးခုကြားမှ ကျူရုံ အသွင်ပြောင်းခြင်းဖြစ်ပြီး နတ်ဘုရားနတ်ဆိုးကို မီးညှိပေးလိုက်သလိုမျိုး အလွန်ကြီးမားသဖြင့် ချန်ရှီရဲ့ မြင်ကွင်းတစ်ခုလုံးကို ပိတ်ဆို့နိုင်ခဲ့သည်။
ကျူရုံ အသွင်ပြောင်းခြင်း ပြီးနောက် ၎င်းထက်သာလွန်သော အခြားသော စွမ်းအင် ဆယ်ခုကျော်ရှိပါသေးသည်။ သို့သော် ကျူရုံက အလျင်မြန်ဆုံး ပြောင်းလဲခဲ့ပြီး အဘွားမင်ကျန်းနောက်သို့ ဦးစွာ ရောက်ရှိလာခဲ့၏။
ကျူးရုံ သူတို့ကို သတ်ခါနီးမှာ ခွေးတစ်ကောင်က ရုတ်တရက် ထိုးဟောင်လိုက်သည်။ ချန်ရှီ ရှေ့ကို ကမန်းကတန်း မျှော်ကြည့်လိုက်တော့ လက်ထဲတွင် ဝါးခြင်းတောင်းကို ကိုင်ဆောင်ထားသည့် အဘွားရှားသည် မြစ်ကမ်းဘေးတွင် ရပ်နေသည်။
ချန်ရှီ ထိုခြင်းတောင်းကို ချက်ချင်း မှတ်မိသည်။ အဘွားရှားက ကြက်တွေ မွေးမြူပြီး ဥတွေကို ထိုခြင်းတောင်းထဲမှာ ထည့်တတ်သည်။ ခြင်းတောင်းမှာ ဥတွေပြည့်လာတဲ့အခါ အဘွားက တောင်းကို ချောင်ဝမ်မြို့မှာရှိတဲ့ အနီးဆုံးဈေးမှာ ကြက်ဥရောင်းဖို့ သယ်သွားလိမ့်မည်။
ကြက်ဥတစ်လုံးကို အကြွေစေ့ပေါင်းများစွာနဲ့ လဲလှယ်နိုင်၏။ ၎င်းသည် နတ်ခေါ်ခြင်းအပြင် အဖွားရှားရရှိသော အပိုဝင်ငွေ အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။
လျန် ဒါကို ရှင်းရှင်းလင်းလင်း သိရတဲ့ အကြောင်းရင်းကတော့ တစ်ချိန်က အဖွားရဲ့ အိမ်မှာ နေထိုင်ခဲ့သေးသည်။ အဘွားမှာ စားစရာက နည်းနည်းပဲရှိပြီး ကြက်ဥတွေကိုသာ အများကြီး စားတာကြောင့်ပါပဲ။ အဖွားရှားက သူ့ကို အကြွေးတွေ စုဆောင်းဖို့ လာခဲ့တဲ့ "သားဆိုး" လို့ မှတ်ယူဖူးသေးသည်။
အဘွားကြီးသည် လက်ထဲက ဝါးခြင်းတောင်းကို အဝေးသို့ လွှင့်ပစ်ကာ တစ်စုံတစ်ခုကို ရေရွတ်လိုက်တဲ့အခါ ဝါးခြင်းတောင်းသည် သူတို့ဆီသို့ လွင့်ပျံသွားကာ ပို၍ပို၍ ကြီးလာသည်။ မကြာခင်မှာပဲ ချန်ရှီတို့အားလုံးကို ကျော်ဖြတ်ပြီး အနောက်ကနေ လှိမ့်ဆင်းလာတဲ့ ကုံကျိုး အရာရှိများရဲ့ စွမ်းအင်တွေကို တွေ့လိုက်ရပါ၏။
မှော်အစွမ်းတစ်ခုစီကို ဝါးခြင်းတောင်းထဲ စုဆောင်းပစ်လိုက်သည်။ ထို့နောက် တောင်းက တဖြည်းဖြည်း သေးငယ်သွားကာ နောက်ဆုံး မှော်အစွမ်း ခြင်းတောင်းထဲသို့ ကျသွားသောအခါ ဝါးခြင်းတောင်းက လျင်မြန်စွာ သေးငယ်လာပြီး အဖွားရှား၏ တံတောင်ဆစ်ဆီသို့ ပြန်ရောက်သွားခဲ့သည်။
"လူကြီးမင်းတို့ ဒေါသအရမ်းထွက်နေတာက အကြိမ်ပေါင်းများစွာ အိပ်ယာထ နောက်ကျနေလို့ ဖြစ်မယ်.... ဒီအဘွားကြီးကို မျက်နှာသာပေးလို့ ရမလား"
အဘွားရှားသည် ဖေ့ထျန်းကျန့်နှင့်အတူ ပျံဝဲလာနေသော လူများကို ကြည့်နေရာမှ သူမလက်ထဲက ဝါးတောင်းကို မြစ်ထဲ ညင်ညင်သာသာ လွှဲယမ်းလိုက်သည်။ ထို့နောက် မြစ်ရေတွေက လေထဲသို့ မြင့်တက်လာပြီး ချန်၊ ခွမ်း၊ ရွှင့်၊ ကျန့်၊ ခမ်၊ လီ၊ ကန်၊ သွေ့ဟူသော စာလုံးများနဲ့ ဖွဲ့စည်းထားသော အခင်းအကျင်း တစ်ခု ဖြစ်ပေါ်လာသည်။
စာလုံးကြီးများသည် ဖြည်းညှင်းစွာ လှည့်ပတ်ကာ မြစ်မျက်နှာပြင်မှ ဖြန့်ထွက်သွားသည်။ ဖေ့ထျန်းကျန့်တို့ ဖြတ်သွားတော့မယ့် အချိန်၌ သူတို့ရှေ့မှ အခင်းအကျင်း ရုတ်တရက် ပြောင်းလဲသွားတာ တွေ့လိုက်ရသည်။
ဖေ့ထျန်းကျန့် ခမ်အခင်းအကျင်းကို ဖြတ်သွားခဲ့သည်။ ထိုအခိုက် ကောင်းကင်နှင့် မြေကြီးကို ဖုံးအုပ်ထားတော့မလိုမျိုး ပတ်ပတ်လည်တွင် ရေစီးကြောင်းများ တဟုန်ထိုး လျှံတက်လာတော့သည်။
ရေလွှမ်းမိုးမှုကို တားဆီးဖို့ သူ့လက်ကို မြှောက်လိုက်ပြီး ညည်းညူသံကို လွှင့်လိုက်၏။ ရေလွှမ်းမိုးမှုသည် တောင်များနှင့် မြစ်များထက် ပိုမိုပြင်းထန်သည်။ သူ့အစွမ်းနဲ့တောင် မခံနိုင်တော့။
ဖေ့ထျန်းကျန့်လည်း တိုက်ပွဲကို စွန့်လွှတ်လိုက်သည်။ သူ့ရုပ်ခန္ဓာက ရေလွှမ်းမိုးခြင်းကို ဖြတ်ကျော်သွားခဲ့ရာ သူ၏ စစ်မှန်သော ချီစွမ်းအင်သည် ကြီးမားသော ဖုံးလွှမ်းမှုကို မတားဆီးနိုင်လိုက်ဘဲ တဟုန်ထိုး တက်လာသော ရေက ချက်ချင်း သူ့ကို နစ်မြုပ်သွားစေသည်။
ရုတ်တရက် ရေတွေက အဆုံးမရှိ ဖြစ်လာပြီး အပေါ်၊ အောက်၊ ဘယ်၊ ညာ မသိတော့ချေ။
ရှချူးလီ ရွှင့်အကွက်ထဲ ဝင်လိုက်သည်နှင့် အချိန်နှင့် နေရာလွတ်က မည်းမှောင်သွားကာ သူ့ဆီသို့ လာနေသော အနက်ရောင်လေတွေကို တွေ့လိုက်ရသည်။ သူ့အသားနဲ့အရိုးတွေကို အပိုင်းပိုင်း ဖြတ်နီးပါး မှုတ်ထုတ်သွား၏။ သူသည် နတ်ဝိညာဉ်ကို အလျင်အမြန် ခေါ်သော်လည်း နတ်ဝိညာဉ်က မြေပြင်ပေါ်သို့ လွင့်ပျံသွားသဖြင့် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် အသည်းအသန် ထိန်းနေရသည်။
ယန်ကျိုလင်က ကျန့်အကွက်ထဲသို့ ဝင်လိုက်သည်။ သူဝင်လိုက်သည်နှင့်ပင် ကောင်းကင်နှင့်မြေကြီးက ရုတ်တရက် ပြောင်းလဲသွားလေ၏။ ကောင်းကင်မှာ မိုးခြိမ်းသံတွေက မိုးရွာချလာသလိုပဲ ဆက်တိုက် ကျဆင်းလာတော့သည်။
သူသည် မိုးကြိုးပေါင်းများစွာကို ခံနိုင်ရည်ရှိသော်လည်း အရေးကြီးတဲ့ နေရာများကို ထိမှန်လုနီးပါး ဖြစ်သွားခဲ့သည်။ လူက ထိတ်လန့်တုန်လှုပ်သွားရာ စိတ်ဝိညာဉ်တစ်သောင်း အလံကို အမြန်ဆွဲယူပြီး မြှင့်တင်လိုက်တော့သည်။
အလံသည် လူတစ်ဦးစာလောက် အရပ်ရှည်ပြီး တြိဂံပုံသဏ္ဌာန်ရှိပြီး အောက်ဖက်တွင် ကြိုးဖြူခြောက်ခု ပါရှိသည်။
နဖူးစည်းထိပ်တွင် နွားဦးချိုများပါရှိပြီး မြေအောက်ကမ္ဘာရှိ နွားဦးခေါင်းရှိသော ဘီလူးတစ်ကောင်ဖြစ်သည့် ထူပေါ်ကို ကိုယ်စားပြုလေသည်။ နဖူးစည်းတွင် ရှုပ်ထွေးသော စာလုံး အသွင်အပြင်များပါရှိ၏။ အောက်ဖက်၌ အကွေ့အကောက်ရှိသော ဟွမ်ချွမ် ကိုးခုဖြင့် ချယ်လှယ်ထားသည်။ ဟွမ်ချွမ် အကွေ့တစ်ခုစီတွင် တစ္ဆေဘုရင်ဆယ်ပါးကို ကိုယ်စားပြုသည့် နန်းတော်တစ်ခုရှိသည်။
အနှီနန်းတော်က ဟွမ်ချွမ်အကွေ့၏ အောက်ခြေတွင်ရှိသည်။
အလံကို ဝှေ့ယမ်းလိုက်သောအခါတွင် မရေမတွက်နိုင်သော ဦးခေါင်းခွံကြီးများ ပေါ်ထွက်လာ၏။ ဦးခေါင်းခွံတစ်ခုစီသည် ငါးပေခန့်ရှိပြီး သွေးအလိမ့်လိမ့်ဖြင့် ဖုံးလွှမ်းထားကာ အဆုံးမရှိ နာကြည်းမှုများဖြင့် ဖြစ်ပေါ်လာသော မှော်စွမ်းအားများကို သယ်ဆောင်ထားသည်။
ယန်ကျိုလင်သည် စိတ်ဝိညာဉ်တစ်သောင်း အလံကို အားကြိုးမာန်တက် ဝှေ့ယမ်းလိုက်တဲ့အခါ မရေမတွက်နိုင်သော သွေးထွက်သံယို ဦးခေါင်းခွံများသည် အလံနှင့်အတူ ရှေ့သို့ ပျံဝဲကာ ကျန့်အကွက်တစ်လျှောက် မှော်မီးကို မှုတ်ထုတ်လိုက်သည်။
အေးစက်သော ရယ်မောသံ တစ်သံက ဖေ့ထျန်းကျန့်ဆီက ထွက်ပေါ်လာ၏။ သူသည် ခမ်အကွက်ထဲ၌ ဝိညာဉ်တစ်သောင်းအလံကို ဝှေ့ယမ်းနေကြသည်။
"အသက်နဲ့ ဥစ္စာပစ္စည်းတွေကို မထီမဲ့မြင်ပြုလာတဲ့အခါ ဘယ်လိုမှ မလေးစားနိုင်တော့ဘူးတဲ့"
တစ်ဖက်တွင်မူ ရှချူးလီသည်လည်း စိတ်ဝိညာဉ်တစ်သောင်း အလံကို လွှင့်ထူကာ ရွှင့်အကွက်ကို သတ်ခဲ့ပြီး ကျန်းရွှင့်ကတော့ ဝိညာဥ်တစ်သောင်းအလံကို လွှင့်တင်ကာ ချန်အကွက်ကို သတ်ပစ်ခဲ့သည်။
သူတို့လေးယောက်သည် ဝိညာဥ်တစ်သောင်းအလံများကို ဝှေ့ယမ်းကာ အဘွားရှားရဲ့ ရှစ်ကွက် ဖွဲ့စည်းမှုကို ချိုးဖျက်နေကြစဥ် ကျန်း၊ ရွှီ၊ ကျောင်နဲ့ ကျိုင်မိသားစုထဲက အခြားသော အရေးကြီးအရာရှိများ၏ ရုပ်ပုံများ ပေါ်လာသည်။
အဘွားရှားရဲ့ နှလုံးခုန်သံလည်း ပြင်းထန်လာတော့၏။ ဒီလူတွေရဲ့ ကျင့်ကြံမှုက သူ့လောက်မကောင်းပေမယ့် သူတို့ဟာ လူအင်အား အရမ်းများနေပြီး ဝိညာဉ်တစ်သောင်းအလံကလည်း ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ပေ။
ထိုအရာရှိများက ကုံကျိုးကို ညံ့ဖျင်းစွာ အုပ်ချုပ်ခံသဖြင့် မကြာသေးမီနှစ်များအတွင်း လူများစွာ သေဆုံးခဲ့ပြီး နာကြည်းမှုတွေကလည်း စုပြုံလာခဲ့သည်။ ရလဒ်အနေဖြင့် လူများစွာသည် သေပြီးနောက် မြေအောက်ကမ္ဘာသို့ မသွားနိုင်ကြဘဲ ဝိညာဉ်တစ်သောင်းအလံထဲသို့ တိုက်ရိုက် စုဆောင်းခံခဲ့ရသည်။
ဝိညာဥ်တစ်သောင်းအလံထဲတွင် နတ်ဆိုးများ ပိုများလာ၏။ နောက်ပိုင်းတွင် အချင်းချင်း ဝါးမျိုသွားကာ အလံရဲ့ စွမ်းအားကို ပိုမိုအားကောင်း အားကောင်းလာစေခဲ့သည်။ ထို့အပြင် အကြီးတန်းအရာရှိများ၏ နေ့ရောညပါ ယဇ်ပူဇော်ခြင်းဖြင့် ဤအလံရဲ့ စွမ်းအားသည် လက်နက်ကြီးအဆင့်သို့ ရောက်ရှိသွား၏။
သို့သော် ၎င်းက သိုးဦးချိုကောင်းကင်ဝိညာဥ် မီးအိမ်ထက်တော့ အဆပေါင်းများစွာ နိမ့်ကျနေပါသေးသည်။
"အဘွားကြီး... တခြားသူတွေရဲ့ စီးပွားရေးမှာ ဝင်မစွက်ဖက်ပါနဲ့... လူကြီးမင်းယောင် ခင်ဗျားတို့ နှစ်ယောက် အရင်သွားလိုက် ငါတို့ သူမကို ကိုင်တွယ်ထားမယ်!"
ဖေ့ထျန်းကျန့် အမိန့်ပေးလိုက်သောအခါ ယောင်ကွေနဲ့ ရွှီမင်တို့ ချက်ချင်း ထွက်ပြေးလာပြီး အဘွားရှားကို ကျော်ဖြတ်ကာ ချန်ရှီတို့ရှိရာ အကွာအဝေးထဲ ခုန်ပေါက်ဝင်သွားကြသည်။
အဘွားရှားလည်း လူတိုင်းကို တားဖို့ ကြိုးစားနေ၏။ သူမ လှုပ်ရှားမလို့ ပြင်လိုက်စဥ် ဝိညာဥ်တစ်သောင်းအလံကို တွေ့လိုက်ရသည်။ စိတ်ဝိညာဉ်တစ်သောင်း အလံလေးခု လေထဲတွင် လွင့်မျောနေကာ အထဲက သရဲတစ္ဆေတွေရဲ့ စွမ်းအားက အရမ်းပြင်းထန်နေသည်။
အဘွားရှား ဒေါသထွက်လာပြီး "ငါက စိတ်ဝိညာဉ်တွေကို သန့်စင်တဲ့သူ.... ငါ့ရှေ့မှာ ဝိညာဉ်တစ်သောင်းအလံကို ဝှေ့ယမ်းနေတာက ကျွမ်းကျင်တဲ့ သူတစ်ယောက်ရှေ့မှာ မင်းရဲ့အရည်အချင်းတွေကို အလဟာသ ပြသနေသလိုပဲ!"
အော်ဟစ်ပြီးတာနဲ့ သူမဝိညာဉ်သည် တော်ဝင်သမီးတော်အဖြစ် ပြောင်းလဲသွားသည်။ သူမ ရုတ်တရက် ခြေထောက်ကို မြှောက်ကာ ရေမျက်နှာပြင်ပေါ် ပြင်းပြင်းထန်ထန် နင်းချလိုက်သည်။ ထိုအခါ မြစ်ထဲတွင် သေဆုံးသွားသည့် မရေမတွက်နိုင်သော အလောင်းများသည် ရေအောက်ခြေမှ ကုန်းထလာကြ၏။ အဖြူရောင်အရိုးစုများသည် မြစ်မျက်နှာပြင်ပေါ်တွင် အရိုးပလ္လင်တစ်ခု ခဏအတွင်း တည်ဆောက်ပစ်သည်။
အပြာရောင် ကျောက်တုံးလမ်းကို ခင်းပြီးတဲ့အခါ မြစ်ရေမျက်နှာပြင်သည် ရုတ်တရက် ပြောင်းလဲသွားပြီး မြေအောက်ကမ္ဘာနှင့် ဆက်သွယ်ပြီးသား ဖြစ်သွားသည်။
ဤမြစ်ကြီးသည် _မရဏသို့ရောက်ရှိပြီး မေ့လျော့ခြင်းမြစ်၏ အစိတ်အပိုင်း တစ်ခုဖြစ်လာသည်။ အဖွားရှားရဲ့ ရှေ့က မြစ်ရေမျက်နှာပြင်ဟာ မရဏကမ္ဘာဖြစ်ပြီး သူ့နောက်က မြစ်ရေမျက်နှာပြင်ကတော့ သက်ရှိကမ္ဘာပင်။
အဘွားကြီးသည် မရဏကမ္ဘာ၌ ခြေတစ်ချောင်းချကာ သက်ရှိလောက၌ ခြေတစ်ဖက် ချထားသည်။ သူမသည် မရဏကမ္ဘာ၏ စွမ်းအားကို ချေးယူလိုက်သောကြောင့် သူမရဲ့ အစွမ်းသတ္တိက သိသိသာသာ တိုးလာသည်။
ရန်သူတွေ များလွန်းတာကြောင့်သာ မဟုတ်ရင် သူမဟာ မြေအောက်ကမ္ဘာထဲကို အလွယ်တကူ ခြေချလိုစိတ်မရှိခဲ့ပါဘူး။ သူမသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို နှောက်ယှက်ခဲ့ပြီး မရေမတွက်နိုင်သော မြေအောက်အရာရှိများ၊ သရဲတစ္ဆေများနှင့် နတ်တစ္ဆေများကို စော်ကားခဲ့သည်။ သူတို့က သူမကို စောင့်ကြည့်နေကြ၏။ မရဏကမ္ဘာကို ခြေချနေသမျှ ကာလပတ်လုံး သူမကို မြေအောက်အရာရှိများ၊ သရဲတစ္ဆေများနှင့် နတ်တစ္ဆေများက လိုက်လံဖမ်းဆီးလိမ့်မည်။
လောလောဆယ်တွင် သူမသည် ချန်ရှီရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေတာမို့ အခြားအရာများကို များစွာ ဂရုမစိုက်နိုင်တော့ပေ။
ဖေ့ထျန်းကျန့်နဲ့ အခြားသူများကို မြေအောက်ကမ္ဘာထဲသို့ ဆွဲခေါ်သွားခဲ့သည်။ သူတို့မျက်နှာတွေလည်း ရုတ်ချည်း ပြောင်းလဲသွားကုန်၏။ သူတို့ခန္ဓာကိုယ်ပေါ်ရှိ အသွေးအသားအားလုံး ပျောက်ကွယ်သွားပြီး အရိုးဖြူများ အဖြစ် ပြောင်းလဲသွားသည်။
"အဘွားကြီးက ငါတို့ကို မရဏကမ္ဘာထဲကို ဆွဲခေါ်သွားနေတာ!!"
လူလေးယောက် အထိတ်တလန့် ဖြစ်နေကြသော်လည်း ဝိညာဥ်တစ်သောင်းအလံကို အသက်သွင်းနေကြဆဲ ဖြစ်သည်။ ရုတ်တရက် ဆိုင်းဘုတ်ရှိ မရေမတွက်နိုင်သော သွေးအရိုးစုများ၏ မှော်စွမ်းအင်ကို အဖွားရှားက လက်တစ်ဖက်ဖြင့် ဖမ်းဆွဲထားခဲ့သည်။
အဘွားကြီး၏ ဝိညာဉ်သည် မရဏဧကရီတစ်ပါးလို ဖြစ်နေကာ ဝိညာဉ်တစ်သောင်းအလံကတောင် မယှဉ်နိုင်တော့ပါ။
ထိုအချိန်တွင် မင်ကျန်းမြစ်၏ မျက်နှာပြင်ပေါ်မှ မီးရောင်များသည် ဤဘက်သို့ လင်းလက်လာသည်။ အနီးနားရှိ သရဲတစ္ဆေများသည် ၎င်းတို့၏ရန်သူ မြေအောက်ကမ္ဘာထဲသို့ တစ်ဖန်ဝင်ရောက်လာကြောင်း သတိထားမိသဖြင့် ဤနေရာသို့ ပြေးလာကြသည်။
အဘွားရှားသည် ဘက်ပေါင်းစုံမှ ဝိညာဉ်တစ်သောင်းအလံများကို ဖြတ်ကျော်ကာ ဝါးတောင်းကို ပစ်ကာ ဖေ့ထျန်းကျန့်ကို မြေပြင်ပေါ်သို့ ခေါက်ချလိုက်သည်။ ရှချူးလီ နှလုံးကို ကန်ထုတ်လိုက်ပြီး သူမရဲ့ လက်ချောင်းထိပ်လေးတွေနဲ့ ကျန်းရွှင့်ရဲ့ ရင်ဘတ်မှာ မီးကြာပန်းကို စိုက်ထားလိုက်ပါ၏။ သူမသည် စက်ဝိုင်းတစ်ဝက်ကို လှည့်လိုက်စဥ် လက်ထဲတွင် သိုးဦးချိုကောင်းကင် မီးအိမ်တစ်ခု ပေါ်လာသည်။
သိုးရဲ့ ကျောပြင်ပေါ်မှာ ရပ်နေတဲ့ လူကလေး မျက်လုံး ဖွင့်ကြည့်လိုက်တာနဲ့ မီးတောက်တစ်ခုသည် ကြောက်မက်ဖွယ် ကောင်းသော အလင်းတန်းတစ်ခု အသွင် ထွက်ပေါ်လာပြီး ယန်ကျိုလင်၏ ခန္ဓာကိုယ်ကို ထိမှန် လောင်ကျွမ်းသွားလေသည်။
ယန်ကျိုလင်၏ ဝိညာဉ်သည် အလင်းတန်းဖြင့် ထိမှန်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်မှ ကွဲထွက်သွားကာ မိုင်ရာနှင့်ချီ အကွာအထိ လွင့်ကျသွားခဲ့သည်။
အဖွားရှား သူမ၏ ညာခြေကို ဆုတ်လိုက်ရာ စိမ်းပြာရောင် ကျောက်ခင်းလမ်းလည်း နောက်ပြန်ဆုတ်သွားသည်။ မရဏကမ္ဘာ၊ မေ့လျော့ခြင်းမြစ်နဲ့ လှေပေါ်ပါလာသော တစ္ဆေတမန်များ အားလုံး ပျောက်ကွယ်သွားကြသည်။
အဘွားကြီးသည် လက်တစ်ဖက်စီတွင် မီးအိမ်တစ်လုံးနှင့် တောင်းတစ်လုံးကို ကိုင်ဆောင်ကာ လေထဲမှ ခုန်ဆင်းကာ ပြေးသွားခဲ့သည်။
ဖေ့ထျန်းကျန့်နဲ့ အခြားလေးဦးတို့သည် မြေအောက်ကမ္ဘာရှိ မေ့ပျောက်မြစ်ပေါ်တွင် ကျန်ရစ်ခဲ့ကုန်၏။ အသီးသီး ကြောက်လန့်တကြားဖြင့် အဖွားရှားနောက်ကို လိုက်ချင်ပေမယ့် ဘယ်မှာစရှာရမှန်း မသိခဲ့ကြ။
ယန်ကျိုလင်လည်း သူ့ဝိညာဉ်ကို အမြန်ပြန်ခေါ်လိုက်ပြီး ထိုဘက်ခြမ်းကို အရှိန်အဟုန်နဲ့ ပျံသန်းသွားခဲ့သည်။
သို့သော် မြေအောက်ကမ္ဘာမှ အေးစက်သော လေက တိုက်ခတ်လာသောအခါ သူ့စိတ်ဝိညာဉ်သည် အေးခဲသွားကာ အကြိမ်ပေါင်းများစွာ တုန်လှုပ်သွားခဲ့သည်။ တခဏချင်းမှာပဲ သူ့စိတ်ဝိညာဉ်ရဲ့ ကြီးထွားမှုဟာ ၁၀% အထိ လျော့ကျသွားလေ၏။
"ငါတို့ မြေအောက်ကမ္ဘာထဲမှာ ပိတ်မိနေပြီ!"
ဖေ့ထျန်းကျန့် ညိုးငယ်သော မျက်နှာဖြင့် ပြောလိုက်သည်။ သူစကားမဆုံးခင်မှာ မှိုင်းညို့နေတဲ့ ရောင်ဝါက သူ့ဆီ ရုတ်တရက် ပြေးဝင်လာပြီး ဆို၏။
"မင်းတို့ရဲ့ သက်တမ်းက မကုန်သေးဘူး... ဘာလို့ ဝင်လာတာလဲ... ပြန်သွား!"
မကောင်းသော စွမ်းအင်များက သူတို့အပေါ် ထိုးဖောက် ဝင်ရောက်လာလေသည်။ လေးယောက်လုံး မရပ်မနား နောက်ပြန်ဆုတ်သွားရကာ လုံးဝ မရပ်တန့်နိုင်ခဲ့ပေ။
သူတို့လေးယောက် အတင်းအကြပ် မတ်တပ်ရပ်လိုက်တဲ့ အခါမှာတော့ သူတို့ပတ်ဝန်းကျင်မှာ တောက်ပတဲ့ အလင်းရောင်တစ်ခုကို တွေ့လိုက်ရ၏။ မြေအောက်ကမ္ဘာနဲ့ လုံးဝမတူဘဲ သူတို့သည် မူလ အသက်ရှင်သောကမ္ဘာသို့ ပြန်ရောက်သွားကြသည်။
သူတို့သည် အသွေးအသားကို ပြန်လည်ရရှိကြပြီး တုန်လှုပ်ချောက်ချားနေရာမှ တဖြည်းဖြည်း ငြိမ်သက်သွားပြီးနောက် ချန်ရှီနှင့် အခြားသူများ ထွက်ခွာသွားသည့် ဦးတည်ရာဆီသို့ အလျင်အမြန် လိုက်သွားကြသည်။
ဤအခိုက်အတန့်တွင် လူလေးယောက်သည် အမှောင်ထုထဲမှ အလင်းတန်းတစ်ခုသည် သူတို့၏ဝိညာဉ်များပေါ်သို့ ထွန်းလင်းလာကြောင်း၊ သူတို့၏ နာမ်ဝိညာဉ်သုံးပါးနှင့် စိတ်ဝိညာဉ်ခုနစ်ပါးကို လင်းလက် တောက်ပစေကြောင်း ရုတ်တရက် သတိပြုမိလိုက်ကြသည်။
"နာရီဝက်ကျန်သေးတယ်"
မရဏကမ္ဘာက မေ့လျော့ခြင်းမြစ်ပေါ်မှ ဆိုးသွမ်းသော အသံတစ်သံက ပဲ့တင်သံဖြင့် ထွက်ပေါ်လာသည်။
"မင်းတို့ကို ပြန်ခေါ်ပစ်မယ်..."
အဘွားမင်ကျန်းသည် ချန်ရှီကို တလမ်းလုံး သယ်ဆောင်ပြီး ကုံကျိုးမြို့သို့ ပြေးဝင်သွားခဲ့သည်။ စစ်ဦးစီးချုပ် ယောင်ကွေးနှင့် ပညာရေးမှူး ရွှီမင် အပါအဝင် အကြီးတန်းအရာရှိ ကိုးဦးက ပြင်းထန်စွာ ပြေးလိုက်လာကြသည်။ အားလုံး မြို့ထဲကို ပြေးဝင်သွား၏။ ရုတ်တရက် အသားနီရောင် ယုန်ကြီးတစ်ကောင် ခုန်ထွက်လာပြီး ချန်ရှီနဲ့ တခြားသူတွေကို ကယ်ဆယ်ဖို့ ရည်ရွယ်ဖြင့် မြစ်ကမ်းနားကို ပြေးလာသည်။
ဒါကိုမြင်တာနဲ့ မြို့စောင့်အမတ် စန်ရွှယ်ဖုက ချက်ချင်း ထခုန်ကာ ကြီးကျယ်ခမ်းနားတဲ့ ယုန်ကို လမ်းတစ်ဝက်မှာ ကြားဖြတ်လိုက်လေ၏။ သူ့မှာ အစွမ်းထက်တဲ့ စွမ်းရည်တွေ ရှိတာကြောင့် ကြီးကျယ်ခမ်းနားတဲ့ ယုန်ကို လက်ဝှေ့ယမ်းရုံနဲ့ လှဲချပစ်လိုက်သည်။
လူနှစ်ယောက် မြေပေါ် ဆင်းသက်လာခဲ့ကြသည်။ မင်ကျန်းမြစ်သည် သူနှင့် ခြေလှမ်း ဒါဇင်အနည်းငယ်သာ ဝေးတော့၏။ သို့သော် စန်ရွှယ်ဖုက မင်ကျန်းမြစ်ဆီ သွားတော့မယ့် ယုန်ရဲ့လမ်းကို ပိတ်ဆို့လိုက်ပြီး။
"ယွိထျန်းချန်! ရပ်လိုက်ပါ!"
ကြီးကျယ်ခမ်းနားသော ယုန်ကြီးက ချက်ချင်းပင် ရပ်တန့်လိုက်ပြီး မသေချာမရေရာသော အကြည့်ဖြင့် ပြန်မေးလိုက်၏။
"လူကြီးမင်းစန်က ကျုပ်ကို မှတ်မိနေတာလား"
"မင်း ပြာဖြစ်သွားရင်တောင် ငါတို့ မင်းကို မှတ်မိတယ်!"
စန်ရွှယ်ဖုက သူ့ကို ဘေးသို့ ဆွဲထုတ်လိုက်သည်။
"သခင်ကြီးတွေက ဒီနေရာကို ရှင်းပစ်ပြီး နတ်ဆိုးကို တိုက်ခိုက်ခဲ့ပါတယ် ဆိုတဲ့ နာမည်ကောင်းကို ချန်ထားလိမ့်မယ်... မင်းနဲ့ တောင်နီခန်းမက သူတို့ရဲ့ အစွန်းအထင်းတွေကို ဖယ်ရှားပစ်ရမယ့်ထဲမှာ ပါနေတယ်... ငါ မင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးမယ် မြန်မြန်သွား! မင်းတတ်နိုင်သမျှ ဝေးဝေးသာသွားပြီး ကုံကျိုးကို ဘယ်တော့မှ ပြန်မလာနဲ့!"
ယုန်ကြီး ယွိထျန်းချန်က ဒါကိုကြားတော့ ခေါင်းယမ်းပြီလေသည်။
"ကျေးဇူးတင်ပါတယ် လူကြီးမင်းစန် ဒါပေမယ့် ကျုပ် ထွက်သွားလို့မရဘူး ညီအစ်ကိုတွေကိုလည်း ခေါ်သွားရမယ် ပြီးတော့ တောင်နီမယ်မယ်ကိုလည်း ခေါ်သွားချင်တယ်"
လူကြီးမင်းစန်က သူ့ကို ဒေါသတကြီးနဲ့ ကန်ချလိုက်တော့သည်။
"မင်းရဲ့ သစ္စာရှိမှုအကြောင်း ပြောရမယ့်အချိန် မဟုတ်သေးဘူး! ငါမင်းကို ထပ်မတွေ့ရစေနဲ့ မဟုတ်ရင် ငါတို့ရဲ့ အရင်က ခင်မင်ရင်းနှီးမှုတွေကို မထောက်ဘဲ မင်းကို သတ်ပစ်ရလိမ့်မယ်!"
သူက ကျိန်ဆဲရင်း ပြေးသွားသည်။
ယွိထျန်းချန်လည်း မတ်တပ်ထရပ်ကာ အပျက်အစီးများထဲမှ ပြေးထွက်ကာ အမီလိုက်ရန် ရုန်းကန်ရလေ၏။
ယောင်ကွေးနဲ့ အခြားလူများ အဘွားမင်ကျန်းကို ဖမ်းမိခါနီးတွင် ချင်းယန်က ရုတ်တရက် ဘေးမှ အမြန်ပြေးထွက်လာပြီး မာဝေ့ကုံးကို ဝင်တိုက်ပစ်လိုက်သည်။ လူကြီးမင်းမာခမျာ မြေပြင်ပေါ် ခေါက်ချခံလိုက်ရပြီး မြစ်တစ်ဖက်ကမ်းရှိ လူနေအဆောက်အအုံတစ်ခုထဲသို့ လွင့်သွားကာ ဖုန်မှုန့်များက တိမ်ထူထပ်သဖွယ် လွင့်စင်ပြီး အုတ်ကြွပ်များ ကွာကျကုန်သည်။
သိုးစိမ်းက မတ်တတ်ထရပ်ကာ ချက်ချင်း ထပ်မံ ပြေးထွက်သွားသည်။ သူ့ခန္ဓာကိုယ်သည် လေအဟုန်လို အလွန်မြန်ကာ ချွေ့ယုံကျစ်၊ ကုဖျင်အန်းနဲ့ အခြားသူများကို တိုက်ခိုက်ရန် သူ၏ လက်သည်းများကို လှုပ်ယမ်းလိုက်သည်။
"ဒီသိုးကို အရင်ဖမ်းကြ!"
ချင်းယန်ကလည်း သတ်ဖြတ်ရဖို့ အလွန် စိတ်အားထက်သန်နေခဲ့သည်။ လူကိုးယောက်ကို ထပ်ခါတလဲလဲ ရိုက်ချနေကာ ကခုန်နေသော သူ့ဦးခေါင်းမှ ချိုရှည်တစ်စုံ ထွက်ပေါ်လာသည်။
တစ်ဖက်ကမ်းတွင် မုတ်ဆိတ်မွေး တွန့်တွန့်နဲ့ လူကြီးတစ်ဦးသည် မြစ်ရေမျက်နှာပြင်ပေါ်မှ ဖြတ်လျှောက်လာ၏။ မြေခွေးအမြီးကိုးချောင်းက သူ့နောက်ကွယ်ရှိ ကောင်းကင်ယံမှာ ယိမ်းနွဲ့လျက် ရှိသည်။ ၎င်းတို့က အဘွားမင်ကျန်း၊ တောင်နီမယ်မယ်နဲ့ တခြားသူများကို ကာကွယ်ရန် မင်ကျန်းမြစ်ကို တစ်ဝက်ခန့်ဖြတ်ကာ ရပ်တည်နေသည်။
ဒီအတောအတွင်း အဘွားရှားလည်း အတော်လေး ပြေးလွှားလိုက်ရသည်။ ဒါကိုမြင်တော့ သူမက သက်ပြင်းတစ်ချက်ချကာ ပြုံးနိုင်တော့သည်။
"နောက်ဆုံးတော့ ငါတို့ အချိန်မီ ရောက်လာခဲ့တာပဲ!"
သူမ စကားပြောပြီးသည်နှင့် သူမနောက်က မုတ်ဆိတ်မွေးကို ရုတ်တရက် လှည့်မေးလိုက်၏။
"ရှောင်လျောင်.. တစ်ဆယ်လေး ဘယ်မှာလဲ?"
မုတ်ဆိတ်မွေး ယောက်ျားက ရယ်ပြီး “ငါးကြင်းနက် နဂါးကြီးရဲ့ နောက်ကျောမှာ ရှိတယ်လေ…” ဟုဆိုသည်။
အဘွားမင်ကျန်း ခန္ဓာကိုယ်အစစ်ရဲ့ နောက်ကျောတွင်တော့ တောင်နီမယ်မယ်၊ ဟေးဟော်နဲ့ လီထျန်းချင်သာ ရှိပြီး သုံးယောက်သား ခေါင်းလှည့်ကာ ကြည့်လိုက်တော့ တစ်ဆယ်လေးကို ဘယ်နေရာမှာမှ မတွေ့ရတော့ပေ။
မုတ်ဆိတ်မွေးရဲ့ နဖူးမှာ ရုတ်ချည်းဆိုသလို ချွေးများဖြင့် ဖုံးလွှမ်းသွားသည်။
"အခုနလေးတင်ကမှ ဒီမှာရှိနေတာလေ!"
မျက်စိတစ်မှိတ်အတွင်းမှာပဲ ချန်ရှီက ပျောက်သွားပြီ။
အဘွားရှားက သူမ ခြေထောက်ကို ဝုန်းကနဲ မြှောက်ပြီး ဆောင့်ချလိုက်သည်။
"ဝိညာဉ်ကို လိုက်လော့!"
ချွန်ထက်သော မြှားတစ်စင်းလို လေထုထဲမှ စိမ်းလန်းသော မီးခိုးငွေ့များက ချန်ရှီ၏ ဝိညာဉ်ကို ခြေရာခံလိုက်သည်။ အဘွားရှားလည်း မီးခိုးစိမ်းတွေကို ဖမ်းဖို့ ပြေးတော့သည်။
"ချင်းယန် သူတို့ကို တားထား! ရှောင်လျောင် ငါ့နောက်ကို လိုက်ခဲ့... မင်းရဲ့နှာခေါင်းအောက်မှာ တစ်ယောက်ယောက်က ချန်ရှီကို ဆွဲယူသွားတာ! သူ့ကို တစ်နေရာရာမှာ ဝှက်ထားနိုင်တယ်... အခုမလုပ်ရင် ငါ သူတို့ကို ထိန်းနိုင်မှာ မဟုတ်ဘူး"
ချင်းယန်က ပြုံးပြီး "ငါ့လက်ထဲ ထားခဲ့လိုက်... စိတ်မပူပါနဲ့!"
သူစကားမဆုံးခင်မှာ ဖေ့ထျန်းကျန့် နဲ့ အခြားလေးယောက်က ဝိညာဥ်တစ်သောင်းအလံ လေးချောင်းနဲ့ ရောက်လာ၏။
ချင်းယန် နှလုံးခုန်သံ ပြင်းထန်သွားသည်။
"အဘွားကြီးကတော့ ငါ့ကို စိတ်ပျက်စရာ အလုပ်တစ်ခု ပေးလိုက်ပြန်ပြီ..."
ဒေါသတကြီး ဟောက်ပြီး သူ့ပုံစံအမှန်ကို ထုတ်ဖော်လိုက်သည်။ တောင်ကြီးတစ်ခုလို ကြီးမားသော သိုးကြီးတစ်ကောင်၏ ခန္ဓာကိုယ်အနှံ့ အသားစိုင်များ ထွက်လာ၏။ မတ်တပ်ထရပ်လိုက်တဲ့အခါ သူ့မျက်လုံးတွေက အဖြူရောင်အလင်းတန်းတွေ လင်းထိန်နေပြီး နှာခေါင်းက ရွှေရောင်တောက်နေသည်။ ၎င်းက မင်ကျန်းမြစ်ပေါ်၌ ခွာကို နေရာချထားလေသည်။
"လာစမ်းပါ! မင်းတို့ရဲ့အဘိုးချင်းနဲ့ တစ်ပွဲလောက် နွှဲလိုက်ကြတာပေါ့"
သူသည် အကြီးတန်းအရာရှိ ဆယ့်သုံးပါးရှိရာသို့ ပြေးဝင်သွားခဲ့သည်။
အဘွားရှားနဲ့ ဟူရှောင်လျောင်က မီးခိုးငွေ့များနောက် လျင်မြန်စွာ လိုက်လာခဲ့ပြီးနောက် ကုံကျိုးမြို့ထဲမှာ မီးခိုးလုံးတွေ ဝေ့ဝဲနေတာကို တွေ့လိုက်ရသည်။ ပြန်ပေးဆွဲသူက ၎င်းတို့ကို ရှောင်ရန် မြို့ထဲမှာ ပုန်းအောင်းနေတာ ထင်ရှားလေ၏။
"တစ်ဆယ်လေးကို ဘယ်သူက ပြန်ပေးဆွဲသွားတာလဲ"
ရုတ်တရက် ဓားသွားသံ တစ်သံကို ကြားလိုက်ရသည်။ ပေါ်လောင်ဓားနဲ့ ခါးသွယ်ဓား နှစ်ချောင်းက လူနှစ်ယောက်ကို အရင် ဖမ်းမိသွားသည်။ ဟူရှောင်လျောင် ၎င်းတို့ကို ဖြိုခွင်းတော့မည့် အချိန်၌ အဘွားရှားက ခေါင်းခါကာ တားလိုက်သည်။
"ရှောင်ဝမ်စွင်းပဲ... သူက ဘာအန္တရာယ်မှ မရှိပါဘူး"
ဟူရှောင်လျောင် အပေါ်ကို လှမ်းကြည့်လိုက်တော့ ရှောင်ဝမ်စွင်းသည် အပြင်ဘက် ခရမ်းရောင် ၀တ်စုံ ဝတ်ထားပြီး ခေါင်းပေါ်တွင် ခရမ်းရောင် ရွှေသရဖူကို ဆောင်းထားကာ လေထဲ၌ ဝဲပျံရင်း သူတို့နောက်သို့ လိုက်လာနေတာ တွေ့လိုက်ရသည်။
ရှောင်ဝမ်စွင်းသည်လည်း ချန်ရှီနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်။ ချန်ရှီရဲ့ အန္တရာယ်ကို မြင်သောအခါ ချက်ချင်းပင် သူ့ကို ကယ်တင်ဖို့ ပြေးထွက်လာခဲ့၏။
ထိုအခိုက်အတန့်တွင် အရှေ့မှ မီးခိုးစိမ်းများက ရုတ်တရက် ရပ်သွားပြီး လျှပ်တပြက်အတွင်း ကွယ်ပျောက်သွားသည်။ အဘွားရှား နေရာတွင်သာ ရပ်ကာ အေးခဲသွားသည်။
မုတ်ဆိတ်မွေး ဟူရှောင်လျောင်: "အဘွား မြန်မြန် လိုက်လေ!"
အဘွားရှား၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အမွတ်များ ပြသလာသည်။
"သေပြီ သေပြီ... တစ်ဆယ်လေး သေပြီ!"
........
သူတောင်းစားအိုသည် ချန်ရှီနှင့်အတူ မြို့တွင်းသို့ လျင်မြန်စွာ ထွက်ပြေးလာခဲ့သည်။ အခုနတုန်းက သူ တိတ်တဆိတ် လှုပ်ရှား၍ ချန်ရှီကို ဝါးချောင်းဖြင့် လှမ်းဆွဲယူလိုက်သည်။ မမျှော်လင့်ဘဲ အဘွားရှားရဲ့ တုံ့ပြန်မှုသည် မြန်ဆန်လွန်းပြီး သူ့တွင် လွတ်မြောက်ရန် အချိန်မရှိသလောက် ဖြစ်သွားခဲ့ရသည်။
"ချစ်လှစွာသော ပညာရှင်လေးရေ... ဟိုအဘွားကြီးက မင်းကို ရှာဖို့ အတော်လေး စိတ်အားထက်သန်နေတာပဲ... သူမက မင်းရဲ့ဝိညာဉ်ကို သော့ခတ်ထားတာ ဖြစ်မယ်... ဒီသူတောင်းစား အဘိုးကြီးက သူတို့ဆီမှာ အဖမ်းမခံချင်ပါဘူး!"
သူတောင်းစားအိုကြီးက ရယ်မောလိုက်ပြီး ချန်ရှီရဲ့နဖူးကို လက်ညိုးနဲ့ ထိုးလိုက်သည်။
"အဲ့တော့ မင်းသေရင် ပိုကောင်းသွားပြီ"
ချန်ရှီခမျာ ရုတ်တရက် သူ့အမြင်အာရုံတွေက မည်းမှောင်သွားပြီး လဲကျသွားတော့သည်။ ထိုစဥ် သူတောင်းစားအိုကြီးက မှော်စွမ်းအားများဖြင့် မတ်တပ်ရပ်ကာ ဆိုလိုက်သည်။
"ငါလိုချင်တာက မင်းရဲ့ဝိညာဉ်မဟုတ်ဘူး ရေနဲ့မီးနဲ့ သန့်စင်ထားတဲ့ မင်းရဲ့ အမတအလောင်းကောင် ခန္ဓာကိုယ်ပဲ... ချန်ယင်တုက သူ့မြေးရဲ့ သေရေးရှင်ရေးကို ဂရုစိုက်ပေမယ့် ငါကတော့ ဂရုမစိုက်ပါဘူး"
ထိုအချိန်တွင် သေဆုံးသွားသော ချန်ရှီက ရုတ်တရက် မျက်လုံးဖွင့်ကာ သူ့ကို ထူးထူးခြားခြား ကြည့်နေလေသည်။
သူတောင်းစားအိုကြီး အံ့အားသင့်သွားပြီး “ငါ့ရဲ့ ဒီလက်ချောင်းလေးက အလောင်းသုံးကောင် နတ်သတ်လက်ချောင်းပဲ... အဲ့သခင်တွေတောင် မခုခံနိုင်ဘူး.. ဘာလို့ မင်းကို မသတ်နိုင်တာလဲ?"
"ချန်ရှီ" ရယ်နေတာကို မြင်တော့ သူ ချက်ချင်း ထပ်လှုပ်ရှားဖို့ ပြင်လိုက်သည်။
"အိမ်ရှင်သေပြီလား"
"အိမ်ရှင်?"
သူတောင်းစားအိုမှာ ဘာကိုဆိုလိုသလဲ နားမလည်သောကြောင့် သံယောင်လိုက်နေ၏။
"ချန်ရှီ" သည် သူ့မျက်လုံးများကို စိတ်လှုပ်ရှားမှုများဖြင့် ဖွင့်ထုတ်လိုက်သည်။
"ဒါဆို ဒီကောင်...ငါ့ကို မဖမ်းနိုင်တော့ဘူးလား"
သူတောင်းစားအိုသည် သူ့လည်ပင်းကို "ချန်ရှီ" က ဖမ်းလိုက်တဲ့အချိန် စကားစလုနီးနီး ဖြစ်နေပါပြီ။
ဂျွတ်!
လည်ပင်းက ကျိုးပြီး ဦးခေါင်းက တစ်ဖက်သို့ စောင်းသွားသည်။
"အပြင်ထွက်ဖို့ ကြိုးစားတိုင်း အဲဒီလူကြီးက ငါ့ကို ပြန်ရိုက်ချနေတာ...ဟမ့် ဒီတစ်ခါတော့ ဘယ်သူက ဒီလို သတ္တိရှိဦးမလဲ ကြည့်ရသေးတာပေါ့"
ထို"ချန်ရှီ" သည် ကောင်းကင်ဆီသို့ ပြေးတက်သွားလိုက်တာနဲ့ သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ နတ်ဆိုးစွမ်းအင်များ လျှံထွက်လာသည်။ တခဏချင်းမှာပဲ ကောင်းကင်ကြီးက ရုတ်တရက် မည်းမှောင်သွားပြီး မိုင်တစ်ရာအတွင်းမှာ ရှိတဲ့ ဧရိယာဟာ နတ်ဆိုးနယ်မြေအဖြစ် ရုတ်ချည်း ပြောင်းလဲသွားပါတော့သည်။