← Chapters

ကုံကျိုးကို အနိုင်ယူခြင်း

Vol. 12 Ch. 173

ကုံကျိုးကို အနိုင်ယူခြင်း

Vol. 12 Ch. 173

အဘွားရှား၊ ရှောင်ဝမ်စွင်းနဲ့ ဟူရှောင်လျောင်တို့ တစ်ပြိုင်တည်း မော့ကြည့်လိုက်သော် မူလက ကြည်လင်နေသည့် ကောင်းကင်ကြီးသည် ရုတ်တရက် မှောင်မဲလာပြီး မှိန်သွားတာ တွေ့လိုက်ရသည်။

ကုံကျိုးက အရာရှိများနှင့် ကျင့်ကြံသူများ သို့မဟုတ် နတ်ကွန်းများမှ ထုတ်လွှတ်သော နတ်ဝိညာဉ်များ ၊ ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ်တို့ဆီက အလင်းရောင် အနည်းငယ်သာ မြို့ထဲတွင် ကျန်ရစ်ခဲ့သည်။ မှော်စွမ်းအင်ဖြင့် ထုတ်လွှတ်သော အလင်းတန်းများမှာလည်း မှိန်ဖျော့နေသော ကောင်းကင်ကို အခါအားလျော်စွာ လင်းထိန်​ပေးနေသည်။

အဘွားရှား မျက်လုံးများကို ပြင်းထန်စွာ မှိတ်ချလိုက်သည်။

"ထူးဆန်းတဲ့ စွမ်းအားတစ်ခုက မင်းရဲ့ တာအို နှလုံးသားကို ကျူးကျော်ဝင်ရောက်ပြီး မင်းရဲ့ အမြင်အာရုံကို လွဲချော်နေ​စေတယ်လို့ ခံစားရလား?"

"အင်း"

ဟူရှောင်လျောင် ဒီလိုပြော​ပြီးတဲ့အခါ ရှောင်ဝမ်စွင်းကို ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အမဲလိုက်ချင်စိတ် ပေါက်သွားသည်။

သူသည် ဤဆန္ဒကို အချိန်အတော်ကြာအောင် မျိုသိပ်ထားခဲ့ရသည်။ ကျင့်ကြံမှု အောင်မြင်ပြီးကတည်းက သွေးမသောက်ခဲ့ရဘူး။ ယခုမူကား ထိုဆန္ဒက နိုးကြားလာခဲ့သည်။

"အဘွား....ကျုပ် သားရဲဖြစ်သွားပြီ!"

ဟူရှောင်လျောင် အော်လိုက်သည်။

အဘွားရှား ချက်ချင်းလှည့်ကာ မင်ကျန်းမြစ်ဆီသို့ အမြန်ပြေးသွားသည်။

"တစ်ဆယ်လေး သေပြီ... သူ့ဝိညာဉ်က မရဏကမ္ဘာထဲကို ကျသွားပြီ သူ့ခန္ဓာကိုယ်ထဲက တစ်ခုခုထွက်လာတာ ဖြစ်မယ် အဲ့နတ်ဆိုးက တခြားသူတွေရဲ့ နှလုံးသားကို နှောင့်ယှက်နေတာ... ဟေးကော်...ဟေးကော်ကို သွားရှာ!"

ရှောင်ဝမ်စွင်းလည်း သူ့နောက်ကို အလျင်အမြန် လိုက်လာသည်။

"အလကား ခွေးတစ်ကောင်ကို ရှာနေတာလား? ခင်ဗျား တစ်ယောက်ယောက်ကို အပြစ်တင်ချင်နေတာလား"

အဘွားရှား ပြောချင်တာက ချန်ရှီရဲ့ အိမ်မှာ အမြဲတမ်း ပြုံးနေတဲ့ ခွေးနက်ကြီးမှန်း ချက်ချင်း ​ပြန်သဘောပေါက်လိုက်သည်။ သူ ချန်ရှီအိမ်တွင် အချိန်အတော်ကြာ အနားယူနေခဲ့ဖူးသည်။ အဲ့တုန်းက ခွေးနက်ကြီးသည် ခိုးကြောင်ခိုးဝှက် ပြုမူတတ်တာကို မကြာခဏ မြင်ဖူးသည်။ အလွန်ထူးဆန်းနေတာ သိသာထင်ရှားသော်လည်း အလွန်လည်း ပုံမှန်ဆန်လေ၏။

"ဘာအတွက်​ ခွေးကို ရှာ​နေတာလဲ"

သူသည် အဘွားရှားနဲ့ ဟူရှောင်လျောင်နောက်က လိုက်သွားရင်း အနည်းငယ် ပဟေဠိဆန်သွားသည်။

မင်ကျန်းမြစ်အနီးသို့ ရောက်သောအခါ ဟူရှောင်လျောင် တောင်နီခန်းမ၏ ခန်းမသခင်ယွိကို အဝေးက မြင်လိုက်ရသည်။ သူ့မျက်လုံးများသည် ချက်ချင်းပင် သွေးထွက်ကာ ရုတ်တရက် ကောင်းကင်မြေခွေးတစ်ကောင်အဖြစ် သူ့ရုပ်သွင်အမှန်ကို ထုတ်ဖော်ပြသလိုက်သည်။ ထို့နောက် စူးစူးဝါးဝါး အော်ဟစ်ပြီး ယွိထျန်းချန်ကို ခုန်အုပ်တော့၏။

"ယုန်ကြီး! ငါ ယုန်သားစားချင်တယ်!"

ယွိထျန်းချန်သည် တောင်နီမယ်မယ်၊ အဘွားမင်ကျန်းနှင့် အခြားသူတို့အား ဆုတ်ခွာသွားစဉ်တွင် ကာကွယ်နေခဲ့သည်။ မြေခွေးတစ်ကောင် သူတို့ရှိရာ ပြေးလာနေတာ မြင်သောအခါ သူက လေထဲခုန်တက်ကာ ပြေးတော့၏။

မြေခွေးကြီးကလည်း သူ့နောက်ကို မဆုတ်မနစ် လိုက်နေသည်။

ရှောင်ဝမ်စွင်း အံ့အားသင့်သွားသည်။

"နတ်ဆိုးစွမ်းအင်က သူ့သားရဲသဘာဝကို အစပျိုးလိုက်ပြီ!"

အဘွားရှားအသံက အရှေ့မှ ထွက်ပေါ်လာသည်။

"သူ့ကို လျစ်လျူရှုလိုက်! တရားခံကို အရင်ရှာရအောင်!"

ယခု လီထျန်းချင်နဲ့ ဟေးကော်ဟာ အဘွားမင်ကျန်းရဲ့ ခေါင်းပေါ်တွင် မရှိတော့ဘဲ သူတို့ဘယ်ရောက်သွားလဲ ဘယ်သူမှ မသိနိုင်ကြ။ ရှောင်ဝမ်စွင်း အမြန်နောက်လိုက်ရင်း အော်မေးသည်။

"အဘွား တရားခံကိုရှာဖို့ ဝိညာဉ်လိုက်တဲ့ မှော်အစွမ်းကို ဘာလို့မသုံးတာလဲ?"

"ငါ့ရဲ့ စိတ်ဝိညာဉ်ကို လိုက်နေတဲ့ စာလုံးက အဲဒီခွေးအပေါ် မထိရောက်ဘူးဟ!"

အဘွားရှားက ပတ်ဝန်းကျင်ကို လျင်မြန်စွာ လှည့်ပတ်ကြည့်နေသည်။

"သူ့ရဲ့ အသွေးအသားက ထူးထူးခြားခြား ရှိတယ်... သာမာန် ခွေးတစ်ကောင်တော့ လုံးဝ မဟုတ်ပါဘူး သူ့ရဲ့ သွေးကြောထဲက စွမ်းအားတစ်ချို့က ငါ့ရဲ့ စာလုံးတွေကို နှိုးပြီး တားဆီးနိုင်တယ်... ကလေးမလေး ဟေးကော် ဘယ်မှာလဲ"

တောင်နီမယ်မယ်က မြစ်တစ်ဖက်ကမ်းသို့ ညွှန်ပြလိုက်သည်။ အဘွားရှားလည်း သူတို့နောက်လိုက်ရန် မြစ်ကို ချက်ချင်း ဖြတ်ကူးသွားသည်။

မင်ကျန်းမြစ် မျက်နှာပြင်ပေါ်တွင် ချင်းယန်သည် ကုံကျိုးက အရာရှိ ၁၃ ဦးနှင့် အပြင်းအထန် တိုက်ခိုက်နေဆဲ ဖြစ်သည်။ လူတိုင်းသည် နတ်ဆိုးစွမ်းအင်ကြောင့် မသိစိတ်ထဲ လွှမ်းမိုးခံရပြီး ဘာအမှားအယွင်းမျှ မရှိဘဲ တိုက်ခိုက်နေကြသည်။

ချင်းယန်သည် ၎င်း၏ ချိုနှစ်ချောင်းကို တခါတရံ လက်ထဲတွင် ကိုင်ဆောင်ကာ တခါတရံ ပျံထွက်သွားကာ ၎င်း၏ ပုံစံအမှန်ကို ထုတ်ဖော်ပြသခဲ့သည်။ ၎င်းလက်ထဲတွင် ချိုတွေက ဆယ်ပေကျော်ရှည်သော ဓားနှစ်လတ်လိုပဲ ကြီးမားသော စွမ်းအားဖြင့် ပတ်ပြေးနေကာ ဖျက်ဆီး၍မရပေ။ သိုးစိမ်းရဲ့ စွမ်းအင်တွေက အလွန်ကျယ်ဝန်းသော ဧရိယာကို ဖုံးလွှမ်းထားပြီး တွန်းလှန်နိုင်စွမ်း မရှိစေချေ။

သို့သော် သူ၏ ကျင့်ကြံမှုအဆင့် ဘယ်လောက် မြင့်ပါစေ သို့မဟုတ် ခန္ဓာကိုယ်ကြံ့ခိုင်မှု ဘယ်လောက်ပဲ အားကောင်းစေကာမူ သူသည် ကုံကျိုးအရာရှိ ဆယ့်သုံးပါးကို တစ်ယောက်တည်း မကိုင်တွယ်နိုင်သေးပေ။

သူ့အတွက် အန္တရာယ် အရှိဆုံးအရာမှာ ဝိညာဥ်တစ်သောင်းအလံ လေးခု ဖြစ်သည်။ စိတ်ဝိညာဉ်တစ်သောင်း အလံများ လှုပ်လိုက်တိုင်း သူတောင် မနည်း ခုခံနေရသည်။

အဘွားရှား မြစ်၏တစ်ဖက်ကမ်းသို့ ဆင်းသက်ခဲ့သည်။ သူမ အကြည့်တစ်ချက် ကြည့်လိုက်တော့ ချင်းယန်ဟာ ​​ဒဏ်ရာအပြင်းအထန် မခံရသေးချေ။ အချိန်တိုအတွင်းမှာ ကုံကျိုး အရာရှိ ၁၃ ယောက်ဆီက ရိုက်နှက်ခံရဦးမှာ မဟုတ်ပေ။

"သူခိုးကို မိဖို့ အရေးကြီးတယ်!"

သူမ လေပူတစ်ချက် မှုတ်ထုတ်လိုက်တာနဲ့ ယန်ကျိုလင်မှာ ရုတ်တရက် သူ့နှလုံးသားကို လောင်ကျွမ်းစေသော မီး​တောက်ကို ခံစားလိုက်ရသည်။ သူ့နှလုံးသားထဲမှာ ကြာပန်းတစ်ပွင့်က မီးတောက်လောင်နေခဲ့၏။

အဖွားရှား အသက်ရှုလိုက်သည်နှင့်အမျှ သူ့နှလုံးသားကို ပြာချတော့မယ့် မီးကလည်း ပိုပြင်းလာပြီးရင်း ပြင်းထန်လာသည်။

ချင်းယန်ကို အသေသတ်ပစ်တော့မယ့် အခိုက်မှာပဲ ယန်ကျိုလင်သည် ရုတ်တရက် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ အဘွားအို သူတို့ကို မြေအောက်ကမ္ဘာထဲ ဆွဲသွင်းလိုက်တဲ့အခါတုန်းက အရိုးတွေ ဖြစ်သွားတာကို သူ မှတ်မိပါ​သေးသည်။ သို့သော် အဘွားအိုက သူ့နှလုံးသားထဲမှာ ကြာပန်းတစ်ပွင့် စိုက်နိုင်ခဲ့၏။

နောက်တော့ မြေအောက် အရာရှိတွေက သူတို့ကို အသက်ရှင်နေတဲ့ လောကထဲကို ပြန်ပို့​ပေးခဲ့​ပြီ။ သူတို့အလောင်းတွေ ပြန်ကောင်းလာပေမယ့် ကြာပန်းကတော့ မပြောင်းလဲ ကျန်နေခဲ့သည်။ မီးကြာပန်း ပျောက်ကွယ်သွားပြီဟု သူထင်ခဲ့သော်လည်း ယခုအချိန်ကျမှ ထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားပေ။

"မင်း ငါ့ကို မှော်အစွမ်းတစ်ခုနဲ့ သတ်ချင်နေတာလား အိပ်မက်ပဲ မက်​နေလိုက်စမ်းပါ!"

သူ့ဝိညာဉ်က ပြန်လာပြီး သူ့နှလုံးသားကို ကာကွယ်ထားသည်။ ကြာနီထဲက မီးကို တွန်းလှန်ဖို့ သူ့လက်တွေကို သူ့ခန္ဓာကိုယ်ထဲ ထည့်လိုက်သည်။ သို့သော် ယခု မီးကြာပန်းရဲ့ လောင်ကျွမ်းမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိနေဆဲ ဖြစ်သည်။

ယန်ကျိုလင်သည် သူ၏ ချီစွမ်းအင်နှင့် သွေးများကို အနည်းငယ် စုစည်းလိုက်ရင်ပဲ သူ့နှလုံးက ပေါက်ကွဲတော့မလို ခံစားလိုက်ရသောကြောင့် ချက်ချင်းပင် သူ့သွားများကို အံကြိတ်ကာ စစ်မြေပြင်မှ ထွက်ခွာလာခဲ့ရသည်။ ကမ်းပေါ်သို့ ရောက်လာတဲ့အခါ သူ၏ မှော်အစွမ်းကို စုစည်းကာ မီးကြာပန်းကို အစွမ်းကုန် နှိမ်နင်းလိုက်သည်။

"မင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ နှလုံး ရှိသားပဲ"

ပေါ့ပါးသော ရယ်မောသံကို ကြားလိုက်ရသည်နှင့် ယန်ကျိုလင် နောက်သို့ လှည့်ကြည့်လိုက်ပြီး အနည်းငယ် ထိတ်လန့်သွားသည်။

"မိုက်မဲတဲ့ က​လေးပညာရှင်ပဲ ဖြစ်ပြန်ပြီ!"

သူ့ဆီသို့ လျှောက်လာသူမှာ ယန်ကျို​လင်၏ မျက်လုံးထဲတွင် ဒုက္ခပေးတတ်သည့် “ချန်ရှီ”သာ ဖြစ်သည်။ ဒီလူငယ်ကြောင့်သာ မဟုတ်ရင် တောင်နီခန်းမနဲ့ ကောင်းကင်အဘွား အကြား ပဋိပက္ခဟာ ပြတ်တောက်သွားပြီးလောက်ပြီ။ ဒီလူငယ်ကြောင့်သာ မဟုတ်ရင် တောင်နီမယ်မယ်နဲ့ အဘွားမင်ကျန်းတို့ ဟိုးအရင်ကတည်းက သေဆုံးသွားလောက်ပြီ။

ဒါတောင် ဒီကလေး ပညာရှင်သည် ဤနေရာတွင် အလွန်မောက်မာသောပုံစံဖြင့် လျှောက်လှမ်းဝံ့​သေးသည်။ တကယ် စာအုပ်တွေ လုံလောက်အောင် မဖတ်ထားဘူး။ “မရဏ” ဟူသော စကားလုံးက ဘယ်လိုရေးရမလဲ မသိပုံပင်။

ဒါကို သူတွေးနေချိန်မှာပဲ "ချန်ရှီ" ဟာ သူ့အနားကို ရုတ်တရက် ရောက်လာပြီး ကြာပန်းတစ်ပွင့် ရှိနေတဲ့ သူ့နှလုံးကို ဆုပ်ကိုင်လိုက်၏။ ယန်ကျိုလင် အံ့ဩစွာဖြင့် သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။

သူ့ရင်ဘတ်မှာ အပေါက်ကြီးတစ်ခုရှိနေကာ သွေးတွေ ရွှဲနေပေမယ့် သူ့နှလုံးကတော့ ပျောက်ဆုံးနေပါပြီ။

"ချန်ရှီ" က ပြုံးပြီး ပြောသည်။

"တော်တော်ကောင်းတဲ့ မှော်အစွမ်းရှိတဲ့ မီးနီကြာပန်းပဲ... အထက်ကမ္ဘာမှာ စိတ်ဝိညာဉ်စွမ်းအားတွေ အံ့သြစရာကောင်းလောက်အောင် အားကောင်းတဲ့လူ ရှိနေသားပဲ"

"ငါ့နှလုံးကို ပြန်ပေး!"

ယန်ကျိုလင် အော်ဟစ်ပြီး သူ့လက်ထဲက နှလုံးကို လှမ်းဖမ်းဆုပ်လိုက်သည်။

"ချန်ရှီ" က သူ့မျက်နှာပေါ်တွင် ရယ်မောသော အပြုံးတစ်ခုဖြင့် ကြည့်နေသည်။ လက်ထဲမှ နှလုံးသားသည် မီးကြာပန်းထဲတွင် ရုတ်ချည်း လောင်ကျွမ်းသွားသော်လည်း နှလုံးရဲ့ အခြေအနေကို ထိန်းသိမ်းထားဆဲဖြစ်သည်။

"မင်းကို ပြန်ပေးမယ်!"

မီးလောင်နေသော နှလုံးကို ယန်ကျိုလင်ရဲ့ ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်​ပေးလိုက်သည်။

ယန်ကျိုလင် ချောင်းဆိုးရင်း သွေးများကို ထွေးအန်လိုက်ကာ သူ့ဘဝတော့ ပြီးဆုံးသွားတော့မယ်လို့ ခံစားလိုက်ရသည်။ ဝိညာဉ်တစ်သောင်းအလံကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သော် အလံထဲမှ တစ္ဆေဝိညာဥ်များ ပြေးထွက်လာကာ ကောင်းကင်ယံ၌ ပြည့်လျှံနေသော သွေးစွန်း အရိုးစုများအဖြစ် ပြောင်းလဲသွားပြီး "ချန်ရှီ" ဆီသို့ ခုန်ဆင်းသွားခဲ့သည်။

"ချန်ရှီ" ရဲ့ မျက်လုံးများ တောက်ပလာပြီး ရုတ်တရက် အလွန်ကြီးမားလာတဲ့ သူ့ပါးစပ်ကို ဖွင့်လိုက်သည်။ သူ့မေးစေ့က မြေပြင်ကို ထိနေပြီ။ တစ်ဘက်တချက်စီက လမ်းဘေးရှိ အိမ်တွေကိုလည်း ပါးများဖြင့် ဖိပစ်လိုက်ရာ အိမ်တခြမ်း တွန့်သွားကာ ပါးတစ်ဖက်ကတော့ မြစ်ရေမျက်နှာပြင်ပေါ်သို့ ဖိမိသွားသည်။

သူ့အပေါ်နှုတ်ခမ်းသည် ဆယ်ပေကျော်အထိ မြင့်သွား၏။ ပါးစပ်ကိုဖွင့်ကာ စုပ်လိုက်ရာ သောင်းနှင့်ချီသော သွေးစွန်းအရိုးစုများက သူ့ပါးစပ်ထဲသို့ တစ်ကောင်ချင်းစီ အစုပ်ခံလိုက်ရတာ တွေ့လိုက်ရသည်။

သကြားလုံးစားတာတောင် ဒီလောက် မလန်းဆန်းသလိုပဲ။

ခရက်!

"ချန်ရှီ" သူ့ပါးစပ်ကို ပိတ်လိုက်တော့ သူ့ခေါင်းကလည်း ပုံမှန်အရွယ်အစားဆီ ပြန်ရောက်သွားသည်။

ယန်ကျိုလင်သည် ဝိညာဉ်တစ်သောင်းအလံကို မှီထားသော်လည်း အလံရဲ့ စွမ်းအားက လုံးဝ မရှိတော့ပေ။ အထဲမှာ အင်အားကြီးတဲ့ ဆိုးသွမ်းတဲ့ ဝိညာဉ်တစ်ကောင်မှ မကျန်တော့ဘဲ သူတို့အားလုံးကို သူ့ရှေ့မှာ လုလင်က စားပစ်လိုက်ပြီပဲ ဖြစ်သည်။

ကုံကျိုးမြို့ကို ထိန်းသိမ်း စောင့်ရှောက်ထားသော အဖိုးတန်ရတနာသည် အလွတ်ကျောက်တုံးအဖြစ် ပြောင်းလဲသွားသည်။

သူ့မျက်လုံးတွေ မည်းမှောင်သွားပြီး သူ့ခန္ဓာကိုယ်က သေဆုံးလာတဲ့အတွက် သူ့စိတ်ဝိညာဉ်ကလည်း စွမ်းအင်တွေ လျော့ပါးလာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ကြီးမားလှသော စွမ်းအားတစ်ခုဖြင့် ဆွဲငင်ခံလိုက်ရပြီး မြေအောက်ကမ္ဘာထဲသို့ ထိုးကျသွား၏။

မရဏကမ္ဘာတွင် သက်ရှိလောကက စေလွှတ်လိုက်သော ဝိညာဥ်ကို ပို့ဆောင်ပေမယ့် သရဲတစ္ဆေသည် ကြေးနီမီးခွက်ကို ကိုင်ဆောင်ကာ သူ့ဝိညာဉ်ကို လမ်းပြရန် အလင်းရောင် ထွန်းတောက်​ပေးနေလေသည်။

ထိုအခိုက်တွင် ရှည်လျားသော လျှာကြီးတစ်ခုက မြေအောက်ကမ္ဘာထဲသို့ ရုတ်တရက် ဆင်းချလာပြီး ယန်ကျိုလင်ရဲ့ ဝိညာဉ်ကို ရစ်ပတ်လိုက်သည်။

ယန်ကျိုလင် အလွန်အမင်း ထိတ်လန့်သွားတော့သည်။

"ကယ်​ကြပါဦး!"

ရှည်လျားသော လျှာကြီးက သူ့ဝိညာဉ်ကို သက်ရှိလောကထဲသို့ ပြန်ဆွဲသွင်း​နေသည်။ ဒါကိုမြင်တော့ တစ္ဆေလည်း ဒေါသထွက်သွားသည်။

"မင်းက ယင်ယန်လောကရဲ့ စည်းကမ်းတွေကို ချိုးဖျက်ရဲတယ်ပေါ့လေ... မင်းအတော်လေး အတင့်ရဲနေတာပဲ!"

သူသည် အလင်းရောင်ကို ဖန်တီး၍ သက်ရှိလောကထဲက မြင်ကွင်းကို လှမ်းလိုက်တဲ့အခါ ထို "ချန်ရှီ" သည် သွေးစွန်းနေသော ပါးစပ်ကို ဖွင့်လိုက်ပြီး ယန်ကျိုလင်ရဲ့ ဝိညာဉ်ကို တစ်ကျိုက်တည်း မျိုချပစ်လိုက်တာသာ မြင်လိုက်ရ​တော့၏။

ယန်ကျိုလင်ကို ကယ်တင်ရန် ကြိုးပမ်းသော်လည်း "ချန်ရှီ" သည် မထင်မှတ်ပဲ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ခေါင်းကို ငုံ့လိုက်တဲ့အခါ သူ့မျက်လုံးများက မှော်အလင်းများ ပြေးထွက်လာခဲ့သည်။ တ​စ္ဆေရဲ့ အလင်းရောင်နှင့် တိုက်မိသွားတဲ့အခါ မေ့လျော့ခြင်းမြစ်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

လှေကပါ တုန်လှုပ်သွားပြီး ဆယ်မိုင်ကျော် အနောက်သို့ ပျံသန်းသွားခဲ့သည်။

တစ္ဆေတမန်၏ ၀တ်ရုံများ တဖျပ်ဖျပ် လွင့်သွားသည်။ သူ၏ ဆံပင်ရှည်များက ပျံသွားကာ မြင်းမျက်နှာကဲ့သို့ ထူးဆန်းသော မျက်နှာ​ကြီးကို ပေါ်လွင်လာစေခဲ့သည်။

"နတ်ဆိုးနတ်ဘုရား!"

မြင်းမျက်နှာတစ္ဆေသည် သံသယနှင့် ရေရွတ်လိုက်သော်လည်း ကိုယ်တိုင်လည်း မသေချာသလိုပင်။

"သက်ရှိကမ္ဘာမှာ လွတ်မြောက်သွားတဲ့ နတ်ဆိုးတွေရှိတယ်... ငါသိခဲ့ရင် ဒီကောင်တွေကို သက်ရှိကမ္ဘာကို ပြန်မောင်းထုတ်ခဲ့မှာ မဟုတ်ဘူး.... စည်းကမ်းတွေကို လိုက်နာရမယ်"

"ချန်ရှီ" သည် ယန်ကျိုလင်ရဲ့ ဝိညာဉ်ကို မျိုချလိုက်ပြီး အလွန်ရက်စက် ကြမ်းကြုတ်လာသည်။ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ ပြင်းပြင်းထန်ထန် စုပ်ယူ​ပြန်သည်။ ထိုအခါ ဖေ့ထျန်းကျန့်နဲ့ အခြားသူများ လက်ထဲရှိ ဝိညာဉ်တစ်သောင်းအလံများလည်း မတည်ငြိမ်တော့ချေ။ သွေးစွန်းနေသော ဦးခေါင်းခွံများ အလံထဲမှ ပျံထွက်သွားပြီး သူ့ပါးစပ်ထဲ ပြေးဝင်သွားသည်။

မြစ်ပေါ်တွင် အရာရှိ ဆယ့်နှစ်ယောက်နှင့် ချင်းယန်တို့လည်း မတည်မငြိမ် ဖြစ်လာကြသည်။ ကမ်းစပ်ဆီသို့ ဆွဲငင်နေသော ထူးဆန်းပြီး ခန့်မှန်းမရသော စွမ်းအားတစ်ခုက သူတို့၏ဝိညာဉ်များကို စုပ်ယူနေသလို ခံစားလိုက်ရသည်။

"ဟူး--"

အခိုက်အတန့်လေး အတွင်းမှာပဲ ဆိုးညစ်သောဝိညာဉ်များ အားလုံးကို သယ်ဆောင်ထားတဲ့ အလံသုံးခုလုံး စုပ်ယူခံလိုက်ရပါပြီ။ မူလက နတ်ဆိုးလို ဝိညာဥ်များနှင့် ပြည့်နှက်နေသည့်အလံများသည် ယခုအခါ ဖော်မပြနိုင်လောက်အောင် လန်းဆန်းလာခဲ့သည်။

ကုံကျိုး အစိုးရသည် ဝိညာဥ်တစ်သောင်းအလံများကို နှစ်ပေါင်းများစွာ ပြုပြင်မွမ်းမံ သန့်စင်ခဲ့သော်လည်း ယခုအခါ ခဏအတွင်း ၎င်းတို့အားလုံး ပျက်စီးသွားခဲ့ပြီး ၎င်းတို့၏ စွမ်းအားများလည်း ပျောက်ဆုံးသွားခဲ့ပါပြီ။

လူတိုင်းသည် သူတို့၏ကိုယ်ခန္ဓာ အတွင်းရှိ အငြိမ်မနေသော စိတ်ဝိညာဉ်များကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားရင်း ကြောက်ရွံ့ထိတ်လန့်လာသည်။ ချင်းယန်သည် မူလက ၎င်းတို့နှင့် အပြင်းအထန် တိုက်ခိုက်ခဲ့သော်လည်း ယခုအချိန်တွင် အသည်းအသန် တိုက်ခိုက်နေဖို့ ဂရုမစိုက်​တော့ပေ။

သူသည် သူ့စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲတွင် သော့ခတ်ရန် အတတ်နိုင်ဆုံး ကြိုးစားကာ ခက်ခက်ခဲခဲ ခြေလှမ်းများလှမ်းကာ စုပ်ယူခြင်းကို တွန်းလှန်ကာ ဆန့်ကျင်ဘက်သို့ လျှောက်လှမ်းလာခဲ့သည်။

သူ့ရဲ့ ကျင့်ကြံမှု အဆင့်က ဖေ့ထျန်းကျန့်၊ ရှချူးလီတို့ထက် များစွာ မြင့်မားသည်။ မဟုတ်ပါက ဤအရာရှိများကို အကြာကြီး မတိုက်ခိုက်နိုင်လောက်ချေ။ သို့သော် အခု သူလျှောက်လှမ်းနေရသော ခြေလှမ်းတိုင်းသည် တိုင်တောင်ကို ကျောပေါ်တွင် ထမ်းကာ လျှောက်လှမ်းနေသကဲ့သို့ပင်။ သူလျှောက်လှမ်းသည့် ခြေလှမ်းတိုင်းသည် အလွန်ခက်ခဲပြီး လေးလံနေသလိူ ခံစား​နေရဆဲ။

ထိုစဥ် ကျင့်ကြံသူမှုအားနည်းသော လက်ဖက်နှင့်မြင်းသံတမန် ကုဖျင်အန်းတစ်ယောက် ဟန်ချက်မထိန်းနိုင်တော့ဘဲ "ချန်ရှီ" ဆီသို့ အလိုအလျောက် ပျံသန်းသွားခဲ့သည်။ ထိုလူမှာ ကြောက်လန့်ပြီး "ချန်ရှီ" ရှေ့ ပြေးသွားပြီး သွားများကို အံကြိတ်ကာ "ချန်ရှီ" ဆီကို မိုးခြိမ်းသံ အဆောင်လက်ဖွဲ့များဖြင့် ပစ်ပေါက်လိုက်သည်။

အနှီ"ချန်ရှီ" သည် အဆောင်လက်ဖွဲ့ စာလုံးများစွာဖြင့် ထိမှန်ခဲ့သော်လည်း လုံးဝ ဂရုမစိုက်ဘဲ အပြုံးလေးနဲ့သာ ဆိုလာသည်။

"ငါက အသွေးအသားကို မစားဘူး"

သူသည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်ရင်ပဲ ကုဖျင်အန်းရဲ့ အဝတ်အစားများ ပေါက်ကွဲသွားကာ သူ့အသားနှင့် အသွေးများ အားလုံး ပျောက်ကွယ်သွားသည်။ ထိုနေရာ၌ အရိုးများနှင့် သူ့ဝိညာဉ်များသာ ကျန်တော့သည်။

"ချန်ရှီ" လက်များကို ထပ်ဝှေ့ယမ်းလိုက်တော့ အရိုးများ လွင့်ထွက်သွားပြီး သူ့ဝိညာဉ်သာ ကျန်တော့သည်။ ထို့နောက် ပါးစပ်ကိုဖွင့်ကာ လျှာရှည်​ကြီးကို ထုတ်​ပြလိုက်လေ၏။

မေ့လျော့ခြင်းမြစ်ထဲက တစ္ဆေသည် အလင်းရောင်နှင့်အတူ တစ်ဖန်ပြန်ပေါ်လာသည်။ "ချန်ရှီ" အနားတွင် အပေါက်တစ်ခု တောက်ပလာကာ ကုဖျင်အန်းရဲ့ ဝိညာဉ်ကို လုယူသွားခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ ချန်ရှီ အလျှော့ပေးလိုက်၏။ အလင်းရောင်က ကုဖျင်အန်းရဲ့ ဝိညာဉ်ကို ဖမ်းယူသွားပြီး မရဏကမ္ဘာထဲ ပို့ဆောင်လိုက်သည်။

ရက်စက်တဲ့ပုံပေါက်တဲ့ ချန်ရှီက ဆိုသည်။

"ငါသာ မြေအောက်ကမ္ဘာကနေ မလွတ်မြောက်နိုင်ခဲ့ဘူးဆိုရင် မင်း​တော့ သင်္ချိုင်းနေရာမရှိဘဲ သေသွားမှာ သေချာတယ်!"

သူသည် အလွန်ရက်စက် ကြမ်းကြုတ်လာကာ ဝှစ်ကနဲ ခုန်တက်ပြီး ဘုရင်ခံ ဖေ့ထျန်းကျန့် နောက်၌ ဆင်းသက်ခဲ့သည်။ သူ့​လက်များသည် ဖေ့ထျန်းကျန့်၏ခေါင်းထဲသို့ ချွန်ထက်သော ခြေသည်းများကဲ့သို့ပင် ဖောက်ဝင်သွားကာ သူ့ဝိညာဉ်ကို သူ့အသားထဲက ဆွဲထုတ်ပြီး သူ့ပါးစပ်ထဲကို ပစ်ထည့်လိုက်၏။

ဖေ့ထျန်းကျန့်သည် မျက်လုံးများကို ကျယ်ကျယ်ဖွင့်လျက် သူ့လက်များဖြင့် ထင်ရှားသော အမူအရာများ ပြုလုပ်ထားခဲ့သော်လည်း သူ့ခန္ဓာကိုယ်မှာ အေးခဲသွားခဲ့​ပြီ ဖြစ်သည်။ နှလုံးခုန်နေဆဲဖြစ်ပြီး အသက်ရှုနေဆဲဖြစ်သော်လည်း သေဆုံးသွားတဲ့ အခွံအလွတ် တစ်ခုသာ ကျန်ရှိတော့သည်။

"ချန်ရှီ" ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်တာနဲ့ သူ့​​ခန္ဓာကိုယ်သည် မြစ်မျက်နှာပြင်ပေါ်တွင် လှည့်ပတ်ကာ ကလစ်တစ်ချက် နှိပ်ရုံဖြင့် ရှချူးလီရဲ့ မူလဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ပစ်လိုက်သည်။

ကျန်းရွှင့်အန်၊ ယောက်တုကျစ်နှင့် အခြားသူများသည် တွန်းလှန်ရန် မှော်စွမ်းအင်နှင့် မှော်လက်နက်များကို အစွမ်းကုန် အသုံးချရန် ကြိုးစားခဲ့ကြသော်လည်း ခိုင်မြဲစွာ မရပ်တည်နိုင်ခဲ့ကြပေ။ ၎င်းတို့ကို "ချန်ရှီ" က ဆွဲခေါ်ကာ တစ်ချက်လေး လှုပ်ရုံနဲ့ သတ်ပစ်လိုက်ကာ ၎င်းတို့၏ ဝိညာဉ်များကို စားသောက်ခံလိုက်ရသည်။ သို့မဟုတ် ချန်ရှီအနားကို ချဉ်းကပ်လိုက်တာနဲ့ ၎င်းတို့၏ ဝိညာဉ်များက ချက်ချင်း စားသောက်ခြင်း ခံခဲ့ရသည်။

တခဏချင်းမှာပဲ "ချန်ရှီ" ရဲ့ရုပ်သွင်က သရဲတစ္ဆေတစ်​ကောင်လို မြစ်ထဲ ပြေးလွှားနေကာ အရာရှိဆယ့်နှစ်ယောက်ရဲ့ အလောင်းတွေကသာ တစ်​လောင်းပြီး တစ်လောင်း ရေထဲကျသွားခဲ့သည်။

မြို့စောင့် စန်ရွှယ်ဖုတောင် ထွက်ပြေးဖို့ ကြိုးစားပေမယ့် သူ့ကံကြမ္မာကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး။ သူ့ကို ချန်ရှီက ဖမ်းမိပြီး သူ့ဝိညာဉ်ကို မျိုချပစ်လိုက်သည်။

မြစ်ကြီးက တိတ်ဆိတ်သွားသည်။

မြစ်ထဲမှာ ရပ်နေတဲ့ "ချန်ရှီ" ရဲ့ မျက်လုံးအစုံက ပတ်ဝန်းကျင်ကို လိုက်ကြည့်နေ၏။ တောင်နီမယ်မယ်နဲ့ အဘွားမင်ကျန်းတို့သည် ငါးကြင်းနက်နဂါးကြီး၏ နဂါးခေါင်းပေါ်တွင် ရပ်ကာ ထိုမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။

"ပစ္စည်းကောင်းပဲ... တကယ်ကို ပစ္စည်းကောင်းလေး!"

မြစ်ကမ်းဘေးမှ လက်ခုပ်တီးသံတစ်ချက် ကြားလိုက်ပြီး ကြည်လင်ပြတ်သားသော ကလေးအသံတစ်သံ ထွက်ပေါ်လာ၏။

"ဝူဟူစန့်ရန်ကတော့ တကယ့်ကို လူဆိုးပဲ... သူ စန့်ရန်တွေထဲမှာ နှစ်ပေါင်းများစွာ ခေါင်းဆောင်ဖြစ်ခဲ့ပြီး ဘယ်သူကမှ ရန်မစရဲတာ အံ့ဩစရာ မရှိပါဘူး သူ့မြေးရဲ့ ခန္ဓာကိုယ်ထဲမှာတောင် အံ့သြစရာကောင်းတဲ့ အရာကို ထည့်သွင်းထားနိုင်ခဲ့တာကိုး"

စာတတ်ပေတတ် လူတစ်ယောက်သည် စာအုပ်စင်ကို ကျောပေါ်ထမ်းထား၏။ စာအုပ်စင်ပေါ်တွင် ကောင်လေးတစ်ယောက်င ထိုင်နေသည်။ ကောင်လေးသည် လက်ခုပ်တီးကာ သူ့ကို ထပ်ခါတလဲလဲ ချီးမွမ်းကာ ပြုံးနေလေသည်။

"ရင့်နေတဲ့ နတ်ဆိုးတစ်ကောင်ကို ဝူဟူစန့်ရန် ဘယ်ကရလာတာလဲ... အမတအလောင်းကောင်ရဲ့ လူဝင်စား ခန္ဓာကိုယ်ထဲကို ဘယ်လိုလုပ်ပြီး ထည့်လိုက်တာလဲ"

"ချန်ရှီ" လှည့်၍ ထိုလူအား မျက်နှာမူကာ နှုတ်ခမ်းကို သပ်လိုက်သည်။

"အ​သေးလေး... မင်း လာကြည့်လိုက်ရင် သိလိမ့်မယ်လေ..."

"အသေးလေး?"

ကောင်လေးက ဒေါသတကြီးဖြင့် တုံ့ပြန်လိုက်၏။

"သိုင်းလောကမှာ ဘယ်သူမှ ငါ့ကို အသေးလေးလို့ မခေါ်ရဲဘူးကွ... မင်းငါ့ကို အသေး​လေးလို့ ခေါ်ရဲတယ်ပေါ့ ဟုတ်လား!"

သူသည် ရုတ်တရက် စာအုပ်စင်​ပေါ်မှ ခုန်ဆင်းကာ အလင်းတန်းတစ်ခုလို "ချန်ရှီ" ဆီသို့ ခုန်ဆင်းသွားသည်။

သူရဲ့ ကျင့်ကြံမှုအဆင့်က အလွန်အစွမ်းထက်ပြီး နတ့ဝိညာဉ်ကို အနတ္တဘုံသို့ ပြန်လည်ရောက်ရှိအောင် ပြုစုပျိုးထောင်ထားပြီး​ပြီ ဖြစ်သည်။ မဟာယာနအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ ဝေးသည်။

မဟာယာနနယ်ပယ်က ကမ္ဘာပေါ်တွင် ရှားပါး အဆင့်ဖြစ်ပြီး အလွယ်တကူ မရောက်နိုင်ပေ။ သို့သော် ရှေးဦး နတ်ဝိညာဥ်သာ အနတ္တဘုံကို ရောက်ရှိသွားသည့်အထိ ပြုစုပျိုးထောင်ပေးနိုင်တာကတင် အလွန်မှတ်သားဖွယ် ကောင်းလှသည်။

ပဏာမနာမ်သည် အပျက်သဘောသို့ ပြန်သွားသည်။ ဆိုလိုသည်မှာ ပဓာနသဘောသည် ကြီးမားသော အနတ္တဘုံ အဖြစ်သို့ ပြောင်းလဲသွားကာ စိတ်နှင့် နာမ်ခန္ဓာတို့ အသွင်ပြောင်းသွားကာ ဓမ္မခန္ဓာကို မေ့လျော့သွားကာ ကိုးနှစ်တိုင်တိုင် ဘာဝနာစိတ်သို့ ရောက်သွားမည်။

တောင်ပိုင်း စုန့်မင်းဆက်ရှိ တာအိုကျင့်ကြံသူ လီတောက်ချွမ်းက "သေချာမှုရဖို့ ကိုးနှစ်" ဟုဆိုခဲ့သည်။ ကိုးနှစ်ပတ်လုံး ဘာဝနာ ကမ္မဋ္ဌာန်းသို့ ဝင်၍ ပဓာနသဘောကို သန့်စင်ပြီး အပျက်သဘောသို့ ပြန်သွားကာ အနတ္တဘုံကို ပြန်ကျင့်ကြံရသည်။

မင်မင်းဆက်၏ အစောပိုင်းနှစ်များတွင် တာအိုကျင့်ကြံသူ ကျန်းစန်းဖုန်းက "အနှစ်တစ်ရာအတွင်း ငါသည် ကွက်လပ်ကို ဖြတ်ကျော်ပြီး အနတ္တဘုံ ဖြစ်သွားလိမ့်မည်" ဟု ဆိုခဲ့သည်။

ထိုဘုံသို့ ရောက်ပြီးသော သူသည် အနတ္တဘုံကို ဖြတ်၍ မဟာယာနသို့ ရောက်ရလိမ့်မည်။

ကိုးနှစ်အတွင်း ပျက်ပြယ်သောဘုံကို မကျင့်ကြံနိုင်တာ သို့မဟုတ် ပျက်စီးသွားပါက အနှစ်တစ်ရာအတွင်း အခွင့်အရေး ရှိသေးသည်။ လူတစ်ယောက်သည် အနတ္တဘုံကို အနှစ်တစ်ရာ ဖြတ်ကျော်ရန် လိုအပ်ကာ မဟာယာန နယ်ပယ်သို့ ဝင်ရောက်ရန် အခွင့်ရှိပေလိမ့်မည်။

သို့သော် အနတ္တဘုံပြန်ခြင်းက ကျင့်ကြံသူ အများစုသည် ဤနယ်ပယ်တွင်သာ ပိတ်မိနေတတ်သည်။ ဤအဆင့်အထိ ပြုစုပျိုးထောင်ထားသူ အများစုသည် အနည်းဆုံး အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ဖြစ်သည်။ ကိုးနှစ်အတွင်း မထိုးဖောက်နိုင်ရင် နောက်နှစ်တစ်ရာ အသက်ရှင်နိုင်ပြီး သဘာဝအတိုင်း သေဆုံးလေ့မရှိပါချေ။

ယန်ကောင်းကင် ကောင်လေးက ခြွင်းချက်ပါပဲ​။ သူသည် ငယ်ရွယ်သေးသော်လည်း အနတ္တပြန်ခြင်းဘုံအထိ ကျင့်ကြံထားပြီးပြီ ဖြစ်သည်။ ကိုးနှစ်မှာ မဖြတ်နိုင်ရင်တောင်မှ နောက်နှစ်တစ်ရာ အသက်ရှင်ရင် လုပ်နိုင်လိမ့်မည်။

နှစ်ယောက်တိုက်မိသည်နှင့် တပြိုင်နက် ယန်ကောင်းကင် ကောင်လေးရဲ့ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားကာ အနောက်သို့ လွင့်သွားသည်။ တဒိုင်းဒိုင်း ပေါက်ကွဲကာ အိမ်များကို ဖြတ်သွားကာ လမ်းများကိုလည်း ဖြတ်၍ ကျယ်လောင်သော ပေါက်ကွဲသံကြီးဖြင့် ကုံကျိုးမြို့ရိုးကို ထူထဲသော နံရံကို ထိုးဖောက်ပစ်လိုက်သည်။

ပါးစပ်ထောင့်မှ သွေးများ စီးကျနေပြီး ထိတ်လန့်နေသော မျက်လုံးများက အပြူးသား။ သူ မျက်လုံး ဖွင့်ကြည့်လိုက်တော့ "ချန်ရှီ" ၏ရုပ်သွင်က ရုတ်တရက် မှုန်ဝါးလာကာ အမြင်ရှင်းသွားချိန်၌ သူ့ရှေ့ ရောက်နေ​ပြီ။

"ကောင်လေး... မင်းက သုံးဘဝတောင် အသက်ရှင်လာခဲ့တာပဲ!"

"ချန်ရှီ" ကောင်လေးကို ဖမ်းဖို့ လက်ကို ဆန့်ထုတ်လိုက်သည်။

"မင်း ဒီဘဝ သုံးခုမှာ ဘယ်သူတွေ ဖြစ်ခဲ့လဲဆိုတာ ကြည့်​ကြည့်ရအောင်!"

သူ့လက်ဖြင့် ဆုပ်ကိုင်လိုက်သောအခါ ယန်ကောင်းကင် ကောင်လေးမှာ သူ့စွမ်းအင်နှင့် စိတ်ဝိညာဉ်က ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်း ခံစားလိုက်ရသည်။ "ချန်ရှီ" သည် သူ့စိတ်ဝိညာဉ်နောက်သို့ လိုက်ကာ သူအသက်ရှင်ခဲ့တဲ့ သုံးဘဝကို ပြန်လည် ခြေရာခံ​နေခဲ့သည်။

သူ့ဘဝသုံးပါးရဲ့ အမှတ်ရစရာတွေကို ပြဇာတ်တစ်ပုဒ်လို လေထဲမှာ ထင်ဟပ်ပြသလာသည်။

ယန်ကောင်းကင် ကောင်လေးရဲ့ မျက်နှာက ဖြူဖျော့လာသည်။ သူ့တွင် လက်ရှိအဆင့်အထိ မမွေးမြူမီ ထပ်ခါထပ်ခါ လူပြန်ဝင်စားနိုင်စေမည့် လျှို့ဝှက်နည်းလမ်း တစ်ခုရှိခဲ့သည်။ သူ့မူလဇစ်မြစ်ကို မည်သူမျှ မမြင်နိုင်ဟု မူလက ထင်ထားသော်လည်း ယခုအချိန်တွင် ဖော်ထုတ်ခံလိုက်ရမယ်လို့ မမျှော်လင့်ခဲ့ပေ။

ဤအခိုက်အတန့်တွင် စွယ်တော်သံရုတ်တရက် ထွက်ပေါ်လာပြီး အစိမ်းရောင် အဝတ်အစားနှင့် ဂီတပညာရှင်တစ်ဦးသည် လေထဲတွင်ရပ်နေလျက်သား ပေါ်လာသည်။ ၎င်း၏အစိမ်းရောင်အဝတ်အစားများ လွင့်မျောကာ အပေါ်စီးမှ စွယ်ကြိုးများကို တီးခတ်လိုက်လေသည်။ တေးသံများက လေထဲတွင် လွင့်မျောနေသော နတ်သမီးများအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်မှ ဆင်းသက်၍ "ချန်ရှီ" နှင့် ပတ်၀န်းကျင်ကို ဝန်းရံထားလိုက်သည်။

"မင်းက မှော်စွမ်းအင်တောင် မလေ့ကျင့်နိုင်ဘဲ လာတီးပြနေသေးတယ်"

"ချန်ရှီ" သူ့လက်ဖဝါးနဲ့ ရိုက်ချလိုက်ရုံတဲ့ အစိမ်းရောင်အဝတ်အစား ဝတ်ထားတဲ့ ဂီတသမားခမျာ လေထဲမှာ လှိမ့်ပြီး ပြုတ်ကျသွားတော့သည်။

ယန်ကောင်းကင် ကောင်လေးလည်း မတတ်နိုင်တဲ့အဆုံး ကျယ်လောင်စွာ ဟစ်အော်လိုက်၏။

"မြို့ထဲက စန့်ရန်တွေအားလုံး နားထောင်ကြ! နတ်ဆိုးနတ်ဘုရားက အရမ်းတန်ခိုးကြီးတယ်... လူတိုင်းက တစ်ယောက်တည်း တိုက်ခိုက်ရင် သေမှာပဲ အတူတူ တိုက်ခိုက်မယ်!"

သူပြောပြီးသည်နှင့် တပြိုင်နက် အရိပ်တွေ တစ်ခုပြီးတစ်ခု လေထဲတွင် လွင့်ပျံလာပြီး "ချန်ရှီ" အနီးတစ်ဝိုက်တွင် ပေါ်လာသည်။

လူတွေက လမ်းမတွေပေါ်မှာ ဆက်ပြီး မနေနိုင်တော့ဘဲ ထွက်လာကြသည်။

"ဆယ်နှစ်ကြာ ခွဲခွာခြင်းမှာ အိပ်မက်တစ်ခုလို ဖြစ်နေပုံရတယ်... အခု နတ်ဆိုးကို သတ်ဖို့ အတူတူ ပူးပေါင်းကြတာပေါ့"

ခရမ်းရောင်ဝတ်ရုံ ဝတ်ထားတဲ့ ပညာရှင်တစ်ယောက်က အသံကျယ်ကျယ်နဲ့ ရယ်မောလိုက်သည်။

"ငါ့နာမည်က တောက်ချန်းချိုးပါ... လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က လမ်းခွဲခဲ့ပြီး ဒီနေ့မှာတော့ ပြန်ဆုံတွေ့ခဲ့ရပြီ... နတ်ဆိုးကို အတူတူ သတ်ရလိမ့်မယ်လို့ မထင်ခဲ့ဘူး!"

သူ့စကားမဆုံးခင်မှာ "ချန်ရှီ" က သူ့ရှေ့မှာ ပေါ်လာပြီး မျက်နှာကို ​ဖြတ်ရိုက်လိုက်ချေပြီ။ တောက်ချန်းချိုး ရှောင်ရန် အချိန်မရှိသဖြင့် မျက်နှာကို ပါးရိုက်ခံလိုက်ရသည်။ သူ့လည်ပင်းက လိမ်ပြီး ခန္ဓာကိုယ်က လှည့်ပတ်သွားကာ မိုင်ပေါင်းများစွာ အကွာအဝေးအထိ လွင့်သွားသည်။

"မင်း ငါ့ကိုသတ်ချင်​နေရင် ဘာလို့ ကဗျာရွတ်​နေ​သေးတာလဲ"

"ချန်ရှီ" တံတွေးထွေးပြီး ကျိန်ဆဲလေ၏။

"ခွေးလောက်ကို အသုံးမကျဘူး!"

All Chapters