← Chapters

ငရဲမှကယ်တင်ခြင်း

Vol. 12 Ch. 174

ငရဲမှကယ်တင်ခြင်း

Vol. 12 Ch. 174

မြစ်ကမ်းတစ်လျှောက် အရှေ့ဘက် မိုင်တစ်ရာခန့်၌ ကွေရှန်းမြို့ဟုခေါ်သော မင်ကျန်းမြစ်၏ ဘယ်ဘက်ကမ်းရှိ ကွေရှန်း တောင်ပေါ်တွင် တည်ဆောက်ထားသော မြို့တစ်မြို့ရှိသည်။

အဲဒီနေ့မှာ ချောမောလှပတဲ့ မိန်းကလေးနဲ့အတူ ဘုန်းကြီးတစ်ပါး ခြေလျင်လျှောက်လာခဲ့၏။ သူမမျက်နှာကို ဖုံးအုပ်ထားပြီး လှပသောမျက်နှာကတင် လူများစွာ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

ရုတ်တရက် ကုံကျိုးမြို့ဘက် ဦးတည်ရာဆီမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ဘုန်းကြီးဝူချန် လျင်မြန်စွာ ပြန်လှည့်ကြည့်လိုက်တဲ့အခါ ကုံကျိုးမြို့မှ ကြီးမားသော အနက်ရောင် ကောင်းကင်ကြီး တက်လာပြီး အပြင်ဘက် မိုင် ၁၀၀ အချင်းဝက်အတွင်း ဧရိယာကို လွှမ်းခြုံပစ်တာ တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားသည်။

"ဟုတ်တယ်... ချန်ရှီကို သွားထိတဲ့ အရူးတစ်ယောက်ရှိနေလို့..."

အသက်မပြည့်သေးသော စုန်းမလို ရင့်ရူးမုန့်က တခစ်ခစ်ရယ်ပြီး ပြောလေသည်။

"ကံကောင်းတာက ငါတို့က အမြန် ထွက်လာကြလို့ပေါ့... မဟုတ်ရင် သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးက ငါ့ရနံ့ကို ခံစားမိသွားပြီး ငါ့ကိုရှာဖွေ စားသောက်ပစ်လိမ့်မယ်"

ဘုန်းကြီးဝူချန် အံ့သြသွားပြီး "ချန်ရှီကိုယ်ထဲမှာ နတ်ဆိုးတစ်ကောင် ရှိ​နေတာလား"

"ငါကြည့်လိုက်တော့ မည်းမှောင်နေတာပဲ.. ​​အမှောင်ထဲမှာ ရာနဲ့ချီတဲ့ မျက်လုံးတွေက ငါ့ကို စိုက်ကြည့်နေတာ.....အခု ထွက်လာတဲ့သူက အညံ့ဆုံးအ​ကောင် ဖြစ်ရမယ် ဝင်လေလေ သူတို့ ပိုအားကောင်းလာလေပဲ"

ဘုန်းကြီးဝူချန် တစ်ကိုယ်လုံး တင်းမာသွားတော့သည်။

ကုံကျိုးမြို့က နတ်ဆိုးနယ်မြေတွင် အလင်းရောင် အနည်းငယ်သာရှိပြီး အနက်ရောင်ချည်းသာ ဖြစ်သည်။ ၎င်းမှာ ဝိညာဉ်များ၊ နတ်ကွန်းများ၊ နတ်သန္ဓေသားများနှင့် သခင်များစွာတို့၏ မှော်အတတ်များမှ ထုတ်လွှတ်သော အလင်းသာ ရှိသည်။

ယန်ကောင်းကင် ကောင်ကလေး၊ ဝတ်ရုံစိမ်း ဂီတပညာရှင်၊ တောက်ချန်းချိုးတို့ သုံးဦးစလုံး ဒဏ်ရာရသွားခဲ့တာကြောင့် မြို့တွင်းရှိ လှည့်လည်သူ စန့်ရန်အားလုံးကို အံ့သြထိတ်လန့်စေခဲ့သည်။

ထိုအချိန်တွင် လေထဲတွင် ပြန့်ကျဲနေသော လူဆယ်ယောက်နှင့် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော လူဆယ့်နှစ်ယောက် စုစုပေါင်း လူနှစ်ဆယ့်နှစ်ယောက် ရှိနေပါပြီ။

လာမည့်ရက် အနည်းငယ်အတွင်း စန့်ရန်တွေရဲ့ စုစည်းမှုကို ကျင်းပ​တော့မည်ဖြစ်ရာ ဟန်ကုံးတောင်ပေါ်ရှိ မြူခိုးတောင်ထွတ်သို့ ဦးတည်သွားနေသော တစ်ဦးချင်းခရီးသွားများသည် စုဝေးမှုမစတင်မီ ကုံကျိုးမှာ ရှိနေရမှာ ဖြစ်သည်။

အချို့သော ခရီးသွား စန့်ရန်များသည် သူငယ်ချင်းများထံ သွားရောက်လည်ပတ်ရင်း ဟန်ကုံးတောင်သို့ ဦးစွာ ရောက်ရှိနေကြသည်။

မတူညီတဲ့ နယ်ပယ်အသီးသီးမှာ အံ့အားသင့်စရာကောင်းတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့ကြပြီး သူတို့ရဲ့ အောင်မြင်မှုတွေကိုလည်း ဂုဏ်ယူကြသူတွေပင်။ ဥပမာအားဖြင့် ဂီတပညာရှင်သည် ဂီတကို ကျွမ်းကျင်ပြီး ဂီတကို အသက်ထက် ပို၍အရေးကြီးသော ရတနာအဖြစ် မှတ်ယူထားခဲ့သည်။

"ချန်ရှီ" သည် သူ့အား မှော်စွမ်းအင်ကို မလေ့ကျင့်နိုင်ဘဲ ဂီတကို တီးခတ်နေတာက အချိန်ကို ဖြုန်းတီးခြင်း​ဖြစ်ကြောင်း အရှက်ရစေကာ အလွန်ဒေါသထွက်စေခဲ့သည်။

ခရမ်းရောင်ဝတ် တောက်ချန်းချိုးမှာ သူ့ကိုယ်သူ ဗဟုသုတ ကြွယ်ဝတယ်လို့ ထင်ခဲ့ပေမယ့် "ချန်ရှီ" က သူ့ကဗျာတွေဟာ အဓိပ္ပာယ်မဲ့တယ်လို့ ဆိုလိုက်သည်။

ယန်ကောင်းကင် ကောင်လေးက သူ့ကို ဘယ်သူမှ မဖမ်းမိနိုင်ဘူးလို့ တွေးမိပြီး ကလေးဘဝတုန်းကတည်းက အနတ္တပြန်ခြင်းဘုံ ဖြစ်လာပြီး မဟာယာန ဖြစ်လာဖို့ စိတ်ကူးယဉ်ခဲ့၏။ သို့သော်လည်း "ချန်ရှီ" သည် သူ၏ အတိတ်ဘဝ သုံးခုကို တူးဖော်ခဲ့ပြီး သူ၏ ယခင်ဘဝနှင့် ယခင်ဘဝ အတွေ့အကြုံများကို လှည့်ပတ်နေသော မီးပုံးကဲ့သို့ တီးခတ်ပြနေတာကြောင့် မျက်နှာပျက်သွားခဲ့သည်။

စန့်ရန်များဟာ အနောက်နွားရှင်းကျိုးရဲ့ လျှို့ဝှက်ချက်များကို စူးစမ်းလေ့လာရန်နှင့် စွမ်းအင်ကျင့်စဥ် အမျိုးမျိုးကို လေ့လာရန် အလွန်စိတ်အား ထက်သန်ကြသည်။ သူတို့ရဲ့ စွဲလမ်းမှုတွေကြောင့် ထူးထူးခြားခြား ရလဒ်တွေလည်း ရရှိခဲ့ပါ၏။

ထက်မြက်သူများသည် အမြဲတမ်း မာနကြီးပြီး ၎င်းတို့၏ စရိုက်များထဲ၌ ချို့ယွင်းချက်အမျိုးမျိုး ရှိသည်။ နတ်ဆိုး "ချန်ရှီ" သည် ၎င်းတို့၏ တာအိုဘာသာ၏ အားနည်းချက်များကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပြီး ၎င်းတို့ကို တိုက်ခိုက်ကာ ကျင့်စဥ်ကို ပျက်စီးစေတာကြောင့် ၎င်းတို့အား စိတ်မငြိမ်မသက် ဖြစ်လာစေသည်။

"ချန်ရှီ" က ပြန့်ကျဲနေတဲ့ စန့်ရန်တွေကို ဂရုမစိုက်ဘဲ စိုက်ကြည့်ရင်း ပြုံးပြီး ပြောလိုက်သည်။

"ထွက်လာလာချင်း မင်းတို့နဲ့တွေ့ရတာ သုံးဘဝ ကံကောင်းမှုကြီးပဲ ဖြစ်မယ်"

သူ့ပုံက ရုတ်တရက် မှုန်ဝါးသွားပြီး နောက်အခိုက်အတန့်မှာ ဟန်ကုံးဝမ့်ရှေ့မှာ ပေါ်လာခဲ့သည်။ သူ့လက်ကို ဆန့်တန်းလိုက်တာနဲ့ ဟန်ကုံးဝမ့်ရဲ့ ဝိညာဉ်က တဆက်ဆက် တုန်လှုပ်သွားပြီး တကယ်ပဲ သူ့ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်ခံလိုက်ရပါ၏။

"ချန်ရှီ" က ပါးစပ်ကို အကျယ်ကြီး ဖွင့်လိုက်ပြီး ဟန်ကုံဝမ့်ကို သူ့ပါးစပ်ထဲကို ထည့်တော့မည်။

သူ့ဦးခေါင်းသည် ရုတ်တရက် သူ့ခန္ဓာကိုယ်ထက် အဆများစွာ ပိုကြီးလာနေတာကို လူတိုင်းက မျှော်ကြည့်နေကြရသည်။ ဟန်ကုံဝမ့်ရဲ့ ဝိညာဉ်ကို မျိုချဖို့ မပြောနဲ့ သူတို့ အားလုံးကို မျိုချလိုက်ရင်တောင် တစ်ကိုက်ပဲ ကြာလိမ့်မည်။

သို့သော် ဟန်ကုံးဝမ့်က အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော မိုးခြိမ်းသံများ ထွက်ပေါ်ကာ တခဏချင်းပင် အပြင်ဘက်သို့ တလှည့်စီ ပွင့်ထွက်ကာ ဧကပေါင်းများစွာ လွှမ်းခြုံ၍ "ချန်ရှီ" ကို ဖြတ်ကျော်သွားသည်။

ထိုမိုးခြိမ်းသံသည် ယင်မိုးကြိုးဖြစ်သည်။ ပုံမှန်မိုးကြိုးကို ယန်မိုးကြိုး ဟုခေါ်ပြီး ဖျက်ဆီး၍မရသော ယန်စွမ်းအင်များပါရှိပြီး မကောင်းသော အရာအားလုံးကို ဖျက်ဆီးနိုင်သည်။

ယင်မိုးကြိုးသည် ယင်စွမ်းအင် အများဆုံးပါဝင်ပြီး သေနေသောသစ်ပင် သို့မဟုတ် သစ်သားပုပ်ကဲ့သို့ ယင်စွမ်းအင်ကို ဖျက်ဆီးနိုင်သည့် မြေအောက်ကမ္ဘာရှိ မိုးခြိမ်းသံဖြစ်သည်။ မိုးခြိမ်းသံသည် လူတစ်ဦးကို သေစေနိုင်ပြီး သူ၏ ကျင့်ကြံမှုကိုလည်း လျှော့ချပစ်နိုင်သည်။

သာမာန် ကျင့်ကြံသူများသည် ၎င်းတို့၏ခန္ဓာကိုယ်ရှိ ယင်စွမ်းအင်ကို တတ်နိုင်သမျှလျှော့ချရန် လေ့ကျင့်ကြသည်။ ၎င်းသည် ရွှေအမြုတေ၊ အခြေတည်ဝိညာဥ်နဲ့ နတ်ဝိညာဥ်တို့နှင့် သက်ဆိုင်ပါသည်။ နတ်ဝိညာဥ်ကို သန့်စင်တဲ့ယန်အဖြစ် မွေးမြူလိုက်တဲ့အခါ ကောင်းကင်မိုးခြိမ်းသံရဲ့ ဖြောင့်မှန်မှုကို မကြောက်ဘဲ အတိဒုက္ခကို ကျော်လွှားဖို့ ပိုလွယ်သွားလိမ့်မည်။

သို့သော် ယင်မိုးနှင့် ထိမိပါက ပြင်းထန်စွာ ခဲယဉ်းစွာ ခံနိုင်ရည်ရှိမှ ရမည်။ မဟုတ်လျှင် သန့်စင်သော ယန်ကိုယ်ထည်သည် ချက်ချင်း ကျိုးပဲ့သွားမည် ဖြစ်ပြီး ကျင့်ကြံမှုကလည်း လျော့နည်းသွားကာ အလွန်အန္တရာယ် ရှိသည်ဟု ဆိုနိုင်သည်။

ဟန်ကုံးဝမ့်သည် ယင်မိုးကြိုးဖြင့် ထူးကဲသော အောင်မြင်မှုများ ရရှိထားသည်။ ယင်မိုးကြိုး ဖြတ်သန်းသွားတိုင်း "ချန်ရှီ" သည် အတွင်းအပြင် ထုံကျင်ကာ ဖော်မပြနိုင်လောက်အောင် သက်တောင့်သက်သာ မရှိနေသလို ခံစားလာရ၏။

သူက ဟန်ကုံးဝမ့်ရဲ့ ဝိညာဉ်ကို သူ့ပါးစပ်ထဲကို ထည့်လိုက်သည်။ ဟန်ကုံးဝမ့်သည် အစွမ်းထက်သော ကျင့်ကြံသူ ဖြစ်ပြီး အလောင်းသုံးကောင် သတ်ဖြတ်ခြင်း ကျင့်စဥ်ကို ကျင့်ထားသဖြင့် သူ့စိတ်ဝိညာဉ်က သန့်ရှင်းသောယန် ဖြစ်လာသည်။ ချက်ချ​င်းပင် သူ့ဝိညာဉ်က အလွန်ကြီးမားလာသည်။ သူသည် "ချန်ရှီ"၏ အပေါ်သွားများကို သူ့လက်နှင့်ထောက်ထားပြီး "ချန်ရှီ" အောက်သွားများကို ​ခြေထောက်နဲ့ ကန်ထားနိုင်ရန် ကြိုးပမ်း​နေသည်။

တခြားလူတွေရဲ့ တိုက်ခိုက်မှုတွေရ ရောက်နေပြီ။ အစိမ်းရောင်ဝတ် ဂီတသမား၏ တေးဂီတသည် "ချန်ရှီ" ၏ နောက်ကျောကို ဓားစွမ်းအင်များအဖြစ် ဖြတ်သွားသည်။ သူ့အဝတ်အစားများကို ဖြတ်တောက်လိုက်သော်လည်း သူ့အရေပြားပေါ်တွင် နှင်းဖြူရောင်အစက်အပြောက် အနည်းငယ်သာ ကျန်ခဲ့၏။

ယန်ကောင်းကင် ကောင်လေးရဲ့ လက်ဖဝါးစွမ်းအား တိုးလာသည်နှင့်အမျှ "ချန်ရှီ" သည် ၎င်းကို တားဆီးရန် သူ့လက်ကို မြှောက်လိုက်သဖြင့် ကောင်လေးလည်း နောက်သို့ ဆုတ်သွားရသည်။

"ချန်ရှီ" သည် သူ့လျှာကို ဟန်ကုံးဝမ့်အား ရစ်ပတ်ကာ သူ့အပေါ်နှင့် အောက်သွားများကို ဖိကာ သူ့ဗိုက်ထဲသို့ ဆွဲသွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် လက်ကို လှည့်ကာ တံဆိပ်ခတ်မှု လုပ်ဆောင်ရင်း တာအိုကျင့်ကြံသူနှင့် အပြင်းအထန် တိုက်ခိုက်ကာ အလိုအလျောက် နောက်ပြန်ဆုတ်သွားခဲ့သည်။

ထိုတာအိုကျင့်ကြံသူက ကျယ်လောင်စွာ အော်လိုက်သည်။ သူ့နတ်ဝိညာဥ်က သူ့အနောက်မှာ ရပ်နေပြီး ကျယ်ပြောလှသော လေဟာပြင် တစ်ခုဖြစ်လာသည်။ ကျယ်ပြောလှသော ထိုလေဟာပြင်ထဲ၌ နေနှင့်လသည် အပြိုင်လည်ပတ်နေကာ လှပသော တောင်တန်းများနှင့် မြစ်ချောင်းများနှင့် လှပသော ရှုခင်းများကို ပြသနေ၏။

ကျယ်ပြောလှသော အနတ္တလေဟာပြင်ဘုံကို တာအိုဘာသာတွင် ဂူကောင်းကင်နှင့် ဗုဒ္ဓဘာသာ၏ ပရဒိသုဘုံဟု ခေါ်သည်။

ဤအဆင့်အထိ ကျင့်​ကြံထားသူများသည် မသေမျိုးများနှင့် တန်းတူဖြစ်နေပြီဟု ဆိုလို့ရသည်။ သူတို့၏ ရှေးဦး နတ်ဝိညာဉ်များသည် အနတ္တပြန်ခြင်းဘုံကို ဦးစွာ တည်ဆောက်ကြပြီး အနတ္တလေဟာပြင်ဘုံကို ကျင့်ကြံကြသည်။

ဤတာအိုကျင့်ကြံသူက အနတ္တပြန်ခြင်းဘုံသို့ ရောက်နေပြီ ဖြစ်သည်။ ကိုးနှစ်တာကာလအတွင်း မဟာယာနနယ်ပယ်သို့ ဝင်ရောက်ရန် ပျက်ကွက်ခဲ့သော်လည်း သူ၏ စွမ်းရည်များသည် ယန်ကောင်းကင် ကောင်လေးထက် အလွန်လေးနက်ပြီး အစွမ်းထက်လှသည်။ ပထမလက်ဖဝါးကို ချန်ရှီက လက်ခံရရှိခဲ့ပြီး ရှေ့တစ်လှမ်းတိုးကာ ဒုတိယလက်ဖဝါးကို လှန်လိုက်တာနဲ့ သူကသာ လဲကျသွားခဲ့သည်။

အလင်းရောင်တစ်ခုသည် သူ၏ အနတ္တဘုံကြောင့် တောက်ပနေပြီး စွမ်းအားများကို စုစည်းထားသည်။ ထိုးနှက်ချက် တစ်ခုသည် သူ့အပေါ် ဖိနှိပ်ထားသော ကမ္ဘာငယ်လေး၏ စွမ်းအားနှင့် ညီမျှသည်။

"ချန်ရှီ" ဘက်က နောက်ထပ် ထိုးနှက်လိုက်ရာ သူ့ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး နောက်ခြေတစ်လှမ်း ဆုတ်သွားခဲ့ရသည်။ တာအိုကျင့်ကြံသူသည် မိုးခြိမ်းသံလို ကြွေးကြော်ပြီး ရှေ့သို့ နောက်တစ်လှမ်း လှမ်းပြီးနောက် လက်ဖဝါးကို ထပ်မံ ရိုက်ချလိုက်သည်။

"ချန်ရှီ" သည် တတိယမြောက် လက်ဖဝါးကို ရိုက်ယူပြီး နောက်ခြေတစ်လှမ်းဆုတ်ကာ နောက်ဆုံးတွင် ဟန်ကုံးဝမ့်ရဲ့ ဝိညာဉ်ကို သူ့ဗိုက်ထဲသို့ ဆွဲသွင်းလိုက်သည်။

“မင်းက ကိုယ့်ကိုကိုယ် အရမ်းသန်မာတဲ့လူ ဖြစ်အောင်တော့ ကျင့်ကြံထားနိုင်တာပဲ!"

တာအိုကျင့်ကြံသူမှာ သွေးတစ်ပွက် အန်ပြီး အသက်ရှုသံက အားနည်းလာသည်။ သူ့ရဲ့ လှုပ်ရှားမှု သုံးခုက "ချန်ရှီ" ကို လုံးဝ မထိခိုက်စေပေမယ့် သူကိုယ်တိုင်ကတော့ ဒဏ်ရာရသွားခဲ့၏။

တောက်ချန်းချိုး: "သူ ဟန်ကုံးဝမ့်ကို စားပစ်ပြီ!"

"ချန်ရှီ" က လက်ညိုးထိုးလိုက်စဥ် တာအိုကျင့်ကြံသူကလည်း ထိုလက်ညှိုးကို တားဆီးဖို့ သူ့လက်ကို မြှောက်ထားလိုက်သည်။ သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး နတ်ဆိုးစွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲက ထွက်လာတော့၏။ "ချန်ရှီ" ရဲ့ နတ်ဆိုးစွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာပြီး သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်တွေကို ခေါက်ပစ်နေ၏။

"ချန်ရှီ" သည် သူ၏ရှည်လျားသော လျှာကို ထုတ်ကာ တာအိုကျင့်ကြံသူရဲ့ ဝိညာဉ်ကို ရစ်ပတ်ပြီး မျိုချပစ်ဖို့ ပြင်ဆင်သည်။

မြို့စား ချောင်းဖျင်သည် လေထဲတွင် မတ်မတ်ထိုင်နေကာ သူ၏ရှည်လျားသော နှင်းဖြူမုတ်ဆိတ်မွှေးများက ပျံဝဲနေသည်။ အနှီမုတ်ဆိတ်များက လေထဲတွင် လှုပ်ယမ်းကာ "ချန်ရှီ" ကို ဖမ်းဆုပ်ထားသော အဖြူရောင် နဂါးများအဖြစ်သို့ ပြောင်းလဲသွားသည်။

"ချန်ရှီ" သည် တာအိုကျင့်ကြံသူရဲ့ ဝိညာဉ်ကို ပါးစပ်ထဲသို့ ဆွဲသွင်းရန် လျှာကို ပြန်ဆွဲယူဖို့ ကြိုးစား​နေသည်။ တာအိုကျင့်ကြံသူရဲ့ ဝိညာဉ်သည်လည်း နှာခေါင်းနှင့် မေးစေ့ကို ခြေလက်များဖြင့် ထောက်ကာ ပါးစပ်ထဲသို့ ဆွဲသွင်းမခံရရန် ပြင်းပြင်းထန်ထန် ကြိုးစားလျက်ရှိသည်။

မြို့စားချောင်းဖျင်က ရယ်မောလိုက်သည်။ သူ့မျက်လုံးတွေက ရွှေရောင်အလင်းတန်း နှစ်ခုကို ထုတ်လွှတ်လိုက်ပြီး "ချန်ရှီ" ရဲ့ ဦးခေါင်းဆီသို့ ပစ်လွှတ်ရင်း အပြုံးလေးနဲ့ ပြောလိုက်ပါ၏။

"မထိတ်လန့်ပါနဲ့ မိတ်ဆွေ... ကျုပ်ကို ခုတ်ထစ်ခွင့်အရင်ပေးပါ!"

ရွှေရောင်အလင်းတန်း နှစ်ခုသည် ဖျက်ဆီး၍မရသော ရွှေစွမ်းအင်ဖြစ်သည်။ ၎င်းတို့သည် ချန်ရှီလည်ပင်းကို သုံးကြိမ် လှည့်ပတ်သွားခဲ့ရာ လည်ပင်းမှာ သွေးထွက်နေပေမယ့် သူ့ခေါင်းက မကျွတ်သွားခဲ့ပါဘူး။ လူငယ်သည် ခက်ထန်သောအကြည့်ကိုတောင် မပြဘဲ သူ့မျက်လုံးများက ချောင်ဖျင်ဆီသို့ မှော်အလင်းနှစ်ရောင်ကို ပစ်လိုက်သည်။

သူ၏ လက်ဝဲသူငယ်အိမ်က ညာဘက်ကိုကြည့်ကာ သူ၏ညာဘက် သူငယ်အိမ်ကတော့ ဘယ်ဘက်သို့ ကြည့်​နေသည်။ မှော်အလင်းတန်း နှစ်ခုသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ကျယ်လောင်သော အသံနှင့်အတူ ချောင်းဖျင်ရဲ့ ဆံပင်ဖြူခေါင်းအား လည်ပင်းမှ ကျွတ်သွား​စေသည်။

အဘိုးအိုသည် အလွန်တန်ခိုးကြီးပြီး အသက်ရှင်ဆဲဖြစ်သည်။ ဦးခေါင်းမရှိသော ခန္ဓာကိုယ်သည် ချက်ချင်း ခုန်တက်သွားပြီး ဦးခေါင်းကို အဖမ်းမိထား၏။ သူက ခေါင်းကို လက်နှစ်ဖက်နဲ့ ကိုင်ထားရင်း အော်ပြောလိုက်သေးသည်။

"စွမ်းလိုက်တာ!"

ချန်ရှီ၏ မျက်လုံးများသည် မှော်မီး​ရောင် နှစ်ရောင်ဖြင့် တောက်ပနေကာ သူ၏မုတ်ဆိတ်ဖြူမှ အသွင်ပြောင်းလာသော နဂါးဖြူအားလုံးကို ဖြတ်တောက်ပစ်လိုက်သည်။ ပြင်းပြင်းထန်ထန် ရုန်းကန်ပြီး သူ့ခန္ဓာကိုယ်မှာ ရစ်ပတ်ထားတဲ့ အဖြူရောင် နဂါးတွေကိုလည်း ချိုးဖျက်ပစ်သည်။ လွတ်မြောက်ပြီးတာနဲ့ ထိုအဘိုးကြီးထံ တည့်တည့် ပြေးသွားတော့သည်။

"မင်း သေဖို့ ဘယ်လောက်ကြာမလဲ ကြည့်ရင်ရော!"

ချောင်းဖျင်က သူ့​ဦးခေါင်းကို လက်ထဲတွင် ကိုင်ဆောင်ထားသည်။ အစောက တာအိုကျင့်ကြံသူရဲ့ ဝိညာဉ်သည် ရေဘဝဲတစ်ကောင်လို "ချန်ရှီ" ၏မျက်နှာပေါ်တွင် လဲလျောင်းနေသော်လည်း "ချန်ရှီ" ၏ လျှာဆွဲအားကို တွန်းလှန်ရန် အပြင်းအထန် ကြိုးစားနေရတုန်းပင်။

"ဆရာဆောင်! ခဏတောင့်ထား!"

ယွမ်ရှန်းစန့်ရန် ကောင်းကင်အထက် ခုန်တက်၍ လက်ညှိုးကို မြှောက်လိုက်သည်။ မိုးခြိမ်းသံက ကောင်းကင်မှ ဟိန်းဟောက်လိုက်စဥ် သူ့လက်ချောင်းတွေကို ချိန်ကာ "ချန်ရှီ" ကို တိုက်ခိုက်သည်။

"ချန်ရှီ" သည် ထိုးနှက်မှုကြောင့် ဟန်ချက်ပျက်သွားကာ ယွမ်ရှန်းစန့်ရန်ဘက်သို့ ရှောင်ထွက်သွားသည်။ သူက သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ထိုလူရဲ့လည်ပင်းကို ညာခြေထောက်နဲ့ ပြင်းပြင်းထန်ထန် သုတ်သင်လိုက်၏။

ယွမ်ရှန်းစန့်ရန် လေရဟတ်ကဲ့သို့ လွင့်မျောသွားသည်။ လေထဲမှာ သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်ခင်မှာပဲ "ချန်ရှီ" က သူ့ကို ဖမ်းထားပြီး လက်သီးကို မြှောက်ကာ ခေါင်းကို ထိုးပစ်လေသည်။

အမျိုးသားနှစ်ဦး ကောင်းကင်ကနေ ပြုတ်ကျပြီး ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ ကုံကျိုးမြို့အပြင်ဘက်မှာ ပျက်ကျသွား၏။

တခြားစန့်ရန်တွေလည်း ကမန်းကတန်း ပြေးလာပြီး လျင်မြန်စွာ ရောက်လာကြသည်။ ဖုန့်ဖေးဟွားသည် ရွှေအပ်တစ်ချောင်းကို မြှောက်လိုက်ပြီး လျှပ်စီးကြောင်းလို "ချန်ရှီ" နောက်၌ ပေါ်လာသည်။

ရွှေဆေးထိုးအပ်သည် ထူးခြားသော လက်နက်တစ်ခု ဖြစ်သည်။ ကမ္ဘာပတ် ခရီးသွားရင်း သူဖြတ်သန်းခဲ့သော ရွာတစ်ရွာမှ ဆင်းသက်လာခြင်း ဖြစ်သည်။ အဲဒီရွာမှာ မကောင်းမှုတစ်ခု ဖြစ်ပွားခဲ့၏။ ရွာမှာ ရေတွင်းတစ်ခုရှိကာ ရေတွင်းထဲက ရွှေရောင်တွေ ရုတ်တရက် ထွက်လာခဲ့၏။ ချဉ်းကပ်သူတိုင်း အပိုင်းပိုင်း ကြေမွလိမ့်မည်။

သူက ရေတွင်းနားမှာထိုင်ပြီး ရေတွင်းထဲက ရွှေစွမ်းအင်တွေကို သန့်စင်ပေးသည်။ ရွှေရောင်စွမ်းအင်တွေ ကုန်ဆုံးသွားတဲ့အခါ ရေတွင်းထဲမှာ ရွှေတိုင်တစ်ခု ပေါ်လာခဲ့၏။

ဖုန့်ဖေးဟွားလည်း ဤအရာက သမိုင်းမတင်မီက ရတနာတစ်ခုဖြစ်ကြောင်း သိလိုက်သည်။ အသွင်အပြင်က သူမအတွက် အထူးသင့်တော်သောကြောင့် ရွှေတိုင်ကို အပ်တစ်ချောင်းအဖြစ် သန့်စင်ခဲ့သည်။

ဤရွှေအပ်ကို သန့်စင်ထားပြီးနောက် ဘာမှော်စွမ်းအင် သို့မဟုတ် ဘယ်လိုရတနာပဲ ရှိစေကာမူ တပေါက်ဖာ ဘုရားကျောင်းက ရွှေကိုယ်ထည်ကိုပင် အလွယ်တကူ ချိုးဖျက်နိုင်သည်။

တစ်ချိန်က တစ်စုံတစ်ယောက်သည် ဆရာတော်ဝါးခါးကို တိုက်ခိုက်ရန် သူမရွှေအပ်ကို ငှားသွားခဲ့သေးသည်။ နောက်ဆုံးတွင်တော့ ဆရာတော်ဝါးခါးရဲ့ မင်ဧကရာဇ်ရွှေကိုယ်ထည်ကို ချိုးဖျက်ခဲ့ကြောင်း ဒဏ္ဍာရီများအရ သိလာရသည်။

ရွှေအပ်က "ချန်ရှီ"နောက်သို့ တိုက်ခိုက်လိုက်သည်။ "ချန်ရှီ" က လှည့်ပင်မကြည့်ဘဲ သူ့ညာဖက်လက်ညိုးနဲ့ လက်ခလယ်တွေကို ကျောနောက်ကို ဆန့်ထုတ်လိုက်ပြီး ရွှေထိုးအပ်ကို မထင်မှတ်ပဲ သူ့ခန္ဓာကိုယ်ထဲ အနည်းငယ်သာ ဝင်သွားနိုင်၏။

ဖုန့်ဖေးဟွားရဲ့ မျက်နှာလေး နီရဲလာပြီး အပ်ကို တွန်းရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း "ချန်ရှီ"လက်က လုံးဝ မလှုပ်ရှားလာပေ။

"ဖေးဟွား ငါမင်းကိုကူညီဖို့ လာပြီ!!"

စန့်ရန် တစ်ယောက်ဖြစ်တဲ့ လျိုစန်းထုံသည် ဖုန့်ဖေးဟွား အနားသို့ ဆင်းသက်ကာ ရွှေအပ်ကို အသက်သွင်းရန်အတွက် သူမနှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့သည်။

"ကျွန်တော်လည်း လာကူညီမယ်!"

တတိယမြောက် စန့်ရန် လွမ်ဟောက်ကျစ်လည်း ရောက်ရှိလာသည်။ သုံးယောက်သား ပုခုံးချင်းယှဉ်ရပ်ကာ ဓားတစ်ချောင်းစီ ကိုင်ထားကြသည်။ သူတို့နောက်မှာတော့ သူတို့ရဲ့ ရှေးဦး နတ်ဝိဉာဉ်တွေဟာ မြင့်မားပြီး ကြီးကျယ်ခမ်းနားစွာ ရပ်တည်နေပါ၏။ အမှောင်ထုကို လင်းထိန်စေသော နတ်အလင်းများက ကောင်းကင်သို့ ပျံတက်သွားသည်။ သူတို့အားလုံး ရွှေအပ်ကို အတူ တွန်းပို့လိုက်ကြသည်။

ရွှေအပ်၏အဖျားသည် ချန်ရှီရဲ့ နောက်ကျောကိုဖိကာ သူ့အရေပြားကို ထိုးဖောက်လုနီးပါး ဖြစ်နေ​ပြီ။ ကြီးမားသော အင်အားက ချန်ရှီခန္ဓာကိုယ်ကို ရှေ့သို့ ဖိလိုက်ကာ မတ်တပ်ရပ်မနေနိုင်ဘဲ အဆက်မပြတ် လျှောကျသွား​စေသည်။

မြို့စားချောင်းဖျင်၊ ယွမ်ရှန်း၊ ယန်ကောင်းကင် ကောင်လေး၊ ဝတ်ရုံစိမ်း ဂီတပညာရှင်နဲ့ တခြား စန့်ရန်တွေဟာ ဘယ်၊ ညာ၊ အပေါ်နှင့် အောက်တို့မှ ချက်ချင်း တိုက်ခိုက်လာကြပြီး အချို့ကလည်း နောက်ကျောမှ တိုက်ခိုက်ကြသည်။ အသီးသီးမှ စွမ်းအင်များကို ထုတ်လွှတ်ကာ "ချန်ရှီ" သို့ ပြေးဝင်လာကြသည်။

တာအိုကျင့်ကြံသူဆောင်ရဲ့ ဝိညာဉ်သည် "ချန်ရှီ" မျက်နှာပေါ်တွင် လဲလျောင်းနေပြီး သူ့လျှာကို ခုခံရန် အပြင်းအထန် ကြိုးစားနေဆဲ။

"ချန်ရှီ" ရုတ်တရက် လှည့်ကာ ခုန်တက်လာပြီး သူ့လက်မောင်းသည် လိမ်ကာ စက်ဝိုင်းတစ်ခုလို လှည့်သွားသည်။ သာမန်လူတစ်ယောက်၏ အဆိုအရ လက်သည် ဤထောင့်အတိုင်းသာ လှည့်သွားပါက အပိုင်းများစွာ ကွဲသွားနိုင်သော်လည်း သူကတော့ အဆင်ပြေပြေပင်။

ရွှေအပ်လက်ကလည်း လွတ်သွား၏။

ရွှေအပ်သည် တစ်ဖန်ပြန်ပျံသွားသောအခါ၊ "ချန်ရှီ" သည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်သည်။ မှိန်ဖျော့ဖျော့အသံဖြင့် ရွှေအပ်သည် သူ့ကို မထိမိဘဲ ဘေးမှာ ဝှေ့ယမ်းသွားလေသည်။

"ဒါကို ငါတို့ ဘယ်လို တိုက်ကြမလဲ"

ဖုန့်ဖေးဟွား၊ လွမ်ဟောက်ကျစ်နဲ့ လျိုစန်းထုံတို့ သုံးဦးလည်း ဤမြင်ကွင်းကို မြင်သောအခါ စိတ်ပျက်အားငယ်သွားကြသည်။ ရွှေအပ်ကိုတောင် ရှောင်နိုင်သည်။ အဲဒါကလည်း သူတို့ မတတ်နိုင်တဲ့ လက်ညိုးနဲ့ ပွတ်လိုက်ရုံပါပဲ။ သူ့ကို ထိမိဖို့ နည်းလမ်းတော့ မရှိချေ။

သူ့ကိုမထိနိုင်ရင် အားလုံး သေသွားရမှာကိုပဲ ကြောက်မိသည်။

"မဟာယာနနယ်ပယ်က ဘီလူးနည်းနည်းလောက်ပဲ ဒီနတ်ဆိုးကို နှိမ်နင်းနိုင်မှာ ကြောက်ရတယ်"

ဖုန့်ဖေးဟွား အတော်လေး စိတ်ပျက်လာသည်။ မဟာယာနနယ်ပယ်ရှိ ရှေးနတ်ဆိုးများသည် ရှာရခက်သော နဂါးများကဲ့သို့ပင်။ ရံဖန်ရံခါ စည်းဝေးပွဲများတွင်သာ ပေါ်လာကြပြီး ပုံမှန်နေ့များတွင် တွေ့ရခဲသည်။

၎င်းတို့ထဲက နှစ်ဦးကိုတော့ နောက်ဆုံးအကြိမ်အဖြစ် ချန်ယင်တု ချန်ရှီကို ခေါ်ဆောင်လာတဲ့ စုဝေးပွဲနှစ်က တွေ့ဖူးတာ ဖြစ်သည်။ ထိုစဥ် မဟာယာနနယ်ပယ်မှ နတ်ဆိုးနှစ်ကောင်ဟာ ချန်ယင်တုအား ဒုက္ခမပေးဖို့ သတိပေးသည့်အနေဖြင့် ​​ပေါ်​လာခြင်း ဖြစ်သည်။

"ချန်ရှီ" သည် တစ္ဆေသရဲလိုပဲ လျင်မြန်လွန်းပြီး အလျင်အမြန် ထိုနေရာမှ ပျောက်ကွယ်သွားတတ်သည်။ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါတွင် သူသည် စန့်ရန် လူတစ်ယောက်၏ အနားသို့ ရောက်နေပြီ။ အခြားလူများက သူ့ကိုကယ်ဆယ်ရန်သာ အလျင်စလို လုပ်ရ၏။ မဟုတ်ပါက ၎င်းတို့ပါ သတ်ဖြတ်စားသောက်တာ ခံရလိမ့်မည်။

အသက်ရှူချိန် အနည်းငယ်မျှသာ ကြာသွားသည်။ လူနှစ်ဆယ့်နှစ်ယောက်တွင် ဆယ့်ခုနစ်ယောက် ဒဏ်ရာရသွားပြီ။ တစ်ယောက်က ခေါင်းဖြတ်ခံရကာ တစ်ယောက်က ခန္ဓာကိုယ်ထဲသို့ ဝင်လုဆဲဆဲဖြစ်ပြီး တစ်ဦးက​တော့ သေဆုံးသွားခဲ့သည်။

ယန်ကောင်းကင် ကောင်လေးကလည်း တုန်လှုပ်သွားပြီး တုန်တုန်ယင်ယင် အသံဖြင့် ပြောလေ၏။

"နာရီဝက်... အနည်းဆုံး နာရီဝက်ပဲ...အဲ့နာရီဝက်အတွင်း သူ ငါတို့အားလုံးကို သတ်နိုင်တယ်! အခု ငါတို့ အသက်ရှင်ဖို့ အခွင့်အလမ်းက ဘယ်မှာလဲ"

သူ ရုတ်တရက် လူတိုင်းကို စွန့်ပစ်ပြီး ထွက်ပြေးသွားချင်ပေမယ့် နောက်တစ်ကြိမ်မှာတော့ ကောင်းကင်ကနေ ပြုတ်ကျပြီး ကုံကျိုးမြို့ထဲကိုပဲ ပြန်​ရောက်လာခဲ့ပါ၏။

"ချန်ရှီ" ၏ နတ်ဆိုးနယ်မြေသည် အရွယ်မရောက်သေးသော နတ်ဆိုးမ ရင့်ရူးမုန့်ရဲ့ နတ်ဆိုးနယ်မြေထက် ပိုမိုအားကောင်းသည်။

သူလိုလူကတော့ သေချာပေါက် မလွတ်မြောက်နိုင်ပါဘူး!

အဘွားရှားနဲ့ ရှောင်ဝမ်စွင်းတို့သည် ကုံကျိုးမြို့တစ်ဝိုက်တွင် လှည့်လည်ခဲ့ကြပြီး နောက်ဆုံးတွင် လီထျန်းချင်ရဲ့ ဝိညာဉ်နောက်သို့ လိုက်နိုင်ခဲ့၏။ ထို့နောက် မြို့ထဲမှာ ပုန်းအောင်းနေတဲ့ သစ်သားလှည်း၊ လူတစ်ယောက်နဲ့ ခွေးတစ်ကောင်ကို တွေ့လိုက်ရလေသည်။

"တစ်ဆယ်လေး သေပြီ!"

အဘွားရှား အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်သည်။ လီကျင်လုံရဲ့ ခန္ဓာကိုယ်က အလိုလို တုန်လှုပ်သွားကာ ရုတ်တရတ် တောင့်တင်းသွားလေ၏။ မသိလိုက်ပါဘဲ မျက်လုံးထဲက မျက်ရည်များ စီးကျကာ တုန်တုန်ယင်ယင် အသံဖြင့်။

"ဘာ! ဒါ မဖြစ်နိုင်ဘူး..."

သူ့စကားမဆုံးခင်မှာ ဟေးကော်က ရုတ်ချည်း မတ်တတ်ထရပ်ပြီး သူ့ကို တွန်းဖယ်ကာ အဘွားရှားဆီ ပြေးသွားသည်။

"ဆက်ပူးပေါင်းပေး!"

အဘွားရှားက လေးလေးနက်နက် ပြောလာတာကြောင့် ဟေးကော်လည်း လေးလေးနက်နက် ခေါင်း​ပြန် ညိတ်​ပြလိုက်သည်။

ရှောင်ဝမ်စွင်းက လီထျန်းချင်ရဲ့ပုခုံးကို ပုတ်ကာ စာနာစိတ်ဖြင့် နှစ်သိမ့်ပေးလာသည်။

"စိတ်မထိခိုက်ပါနဲ့... မင်းကို ရှာနေတာ မဟုတ်ဘူး မင်းက ငါနဲ့ အတူတူပါပဲ ဒီအချိန်မှာ ခွေးထက်တောင် ညံ့နေသေးတယ်"

အဘွားရှားက တစ်နေရာမှ ထမင်းအိုးတစ်လုံးကို ထုတ်ယူလိုက်သည်။ မီးဖိုခုံသည် အနက်ရောင် လောင်ကျွမ်းနေပြီး ၎င်း၏ မျက်နှာပြင်အနှံ့ မီးသွေးအမှတ်အသားများ ရှိနေသည်။ အိုးမျက်နှာပြင်ပေါ်တွင် အဝါရောင်စက္ကူများဖြင့် ပြည့်နှက်နေ၏။ မြေအောက်ကမ္ဘာရှိ နတ်ဘုရားအမျိုးမျိုး၏ အမည်များအပြင် နက်နဲရာကမ္ဘာ၏ တောင်တန်းမြစ်များ အမည်တွေအထိ ပါသည်။

"ဒီရက်ပိုင်းမှာ ငါ မရဏကမ္ဘာကို သိုးချိုမိုးကောင်းကင်မီးခွက်ကို သုံးပြီး နတ်ဆိုး​နေရာကို အဓိကနေရာကိုးခုအဖြစ် ပိုင်းခြားထားပြီး ပထဝီဝင်မြေပုံကို ပြန်ရေးဆွဲထားခဲ့တာ...."

အဖွားရှားသည် လေထဲတွင် လွင့်မျောနေသည့် ပထဝီမြေပုံကို ဖြန့်ကာ မြေအောက်ကမ္ဘာ၏ တောင်တန်းများနှင့် မြစ်ချောင်းများကို တဖြည်းဖြည်း ထုတ်ဖော်လိုက်သည်။ စက္ကူပထဝီမြေပုံသည် တဖြည်းဖြည်း လေထဲ၌ အရည်ပျော်သွားကာ တောင်များ၊ မြစ်များနှင့် ကုန်းမြေများသာ ကျန်ရစ်ခဲ့သည်။

အဘွားရှားသည် သူမ၏ လက်ဖဝါးဖြင့် ဖိချလိုက်ရာ အလျား ဆယ်ပေ အနံဆယ်ပေဖြင့် မရဏကမ္ဘာက မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

ချန်ရှီ ဝတ်ထားဖူးတဲ့ အဝတ်အစားတွေကို သူမ ဖယ်ထုတ်ယူလိုက်သော် ဟေးကော်က လှမ်းလာပြီး အနံ့ခံလေသည်။ အဘွားရှားက မီးအိမ်ကို မီးညှိပြီးတာနဲ့ လှည့်ပြော၏။

"စိတ်ဝိညာဉ်နောက် ငါလိုက်မယ် မင်းက လူကို ကယ်!"

သူမသည် ဘုရင်ဝမ်ဗုံကို ချက်ချင်း လှုပ်ခါလိုက်လေသည်။ ဗုံတီးသံများနှင့်အတူ တောက်လောင်နေသော အဝါရောင် စာရွက်များက မီးအိုး​ကြီးအတွင်း လွင့်မျောနေတာ တွေ့လိုက်ရသည်။ မီးတောက်များသည် လူတစ်ဦး၏ အမြင့်ထက် ပိုတက်သွားကာ မီးထဲတွင် အဝါရောင်အလင်း တောက်တောက်များ တောက်ပလာသည်။

မီးတောက်များ၏ အနောက်တွင် မြေအောက် ကမ္ဘာ၏ တောင်တန်းများနှင့် မြစ်များ ပေါ်လာသည်။

အဘွားရှားသည် ချန်ရှီ၏ ဝိညာဉ်တည်နေရာကို သိရှိပြီးဖြစ်တာကြောင့် စွမ်းအင်များကို တွန်းထုတ်ကာ မြေအောက်ကမ္ဘာ၏ တောင်များနှင့် မြစ်များကို ဖြတ်ကျော်သွားခဲ့သည်။ သူမ မော့ကြည့်လိုက်ရင်း ဟေးကော်ဘက် အသံပေးလိုက်၏။

"ဒီမှာ! ဟေးကော်!"

ဟေးကော် မီးလျှံထဲသို့ ခုန်ဆင်းသွားသည်။ ဆင်းသက်ပြီးနောက် ပတ်ဝန်းကျင်သည် မည်းမှောင်ပြီး စိုစွတ်နေမှန်း သူ မြင်လိုက်ရသည်။

ရွေ့လျားနေသော တောင်ကြီးတစ်ခုကဲ့သို့ တောက်လောင်နေသော ငရဲမီးသည် ၎င်း၏ ခန္ဓာကိုယ်အနှံ့ တောက်လောင်နေပြီး မီးခိုးများက ထူထပ်စွာ ဝဲနေ၏။ ရွှံ့ထဲတွင် အနံ့ကို ရှူရန် ဦးခေါင်းကို ငုံ့ထားလိုက်ပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရွှံ့ကိုဖြတ်၍ ဖုန်မှုန့် တိမ်တိုက်များထဲသို့ ပြေးဝင်သွားခဲ့လေသည်။

All Chapters