အဲဒီလို အံ့ဩစရာတွေ ရာနဲ့ချီရှိတယ်
Vol. 12 Ch. 176
ကုံကျိုးမြို့ အပြင်ဘက်တွင်တော့ ရွှေအပ်တစ်ချောင်းသည် ဖုန့်ဖေးဟွားရဲ့ ပါးပြင်ကို စူးစူးဝါးဝါး အသံနဲ့အတူ ဖြတ်ပြေးသွားခဲ့သည်။
ရွှေအပ်သည် ပေပေါင်းများစွာ ထူထပ်သော အိမ်များ၊ နံရံများကို ထိုးဖောက်ပစ်ကာ မိုင်ပေါင်းများစွာ ဖြတ်ကျော်ရင်း ကုံကျိုးမြို့၏ တစ်ဖက်ကမ်းသို့ ပျံသန်းသွားခဲ့သည်။ “ဝူး” ဟူသော အသံဖြင့် မြို့အပြင်ဘက်ရှိ သစ်မွှေးပင်တစ်ပင်ကို ထိုးဖောက်သွားခဲ့သည်။
ဖုန့်ဖေးဟွား ရွှေအပ်ကို ပြန်ယူဖို့ သတိရလာသောအခါ "ချန်ရှီ" က သူမရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ့လက်ဖဝါးကို သူမမျက်နှာပေါ်တင်ကာ ခြေဖဝါးတစ်ဖက်ဖြင့် ကန်ထုတ်လိုက်ရာ မိုင်ပေါင်းများစွာကို အလျားလိုက် လွင့်သွားလေသည်။ အမျိုးသမီးမှာ မြို့ရိုးထဲသို့ပင် ရိုက်ချိုး ပစ်ပေါက်ခံလိုက်ရသည်။
ဖုန့်ဖေးဟွားရဲ့ ရောင်ဝါ ပြန့်ကျဲသွားပြီး သူမမှာ တိုက်ခိုက်နိုင်တဲ့ ခွန်အားတွေ မရှိတော့ပေ။ မျက်လုံးထောင့်များ တုန်ခါသွားကာ မျက်လုံးဖွင့်ဖို့ ခက်ခက်ခဲခဲ လှုပ်ရှားလိုက်ရသည်။ ခဏလေးအတွင်းမှာပဲ ယန်ကောင်းကင် ကောင်လေး၊ ဝတ်ရုံစိမ်း ဂီတပညာရှင်၊ တောက်ချန်းချိုး၊ လွမ်ဟောက်ကျစ်၊ မြို့စား ချောင်းဖျင်ကုံး၊ ယွမ်ရှန်း အစရှိတဲ့ စန့်ရန် သခင် ၂၀ ကျော်ဟာ မြေပြင်ပေါ်မှာ အသီးသီး လှဲသိပ်ခံလိုက်ရလေပြီ။
ယန်ကောင်းကင် ကောင်လေးက သူ့ကိုယ်သူ လက်တစ်ဖက်တည်းနဲ့ မြေပြင်ပေါ် ထောက်ထားလိုက်ပြီး ခြေထောက်တွေကို နောက်ပြန်ကန်ထုတ်ရင်း နတ်ဆိုးရဲ့အကြည့်ကနေ တွားသွားနေခဲ့သည်။
ချောင်းဖျင်ကုံးရဲ့ ဦးခေါင်းမရှိသော ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ ဦးခေါင်းသည် ရေမြောင်းထဲသို့ လှိမ့်ဝင်သွားသည်။ ခေါင်းက နံစော်နေတဲ့ ရေထဲတွင် မြုပ်နေပြီး ခေါင်းပေါ်တွင် ရေညှိစိမ်းအချို့က တွဲလောင်းကျနေသည်။
ဦးခေါင်းမရှိသော ခန္ဓာကိုယ်သည် သူ့ဦးခေါင်းကို ရှာဖွေရန် ကြိုးစားရင်း သူ့လက်များဖြင့် လှည့်ပတ်နေဆဲ ဖြစ်သည်။
အပြာရောင်ဝတ် ဂီတပညာရှင်ရဲ့ လက်နက်ကတော့ စွယ်ကျိုးသွားကာ လက်ဆယ်ချောင်းလည်း ကျိုးသွားခဲ့သည်။ "ချန်ရှီ" သည် သူ့လက်များကို ဆုပ်ကိုင်ကာ လက်ဆယ်ချောင်းကို တစ်လုံးပြီးတစ်လုံး ချိုးကာ "ကစားနိုင်သေးလား" ဟု မေးနေသည်။
တာအိုကျင့်ကြံသူဆောင်ရဲ့ ဝိညာဉ်က ယခင်အတိုင်းပင် တွဲလျောင်းပင်။ သူ့လက်နှစ်ဘက်သည် "ချန်ရှီ" ၏နှာခေါင်းပေါက်များကို ထောက်ထားကာ လူငယ်ရဲ့ မေးစေ့ကိုလည်း ခြေနှစ်ချောင်းနှင့် ကန်ထားသည်။ သူ့ခါးတွင် ရှည်လျားပြီး ပျော့ပြောင်းသော လျှာက ရစ်ပတ်ထားပြီး ဗိုက်ထဲဆွဲသွင်းရန် ကြိုးစားနေသည်။
တာအိုကျင့်ကြံသူမှာ ပြန်လည်ခုခံရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း သူ့ခြေထောက်များနှင့် လက်များက တုန်ယင်နေပြီမလို့ အကြာကြီး မထိန်းထားနိုင်တော့တာ ထင်ရှားပါ၏။
ဘယ်သူမှ မတိုက်နိုင်တော့ဘူး။
ဖုန့်ဖေးဟွား စိတ်ပျက်လက်ပျက် ဖြစ်လာသလို ခံစားလိုက်ရသည်။ သူတို့တစ်ဦးချင်းစီသည် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ဒီနတ်ဆိုးဆီကနေ ရှုံးနိမ့်မှုကိုသာ ခံခဲ့ရသည်။
"ချန်ရှီ" သည် တာအိုကျင့်ကြံသူဆောင်ရဲ့ ဝိညာဉ်ကို ဖမ်းဆွဲကာ ဆွဲထုတ်လိုက်သည်။ ထိုလူ့မျက်နှာတွင် စိတ်ပျက်အားငယ်နေသည့် အကြည့်ဖြင့် ကြည့်နေသည်။ သူ့လက်တွေကနေ လွတ်မြောက်ဖို့ ကြိုးစားပေမယ့် အချည်းနှီးပါပဲ။
"စိတ်မပူပါနဲ့ အသွေးအသား မစားဘူး"
"ချန်ရှီ" သည် ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အားလုံး လဲကျနေကြတာ တွေ့လိုက်ရသည်။ သူအရမ်း ကျေနပ်သွားသလို ခံစားလိုက်ရပြီး ပါးစပ်ကိုဖွင့်ကာ အစားအသောက်ကို ခံစားဖို့ အသင့်ဖြစ်နေပါပြီ။
ရုတ်တရက် အသံတစ်သံက အဝေးမှ ပြေးထွက်လာသည်။
"နတ်ဆိုး... မင်းက ပြဿနာ ရှာရဲတယ်ပေါ့လေ!"
ဤအသံသည် မိုင်တစ်ရာဝေးသော နတ်ဆိုးနယ်မြေ အပြင်ဘက်မှ ပထမဆုံး ထွက်လာသည်။ အသံဆုံးသော် "ချန်ရှီ" နောက်သို့ ရောက်သွားခဲ့ပြီ။ ၎င်းက အင်္ကျီအနီနှင့် အဘိုးအိုတစ်ဦး ဖြစ်ကာ သူ့အင်္ကျီများကို ဝှေ့ယမ်းကာ "ချန်ရှီ" ကို ဖုံးအုပ်ပစ်လိုက်သည်။
"ချန်ရှီ" ကလည်း မတုံ့ဆိုင်းဘဲ တွန်းလှန်ရန် သူ့လက်ကို မြှောက်လိုက်သည်။ ထိုအချိန်တွင် အခြားအဘွားကြီး တစ်ယောက်ရဲ့ ရယ်သံလည်း ထွက်လာ၏။
"ဒီနတ်ဆိုးက နေရာကို ဘယ်လိုရွေးရမှန်း မသိဘူးထင်တယ် ငါစုဝေးမယ့် နေရာကို ရွေးလိုက်တာက သေမင်းကို ရှာနေတာပဲ!"
မီးခိုးရောင်နှင့် အဘွားအိုတစ်ဦး ပေါ်လာပြီး ပိန်လှီသော လက်ညှိုးကို "ချန်ရှီ" နဖူးကို ထိုးလိုက်သည်။ ဖုန့်ဖေးဟွား ဝမ်းသာအားရနဲ့ ဟစ်အော်လိုက်သည်။
"ဒါက စန့်ရန်လူကြီးနှစ်ယောက် ဟန်ချန်း!"
ဟန်ချန်းလူအိုနှစ်ဦးသည် သက်ကြီးရွယ်အိုနှစ်ဦးဖြစ်ပြီး စန့်ရန်များထဲတွင် သက်ကြီးရွယ်အိုများ ဖြစ်သည်။ ၎င်းတို့သည် ဆရာတော်ဝါးခါးနဲ့ တူညီသော မဟာယာနနယ်ပယ်အထိ ကျင့်ကြံထားသူတွေပင်။ နှစ်ယောက်ထဲက အဘိုးကြီးကိုတော့ ဟန်ရှန်း လို့ခေါ်ပြီး အဘွားကြီးက ချန်းခယ့် လို့ခေါ်ပါ၏။ လွန်ခဲ့သည့် ဆယ်နှစ်က ပြန့်ကျဲနေသော စန့်ရန် လူစုဝေးရာ၌ ပြဿနာမဖြစ်အောင် ချန်ယင်တူးအား သတိပေးခဲ့သည့် သက်ကြီးရွယ်အိုများပင် ဖြစ်သည်။
(TN - ချန်ရှီ အဘိုးနာမည်က အနီးစပ်ဆုံး အသံထွက်ယူထားတာပါ။ အခုကစပြီး ချန်ယင်တူးလို့ ပြောင်းလဲဘာသာပြန်ပါ့မယ်။)
ဖုန့်ဖေးဟွားသည် ထိုမြင်ကွင်းကို မြင်ခဲ့ရသောကြောင့် နက်နဲသော အမှတ်တရ ရှိနေခဲ့သည်။ ချန်ယင်တူးကိုတောင် သူတို့ ဘယ်လောက် အစွမ်းထက်ကြောင်း ပြသရန် ရဲရဲဝံ့ဝံ့ သတိပေးခဲ့သည်။
ထိုအချိန်တွင် လူသုံးယောက် တိုက်မိရာ "ချန်ရှီ" ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ဖောင်းကားလာပြီး ချက်ချင်းဆိုသလိုပင် အစိမ်းရောင် မျက်နှာနှင့် အစွယ်များ၊ ဆယ်ကျော်သက်များနှင့် လုံးဝမတူသည့် ပြင်းထန်သော မျက်နှာထားဖြင့် ပေထောင်ပေါင်းများစွာ မြင့်မားသော ဧရာမမိစ္ဆာအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ သူလုပ်လိုက်တဲ့ လှုပ်ရှားမှုတိုင်းက ကမ္ဘာကြီးကို ဖျက်ဆီးဖို့တောင် လုံလောက်ပါ၏။
ဟန်ရှန်းက ပြုံးပြီးပြောသည်။
"ဒါက ခန္ဓာပေါင်းစည်းနယ်ပယ်က လုပ်ဆောင်နိုင်တဲ့ ကောင်းကင်နဲ့ ကမ္ဘာရဲ့ နည်းဥပဒေပဲ!"
ဤစကားကို ပြောပြီးနောက် သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့သည် တပေါင်းတစည်းတည်း ပေါင်းစည်းကာ ပေထောင်ပေါင်းများစွာ ရှည်လျားသော ကြွက်သားများနှင့် ကြီးမားသော ခန္ဓာကိုယ်ကို ဖော်ထုတ်လိုက်သည်။ နတ်အလင်းရောင်သည် သူ့ပတ်ဝန်းကျင်မှာ ဝန်းရံလိုက်တဲ့အခါ သူ့ကိုယ်က တော်တော်သေးသွားသလိုပင်။
နောက်ထပ် လှုပ်ရှားသူက အဘွားကြီးပဲ ဖြစ်သည်။ သူမသည် ရှေးဦး နတ်ဝိညာဥ်နှင့် ပေါင်းစည်းလိုက်သောအခါ အသက်သုံးဆယ်ခန့် အသွင်အပြင်သို့ ပြောင်းလဲသွားသည်။ သူမ၏အဝတ်အစားများသည်လည်း လိုက်လျောညီထွေရှိစွာ ပြောင်းလဲသွားကာ လှပပြီး ချစ်စရာ ကောင်းလာသည်။
ဒါဟာ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာ ပေါင်းစပ်သောအခါတွင် ပြသသော သဘာဝလွန်စွမ်းအား ဖြစ်သည်။ လူတစ်ဦးသည် ၎င်းအဆင့်အထိ ကျင့်ကြံသွားနိုင်တဲ့အခါ စိတ်ဝိညာဉ်သည် ကြီးမားလာပြီး အရွယ်အစားမှာ ပေထောင်ပေါင်းများစွာရှိသည်။ ဝိညာဉ်နှင့် ရုပ်ခန္ဓာ ပေါင်းစပ်လိုက်သောအခါ ရုပ်ခန္ဓာသည် ပိုကြီးလာသည် သို့မဟုတ် ဝိညာဉ်က ကျုံ့သွားတတ်သည်။
လူအများစုသည် ၎င်းတို့၏ ရုပ်ခန္ဓာများကို လိုက်လျောညီထွေ ဖြစ်စေရန်အတွက် ၎င်းတို့၏ စိတ်ဝိညာဉ်များကို ကျုံ့ထားလေ့ရှိသော်လည်း အချို့သော သူများသည် ဆန့်ကျင်ဘက်ပြုကာ ၎င်းတို့၏ စိတ်ဝိညာဉ်များကို လိုက်လျောညီထွေ ဖြစ်စေရန်အတွက် ရုပ်ခန္ဓာကို ချဲ့ထွင်တတ်သော သဘာဝနိယာမများကို အတုယူနိုင်သည့် သဘာဝလွန် စွမ်းအားများကို ဖန်တီးကြသည်။
သူတို့ရဲ့ ခန္ဓာကိုယ်တွေ ပိုကြီးလာတာနဲ့အမျှ သူတို့ရဲ့ ခွန်အားတွေလည်း သိသိသာသာ တိုးလာပါသည်။ သို့သော်လည်း ၎င်းတို့၏ ရုပ်ခန္ဓာများကဲ့သို့ အစွမ်းထက်တော့မည် မဟုတ်ပေ။
ဧရာမ နတ်ဆိုးကြီးသုံးပါး ချက်ချင်း တိုက်ခိုက်ကုန်ကြပြီး လှုပ်ရှားမှုတိုင်းကလည်း သေစေနိုင်တဲ့ ခွန်အားတွေပါ၏။
ဖုန််ဖေးဟွားနှင့် အခြားသူများသည် သူတို့မြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်နေကြ၏။ မိုးခြိမ်းသံတွေက တဟုန်ထိုး ရိုက်ခတ်နေသည်။ ထိုအရာက လူသုံးယောက် ခန္ဓာကိုယ် လှုပ်ရှားသွားခြင်းကြောင့် ဖြစ်ပေါ်လာသော မိုးခြိမ်းသံများပင်။
မကြာခင်မှာပဲ ဘီလူးကြီး ၃ ကောင်လုံး သွေးတွေနဲ့ ဖုံးလွှမ်းသွားသည်။ "ချန်ရှီ" သည် လက်နှစ်ချောင်းဖြင့် လက်လေးဖက်ကို မထိနိုင်ပေ။ နောက်ဆုံးတော့ သူ့ခန္ဓာကိုယ်က ချန်ရှီရဲ့ ကလေး ခန္ဓာကိုယ်ပဲလေ။ သူ့ရဲ့ အစွမ်းထက်တဲ့ ခွန်အားနဲ့တောင်မှ ကလေးပဲ ရှိပါသေးသည်။
ဟန်ချန်း အသက်ကြီးသူနှစ်ဦးဟာ ကျင့်ကြံမှု၌ အဆင့်မြင့်မားသော်လည်း ၎င်းတို့သည် အသက်ကြီးလာပြီမလို့ ခန္ဓာကိုယ်က ယိုယွင်းလာချေပြီ။ ၎င်းတို့သည် အစပိုင်းပိုင်းတွင် အသာစီး ရနိုင်ခဲ့သော်လည်း တိုက်ပွဲအနည်းငယ် ကြာပြီးနောက်တွင်မူ အသက်ရှုမဝသလို ဖြစ်လာပြီး ဆက်လက် မရပ်တည်နိုင်တော့ပေ။
အထူးသဖြင့် "ချန်ရှီ" သည် သူတို့နှင့် ဒဏ်ရာများရတဲ့အထိ စွမ်းအင်ချင်း ဖလှယ်ပြီးနောက်တွင် တစ်စုံတစ်ခုတော့ မှားယွင်းနေမှန်း မထင်မရှား တွေးလိုက်မိပါသည်။
ဟန်ရှန်းက "ချန်ရှီ" ကို ကိုင်မြှောက်လိုက်ပြီး ပစ်ပေါက်လိုက်တဲ့အခါ သူ၏ကြီးမားသော ခန္ဓာကိုယ်သည် မင်ကျန်းမြစ်ကိုဖြတ်ပြီး မြစ်ကမ်းဘေးရှိ တောင်ကို ဖြိုခွဲပစ်ခဲ့သည်။
အဘွားကြီးကလည်း ချက်ချင်းပင် ကျော်တက်သွားပြီး သူ့လက်ဖြင့် တံဆိပ်ခတ်နှိပ်ကာ ချန်ရှီနဖူးကို ဖိချလိုက်သည်။
"ချန်ရှီ" မြေပြင်ပေါ်သို့ လဲကျသွားစဥ် သူမ၏ လက်ဖဝါးဖြင့် ထိမှန်သွားခဲ့သည်။ သို့သော် သူ့ဦးခေါင်းကို မြေကြီးပေါ်သို့ မှောက်ချမည့်အစား သူ့ခန္ဓာကိုယ်သည် တုန်လှုပ်ခြောက်ခြားစွာဖြင့် လွင့်ပျံလာသည်။
အထက်ကို ပျံသန်းလာသောအခါ ၎င်း၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကျုံ့သွားကာ မူလအရွယ်အစားဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
ပြီးတော့ မြေကြီးပေါ်မှာက "ချန်ရှီ" နောက်တစ်ယောက် ရှိနေ၏။
"ထွက်သွားပြီ!"
ချန်းခယ့်မှာ အလွန်ပျော်ရွှင်သော်လည်း ရုတ်တရက် သွေးချောင်းဆိုးကာ သူမ၏ စွမ်းအင်နှင့် ချီသွေးများ အားနည်းလာသည်။
သူမက အသက်ကြီးနေပါပြီ။ သူမ အသုံးပြုခဲ့သော တံဆိပ်သည် စွမ်းအင်နှင့် သွေးများစွာကို သုံးစွဲခဲ့ရသည်။ တုန်လှုပ်နေသော နတ်ဆိုးများ၏ ကောင်းကင်ဘုံတံဆိပ်ဟု ခေါ်ဆိုပြီး စုပ်ယူသည့် စွမ်းအားက ပို၍ပင် အားကောင်းလာသည်။ ချန်ရှီရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးကို နှင်ထုတ်စဉ်မှာပင် သူ့ကိုယ်၌လည်း ဒဏ်ရာရသွားခဲ့သည်။
"ချန်ရှီ" သည် မူလချန်ရှီ ခန္ဓာကိုယ်ထဲမှ ရိုက်ထုတ်ခံလိုက်ရတာ မြင်သောအခါ ချက်ချင်းပင် ဟောက်ကာ ချန်ရှီ၏ မူလခန္ဓာကိုယ်နောက်သို့ လိုက်သွားခဲ့သည်။
မမျှော်လင့်ဘဲ ဟန်ရှန်းက ရွှေရောင်အထည်အိတ်ကို ရုတ်တရက် မြှောက်လိုက်ရာ အိတ်က လေထဲသို့ ပျံတက်သွားပြီး အိတ်ထဲမှ အကန့်အသတ်မဲ့ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်ကို ချည်နှောင်၍ အိတ်ထဲသို့ ဆွဲထည့်လိုက်တော့သည်။
"ချန်ရှီ" သည် ထိတ်လန့်သော အကြည့်ကို ပြသလာပြီးနောက် သူ့ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတန်းများကြားတွင် မှောင်မိုက်နေသော နတ်ဆိုးစွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ အဝတ်အိတ်ထဲသို့ မျိုချခံလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က သေးငယ်လာပြီးရင်း သေးငယ်လာပြီး မကြာမီ သာမန်လူတစ်ယောက်ရဲ့ အရွယ်အစားအထိ ကျသွားခဲ့သည်။
ချက်ချင်းပဲ ကျယ်လောင်တဲ့ အသံနဲ့အတူ အိတ်ထဲကို လုံးဝ ပြုတ်ကျသွားချေ၏။
ဟန်ရှန်းက ရှေ့သို့ အမြန်ပြေးကာ ရွှေရောင် အထည်အိတ်ကို လှိမ့်၍ လောက်လွှဲကြိုးကို တင်းကျပ်ကာ အိတ်ကို ချိတ်ပိတ်လိုက်သည်။
"နောက်ဆုံးတော့ မင်းကို ငါဖမ်းမိပြီ!"
ဒီရွှေရောင်အ၀တ်အိတ်ကို နတ်ရှာဖွေအိတ် လို့ခေါ်ပါ၏။ ၎င်းသည် အကြီးအကဲနှစ်ဦးဖြစ်သော ဟန်နဲ့ ချန်းတို့၏ သန့်စင်ထားသော မှော်ရတနာတစ်ခု ဖြစ်ပြီး နတ်ဆိုးများကို ဖမ်းယူရာတွင် အတော်လေး ကောင်းမွန်လှသည်။
နတ်ဆိုးတွေမှာ တကယ့်ရုပ်ခန္ဓာ မရှိချေ။ ကမ္ဘာကြီးကို ဖျက်ဆီးချင်ရင် ရုပ်ခန္ဓာကို အရင်ရှာရမယ်။ ရုပ်ခန္ဓာကို အုပ်စိုးပြီးမှသာ ဒုက္ခတွေကို နှိုးဆော်နိုင်သည်။ ရုပ်ခန္ဓာမရှိရင် သူ့ခွန်အားက အရင်ကထက် အများကြီး အားနည်းလာလိမ့်မည်။
ဒါကလည်း နတ်ဆိုးမျိုးစေ့ကို အရင်စိုက်ပြီး ရက်ပေါင်းတစ်ရာအတွင်း နတ်ဆိုးအဖြစ် ပြောင်းလဲဖို့ လိုအပ်တဲ့ အကြောင်းရင်းလည်း ဖြစ်ပါ၏။
မိုင်တစ်ရာကျော်ရှိတဲ့ ဧရိယာကို နတ်ဆိုးနယ်မြေ အဖြစ် တွန်းယူပြီး သက်ရှိတွေ အားလုံးကို ကိုယ်ပိုင်အာဟာရအဖြစ် ပြောင်းလဲပစ်ရင်း နတ်ဆိုးမျိုးစိတ်တွေကို ကြီးထွားစေခြင်းဖြင့်သာ နတ်ဆိုးခန္ဓာကိုယ်ကို ပုံဖော်နိုင်ပြီး နတ်ဆိုးအစစ် ဖြစ်လာနိုင်သည်။
မတိုင်ခင်က ကုံကျိုး နတ်ဆိုးနယ်မြေ အတွင်းမှာ စုန်းမကြီးက ဆရာတော်ဝါးခါးရဲ့ ရွှေရောင်ကိုယ်ထည်ကို ငှားရမ်းခဲ့သည်။ မူလက သူမမှာ ခန္ဓာကိုယ်မရှိတာကြောင့် နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲလို့မရပေ။ သူသည် လမစေ့ဘဲ မွေးဖွားလာသောကြောင့် အရွယ်မရောက်သေးသော နတ်ဆိုးတစ်ကောင်သာ ဖြစ်နေသေးသည်။
ချန်းခယ့် ပြင်းထန်စွာ ချောင်းဆိုးပြန်သည်။ စန့်ရန် ဟန်ရှန်းလည်း လန့်ဖျပ်သွားပြီး သူမဆီ အမြန်သွားလိုက်သည်။
"တာအိုမိတ်ဆွေ... ဒဏ်ရာက ဘယ်လိုနေလဲ"
"မသေနိုင်သေးပါဘူး"
ချန်းခယ့်သည် ဧရာမခန္ဓာကိုယ်ကြီးကို ရုတ်သိမ်းကာ ပုံမှန်အတိုင်း ပြန်လည် ကောင်းမွန်လာခဲ့သည်။ သူမက အသက်ရှုကြပ်နေပြီး။
“ဒဏ်ရာရသွားပေမယ့် ကံကောင်းထောက်ချင်တော့ နတ်ဆိုးကို တံဆိပ်ခတ်လိုက်ပြီ... ဒီနတ်ဆိုးက ထူးထူးခြားခြား အရွယ်ရောက်ပြီးသား နတ်ဆိုးတစ်ကောင် ဖြစ်နေတယ်.. သူ အစွမ်းထက်လာရင်တော့ ထိန်းချုပ်ရခက်လိမ့်မယ်”
ဟန်ရှန်း ရယ်ပြီး :"ဒါက နတ်ဆိုးတစ်ကောင်ပဲလေ... နောက်ထပ် နှစ်ကောင်ရှိရင်တောင် ငါတို့ အစွမ်းအစနဲ့ဆို သူတို့ကို အလွယ်လေး ဖမ်းနိုင်ပါသေးတယ်..."
"လာ" ဟူသော စကားလုံးကို မပြောနိုင်ခင် သူသည် အန္တရာယ် အရိပ်အမြွက်ကို ခံစားလိုက်ရသည်။ ချန်ရှီ ကောင်းကင်မှ ပြုတ်ကျလာစဉ် ပျော့ဖတ်နေသဖြင့် အပိုင်းပိုင်း ဖြတ်ခံတော့မည်ဖြစ်သော်လည်း ရုတ်တရက် လေထဲတွင် ရပ်သွားကာ ခေါင်းငုံ့ရင်း လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ ဖွင့်၍ လွင့်နေလေသည်။
ကြီးမားသော ဖိနှိပ်ခံ လေထုက အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
ဟန်ရှန်းရဲ့ မျက်ခုံများလည်း နှစ်ကြိမ်တိတိ ပြင်းထန်စွာ လှုပ်ယမ်းသွားသည်။ သူက အဲဒီမှာ မျောနေတဲ့ ချန်ရှီကို ကြည့်လိုက်ပြီး အခုနက နတ်ဆိုးထက်တောင် ပိုကြောက်စရာကောင်းတဲ့ ဖိအားကို ခံစားလိုက်ရလေသည်။
"ဒီပညာရှင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဒုတိယနတ်ဆိုးတစ်ကောင်များ ရှိနေတာလား"
ပြောရင်း အသံက ပျောက်သွားသည်။
"ဟန်ရှန်း... ဒီကျီးကန်းပါးစပ်ကတော့!"
ချန်းခယ့် မျက်နှာက ညိုမှိုင်းနေပြီ။ သူမက နှစ်ခါကျိန်ဆဲပြီး လေထဲမှ ချန်ရှီကို မော့ကြည့်လိုက်သည်။
"ငါ့အသက်ကို ဖယ်ထုတ်ရတော့မယ်... ငါတို့ရဲ့ ခွန်အားနဲ့ ငါတို့ နောက်ထပ် တစ်ကြိမ်တော့ တံဆိပ်ခတ်လို့ရတယ်..."
သူမ မပြီးခင်မှာ "ချန်ရှီ" က ရယ်ပြီး အော်ပြောလိုက်၏။
"နောက်ဆုံးတော့ ငါ့အလှည့်ရောက်ပြီ! ဒီကမ္ဘာမှာ သခင်တွေ မရှိတော့ဘူး... ဒီဒုက္ခိတနှစ်ကောင်လောက်ကတော့ ရိုက်နှက်လိုက်လို့ရတယ်... စောစောသာ သိရင် အိမ်ရှင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ငါ ဘာလို့ ပုန်းနေမှာလဲ"
သူသည် ဟန်နဲ့ ချန်းကို ပြင်းထန်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ ထိုနှစ်ယောက်က ၎င်းတို့၏ စွမ်းအင်နှင့် သွေးများကို စုဆောင်းကြပြီး နောက်ထပ် တိုက်ပွဲအတွက် ပြင်ဆင်နေကြသည်။
ထိုအချိန်တွင် ချန်ရှီခန္ဓာကိုယ်ထဲမှ နောက်ထပ်အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"မော်ရှန်း ဒီအချိန်က မင်းရဲ့အလှည့် မဟုတ်ဘူး... အိမ်ရှင်ခန္ဓာကိုယ်ကို စွန့်လွှတ်လိုက်စမ်းပါ..."
"မင်းမှားတယ်... မင်းမဟုတ်ဘူး ငါပဲ ငါက အညံ့ဆုံးပဲ ငါအရင်ထွက်သွားမယ်"
"သေနာ! ငါကသာ အညံ့ဆုံးနတ်ဆိုးပဲ"
……
ချန်ရှီ ခေါင်းအတွင်း၌ တစ်စုံတစ်ခုက စတင်တိုက်ခိုက်နေပုံရသည်။ နတ်ဆိုးစွမ်းအင် လှိုင်းလုံးတွေက သူ့စိတ်ထဲကနေ ပေါက်ကွဲထွက်လာပြီး လမ်းကြောင်းအားလုံးကို ပစ်သတ်လိုက်တာကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်သွားပါတော့၏။
ရုတ်တရက် ချန်ရှီရဲ့ မျက်ခုံးကြားက အက်ကွဲသွားပြီး ကြီးမားသော အသားနီအက်ကွဲရာကြီး အတွင်းမှ နတ်ဆိုးများ တွန်းတိုက်ကာ ရုန်းထွက်ရန် ကြိုးပမ်းနေကြတော့သည်။
အရိုးစုကဲ့သို့ ခြေသည်းများကို ချောက်ကမ်းပါးနံရံတွင် ကုပ်တွယ်ရင်း ရူးသွပ်စွာ တွားသွားနေကြသည်။ ထူးဆန်းသော၊ ကြောက်စရာကောင်းပြီး လိမ်ကောက်နေသည့် ရုပ်အလောင်းများနှင့်အတူ အသက်ရှူကြပ်နေသော နတ်ဆိုးများက အနှီချောက်ထဲမှ လွတ်မြောက်ရန် ကြိုးစားနေလေ၏။
ဟန်ရှန်းနဲ့ ချန်းခယ့်တို့ နှစ်ယောက်စလုံး ထိတ်လန့်သွားပြီး စိတ်ပျက်အားငယ်မှုများသာ ထင်ရှားလာသည်။ ထိုတွားသွားသတ္တဝါများသည် ချန်ရှီ၏ အသိစိတ်ပင်လယ်ထဲတွင် ဝှက်ထားသော နတ်ဆိုးများပင် ဖြစ်သည်။
ချန်ရှီ သေဆုံးသွားသောအခါတွင် ဤနတ်ဆိုးများက သူ၏အသိစိတ် ပင်လယ်ထဲတွင် အက်ကြောင်းတစ်ခု ဖန်တီးခဲ့သည်။ အခုနက ၎င်းတို့ နှိမ်နင်းခဲ့သော နတ်ဆိုးသည် ချန်ရှီ၏ အသိစိတ် ပင်လယ်ထဲတွင် ပုန်းအောင်းနေသည့် အညံ့ဆုံးနတ်ဆိုး ဖြစ်နိုင်သည်။
အပျော့ဆုံးက တကယ်တော့ ဒီခန္ဓာကိုယ်ထဲကို တွားသွားဝင်ပြီး သိမ်းပိုက်ဖို့ အလွယ်ဆုံးပါပဲ။
ဟန်ချန်း အကြီးအကဲ နှစ်ယောက် တုန်တုန်ယင်ယင် ဖြစ်နေကြသဖြင့် ကျန်တဲ့သူများမှာ ပို၍ပင် စိတ်ဓာတ်ကျလာကြသည်။ ဒီတိုက်ပွဲကို တွန်းလှန်ဖို့ နည်းလမ်းမရှိသလို လုံးလုံးလည်း အနိုင်မယူနိုင်ခဲ့ပါဘူး။
သူတို့နှစ်ဦး၏ ဒဏ်ရာနဲ့ ခွန်အားများ ပြန်လည်ကောင်းမွန်လာကာ ၎င်းတို့၏ ကာယခွန်အားနှင့် ချီသွေးများ အထွတ်အထိပ်သို့ ပြန်ရောက်သွားရင်တောင် အနိုင်ယူနိုင်မည် မဟုတ်ပေ။ အကြောင်းပြချက်ကတော့ ချန်ရှီ၏ အသိစိတ်ပင်လယ်ထဲတွင် နတ်ဆိုးများစွာ ရှိနေသောကြောင့်သာ ဖြစ်သည်။
ထို့အပြင် အသိစိတ်ပင်လယ်ထဲမှ တွားသွားကာ ဤခန္ဓာကိုယ်ကို သိမ်းပိုက်ရန် စောင့်ဆိုင်းနေသည့် ပိုအစွမ်းထက်သော နတ်ဆိုးများလည်း ရှိသေးသည်။ အကြီးအကဲနှစ်ယောက်ဟာ သံနဲ့လုပ်ထားရင်တောင် ဘယ်နှစ်ခါ အရိုက်ခံရပြီး သေမလဲ မပြောတတ်ချေ။
"ကျိုင်းအဆင့်... ဒါက ကျိုင်းအဆင့်ရှိတဲ့ ဘေးအန္တရာယ် နတ်ဆိုးပဲ"
ယန်ကောင်းကင် ကောင်လေးလည်း မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားလေသည်။
"ဒါက ကမ္ဘာကြီးကို ဖျက်ဆီးမယ့် ကျိုင်းအဆင့်လား? နတ်ဘုရား... ဟုတ်တယ် စစ်မှန်တဲ့ နတ်ဘုရား ရှိသေးတယ်.... နတ်ဘုရားက ဒါကို မြင်လား... ဒီဘေးဆိုးကြီးကို ဘာလို့ မြန်မြန် မဖျက်ဆီးသေးတာလဲ"
သူ စိတ်ရှုပ်ပြီး နည်းနည်းလေး ရူးသွားသည်။
နတ်ဘုရားသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို စောင့်ကြည့်နေသော်လည်း ချန်ရှီကိုသာ မြင်နိုင်ပြီး ချန်ရှီကိုယ်တွင်းက မည်သည့်မူမမှန်မှုကိုမျှ မတွေ့နိုင်ပေ။ ထို့ကြောင့် သူသည် နတ်ဘုရား ပြစ်ဒဏ်ကို ချမှတ်ပြီး ချန်ရှီကို ဖျက်ဆီးရန် မဖြစ်နိုင်ပေ။
ဖုန့်ဖေးဟွားနဲ့ အခြားလူများကလည်း ညိုးငယ်သွားကြသည်။ နတ်ဘုရားကသာ သူတို့ကို အပြစ်ပေးမယ်ဆိုလျှင် အခုအချိန်မှာ အသေခံဖို့တောင် ဆန္ဒရှိနေကြပါပြီ။
ဒီဘေးဆိုးကြီးကို လွတ်ကင်းအောင် ဘယ်လိုမှ မတတ်နိုင်ကြတော့ချေ။
သူတို့ ပြေးထွက်လာပါက တပေါက်ဖာ ဘုရားကျောင်းက နတ်ဆိုးနှိမ်နင်းရေး မျှော်စင်ပြိုကျခြင်းထက် ပျက်စီးဆုံးရှုံးမှုက ပို၍ကြောက်စရာကောင်းပေလိမ့်မည်။
"ဟန်ရှန်း သူ့ကို တိုက်!"
ချန်းခယ့် သူ့သွားတွေကို အံကြိတ်ပြီး တုန်တုန်ယင်ယင်နဲ့ ဆိုလေသည်။
"ဒီကမ္ဘာကြီးမှာ ငြိမ်းချမ်းဖို့အတွက် ငါ့ရဲ့ကျိုးနေတဲ့ ခန္ဓာကိုယ်ကို ငါ လဲလှယ်လိုက်တော့မယ်!"
"ကောင်းပြီ!... တိုက်ကြစို့!"
လူနှစ်ယောက်က သေဖို့ အဆင်သင့်ဖြစ်နေပြီ။ တစ်ယောက်နဲ့တစ်ယောက် ကြည့်ရင်း ရည်ရွယ်ချက်တွေကို နားလည်ကြ၏ သူတို့က ချက်ချင်းပဲ လေထဲပျံပြီး "ချန်ရှီ" ကို သတ်ပစ်လိုက်ဖို့ ပြင်လေသည်။
ရုတ်တရက် အဘွားကြီးတစ်ယောက် မြို့ထဲက အလျင်အမြန် ထွက်လာပြီး အိုးတစ်လုံးကို သယ်လာသည်။ အိုးထဲတွင် မီးရှိနေကာ ရွှေရောင် စကားလုံးများသည် မီးထဲတွင် ထွန်းတောက်နေပါသည်။
"အသုံးမကျတဲ့ လူတွေအားလုံး ငါ့လမ်းပေါ်က ထွက်သွားစမ်း!"
အဘွားကြီး လျင်မြန်စွာ ပြေးလာစဥ် အိုးအတွင်းမှ မီးတောက်များလည်း မြင့်တက်လာသည်။ ဟန်ချန်း အသက်ကြီးသူနှစ်ဦးမှာ သေရန် ကြံရွယ်ထားသော်လည်း ဒါကိုကြားတော့ ရပ်သွားကြသည်။
"ငါတို့နှစ်ယောက်က အသုံးမကျဘူးလား"
"အဲဒါက အဘွားရှားပဲ...ဒီကလေးမလေးက ပါးစပ်ကို သိပ်သတိမထားဘူး... သူ ငါတို့ကို မမြင်ဘူးလား"
အဘွားရှားကတော့ သူတို့နှစ်ယောက်ကို လျစ်လျူရှုပြီး မီးအိုးကို “ချန်ရှီ” ရဲ့ ခေါင်းနောက်ဘက်သို့ ရိုက်ချပစ်လိုက်လေသည်။
ထိုအချိန်တွင် ချန်ရှီ၏စိတ်ထဲတွင် ရာနှင့်ချီသော နတ်ဆိုးများသည် သူ့ခန္ဓာကိုယ်အတွက် တိုက်ခိုက်နေကြဆဲ။ ရုတ်တရက် နတ်ဆိုးတစ်ကောင်က သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်သည်။ ရုတ်တရက် လှည့်ကြည့်လိုက်တော့ အိုးတစ်လုံးက သူ့ရှေ့မှာ ရှိနေတာ တွေ့လိုက်ရ၏။
ရုတ်တရက်ဆိုသလိုပဲ ခွေးနက်ကြီးတစ်ကောင်ကလည်း ပြေးလာသည်။ ခွေးနောက်ကျောမှာ တစ္ဆေတစ်ကောင် ထိုင်နေပြီး "ချန်ရှီ" နဲ့ တိုက်မိသွားခဲ့သည်။
"အား--"
ချန်ရှီ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော နတ်ဆိုးသည် ပြင်းထန်တဲ့ အော်သံကြီးကို ထုတ်လွှတ်လိုက်ပြီး အသိစိတ်ထဲက ၎င်းပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအင်များကို အဆက်မပြတ် ထွက်လာစေရန် တွန်းအားပေးနေခဲ့သည်။
အပြင်သို့ လှမ်းတက်နေသော အခြားနတ်ဆိုးများလည်း ရုတ်တရက် မျှော်ကြည့်၍ အကွဲအပြဲ ချိုင့်ဝှမ်းများက တဟုန်ထိုး ပြိုကျလာနေတာ တွေ့လိုက်ရသဖြင့် အားလုံးက တစ်ပြိုက်နက်တည်း အော်လိုက်ကြ၏။
"အိမ်ရှင်ပြန်လာပြီ!"
ရာနှင့်ချီသော အော်ဟစ်သံများက ချန်ရှီ ခေါင်းထဲသို့ ရုတ်ချည်း ဝင်ရောက်လာသည်။ ဤနတ်ဆိုး ရောင်ဝါများက ကြောက်မက်ဖွယ် ကောင်းလှသည်။
ချန်ရှီရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော နတ်ဆိုးသည် နတ်ဆိုးစွမ်းအင် အမျိုးမျိုးကို ထိန်းချုပ်ရန် အပြင်းအထန် ကြိုးစားပြီး ချန်ရှီရဲ နဖူးထဲသို့ စိမ့်ဝင်ကာ သူ၏ အသိစိတ်ပင်လယ်ထဲသို့ ပြန်ဝင်ရန် ကြိုးစားသည်။ ရုတ်တရက် အဘွားရှားက သူ့ဆီ ပြေးလာပြီး နတ်ဆိုးတွေရဲ့ စွမ်းအင်ကို အတင်းဆွဲထုတ်လိုက်သည်။
အဘွားရှား: "နတ်ရှာဖွေအိတ်ကို ရှာ! အိတ် ဘယ်မှာလဲ... ဖွင့်လိုက် ငါ့အတွက် အခုဖွင့်ပေးစမ်း!"
ဟန်ရှန်းလည်း အံ့အားသင့်သွားပြီး အိတ်ကို အမြန်ဖွင့်လိုက်သည်။ အဘွားရှားက နတ်ဆိုးကို ဆွဲထုတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေ၏။ တစ်ဖက်တွင် ချန်ရှီ၏ အသိစိတ်သည်လည်း နတ်ဆိုးကို တွန်းလှန်ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေခဲ့သည်။ နောက်ဆုံးတွင်တော့ နတ်ဆိုးကို လုံးလုံးလျားလျား ဆွဲထုတ်နိုင်ခဲ့သည်။
ဟန်ရှန်းသည် သူ၏ နတ်ရှာဖွေအိတ်ကို ဖွင့်ပြီး အိတ်ထဲသို့ နတ်ဆိုးကို ထည့်လိုက်တဲ့အထိ နှလုံးခုန်နှုန်းက အဆမတန် ပြင်းထန်နေခဲ့သည်။
"အဘွားရှားက အရမ်းရက်စက်တဲ့ မိန်းကလေးပဲ!"
ထိုအချိန်တွင် ချင်းယန်နဲ့ ဟူရှောင်လျောင်လည်း လေအလျင်နဲ့ ပြေးလာသည်။ ချင်းယန်က သူ့လက်ထဲတွင် ရွှေရောင် အထည်အိတ်ကို ကိုင်ဆောင်ထား၏။ ၎င်းကလည်း နတ်ရှာဖွေအိတ် ဖြစ်သည်။
ဟန်ရှန်းစန့်ရန် အံ့အားသင့်သွားပြီး :"ဒါဆို သူမက အဲ့လောက်လည်း မတော်ပါဘူး... သူမရဲ့ အိတ်က ငါ့ရဲ့ မိတ္တူပဲ!"
အဘွားရှားသည် သူမ၏ အစောပိုင်းနှစ်များတွင် စန့်ရန်များနှင့် ပူးပေါင်းခဲ့ပြီး သူ့ထံမှ ဝိညာဉ်များနှင့် ပတ်သက်သည့် တာအိုမှော်ပညာကို သင်ယူခဲ့သည်။ သူမသည် သူ၏ နတ်ရှာဖွေအိတ်ကို မြင်ပြီး အလွန်ပင် မနာလိုသောကြောင့် အိတ်ပုံစံကို တုပခဲ့သည်။
အခုနက သူမရဲ့ ဟောက်သံက ချင်းယန်ကို ဦးတည်နေခဲ့တာပင်။ မမျှော်လင့်ဘဲ ဟန်ရှန်းမှာ သူ့ဆီကို ဟောက်သံအဖြစ် အထင်မှားပြီး အလွန်ကြောက်လန့်သွားခဲ့သည်။
"ပြောရရင် ငါ့မှာ သူမနဲ့ ဆရာတစ်ပိုင်းနဲ့ ဆက်ဆံရေးရှိတယ် သူမက ငါ့ကို မအော်လောက်ဘူး"
ဟန်ရှန်းမှာ ဇာတ်လမ်းတစ်ခုလုံးကို နားလည်သော်လည်း ဝမ်းနည်းနေဆဲပင်။