သက်ရောက်မှု အကြွင်းအကျန်
Vol. 009 Ch. 897
ဘာကျားဇီသည် ရွဲ့စောင်းမပြောရန် ရှောင်ချီအား မျက်လုံးမှိတ်ပြလေ သည်။
ရှောင်ချီသည် အသံနှိမ့်ရုံတင်မကပဲ မေးကိုပင် ပိုမြင့်အောင် မော့လိုက် လေသည်။
“ဘုရင်ကြီးအခု အဆင်ပြေသွားပြီ” ဟုန်ယွမ်သည် ရှောင်ချီအား လျစ်လျူပြီး ဝူလင်းယူအားကြည့်လိုက်သည်။
“ကျေနပ်လောက်စရာပါပဲ” ဝူလင်းယူ ပြောလိုက်သည် “ပြန်သွားရတာ မင်းအတွက် ခက်မှာပဲ နှင်းကြာအနက်ကို မင်းပဲသိမ်းထားလိုက်ပါ၊ နောက်ကျ ရင်သုံးရအောင်လို့”
“ဟုတ်ကဲ့ပါ” ဟုန်ယွမ်သည် ငုံ့ကြည့်လိုက်သော်လည်း ဘာမှမပြောပေ “ဘုရင်ကြီးနိုးလာပေမယ့် ဘုရင်ကြီးကိုကြည့်ပေးဖို့ လက်အောက်ငယ်သားကို ခိုင်းသင့်ပါတယ်”
“ယူယူက အရမ်းပင်ပန်းနေပြီ၊ သူမကို နားခိုင်းဖို့အရင်ခေါ်သွားမယ်၊ သူမကို နေရာချပြီးရင် မင်းကိုစမ်းသပ်ခိုင်းပါမယ်”
ပြောပြီးနောက်တွင်သူသည် ယူယူကိုချီကာ သူတို့အရင်နေသောအိမ် သို့ပြန်ခေါ်သွားလေသည်။
ရှောင်ချီနှင့် ဟုန်ယွမ်တို့သည် သူနှင့်အတူလိုက်ပါကြသည်။ တခြားသူ များသည်လည်း လိုက်ချင်သော်လည်း မလိုက်ခဲ့ကြပေ။ ထိုအစား သူတို့သည် သက်ဆိုင်ရာ အိမ်များသို့သာ ပြန်လာခဲ့လိုက်ကြသည်။
ဝူလင်းယူသည် ရှီမာယူယူအား အခန်းထဲရှိ အိပ်ရာပေါ်တင်လိုက်သည်။ သူသည် ထိုအခွင့်အရေးကို အသုံးချချင်သော်လည်း ရှောင်ချီသည် မျက်လုံး ပြူးများဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။
“ယူယူ့ကို ခိုးနမ်းချင်လို့လား” ရှောင်ချီသည် သူ့အား ပွင့်လင်းသော အမူအရာဖြင့် ကြည့်လေသည်။
“မဟုတ်ပါဘူး” ဝူလင်းယူသည် ဝန်မခံပေ။
“ဟုတ်လို့လား သူမကိုကြည့်တုန်းက မင်းမျက်လုံးတွေ အရောင် တောက်သွားပါတယ်” ရှောင်ချီသည် သူ့မျက်လုံးများကို ညွှန်ပြပြီး ပြောလေ သည် “ရှောင်ချီ အခုဘာမှမမြင်ဘူး၊ ခိုးနမ်းချင်တယ်ဆိုရင် မြန်မြန်နမ်းလိုက်”
ဝူလင်းယူ၏ ခေါင်းထဲတွင် အမှောင်အတွေးများတွေးမိကာ အရွယ် ရောက်လာသော ရှောင်ချီအားကြည့်လေသည် “မင်း အရင်အခြေအနေက ပိုကောင်းလာတာပဲ”
ပြောပြီးနောက်တွင် သူ လှည့်ပြီးနောက် ထွက်သွားလေသည်။
ရှောင်ချီသည် လက်များကိုပြန်ချကာ ရှုပ်ထွေးစွာ မျက်တောင်ခတ်ပြီး သူ့ကို ကြည့်လိုက်လေသည်။ သူမရဲ့ အရင်အခြေအနေက ပိုကောင်းလာတာ ပဲ ဟုတ်လား။
သူမ၏ အတိတ်ကို ပြောရသည်ကိုမကြိုက်ကာ တခြားသူများက တုန့်ပြန်သည်ကိုလည်း မနှစ်သက်ပေ။ သူမ အသွင်ပြောင်းပြီးနောက်တွင် သူမ၏ အကျင့်စရိုက်မှာ ပြောင်းလဲခဲ့သည်။ သူမသည် အခုပုံစံမှာ ချစ်စရာ ကောင်းသည်ဟု ခံစားရသည်။ သူက ဘာလို့သဘောမတွေ့ရတာလဲ။
သူက ယူယူ့ကိုခိုးနမ်းချင်တာကို မနမ်းရလို့လား။ အဲဒါကြောင့် သူက သူမကို သဘောမတွေ့တာလား။
အဲလိုပဲဖြစ်ရမယ်။
ဟင်း ဟင်း။ သူ့ကို နမ်းခိုင်းဖို့အတွက် သူမ မျက်လုံးတွေကို လက်နဲ့ တောင်ကာပေးတာပဲ။ သူက မလုပ်တာလေ၊ အဲဒါကို သူမကို ဘာလို့လာ အပြစ်တင်နေတာလဲ။
ယူယူနိုးလာတာနဲ့ ဒီလူက သူမကို ခိုးနမ်းချင်တယ်လို့ ပြောပြရမယ်။ ဟင်း ဟင်း….
ဝူလင်းယူသည် ဟုန်ယွမ်စောင့်နေသော ဧည့်ခန်းသို့လာလိုက်သည်။
သူ့ကိုမြင်သောအခါ ဟုန်ယွမ်သည် မတ်တပ်ရပ်ကာ အရိုအသေပေး လေသည်။
“ဘုရင်ကြီး ခန္ဓာကိုယ်ကို စမ်းသပ်လို့ရမလား” သူ တောင်းဆိုလေ သည်။
ဝူလင်းယူ ခေါင်းညိမ့်ကာ ပင်မခုံသို့လျှောက်သွားကာ ထိုင်လိုက်လေ သည်။ ဟုန်ယွမ်သည် သူ့ကို ကူပြီး ခန္ဓာကိုယ်ကို စမ်းသပ်ပေးလေသည်။
“ဘယ်လိုလဲ” ဝူလင်းယူ၏ အမူအရာသည် စိုးရိမ်မှုကင်းနေကာ အသံ မှာပေါ့ပါးနေသည်။
“ဘုရင်ကြီးနဲ့ ခန္ဓာကိုယ်က ပြည့်စုံအောင် ပေါင်းစပ်လို့မပြီးသေးပါဘူး၊ ဒါပေမဲ့ အချိန်တိုအတွင်းမှာ ဒီအခြေအနေထိကုနိုင်တယ်ဆိုတာက သူမရဲ့ ဆေးပညာက ကြောက်စရာကောင်းလောက်အောင် ကောင်းတယ်ဆိုတာ ပြ နေတာပဲ” ဟုန်ယွမ်သည် ရိုးသားစွာပြောလေသည်။
“သူမရဲ့ အရည်အချင်းက ဘေးမှာရှိမနေရင် ယုံဖို့ကခက်တယ်” ဝူလင်းယူ ပြောလေသည် “မင်း တိုက်ပွဲတစ်ခုကို သေအောင်ထိတိုက်မယ် ဆိုရင် သူမက မင်းရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး”
“ဘုရင်ကြီးက သူမ အရည်အချင်းကို အရမ်းယုံကြည်တာပဲ” ဟုန်ယွမ် သည် ဖျောတော့စွာပြုံးလိုက်သည်။ သူသည် ထိုစကားများကို စိတ်ထဲတွင် မထားပေ။
သူ့အမြင်အရ ရှီမာယူယူသည် ငယ်လွန်းသည်။ သူမ မည်မျှ သန်မာ စေကာမူ သူမ ကောင်းကင်ကို ဆန့်ကျင်လို့မရဘူးလေ မဟုတ်ဘူးလား။
ဝူလင်းယူ ထိုစကားကိုပြောသည်မှာ အချစ်များဖြင့် အမြင်ကိုကွယ်နေ၍ ဖြစ်သည်။ သူသည် သူမအရည်အချင်းများကို အလေးစားလွန်နေတာပဲ။
ဝူလင်းယူသည် သူ့ကို မငြင်းဆန်ပဲ ပြောလေသည် “အခွင့်အရေးရမယ် ဆိုရင် မင်းကိုယ်တိုင် တွေ့ကြုံဖို့ ခွင့်ပေးမယ်”
“ဒီလက်အောက်ငယ်သား မျှော်လင့်နေပါမယ်”
ဟုန်ယွမ်တွင် ဟုန်မင်၏ ရောင်ဝါရှိသည်။ ဝူလင်းယူသည် သူ့ကိုကြည့် ရင်းနှင့် အနည်းငယ်ရင်းနှီးသလိုခံစားရလေသည်။ ဟုန်ယွမ်အတွက်ကတော့ ဟုန်မင်၏ သားမြေးသည် ဝူလင်းယူနှင့်အတူမြှုပ်နှံထားသဖြင့် သူတို့နှစ် ယောက်သည် အရမ်းမရင်းနှီးသော်လည်း နှစ်ပေါင်းများစွာ သိခဲ့သလိုပင် ခံစားရသည်။
“ဘုရင်ကြီးရဲ့ ဝိဉာဉ်က အချိန်တစ်ခုလောက်တည်ငြိမ်သွားပေမယ့် ပြည့်စုံအောင် မပေါင်းစပ်နိုင်သေးဘူး၊ ဘုရင်ကြီးရဲ့ခန္ဓာကိုယ်က တွန်းလှန်နေ ဦးမှာပဲ၊ ကျွန်တော်တို့ ဒီပြဿနာကို သေချာဖြေရှင်းရမယ်၊ မဟုတ်ရင် ဘေး ထွက်ဆိုးကျိုးတွေများလိမ့်မယ်” ဟုန်ယွမ် ပြောလိုက်သည်။
“မင်းက နတ်ဆိုးသမားတော်ပဲ၊ ဒီပြဿနာအတွက် ဖြေရှင်းနည်းမရှိရင် ဘာဖြစ်မှာလဲ” ဝူလင်းယူ မေးလေသည်။
“ဘုရင်ကြီးရဲ့ ခန္ဓာကိုယ်က အချိန်တစ်ခုပြီးတဲ့နောက် အိပ်ပျော်သွား လိမ့်မယ်၊ အဲအအချိန်တွင်းကို စွမ်းအားကယုတ်လျော့သွားလိမ့်မယ်” ဟုန်ယွမ် ပြောလေသည် “ဒါပေမဲ့ ဘုရင်ကြီး စိုးရိမ်ဖို့မလိုပါဘူး၊ ဘုရင်ကြီး ခန္ဓာကိုယ် အိပ်ပျော်တဲ့အချိန်တိုင်း ခန္ဓာကိုယ်နဲ့ဝိဉာဉ်နဲ့အတူပေါင်းစပ်သွားမှာ ဘုရင်ကြီးခန္ဓာကိုယ် နောက်ဆုံးပေါင်းစပ်ပြီးသွားရင် ဘေးထွက်ဆိုးကျိုးတွေ အလိုလိုပျောက်သွားမှာ”
“အင်း” ဝူလင်းယူသည် ထိုအကြောင်းအားလုံးဝ စိုးရိမ်မှုမရှိပေ။
“တကယ်တော့ ကျွန်တော်တို့ အာရုံစိုက်ဖို့အရေးကြီးဆုံးအချိန်က ပေါင်းစပ်မှု မလုပ်ခင်နဲ့ ပြီးတဲ့အချိန်ပဲ၊ အဲအချိန်တွေမှာ အရမ်းအားနည်းနေ မယ်၊ ဘုရင်ကြီးရဲ့ အားက ပုံမှန်ထက် ၁၀ရာခိုင်နှုန်းပဲရှိလိမ့်မယ်၊ အဲအတော အတွင်းကို ကျွမ်းကျင်သူနဲ့ တိုက်ရမယ်ဆိုရင် သက်ရောက်မှုက ဆိုးဝါးသွား လိမ့်မယ်” ဟုန်ယွမ် ပြောလေသည် “အဲဒါကြောင့် အားနည်းတဲ့အချိန်တွေ ဖြတ်ကျော်ရမယ်ဆိုရင် သေချာပေါက် ကိုယ်ရံတော်နဲ့သွားလာရလိမ့်မယ်”
ဝူလင်းယူသည် တုန့်ပြန်ခြင်းမရှီကာ ဟုန်ယွမ်သည် ဆက်ပြောလေ သည် “ကျွန်တော့် သရုပ်မှန်က အခုထိပေါ်ထွက်လို့မဖြစ်သေးဘူး၊ အဲဒါ ကြောင့် ကျွန်တော်က ဘေးမှာကြာကြာနေပေးလို့မရဘူး၊ ဒါပေမဲ့ ဘုရင်ကြီး ကိုစောင့်နေတဲ့ အရင်လက်အောက်ငယ်သားတွေအများကြီးရှိပါတယ် တကယ်လို့ ဘုရင်ကြီး နတ်ဆိုးလောကကိုပြန်မယ်ဆိုရင် ကာကွယ်မှုသေချာ ပေါက် ရပါလိမ့်မယ်”
“နတ်ဆိုးလောကကို ပြန်မယ့်အကြောင်းမပြောနဲ့” ဝူလင်းယူ ပြောလိုက် သည် “ငါပြန်ဖို့အချိန်မရောက်သေးဘူး”
“ဒါပေမဲ့ အားလုံးကဘုရင်ကြီးကို စောင့်နေကြတာ၊ ဘုရင်ကြီးပြန်လာ မယ်ဆိုတာ သူတို့သိရင် သေချာပေါက် ဘုရင်ကြီးနောက်လိုက်ကြမှာပဲ”
“မိုလော့က လုပ်ထားတဲ့ တိုးတက်မှုတွေကရော…”
“သူက ဘုရင်ကြီးပြန်လာတယ်ဆိုတာကို မကြားသေးပါဘူး၊ ဒါပေမဲ့ ဒီလောက်နှစ်တွေအများကြီးမှာ တော်ဝင်မျိုးနွယ်တွေက ဘုရင်ကြီးဝိဉာဉ်ရှာ တာကို လုံးဝလက်မလျော့ခဲ့ပါဘူး” ဟုန်ယွမ် ပြောလေသည် “ဆက်ခံသူတွေ က သူ့ရဲ့ လက်အောက်ငယ်သားတွေဖြစ်ခဲ့လို့ဖြစ်မယ်၊ သူတို့က ကျွန်တော့်ကို ဆန့်ကျင်ပြီး ဒီကိစ္စမှာ ဝင်ပါခွင့်မပေးထားဘူး၊ သူတို့ သက်သေဘယ်လောက် ရှာတွေ့ထားလဲဆိုတာ ကျွန်တော်မသိဘူး၊ ဒါပေမဲ့ ဒီတစ်ခေါက် ကျွန်တော် ပြန်သွားတော့ သူတို့် တစ်ခုခုကိုတွေ့ထားပုံရတယ် လှုပ်ရှားမှုတချို့လုပ်နေ တာတွေ့ရတယ်”
“ငါ့ဝိဉာဉ်ပေါင်းတာကို လူသားလောကမှာလုပ်ခဲ့ပေမယ့် နတ်ဆိုး လောကမှာ အပြောင်းအလဲတွေရှိတဲ့ပုံပဲ၊ ဟွာမျိုးနွယ်နဲ့ ကျောက်စိမ်းနက် မျိုးနွယ်ခေါင်းဆောင်တွေက အတွင်းဂိုဏ်းမှာမရှိကြဘူး၊ အဲဒါကို တစ် ယောက်ယောက်တော့ သတိထားမိမှာပဲ၊ ပြီးတော့ သူတို့ ခန့်မှန်းမိလိုက်ရင် ငါပြန်လာမယ်ဆိုတာကို လွယ်လွယ်နဲ့တွေးမိမှာပဲ” ဝူလင်းယူ ပြောလေသည်။
“ဟွာနဲ့ ကျောက်စိမ်းနက်မျိုးနွယ်တွေကို မြန်မြန်ပြန်ခိုင်းမှဖြစ်မယ်” ဟုန်ယွမ် ပြောလေသည် “အခုတော့ တော်ဝင်မျိုးနွယ်နဲ့ ငြိအောင်လုပ်လို့ မဖြစ်သေးဘူး”
မိုရှား၏ ဝိဉာဉ်သည် အခုလေးတင်ပေါင်းစပ်ပြီးကာ အားမကောင်းသေး ပေ။ အခုတော့ သူသည် အရင်ကသန်မာသည်ထက် ၁၀ရာခိုင်နှုန်းသာ သန်မာတော့သည်။ သူ အရင်သန်မာသည့် အခြေအနေကိုပြန်သွားလိုပါက အချိန်များစွာလိုအပ်သည်။
အရင်လက်အောက်ငယ်သားများကမူ အကုန်လုံးစောင့်နေသည်တော့ မဟုတ်။ လက်ရှိတော်ဝင်မိသားစု လက်အောက်သစ္စာခံသွားသူများလည်း ရှိ ကြသည်။ ထိုလူများသည် သူတို့၏ ဘိုးဘေးများ၏ ညွှန်ကြားချက်များကို မေ့ သွားသူများဖြစ်ကြသည်။
သူ အရင်ဆုံး စွမ်းအားများကို ကျစ်လစ်အောင်လုပ်ရန်လိုသည်။ သူ၏ လက်ရှိ အားမျာ တော်ဝင်မိသားစုကိုတိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်းကို သူ မတွေးပဲနှင့်သိသည်။
ထို့ကြောင့်ပင် ထိုအချိန်အတွင်းတွင် မိုလော့နှင့် တခြားသူများကို မိုရှားပြန်လာပြီဖြစ်ကြောင်း ပေးသိရန် မဖြစ်နိုင်သေးပေ။ မဟုတ်လျှင် သူ နတ်ဆိုးလောကမပြန်ခင်ပင် လူသားလောကတွင် သေသွားနိုင်သည်။
“အခုလောလောဆယ်တော့ ဟွာမျိုးနွယ်နဲ့ ကျောက်စိမ်းနက်မျိုးနွယ် ခေါင်းဆောင်တို့ကို ပြန်လို့ရပြီ၊ မင်းလည်း ပြန်လိုက်တော့” ဝူလင်းယူ ပြော လိုက်သည်။
“ဘုရင်ကြီးကရော”
“ငါလား” ဝူလင်းယူ ပြောလိုက်သည် “ငါ့သရုပ်မှန်က ပညာရှိစံ အိမ်တော်ရဲ့ မြင့်မြတ်သောသားတော်ဖြစ်နေတုန်းပဲ၊ ငါ လူသားလောကကို ပြန်ရမှာပေါ့၊ သူတို့ငါ့သရုပ်မှန်ကို သိရင်တောင်မှ မိုလော့က လူသားလောက ကိုလူလွှတ်လို့မရပါဘူး၊ ငါ့အတွက်အချိန်ပိုရတာပေါ့”
ဟုန်ယွမ်သည်လည်း သူလူသားလောကတွင်ရှိနေသည်က ပိုကောင်း သည်ဟု ထင်သည်။ ထို့ကြောင့် ထိုစီစဉ်မှုကို မကန့်ကွက်ပေ။
“ဒါပေမဲ့ ဘုရင်ကြီး လူတစ်စုလောက်ခေါ်ထားတာကောင်းမယ် တစ်ခုခု ဖြစ်ရင် လက်ကူရတာပေါ့”
***