ဘိုးဘေးဧကရာဇ်
Vol. 9 Ch. 120
ကျိုးပြည်ထောင်စုသည် လှုပ်ခတ်မှုကြီးမားစွာ ရှိသော်လည်း မိဖုရားချန်ရှင်းသည် တည်ငြိမ်
အောင်ထိန်းချုပ်ထားကာ ထိုအဖြစ်အပျက်များ
က ကျယ်ကျယ်ပြန့်ပြန့်ထွက်မလာပေ။အထူး
သဖြင့် ဧကရာဇ်ရှိနေသေးသည့်အတွက် ဧက
ရာဇ်၏ အမာခံအင်အားစုများအား တတိတိဝါး
မြိုရန်လိုအပ်နေသေးသည်။ထိုအရာကလည်း
အချိန်တခုသာကြာမြင့်ပေမည်။
ထိုအတွက် နန်းတော်ထဲမှ လှုပ်ရှားမှုများသည်
ကျယ်ပြန့်မလာတော့ပေ။ သို့သော်လည်းထိုအ
ချင်းအရာများကို ဧကရာဇ်ကသိခဲ့ပေလိမ့်မည်
ထိုကြောင့် ကျိုးလီတို့အားခေါ်ထုတ်ရန် ကျိုးယ
န်ကို တောင်းဆိုခြင်းဖြစ်သည်။
တောအုပ်ငယ် အဆောက်အုံတဲတွင် ကျိုးယန်
သည် ပုလ္လင်အနားသတိကြီးစွာထား၍တိုးကပ်
သွားလိုက်သည်။ အသံသည်ထိုနေရာမှလာခြင်း
ဖြစ်သည်။ပုလ္လင်သည် ပုံမှန်ရာဇပုလ္လင်များထ
က်အနည်းငယ်ပိုကြီးကာ ပိုလည်းမြင့်ပေသည်။
ထိုစဥ် လေအေးတချက်တိုက်ခတ်သွားကာကျိုး
ယန်လည်း ကျောရိုးတလျှောက်စိမ့်ကနဲ ဖြစ်သွာ
ရသည်။
“ပုလ္လင်ပေါ်သွေးတစက်ချလိုက်”
အသံကထပ်မံပေါ်လာသည်။ ကျိုးယန်သည်အ
နည်းငယ်တုံ့ဆိုင်းနေသော်လည်း အသံရှင်မှသူ့
အပေါ် အန္တရာယ်ပြုမည်ဟုမခံစားရသောကြော
င့် အသံအတိုင်းသွေးတစက်ချလိုက်သည်။
ရွှီးး..
ပြင်းထန်သည့် လေတိုးသံတခုထွက်ပေါ်လာပြီး
ပုလ္လင်တခုလုံးသည်လည်းရွှေရောင်များတော
က်ပသွားကာ အစီအရင်ကြီးတခုပေါ်လာသည်။
“အစီအရင်ထဲဝင်လိုက်ပါ”
ထိုအသံကထပ်ပေါ်လာပြန်သည်။ကျိုးယန်က
“ဘာအတွက် ဝင်ရမှာလဲ ပြီးတော့ခဗျားကကော
ဘယ်သူလဲ”
ကျိုးယန်၏အမေးကိုအသံရှင်က
“ကောင်လေး မေးခွန်းတွေအများကြီးမမေးနဲ့
အကြောင်းစုံသိချင်ရင် အစီအရင်ထဲဝင်လိုက်ပါ
ခုလိုဆက်သွယ်နေရတာ ငါ့အတွက်အဆင်မ
ပြေဘူး”
ကျိုးယန်သည် အနောက်လှည့်၍ ကျိုးလီတို့ကို
ကြည့်လိုက်သည်။ သူတိူ့သည် ယခုအဖြစ်အပျ
က်များကို သတိထားမိပုံမပေါ်ပေ။ကျိုးယန်က
အတန်ကြာစဥ်းစားပြီးနောက် စိတ်ဒုန်းဒုန်းချ၍
အစီအရင်ထဲတိုးဝင်လိုက်တော့သည်။
မြင်ကွင်းများပြောင်းသွားကာ မူလခန်းမကျယ်
တခုမှ သေးငယ်သည့်တောင်ကုန်းလေးတခုကို
ရောက်ရှိသွားသည်။ တောင်ကုန်လေး၏အော
က်ခြေတွင် လှိုဏ်ဂူတခုရှိနေပြီ ထိုအထဲတွင်လူ
ရှိနေပုံရသည်။ ထိုစဥ် လူရိပ်တခုလှိုဏ်ဂူထဲမှ
ထွက်ပေါ်လာသည်။
တခေါင်းလုံးဆံပင်များဖြူဖွေးနေပြီး အိုမင်းသ
ည့်ဟန်ရှိသော်လည်း ခန္ဓာကိုယ်ကတော့သန်မာ
သည့် အချိုးအစားရှိကာ မြင့်မာသည့်အရပ်အ
မောင်းနှင့် အရှိန်အဝါတခုက လွှမ်းခြုံထားသေး
သည်။
“မင်းရောက်လာပြီပဲ ဟူး အပြင်ကိုလှမ်းဆက်
သွယ်ရတာ တကယ်ပင်ပန်းတာပဲ ဝင်လာခဲ့ပါ
မင်းကိုပြောစရာရှိလို့စောင့်နေတာ”
ကျိုးယန်သည် ခေါင်းညိတ်ပြ၍ထိုလူကြီးခေါ်
ရာ လှိုဏ်ဂူထဲလိုက်ဝင်သွားလိုက်သည်။ခနအ
ကြာတွင် ထိုလူက
“ငါဘယ်သူလဲမင်းသိချင်မှာပေါ့ ကောင်းပြီ ငါ့
ကိုယ်ငါမိတ်ဆက်ပေးရရင် ငါက ကျိုးပြည်
ထောင်စုရဲ့ တတိယမြောက်ဧကရာဇ် ကျိုးဝေပဲ
မင်းအနေနဲ့ မှတ်တမ်းအချို့မဖတ်ထားရင်မသိ
နိုင်လောက်ဘူး”
တတိယမြောက်ဧကရာဇ်တဲ့လား။ကျိုးယန်သည် မှတ်တမ်းများမဖတ်ထားသော်လည်း ဘိုး
ဘေး၏အမည်ကိုတော့သိပေသေးသည်။ထိုသူ
သည် ကျိုးပြည်ထောင်စုဧကရာဇ်များထဲတွင်
ကျင့်ကြံမှုအမြင့်ဆုံးရှိကာ အရက်စက်ဆုံးဧက
ရာဇ်တပါးဟုလည်း ထင်ရှားသည်။
“ဘိုးဘေးကိုတွေ့ရတာဝမ်းသာပါတယ်”
ကျိုးယန်ကဦးညွှတ်၍နှုတ်ဆက်လိုက်သည်။
ဘိုးဘေးက
“တောအုပ်အစပ်မှာဖြစ်တဲ့ကိစ္စတွေကို ငါသိပါ
တယ် အခုငါ့မြစ်တော်ကျိုးဟုန်တယောက်အ
ခြေနေဆိုးနေပြီမဟုတ်လား နောက်ပြီးသူ့မိဖုရာ
အချို့ပူးပေါင်းပြီး နန်းတော်ကိုထိန်းချုပ်ဖို့ကြိုး
စားနေတယ် ဟုတ်တယ်မလား”
ကျိုးယန်သည် အတန်ကြာမှင်သက်နေလေသ
ည်။ထိုသို့သိပါလျက် မည်သည့်အတွက်ကြောင့်
သူတို့ကိုမကူညီရသနည်း။ဘိုးဘေးက
“ငါသိပေမယ့် ငါမကူညီနိုင်ဘူး ပြည်ထောင်စုရဲ့
ကံကြမ္မာကအသစ်ပြန်ရေးရတော့မှာ အဲ့ဒီအတွ
က် ငါဝင်ပါလို့မရဘူး”
ဘိုးဘေးကသက်ပြင်းချ၍ထပ်ပြောလာပြန်သ
ည်။
“အာဏာဆိုတာလူတွေရဲ့မျက်လုံးနဲ့အသိစိတ်ကို
ကန်းစေတဲ့အရာပဲ မင်းကမင်းသားမင်းသမီး
တွေကြားမှာ ပါရမီအရှိဆုံးပဲ နောက်ပြီးကျိုးပြ
ည်ထောင်စုရဲ့ ကံတရားကလည်းမင်းအပေါ်လုံး
ဝမှီခိုနေတယ် ကောင်လေး”
“ကျတော့်အပေါ် ဟုတ်လားဘယ်လိုမျိုးလဲ”
ကျိုးယန်၏အမေးကို ဘိုးဘေးက
“ငါ့အနေနဲ့အများကြီးပြောပြလို့မရဘူး အခုငါ
မင်းကို ကူညီနိုင်တာအကုန်ကူညီပေးမယ်အထူး
သဖြင့် ငါ့ရဲ့သွေးစွမ်းအင်အချို့ပဲ ပြီးတော့ငါ့
တဘဝလုံးရှာဖွေစုဆောင်းခဲ့တဲ့ ရတနာတွေကို
လည်း မင်းသန့်စင်သွားရလိမ့်မယ်”
ကျိုးယန်သည် အတန်ကြာစကားပြန်မပြောနိုင်
ပေ။တဖက်သူက သူ့အပေါ်မျှော်လင့်ချက်ထား
ကာ အမွေဆက်ခံစေလိုနေသည်မဟုတ်လား။
သူသာ ဤနေရာတွင်အချိန်ကြာမြင့်နေပါက
ကျိုးယွမ် ကျိုးလီတို့ မည်သို့လုပ်ကြမည်နည်း။
“သူ တို့အတွက်မပူနဲ့ တောအုပ်အပြင်မှာမင်း
လူတွေရောက်နေတာငါသိတယ် သူတို့ကိုရတ
နာအချို့ပေးပြီး တောအုပ်အပြင်ဘက်ပို့ပေးလို
က်မယ် မင်းကတော့ဒီမှာနေပြီး သွေးစွမ်းအင်
ကိုသန့်စင်ပါ ပြီးတော့ ကျိုးပြည်ထောင်စုကိုအ
မှောင်ဖုံးမယ့်အရေးကနေကယ်တင်ပါ”
“အ မှောင်ဖုံးမယ်ဆိုတာက”
ကျိုးယန်၏စကားကိုဖြတ်၍ဘိုးဘေးကအရာတခုထုတ်ကာပေးလာသည်။ထိုအရာက ဆံထိုး
တခုဖြစ်ပုံရကာ ကျောက်စိမ်းဖြင့်ပြုလုပ်ထား
ပြီး ကောင်းကင့်အဆင့်ထက်ပင်မြင့်ပုံရသည်။
“ဒါလေးက မင်းအမေရဲ့ပစ္စည်းပဲ သူမ မထွက်
သွားခင် ငါ့ဆီရောက်လာပြီး ဒီပစ္စည်းလေးကို
ပေးခဲ့တာပဲ အခုငါပြောမယ့်အကြောင်းတွေကို
သေချာနားထောင်ပါ မင်းအတွက်အရေးကြီး
တယ်ကောင်လေး”
ကျိုးယန်သည် ဆံထိုးလေးကိုကြည့်၍ လက်
များတုန်ယင်နေသည်။ထိုအရာက မိခင်ဖြစ်သူ
၏ဆံထိုးတဲ့လား။
“မင်းသိထားတဲ့အတိုင်းပဲ ပြည်ထောင်စုတွေရှိ
ပြီး ငါတို့နဲ့အဓိကရန်ဖက်ဖြစ်နေတဲ့ပြည်ထောင်
စုက စုန့်ပြည်ထောင်စုနဲ့ ဝူပြည်ထောင်စုပဲဒါပေ
မဲ့ တကယ်တမ်းကျိုးပြည်ထောင်စုသတိထားရ
မှာက သူတို့မဟုတ်ဘူး”
“သူ တို့မဟုတ်ဘူးလား ဒါဆိုဘယ်သူတွေလဲ”
ဘိုးဘေးက ကျိုးယန်ကိုအလေးအနက်ပုံစံဖြင့်
ဖြေးညှင်းစွပြောလာသည်။
“ငရဲတမန်တော်တွေပဲ..”
“ငရဲတမန်တော်တွေ…ဟုတ်လား”
“ဟုတ်တယ် သူတို့ကပြည်ထောင်စုကြီးတွေအ
တွက် ကပ်ဆိုးပဲ ဘာလို့လဲဆိုတော့သူတို့ကဒီ
လောကကမဟုတ်ဘူး မတူညီတဲ့လောကတခု
ဆီကနေ ရောက်လာကြတာ မင်းရဲ့အမေကသူ
တို့နဲ့ဆက်စပ်နေတဲ့ အဖွဲ့အစည်းတခုကပဲ အဲ့
အဖွဲ့စည်းကို နှိမ်နှင်းသူတမန်တော်အဖွဲ့ ဒါမှမ
ဟုတ် သွေးစစ်သည်တော်များလို့ခေါ်တယ် အဲ့
အဖွဲ့၂ခုလုံးက မတူညီတဲ့ကမ္ဘာ၂ခုကနေဒီလော
ကဆီရောက်လာတယ် နောက်ပြီး ဒီလောကရဲ့
ကမ္ဘာ့နှလုံးသားကိုရှာဖွေပြီး အုပ်စိုးဖို့စီစဥ်နေ
ကြတယ်”
မတူညီတဲ့လောကနှစ်ခု ပြီးတော့ကမ္ဘာ့နှလုံးသာ
ထိုအရာတွေက ဘာတွေလဲ။ကျိုးယန်မှင်သက်
နေကာ အချိန်တခုကြာသည်အထိ စကားပြန်မ
ပြောနိုင်ပေ။
“ငါတို့ဂြိုလ်ကြီးမှာ လောကပေါင်းသန်းနဲ့ချီရှိ
နေတယ် လောတခုနဲ့တခုကြားကွာဟမှုကသိပ်
မကြီးဘူး ဒါပေမယ့်လောကအားလုံးရဲ့အထက်
မှာ အင်မော်တယ်လောကဆိုတာရှိတယ် အင်
မော်တယ်လောကမှာ အမြင့်ဆုံးအစစ်အမှန်နတ်
ဘုရားအဆင့်ကိုရောက်ဖို့ဆိုရင် လောကငယ်
တွေရဲ့ နှလုံးသားကိုသန့်စင်ထားရမယ် အရည်
အတွက်များလေ အခွင့်အလမ်းများလေပဲ”
………………………………………….