ငရဲတမန်တော်နဲ့သွေးစစ်သည်
Vol. 9 Ch. 121
ကျိုးယန်သည် ဘိုးဘေး၏စကားများကိုသေ
ချာပင်နားထောင်နေလေသည်။ဘိုးဘေးကခန
အနားယူ၍ ဆက်ပြောပြန်သည်။
“ငါသိထားသလောက် ငရဲတမန်တော်အဖွဲ့ရဲ့
ခေါင်းဆောင်က အင်မော်တယ်လောကမှာအစ
စ်မှန်နတ်ဘုရားအဆင့်ကိုရောက်ဖို့ ခြေတလှမ်း
ပဲလိုတော့တယ် သူသိမ်းပိုက်ထားတဲ့လောကနှ
လုံးသားတွေဆိုတာလည်း မနည်းတော့ဘူးမင်း
အမေတို့က သူတို့အဖွဲ့လှုပ်ရှားမှုကိုလိုက်ပြီး
တားဆီရတဲ့ ဆန့်ကျင်ဘက်အဖွဲ့ပဲ”
ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။ပြီးနော
က် သိလိုစွာဖြင့်မေးလိုက်သည်။
“ငရဲတမန်တော်နဲ့သွေးစစ်သည်တော်တွေအ
ကြောင်းပြောပြပေးပါဦး”
ကျိုးယန်၏အမေးကို ဘိုးဘေးကခေါင်းညိတ်
ပြ၍
“ငရဲတမန်တော်ဆိုတာ တကယ်တော့ငါတို့လို
လူသားသက်ရှိတွေပဲ ဒါပေမယ့်မတူညီတာက
သူတို့မှာ ချီဓာတ်မရှိဘူး မရဏာစွမ်းအင်လို့
ခေါ်တဲ့ အရာတခုပဲရှိတယ် ကျင့်ကြံမှုတွေကလဲ
ငါတို့နဲ့လုံးဝကွဲပြားပြီး သွေးစစ်သည်တော်တွေ
နဲ့တော့ တူညီတယ် သူတို့မှာ အဖြူ အဝါ အစိမ်း
အနီ နဲ့ အနက်ဆိုပြီး အဆင့်၅ဆင့်ရှိတယ် တဆ
င့်ချင်းစီတိုင်းက အစွမ်းထက်ပြီး အနက်ဆင့်က
တော့ လူသားအင်မော်တယ်အဆင့်နဲ့ညီမျှတယ်
ကျန်တဲ့အဆင့်တွေကိုတော့ ငါတို့ကျင့်ကြံမှုအ
ဆင့်နဲ့ နှိုင်းယှဥ်ဖို့မလွယ်ဘူး သေချာတာကသူ
တို့က ပိုအားကောင်းကြတယ်”
ကျိုးယန်ကစဥ်စစားကြည့်သည်။ အင်မော်တ
ယ်လောကမှမဟုတ်ပဲ အင်မော်တယ်အဆင့်ရှိ
တတ်သလားဟူ၍ပင်။
“မင်းတွေးတွေးနေတာကိုငါသိတယ် သိထားရ
မှာက သူတိူ့ကမ္ဘာရဲ့စည်းမျဥ်းကအားကောင်းပီ
တော့ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့အဖြူအဆင့်က
တောင် ငါတို့လောကရဲ့ ပကတိရှင်သန်ခြင်းအ
ဆင့်ကိုယှဥ်နိုင်တယ်”
ကျိုးယန်တယောက်ထိတ်ခနဲ ဖြစ်သွားသည်။
အနိမ့်ဆုံးအဆင့်ကတောင် ဤလောက၏အမြ
င့်ဆုံးပညာရှင်နီးနီးတဲ့လား။
“သူ တို့ကပြည်ထောင်စုတွေထဲစိမ့်ဝင်နေပြီလို့
မင်းအမေက သတင်းပေးသွားတယ် သူမမှာလဲ
တာဝန်တွေရှိနေပြီး ဆက်နေလို့မရတော့လို့ထွ
က်ခွာသွားရတာပါ”
ကျိုးယန်က မိခင်ဖြစ်သူနှင့်ပက်သက်၍တော့
ခံစားချက်က ရှုပ်ထွေးနေသည်။သူက တခြား
လူတဦးမဟုတ်လော။သို့သော် ကမ္ဘာမြေတွင်
မိဘမဲ့အဖြစ်နေခဲ့ရသူမို့ မိခင်မေတ္တာကိုတော့
လိုချင်နေမိသေးသည်။
“အခု ငါ့သွေးစွမ်းအင်ကိုလက်ခံလိုက်ပါ ငါက
တော့ ဒီမှာဆက်နေပြီးမင်းရဲ့လုပ်ရက်တွေကို
စောင့်ကြည့်နေမယ် အရင်ဆုံးစုန်းပြူးတွေကို
လုံးဝမသက်ညှာပါနဲ့ ကျိုးပြည်ထောင်စုသက်
တမ်းတလျှောက် ဒီလိုအဖြစ်မျိုးမရှိခဲ့ဘူး ခုလို
တိုင်းတပါးဘေးအန္တရာယ်ရှိနေချိန်မှာ အိမ်တွင်
ရန်ပွဲလုပ်နေတဲ့လူတွေအတွက် သေခြင်းတရား
ကလွဲပြီးအခြားမရှိနိုင်ဘူး”
ကျိုးယန်ကခေါင်းညိတ်ပြလိုက်သည်။ ဆံထိုး
မှတဆင့် မိခင်ဖြစ်သူနှင့်ဆုံရန်လမ်းစ ငရဲတမန်
တော်များ ဧကရာဇ်ထီးနန်း အရာများစွာရှုပ်ထွေ
နေသော်လည်း တဆင့်ချင်းစီသွားရပေမည်။
“တခြားဘိုးဘေးရဲ့ကလေးတွေဖြစ်တဲ့မင်းသား
နဲ့မင်းသမီးကို တောအုပ်အပြင်ထုတ်ပေးပါ ကျ
တော်အန္တရာယ်ကင်းကင်းရှိနေတယ်ဆိုတာကို
လည်း သူတို့နဲ့အတူ အဖွဲ့ဆီသတင်းပို့ပေးဖို့ကူ
ညီပေးပါ”
ဘိုးဘေးက ခေါင်းညိတ်ပြလိုက်သည်။ပြီးနော
က်ထိုနေရာမှ ချက်ချင်းပင်ပျောက်သွားလေသ
ည်။
“စနစ် ငရဲတမန်တော်ဆိုတာကိုကြားဖူးလား”
ကျိုးယန်၏အမေးကိုစနစ်က
“စနစ်ရှင်သိဖို့အချိန်တန်ပြီပဲ ငရဲတမန်တော်ဆို
တာ တကယ်ရှိတယ် ပြီးတော့ စနစ်ရှင်ရဲ့ဘိုး
ဘေးပြောတာထက်ပိုကြောက်ဖို့ကောင်းကြတ
ယ်”
ကျိုးယန်တယောက် ငြိမ်သက်သွားရသည်။ထို
အဖွဲ့များအမှန်တကယ် စိမ့်ဝင်နေပါကသူ့အနေ
ဖြင့် ကိုင်တွယ်ရန် ကျင့်ကြံမှုအဆင့်များမြင့်တ
င်ဖို့လိုလေသည်။
“ဒါနဲ့ ပကတိရှင်သန်ခြင်းအဆင့်တွေတောင်သူ
တို့မှာအနိမ့်ဆုံးဆိုတော့ ရင်ဆိုင်ဖို့လွယ်ပါ့မလာ”
“မပူပါနဲ့ သူတိူ့ကို လောကစည်းမျဥ်းတွေကဖိနှိ
ပ်ထားလို့ အဖြူထက်မြင့်တဲ့အဆင့်တွေဝင်လို့
မရဘူး”
ကျိုးယန်က သက်ပြင်းတခုချလိုက်သည်။ထိုသို့
သာမဟုတ်ပါက သူ့အနေဖြင့်ခက်ခဲပေမည်။ခန
အကြာတွင် ဘိုးဘေးလည်းပြန်ရောက်လာသည်
“ငါအကုန်စီစဥ်ပြီးပြီ မင်းတာဝန်တွေပဲကျန်တ
ယ် ငါနဲ့နေရာတခုကိုလိုက်ခဲ့ပါ”
ဘိုးဘေးက ကျိုးယန်ကိုအင်မော်တယ်စွမ်းအင်
ဖြင့်ရစ်သိုင်းကာ နေရာတခုဆီသို့ခေါ်သွားသည်
အင်မော်တယ်စွမ်းအင်လား။ဘိုးဘေးကဒီနေရာ
ကနေမထွက်တာ စည်းမျဥ်းတွေဖိနှိပ်ခံရမှာစိုး
လို့များလား။ ကျိုးယန်တယောက်တွေးနေမိသ
ည်။ ဘိုးဘေး၏ကျင့်ကြံမှုသည် အင်မော်တယ်
အသွင်ပြောင်းခြင်းတတိယအဆင့်ပင်ရှိနိုင်သ
ည်။
နာရီအနည်းငယ်ကြာပြီးနောက် ချောက်ကမ်းပါ
တခုဆီရောက်လာသည်။ ချောက်ကမ်းပါးသည်
မီတာများစွာနက်ကာ အကျယ်မှာလည်း မီတာ
ဆယ်ဂဏန်းခန့်ရှိသည်။ ချောက်ကမ်းပါးအော
က်ခြေကိုပင် မမြင်နိုင်ကာ မြူများလည်းဖုံးနေ
သေးသည်။ ဘိုးဘေးကထိုနေရာကိုရောက်လျှင်
ကျိုးယန်နှင့်အတူ ခုန်ချလိုက်သည်။
ကျိုးယန်သည် အေးခနဲခံစားမှုတခုရလိုက်ကာ
ထိုခံစားမှုမှာလည်း မိနစ်ပိုင်းသာကြာသည်။
ချောက်ကမ်းပါးအောက်ခြေတွင် ညီညာသည့်
မြေပြင်တခုရှိပြီး ပတ်ဝန်းကျင်တခုလုံးကိုလည်
ရှင်းလင်းစွာမြင်ရကာ ဝါးတဲအနည်းငယ်ရှိပေ
သည်။ ဘိုးဘေးကအကြီးဆုံးဝါးတဲရှိရာတခုသို့
သွားလိုက်သည်။ ဝါးတဲထဲတွင် ကုတင်တခုနှင့်
ကုလားထိုင်နှစ်လုံးသာရှိပြီး အခြားမည်သည့်
အရာမှရှိမနေပေ။
“ကုတင်ပေါ်တင်ပျဥ်ခွေထိုင်လိုက်”
ဘိုးဘေး၏စကားအတိုင်းကျိုးယန်က ကုတင်
ပေါ်တက်ကာတင်ပျဥ်ခွေထိုင်လိုက်သည်။ထိုအ
ချိန်ဘိုးဘေးက သူ့ရဲ့နဖူးအလယ်တည့်တည့်မှ
သွေးစက်တခုကိုထုတ်ယူလိုက်သည်။သွေးစက်
သည်နီရဲနေကာ သွေးတစက်ဆိုသော်လည်း
ပြင်းထန်သည့်ဖိအားများထုတ်လွှတ်နေလေသ
ည်။
“ဒါကိုယူပြီးသန့်စင်လိုက် ငါမင်းကိုကာကွယ်
ပေးထားမယ် ဒါက နှစ်ရာပေါင်းများစွာငါစုစ
ည်းထားခဲ့တဲ့ ငါ့ရဲ့ကျင့်ကြံမှုတွေပဲ”
ကျိုးယန်ကသွေးစက်ကိုယူကာ လက်ဖဝါးပေါ်
တင်လိုက်သည်။ ခနအကြာတွင် ပတ်ဝန်းကျင်
တခုလုံးတိတ်ဆိတ်သွားသည်။
………………………………………….
နိုင်ငံထူထောင်ရေးစနစ်
အပိုင်း (၁၂၂) ရှုပ်ထွေးမှုများနှင့်ကျိုးပြည်ထောင်စု
ကျိုးလီနှင့်ကျိုးစုလင်းတို့သည် ၎င်းတို့၏ဘိုး
ဘေးဟုသိရသည့် ဧကရာဇ်ကျိုးဝေ၏အကူညီ
ဖြင့် တောအုပ်ငယ်အပြင်ဘက်သို့ရောက်ရှိသွား
ကြသည်။ ကျိုးယွမ်သည်လည်း ထို့အတူပင်ဖြ
စ်သည်။ အပြင်ဘက်တွင်တော့ ကိုင်ရီရီတို့မှအ
သင့်စောင့်နေကာ ကျိုးလီတို့အဖွဲ့နှင့်ဆုံတွေ့ချိန်
တွင် ကျိုးယန်တယောက်ဘိုးဘေးအမွေကိုဆ
က်ခံနေသည့်အကြောင်း သတင်းပေးလိုက်သ
ည်။
အဖိုးဝူသည် ကျိုးလီတို့ကိုခေါ်ကာ မြို့တော်အ
သစ်သို့အမြန်ပြန်ကြရသည်။မဟုတ်လျှင် အလ
ယ်ပိုင်းဒေသမှထွက်ခွာရန်ပင် ခက်ခဲသွားနိုင်သ
ည်မဟုတ်လား။ ကျိုးယွမ်သည် ကျိုးစုန့်၏လ
က်ဝါးရိုက်ချက်ကြောင့် ဒဏ်ရာအနည်းငယ်ရရှိ
ခဲ့သော်လည်း မြို့တော်အသစ်သို့ရောက်သည်
နှင့် အဖိုးဝူက ကုသပေးလိုက်လေသည်။ထိုရက်
များတွင် နန်းတွင်းကငြိမ်သက်နေပြီး ကျိုးယင်
ချင်းသည် ဝိဉာဥ်မျိုးနွယ်စု၏အင်အားကိုတိတ်
တဆိတ်စုစည်းနေလေသည်။
မကြာမီတွင် ကျိုးချန်၏ထီးနန်းတက်ပွဲကားစ
တင်မည်ဖြစ်၍ လအချို့သာလိုပေမည်။ထိုကြာ
ကာလများတွင် မိဖုရားချန်ရှင်း၏ ဖြုတ်ထုတ်
သတ် လုပ်ရက်များကလည်း တိတ်တဆိတ်ရှိ
နေပြီး မြို့တော်ကြီး၏အင်အားစုကြီးများကြား
၌ ငရဲတမျှပွက်လောရိုက်နေလေသည်။
“ကျိုးချန်သာ နန်းတက်ပြီးရင် ညီငယ်ကျိုးယန်
နဲ့အစ်မတော်ကျိုးယင်ချင်းတို့ရဲ့ ဒေသတွေကို
သူတို့ကိုင်တွယ်လိမ့်မယ်”
ကျိုးလီက ပြောလာသည်။ ကျိုးချန်သာဧက
ရာဇ်ဖြစ်သွားပါက ဒေသနှစ်ခုကို သူပုန်စာရင်း
သွင်းကာ တိုက်ခိုက်လာနိုင်သည်။ ထိုအချိန်၌
နန်းတွင်း၏ပညာရှင်အများစုလည်း ရှိနေမည်
ဖြစ်သောကြောင့် ဝိဉာဥ်မျိုးနွယ်အနေဖြင့်အဆ
င်ပြေနိုင်သော်လည်း မြို့တော်အသစ်ကမူအန
ည်းငယ်ရုန်းကန်ရနိုင်သည်။
“လက်နက်စက်ရုံက ထုတ်လုပ်မှုကိုတိုးမြင့်ပြီး
တပ်ဖွဲ့အင်အားကိုတိုးချဲ့ဖို့လိုတယ် မြို့တော်နဲ့
အနည်းဆုံး မိုင်၂၀ အကွာလောက်ထိကင်းပုန်း
တွေချထားနိုင်ရင်အကောင်းဆုံးပဲ”
တပ်မှူးချင်က အကြံပေးလာသည်။ အလယ်ပိုင်
ဒေသထဲတွင် သတင်းပေးများရှိနေသော်လည်း
ရန်သူဝင်ရောက်လာနိုင်သည့် နေရာတိုင်းတွင်
အစောင့်များထားရှိကာ စဥ်ဆတ်မပြတ်ထော
က်လှမ်းရန်လည်း လိုအပ်ပေသေးသည်။
“ဒီတခေါက်လက်နက်စက်ရုံက ဗုံးပစ်သေနတ်
အမြောက်အမြားထုတ်လုပ်နိုင်ပြီလို့ ကျမကြား
ထားတယ် အဲ့လက်နက်တွေကို ကျမတို့တပ်ဖွဲ့
တွေဆီပေးအပ်ပြီး လေ့ကျင့်စေရမယ် သတင်း
အတွက်ကတော့ မပူပါနဲ့သူတို့ဘက်ကလှုပ်ရှား
တာနဲ့ ကျမတို့အသင့်ဖြစ်နေမှာပါ ကျမစိုးရိမ်
တာက..”
ကိုင်ရီရီသည် ပြောလက်စကိုရပ်၍ ကျိုးလီတို့
ဘက်ကိုကြည့်လိုက်သည်။အဖိုးဝူသည်လည်း
ကိုင်ရီရီ၏ဆိုလိုရင်းကိုနားလည်ပေသည်။တဖ
က်တွင် မိဖုရားများထိန်းသိမ်းခံထားရခြင်းက
မိမိတို့အတွက်အားနည်းချက်တခုဖြစ်နေစေပြီး
ထိုမိဖုရားများသည် အသက်အာမခံမရှိတော့ပေ
ထိုအတွက် ကျိုးစုလင်းတို့အနေဖြင့်စိုးရိမ်စိတ်
များဝင်နေကြကာ နန်းတော်ထဲသို့ဖောက်ဝင်ရန်
ပင်တွေးနေကြလေသည်။
“နန်းတော်ထဲကို ဖောက်ဝင်ဖို့မစဥ်းစားနဲ့စုလင်း
မိဖုရားချန်ရှင်းနောက်ကွယ်မှာ ငါတို့မသိနိုင်တဲ့
အင်အားစုတခုခုရှိနေလောက်တယ်”
ကျိုးလီကသတိပေးလိုက်သည်။ထိုအင်အားစု
အကြောင်းကို အပြည့်အဝမသိထားသော်လည်း
ခန့်မှန်းရန်လွယ်ကူသည်။အဖိုးဝူကလည်း
“ဟုတ်တယ် ကျုပ်အထင်မှာလည်း စုန့်ပြည်
ထောင်စုရှိနေတာလို့ ထင်ပေမဲ့သိပ်တော့မရိုးရှင်
ဘူး မင်းသားတို့ပြောပုံအရ ပကတိရှင်သန်ခြင်း
အလယ်အဆင့်က ကျိုးချန်ကိုစောင့်ရှောက်နေ
တာသာ သေချာရင် သူ့ထက်အဆင့်မြင့်တဲ့သူ
အချို့ထပ်ရှိနိုင်သေးတယ် ဒါက နန်းတွင်းပညာ
ရှင်တွေအပြင်ကိုပြောတာနော် သူတို့နှစ်ဖွဲ့ပေါင်း
ဆို မလွယ်ကူတော့ဘူး”
ကိုင်ရီရီက အဖိုးဝူတို့ကိုကြည့်၍
“အဖိုးဝူနဲ့တပ်မှူးချင်တို့ သိုင်းပညာရှင်အထွဋ်အ
ထိပ်အဆင့်ကိုအမြန်တက်ပြီး မင်းသားပေးထား
တဲ့ပကတိဆေးလုံးနဲ့အဆင့်မြင့်ဖို့ရတယ်မဟုတ်
လား”
“ဟုတ်တယ် မကြာတော့ပါဘူး နောက်ထပ်လ
ဝက်ဆို ကျုပ်တို့သေချာပေါက်အထွဋ်အထိပ်
အဆင့်ကိုရောက်ပြီ ဒါဆို ကျုပ်တို့အတွက်အင်
အားအနည်းငယ်တိုးတာပေါ့”
တပ်မှူးချင်မှထိုစကားကိုထောက်ခံလိုက်သည်။
လက်ရှိတွင် ကျောက်နှင့်မုရုံမိသားစုခေါင်းဆော
င်များသာ ပကတိရှင်သန်ခြင်းအဆင့်၁ များဖြစ်
ကြပြီး ကိုင်ရီရီကတော့ အဆင့်၅ဖြစ်သည်။ထို၃
ဦးတည်းဖြင့်တော့ ရင်ဆိုင်၍မရနိုင်ပေ။ကျိုးချ
န်၏သက်တော်စောင့်ပင် အဆင့်၆ဖြစ်နေသည်
မဟုတ်လား။ အမွေအနှစ်ဆက်ခံနေသည့် ကျိုး
ယန်၏အခြေနေကိုသာစောင့်ကြည့်ရမည့်သ
ဘောရှိလေသည်။
ထိုရက်များတွင် မြို့တော်အသစ်၌ လုံခြုံရေး
ပိုမိုထူထပ်လာကာ အပြင်းအထန်လေ့ကျင်မှု
များလည်း လုပ်ဆောင်လာကြသည်။အဖိုးဝူ
နှင့်တပ်မှူးချင်တို့နှစ်ဦး တံခါးပိတ်ကျင့်ကြံဝင်
သွားသောကြောင့် မြို့တော်အသစ်၏ကိစ္စများ
ကို ကိုင်ရီရီ စုယင်နှင့်ခေါင်းဆောင်များကသာ
ဖြေရှင်းကြရသည်။
ရှောင်ဝူသည် ကျိုးယန်၏အိမ်တော်၌နေကာ
စုယင်ကို ကူညီပေးကြသည်။ရှောင်ရှောင်လေး
၏ချစ်စဖွယ်ကောင်းမှုကြောင့် အိမ်တော်သည်
သက်ဝင်လှုပ်ရှားနေကာ မပျင်းရိကြရပေ။
ကိုင်ရီရီတို့ဆရာတပည့်သည်လည်း ဓားကျင့်စ
ဥ်ကိုအချိန်ရသည်နှင့်လေ့ကျင့်ကြသည်။တဖ
က်တွင် ဝိဉာဥ်မျိုးနွယ်၏လှုပ်ရှားမှုကိုလည်း
စောင့်ကြည့်ရသေးသည်။ရန်သူ၏ရန်သူကမိတ်
ဆွေပင်မဟုတ်လား။
ထိုသို့ဖြင့်ရက်အနည်းငယ်ကုန်ဆုံးသွားပြီးနော
က် ဧကရာဇ်သည်ကံတော်ကုန်သွားခဲ့သည်။ထို
သတင်းထွက်ပေါ်သည်နှင့်တပြိုင် မိဖုရားချန်ရှ
င်းသည် ထိန်းသိမ်းခံမိဖုရားများသာမက ကျိုး
ယင်ချင် ကျိုးယန် နှင့်ကျိုးလီတို့အုပ်စုကိုပါ
သစ္စာဖောက်အဖြစ်အမည်တပ်ကာကြေငြာလို
က်သည်။ တဖန်မိဖုရားများကိုလည်း နန်းတက်
ပွဲ၌ ကွက်မျက်မည်ဖြစ်ပြီး ထိုအရာမှာဧကရာဇ်
အသစ်၏ပထမခြေလှမ်းပင်ဖြစ်နိုင်သည်။
ထိုသတင်းကြောင့် ကျိုးယင်ချင်းအပါအဝင်
ကျိုးစုလင်းတို့သည် အပြင်းအထန်တုန်လှုပ်သွာ
ခဲ့ရသည်။ ထိုအရာကလိုအပ်သည်လား မလိုအ
ပ်ပေ။ မိဖုရားဖန်း မိဖုရားယင်တို့သည် ထီးနန်းနဲ့
အာဏာကိုစိတ်မဝင်စားကြပေ။ အဘယ်သို့
ကြောင့် သစ္စာဖောက်အဖြစ်ကြေငြာလိုသနည်း။
ထိုရက်စက်မှုက တွေးထားသည်ထက်ပိုသည်။
တော်ရုံလူသည် ထိုကဲ့သို့လုပ်နိုင်မည်မဟုတ်ပေ
အဖိုးဝူသည် တလခန့်ကြာပြီးနောက် သိုင်းပ
ညာရှင်အထွဋ်အထိပ်ကိုရောက်ရှိသွားကာ ဆေး
လုံးအကူညီဖြင့် ပကတိရှင်သန်ခြင်းအဆင့်၄ထိ
တိုးမြင့်သွားခဲ့သည်။ တပ်မှူးချင်သည်လည်းထို
အတူပင်။
သတင်းများကိုကြားသည်နှင့် ဒေါသအကြီးအ
ကျယ်ထွက်သွားကြကာ မိဖုရားချန်ရှင်းသည်
ဧကရာဇ်မျိုးဆက်အပေါ် ရက်စက်လွန်းပေသ
ည်။ ဘိုးဘေးဧကရာဇ်များအားမည်ကဲ့သို့မျက်
နှာပြမည်နည်း။
“ငါထင်တဲ့အတိုင်းပါပဲလား သူတို့ကငါတို့ဒေသ
ထိလာတိုက်မှာမဟုတ်ဘူး ငါတို့လူတွေကိုဖမ်း
ထားတဲ့အတွက် ငါတို့ကပဲသူတို့ဆီသွားရမှာ”
အဖိုးဝူသည် စိတ်ရှုပ်ထွေးသလိုခံစားနေရသည်
ထိုအတွေးအတိုင်းပင် မိဖုရားများကိုကယ်တင်
ချင်ပါက မီးတွင်းထဲခုန်ချသည်ထက်ပင်ခက်ခဲ
နိုင်သည်မဟုတ်လား။ မဟုတ်ပါကလဲ မိဖုရား
ချန်ရှင်းက ထိုမိဖုရားသုံးပါးနှင့် အမတ်များကို
အမှန်ပင် ကွပ်မျက်လိုက်နိုင်ပေသည်။
“ကျမတို့ဘာလုပ်ကြမလဲအဖိုးဝူ”
ကျိုးစုလင်းသည် အလွန်ပင်ဝမ်းနည်းနေကာ
ကြံရာမရဖြစ်နေတော့သည်။သူမ၏ခွန်အားဖြင့်
မိဖုရားဖန်းကို ကယ်တင်နိုင်မည်မဟုတ်တာသေ
ချာပါသည်။ ကျိုးလီနှင့်ကျိုးယွမ်တို့သည်လဲ
အမှန်တကယ်ပင်ဒေါသထွက်နေကြကာ ရက်
စက်ပြီးလူမဆန်သည့် ထိုလူများကိုအပြင်းအ
ထန်ပင် ကလဲ့စားချေချင်နေသည်။
“မင်းသားတို့ ဒီရက်ပိုင်းထဲကျင့်ကြံမှုကိုပဲအာရုံ
စိုက်ထားကြပါ ခေတ်မီလက်နက်တွေနဲ့လည်း
ရင်းနီးအောင်လုပ်ထားဖို့လိုမယ် ကျုပ်တို့မကြာ
ခင်မှာ တိုက်ပွဲကြီးတခုရင်ဆိုင်ရနိုင်တယ်”
အဖိုးဝူသည် ကျိုးလီတို့ကိုသတိပေးလိုက်သည်
နန်းတက်ပွဲကာလအတိအကျမသိရသေး၍ အ
ချိန်တခုရနိုင်သေးသည်။ထိုအချိန်တွင် ကျင့်ကြံ
မှုကိုသာအဆတ်မပြတ်မြင့်တင်ရပေမည်။လက်
နက်ဆန်းများကိုလည်း စဥ်ဆတ်မပြတ်သုံး၍
လေ့ကျင့်နေသောကြောင့် ပို၍အသားကျလာသ
ည်။
“ကောင်းပါပြီ အဖိုးဝူ ညီတော်လေးတောအုပ်
ထဲကပြန်ထွက်လာတဲ့အချိန်က ကျုပ်တို့တက
ယ့်တိုက်ပွဲစရမယ့်အချိန်ပဲ”
ကျိုးလီ၏စကားကို အဖိုးဝူမှခေါင်းညိတ်ပြလို
က်သည်။ သူတို့သာမက ဝိဉာဥ်မျိုးနွယ်သည်လဲ
လှုပ်ရှားကြမည်ဖြစ်ကာ ကျိုးချန် ကျိုးစုန့်တို့
အပြင် စုန့်ပြည်ထောင်စုနှင့်အခြားအင်အားကြီး
အဖွဲ့တခုတိုကိုပါ ရင်ဆိုင်ရနိုင်သည်။
“သားရဲထိန်းချုပ်ခြင်းဂိုဏ်း မဖြစ်ပါစေနဲ့”
အဖိုးဝူသည် သားရဲထိန်းချုပ်ခြင်းဂိုဏ်းကသာ
အမှန်တကယ်ဝင်ရောက်ပက်သက်နေပါကပို၍
ခက်ခဲလာမည်ကိုတွေးမိသောကြောင့်ထိုဂိုဏ်း
၏ပါဝင်မှုကို မလိုလားချေ။
အချိန်ကတဖြေးဖြေးနှစ်လတာကုန်သွားချေပြီ။
သွေးအဆီနှစ်ကိုသန့်စင်နေသည့် ကျိုးယန်သ
ည် တင်ပျဥ်ခွေထိုင်လျက်သားပင် ဘိုးဘေး၏
နှစ်ရာချီကျင့်ကြံမှုကိုစုပ်ယူသန့်စင်နေလေသည်
သူ၏အရှိန်အဝါသည်လည်း တဆတဆမြင့်တ
က်လာခဲ့ကာ ပို၍လည်းပြင်းထန်လာသည်။ဘိုး
ဘေးသည် အခြားတဲတလုံးတွင်နေထိုင်ကာ ကျိုးယန်ကို ကတိအတိုင်းစောင့်ရှောက်ပေးနေ
သည်။ ကျင့်ကြံမှုနှင့်သွေးအဆီနှစ်သန့်စင်ခြင်း
က အမှားယွင်းဖြစ်လို့မရချေ။
…………………………………………