← Chapters

ဝိဉာဥ်မျိုးနွယ်များလှုပ်ရှားလာခြင်း

Vol. 9 Ch. 123

ဝိဉာဥ်မျိုးနွယ်များလှုပ်ရှားလာခြင်း

Vol. 9 Ch. 123

ကျိုးယန်၏ခန္ဓာကိုယ်သည် ပြင်းထန်သည့်ကို

ယ်ရောင်ကိုယ်ဝါများဖုံးလွှမ်းကာရှိနေလေသည်

ပတ်ဝန်းကျင်ရှိဖိအားသည်လည်း တစတစမြင့်

သထက်မြင့်လာကာ ချီစွမ်းအင်များက ချောက်

ကမ်းပါးထဲ၌ မြစ်တခုစီးဆင်းနေသည့်နှယ်ကျိုး

ယန်ဆီအဆက်မပြတ်တိုးဝင်နေသည်။

ကျိုးယန်၏အရိုးများကျိုးကြေသွားသကဲ့သို့ခံ

စားနေရပြီး ထိုအရာက ပကတိရှင်သန်ခြင်း၌

အဆင့်သေးတခုတက်တိုင်းတွေ့ကြုံရမည့်နာ

ကျင်မှုဖြစ်သည်။ ထိုပကတိရှင်သန်ခြင်းအဆင့်

တွင် ချီစွမ်းအင်များဖြင့်ခန္ဓာကိုယ်အားထပ်ခါ

ထပ်ခါ သန့်စင်နေပြီး အရိုး အရေပြားများနှင့်

သွေးကြောများသည်လည်း တဆင့်တိုးတိုင်းတ

ခါပို၍ ကျယ်ပြန့်လာစေသည်။ အဆင့်၆နဲ့၇

ကြားအတားဆီကတော့အခက်ခဲဆုံးဖြစ်ကာလူ

အများစုသည် တဘဝလုံးအဆင့်၆ မှမကျော်နို

င်ခဲ့ကြသည်ချည်းလည်းရှိတတ်ကြသည်။

အဆင့်၇ အရောက်တွင်အနည်းဆုံးနိယာမတခု

ကိုပိုင်နိုင်ထားရန်လိုအပ်ပြီး နိယာမများပို၍နား

လည်ထားပါက အဆင့်တူချင်း၌ ပြိုင်ဘက်ကင်

သည်ဟု ဆိုနိုင်သည်မဟုတ်လား။ ကျိုးယန်၌

မီးသန္ဓေသားတခုရှိထားပြီး ထိုသန္ဓေသားသည်

အနည်းငယ်အရွယ်ရောက်လာပြီဖြစ်သည်။ယခု

ကျိုးယန်အနေဖြင့် အဆင့်၇ထိတက်နိုင်မည်တဲ့

လား။

သွေးအဆီအနှစ်သည် ကျင့်ကြံသူများ၏အသ

က်လို့ပင်ခေါ်ဆိုနိုင်ကာ တန်ဖိုးကြီးသည်။အထူး

သဖြင့် အင်မော်တယ်နီးပါးအဆင့်ဖြစ်နေသည့်

ဘိုးဘေး၏သွေးအဆီအနှစ်ဆိုလျှင်တော့ ပြော

စရာပင်မလို့တော့ချေ။ကျိုးယန်အတွက်အခွင့်

အလမ်းကောင်းတခုရခဲ့သည်ဖြစ်၍ ဖမ်းဆုပ်နို

င်ပါက အဆင့်မြင့်အဆင့်များထိတိုက်ရိုက်ထိုး

ဖောက်သွားနိုင်လောက်သည်။

“ကောင်လေး လောဘတွေမကြီးနဲ့ ချီဓာတ်ကို

သိပ်သည်းဖို့ကြိုးစား အဆင့်တက်ဖို့မလောနဲ့”

ဘိုးဘေးသည် ကျိုးယန်၏ခန္ဓာကိုယ်မှအရှိန်အ

ဝါပြောင်းလဲမှုကိုတွေ့တိုင်း အဆက်မပြတ်သတိ

ပေးနေလေသည်။ကျိုးယန်အနေဖြင့် အလော

တကြီးအဆင့်မြင့်လိုက်ပါက အခြေခံမတည်ငြိ

မ်သည့်ပြဿနာကို နောင်တွင်ရင်ဆိုင်ရပေမည်။

ထိုအတွက် ချီဓာတ်ကိုဒန်တျန်ထဲ၌ အဆက်မပြ

တ်ဖိအားပေးစေသည်။

“တဆက်တည်းမီးသန္ဓေသားနဲ့ချိတ်ဆက်ပြီး

အာရုံစိုက်ထား ဒါကမင်းဆီမှာရှိတဲ့အကောင်း

ဆုံးရတနာပဲ မင်းရဲ့ပထမဆုံးနိယာမကမီးနိယာ

မဖြစ်နိုင်တယ်”

ဘိုးဘေးသည် ကျိုးယန်ကိုအသံပို့လွှတ်ကာသ

တိမပြတ်ပေးနေသည်။ကျိုးယန်သည် ထိုအရာ

ကိုနားလည်သောကြောင့် ဒန်တျန်ထဲ့သို့ချီများစီ

ဝင်သွားချိန်၌ မီးသန္ဓေသားကိုဆင့်ခေါ်ကာမီး

တောက်နိယာမများကို လေ့လာဆင်ခြင်တော့သ

ည်။

အချိန်က တဖြေးဖြေးရက်မှလသို့ပြောင်းလဲ

သွားသည်။ မိဖုရားချန်ရှင်း၏အင်အားစုသည်

နန်းတွင်းရှိအရာအားလုံးနီးပါးကိုအပြည့်အဝထိန်းချုပ်ထားနိုင်ပြီဖြစ်၍ နောက်နှစ်လအကြာတွင် ဧကရာဇ်အသစ်ကိုထီးနန်းအပ်ရန်ကြေငြာချ

က်ထုတ်ပြန်လာသည်။

ထိုသတင်းကိုကြားသည်နှင့်ကျိုးယင်ချင်းသည်

ဝိဉာဥ်မျိုးနွယ်ရှိပညာရှင်များနှင့်အင်အားစုများ

အားလုံးကိုစုစည်းကာ အလယ်ပိုင်းဒေသသို့ချီ

တက်သွားကြတော့သည်။ထိုလှုပ်ရှားမှုမှာ ကျိုး

ပြည်ထောင်စုအနာဂတ်အပေါ်သက်ရောက်မည့်

အရာဖြစ်ပေသည်။

အဖိုးဝူသည်လည်း ထိုသတင်းကိုရလိုက်သည်။

ထို့ကြောင့် မဟူရာမြို့မိသားစုကြီးနှစ်ခုနှင့်ကိုင်

ရီရီ အခြားခေါင်းဆောင်များ အပါအဝင်လူစုံစု

ဝေးကာ အလယ်ပိုင်းဒေသ၏လှုပ်ရှားမှုများကို

စောင့်ကြည့်၍ လှုပ်ရှားရန်တိုင်ပင်ကြသည်။

အစီစဥ်အရ ဝိဉာဥ်မျိုးနွယ်သည် သေချာပေါက်

အလယ်ပိုင်းဒေသကိုရောက်သည်နှင့် ပြင်းထန်

သည့်တိုက်ပွဲကိုဖော်ဆောင်မည်ဖြစ်ကာ လက်ရှိ

မြို့တော်အသစ်၏အင်အားအရ ထိုတိုက်ပွဲ၌

ကြားညှပ်၍မရပေ။ ထိုအတွက် လူကယ်သည့်

အစီစဥ်ကို စီစဥ်ကြရသည်။ မည်ကဲ့သို့ဖောက်ဝ

င်မည်နည်း။ နန်းတွင်းသည် အစောင့်အရှောက်

ထူထပ်ကာ ပညာရှင်များပေသည်။ ထိုအတွက်

ကျိုးလီ ကျိုးယွမ်တို့မှတာဝန်ယူကာ နန်းတက်

သည့်နေ့၌ တိုက်ပွဲကိုအခွင့်ကောင်းယူ၍ လူက

ယ်မည်ဖြစ်သည်။

ကျိုးယန်တယောက်ပြန်ထွက်လာမည့်အချိန်ကို

တော့ သူတို့လည်းမခန့်မှန်းနိုင်ကြပေ။ သို့သော်

ကျိုးယန်ကိုစောင့်ဆိုင်းရန်မှာလည်း အခြေနေ

အရမဖြစ်နိုင်ပြန်ပေ။ ထိုအတွက်သင့်ရာအစီစဥ်

များကိုဖော်ဆောင်ရန်ကြိုးစားကြတော့သည်။

အင်အားသိန်းချီသည့် တပ်စုကြီးနှစ်ခုသည်

အလယ်ပိုင်းဒေသသို့ အရှိန်အဟုန်ဖြင့်ချီတက်

နေကြသည်။ ထိုအထဲတွင်သိုင်းပညာရှင်များအ

မြောက်အမြားရှိကာ ပကတိရှင်သန်ခြင်းအထွ

ဋ်အထိပ်အဆင့် ကျင်းတလျန်အပါအဝင်စုစု

ပေါင်း ၅ဥိးထိရှိနေလေသည်။

မူလအားဖြင့် ဝိဉာဥ်မျိုးနွယ်သည် အင်အားအ

များအပြားရှိထားသောကြောင့် သိန်းဂဏန်းဆို

သည်မှာ ရှေ့ပြေးတပ်သာသာပဲရှိသည်။ ကျိုး

ယင်ချင်းသည် အင်အားသုတခုကိုဦးဆောင်၍

ချီတက်လာသည်။ အခြေနေအရ စေ့စပ်ဆွေး

နွေးရန်မဖြစ်နိုင်ပေ။

မိဖုရားချန်ရှင်းသည်ထိုကဲ့သို့သတင်းကိုကြား

သော်လည်းအနည်းငယ်မျှပင် မတုန်လှုပ်ပေ။သူ

မတွင် သားရဲထိန်းချုပ်ခြင်းဂိုဏ်းအကူညီရှိကာ

အဆင့်မြင့်သားရဲများလည်းရျိနေသေးသည်။ထိုအပြင် နန်းတွင်း၏ပညာရှင်ထက်ဝက်ကျော်

ကိုစည်းရုံးထားနိုင်သောကြောင့် သူမဘက်တွင်

ပကတိရှင်သန်ခြင်းအထွဋ်အထိပ်အဆင့်မှာဝိ

ဉာဥ်မျိုးနွယ်ထက်ပင် အနည်းငယ်သာလွန်နေ

သည်။

“စိတ်မပူနဲ့ အစီစဥ်အတိုင်းဆက်သွားကြမယ်

သူမက အလယ်ပိုင်းဒေသကိုတိုက်မတဲ့လားအဲ့

ဒါ သူမရဲ့အဆုံးသတ်ပဲ”

မိဖုရားချန်ရှင်းသည် နှုတ်ခမ်းထောင့်များတွန့်

ကွေး၍ပြုံးနေလေသည်။သူမသည် အရာရာကို

ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ ကျိုးယန်တို့သည်

တောအုပ်ငယ်ထဲမှခုထိမလွတ်မြောက်သေးပေ။

ဝိဉာဥ်မျိုးနွယ်ကိုသာရှင်းပြီးပါက မြို့တော်အ

သစ်ကို ထပ်မံအောင်နိုင်ရန်မခက်တော့ပေ။

…………………………………………

All Chapters