ထီးနန်းတက်ပွဲ
Vol. 9 Ch. 124
နန်းမြို့တော်သည် ဝိဉာဥ်မျိုးနွယ်၏တပ်ဖွဲ့ကြီး
တခုချီတက်လာသည်ကို သိကြသော်လည်းနန်း
တွင်းမှ ဧကရာဇ်အသစ်တက်ပွဲကိုကျင်းပရန်စီ
စဥ်နေပေသည်။ ထိုအရာကမည်ကဲ့သို့ဆုံးဖြတ်
ချက်နည်း။
မြို့တော်ရှိ ပြည်သူများသည် တိုက်ပွဲဖြစ်ပွား
လာမည်ကိုကြောက်၍ မြို့အပြင်ထွက်လိုသော်
လည်း မြို့တော်အတွင်းမှထွက်ခွာခွင့်မပေးပေ။
အကြောင်းပြချက်ကရှင်းသည်။ဧကရာဇ်အသ
စ်၏နန်းတက်ပွဲအား လူတိုင်းမြင်စေရန်ဖြစ်သ
ည်။
ကျိုးလီတို့သည် ပုံစံများပြောင်းကာမြိူ့တော်
ထဲဝင်ရောက်သွားကြသည်။ မြိူ့တော်သည်
အတွင်းမှအပြင်ပေးမထွက်သော်လည်း အပြင်
မှအတွင်းသို့ပေးဝင်စေသည်။ ထိုအရာမှာနန်း
တက်ပွဲကိုလာရောက်သည့်လူများဟု ထင်နေပုံ
ရပါသည်။ ထိုအတွက် ကျိုးလီတို့အနေဖြင့်အ
ခက်ခဲမရှိတော့ပေ။
ကြီးမားသည့်နန်းတော်ကြီးတခုတွင် အဆင်အ
ယင်များပြင်ဆင်ထားသည်မှာ လွန်ခဲ့သည့်လမှ
စခဲ့သော်လည်း ယခုတွင်ပြီးပြည့်စုံးသွားလေပြီ
နန်းတက်ပွဲ၌ ဧကရာဇ်သရဖူအပ်နှင်းသည်အပါ
အဝင် သစ္စာဖောက်များကိုစီရင်မည့်အရေးများ
လည်းပါဝင်ပေသည်။ အချိန်ကရက်သတ္တပတ်
တခုသာလိုတော့သည်။ မြို့တော်ထဲရှိတည်းခိုခ
န်းများ စျေးများတွင်လူများအပြည့်ရှိနေကြပြီး
ထိုအထဲတွင်ပြည်ပမှ လူစိမ်းများလည်းရှိနေကြ
သည်။
ကျိုးလီသည် တည်းခိုခန်း၏အပေါ်ထပ်မှနေ၍
လူအများကိုကြည့်ကာမေးလိုက်သည်။
“အဖိုးဝူ ဒီထဲမှာသားရဲထိန်းချုပ်ခြင်းဂိုဏ်းက
လူတွေပါမယ်ထင်လား”
ကျိုးလီ၏အမေးကိုအဖိုးဝူမှ
“ သေချာပေါက် ပါနိုင်တယ် အခုတောင်ကျုပ်
တို့မသိနိုင်တဲ့ပညာရှင်တွေအများစုရောက်နေ
ကြပြီ ဒါက မိဖုရားချန်ရှင်းဘက်ကလူတွေပဲဖြ
စ်ရမယ်”
ကျိုးယွမ်မှ နန်းတော်ကြီးရှိရာဘက်သို့ကြည့်၍
လက်သီးကိုဆုပ်ထားကာ ကြိမ်းဝါးသည်။
“မယ်တော်သာတခုခုဖြစ်ခဲ့ရင် ကျိုးချန် ကျိုး
စုန့် မင်းတို့ကိုတသက်လုံးခွင့်မလွှတ်ဘူးကွ”
အဖိုးဝူသည် ကျိုးယွမ်၏ပုခုံးကိုအသာပုတ်ကာ
နှစ်သိမ့်ပေးလိုက်သည်။
“မလောပါနဲ့မင်းသား အချိန်ကျလာမှာပါ အခု
သတင်းတွေအရ ဝိဉာဥ်မျိုးနွယ်ရဲ့အင်အားစု
ကြီးနှစ်ခုက ဒီနေရာကိုရောက်ဖို့နှစ်ရက်ခန့်ပဲလို
တော့တယ် စိတ်ရှည်ရမယ် မလောပါနဲ့”
ကျိုးယွမ်မှခေါင်းညိတ်ပြလိုက်သည်။ မြိူ့တော်
တွင်း နေရာအနှံ့စောင့်ကြပ်နေသူများကို ကျိုး
လီ ကျိုးယွမ်တို့သည် အနည်းငယ်ပင်မျက်နှန်း
မတန်းမိကြချေ။ ထိုအချင်းအရာက ကျိုးပြည်
ထောင်စု၏ နန်းတက်ပွဲ၌ အခြားပြည်ပအင်အာ
စုများပါဝင်ပက်သက်နေသည်ကို အတိအကျ
ဖော်ပြရာရောက်ပေသည်။
ကျိုးလီသည် ဧကရာဇ်ဝတ်ရုံကိုတို့ထိကာတ
ကိုယ်တည်းပြုံးနေလေသည်။ ငယ်စဥ်ကပင်
ရည်ရွယ်ချက်ရှိခဲ့သည့် ဧကရာဇ်နေရာအားအ
လွယ်တကူပင် ရလာလေသည်။သူ၏မိခင်သာ
အရာအားလုံးမစီစဥ်ခဲ့ပါက အခုလိုဖြစ်လာမည်
မဟုတ်ပေ။
ဧကရာဇ်ဝတ်ရုံသည် တောက်ပကာခမ်းနားထ
ည်ဝါသည့်အသွင်အပြင်ကိုပေးစွမ်းနေလေသည်။ ဧကရာဇ်ဝတ်ရုံအသစ်အတွက်ပင် လအချို
အချိန်ယူပြင်ဆင်ခဲ့ရသည်မဟုတ်လား။ဧကရာ
ဇ်အမိန့်ပေးတံဆိပ်များ ဧကရာဇ်သက်တော်
စောင့်တပ်ဖွဲ့များအား လွှဲပြောင်းရယူသည်ကအ
စ အချိန်တခုကြာအောင်ယူခဲ့ရလေသည်။
ယခုတော့လာမည့်နှစ်ရက်သို့ရောက်လျှင် ပုလ္လင်
ပေါ်၌ ထည်ဝါစွာထိုင်ခွင့်ရပေတော့မည်။ထိုခံ
စားမှုက တကယ်ကိုအလေးအနက်ရှိနေကာ အ
ရာအားလုံးကိုပိုင်ဆိုင်ထားသည့်နှယ်ဖြစ်ကာ ဧ
ကရာဇ်တပါးသည် အရာအားလုံး၏အထက်တွ
င်ရှိပေသည်။
ကျိုးယန် ကျိုးလီ ကျိုးယွမ် ကျိုးယင်ချင်း
ကျိုးစုလင်း။ အမည်များကိုတခုစီတီးတိုးရေရွ
တ်ကာ ထိုသူများ၏အဆုံးသတ်ကိုသူ့လက်ဖြင့်
ဖန်တီးမည်ဟု ကြုံးဝါးလိုက်သည်။ သူ့လမ်း၌
မည်ကဲ့သို့ စူးညှောင့်များမှမရှိစေလိုပေ။ထိုစဥ်
အစေခံတဦးမှ အိပ်ဆောင်ထဲဝင်လာကာ ကျိုး
ချန်ကိုလျှောက်တင်လာသည်။
“အရှင်မင်းကြီး မယ်တော်ကအခေါ်လွှတ်လိုက်
ပါတယ်”
ကျိုးချန်သည် တရားဝင်ထီးနန်းမယူရသေးပေ
မဲ့ အစေခံများအား အရှင်မင်းကြီးဟုပြောင်းလဲ
ခေါ်ဝေါ်စေခဲ့သည်။မည်ကဲ့သို့အာဏာရူးပေသန
ည်း။
“ကောင်းပြီ”
ခနအကြာ၌ ခန်းမတခုထဲသို့ရောက်သွားကာ
အကြောင်းအရာကိုမေးလိုက်သည်။
“မယ်တော်အခေါ်လွှတ်တယ်ဆိုလို့ပါ အရေးကြီ
ကိစ္စများရှိလို့လား”
မိဖုရားချန်ရှင်းက ခေါင်းညိတ်၍
“ဟုတ်တယ် အခုဝိဉာဥ်မျိုးနွယ်ရဲ့အင်အားစုနှစ်
ခုက အလယ်ပိုင်းဒေသကိုရောက်လာပြီ မင်းရဲ့
အကူညီတွေနဲ့ မယ်တော့်ဘက်ကအင်အားစုအ
ကုန် မြို့တော်ပတ်ပတ်လည်မှာ နေရာချထား
တယ် အဓိကမင်းလုပ်ရမှာက နန်းတက်ပွဲကိုအ
ဆင်ပြေပြေပီးမြောက်အောင်လုပ်ဖို့နဲ့ သစ္စာ
ဖောက်တွေကိုစီရင်ရမယ့်ကိစ္စ အောင်မြင်ဖို့ပဲ
ကျန်တာ မယ်တော်ကိုယ်တိုင်စီစဥ်မယ်”
ကျိုးချန်မှခေါင်းညိတ်ပြလိုက်သည်။မိဖုရားချန်
ရှင်းသည် အမှန်တကယ်ပင်ခေါင်းကောင်းသူဖြ
စ်ကာ သူမဘက်မှအင်အားစုများကိုလည်းတိတ်
တဆိတ်ဖြန့်ကျက်ထားလေသည်။ ထိုအထဲတွင်
သားရဲထိန်းချုပ်ခြင်းဂိုဏ်းအပြင် အခြားအင်
အားစုများလည်းပါဝင်နေသည်။
ကြီးမားသည့်မြို့တံတိုင်းပေါ်တွင်စစ်သည်များ
က ပေအနည်းငယ်ပင်အလပ်မခံပဲ အင်အားအ
ပြည့်ဖြင့်စောင့်ကြပ်နေကြသည်။မကြာမီဖြစ်
လာမည့်တိုက်ပွဲအတွက် စစ်သည်များမှာစိတ်
လှုပ်ရှားနေကြသည်မဟုတ်လား။
“ဧကရာဇ်နေရာက ပထမမင်းသားအတွက်ပဲ
ဟမ့် လာခဲ့စမ်းပါ အရင်ဧကရာဇ်တုန်းကမထိ
ပါးရဲ့ခဲ့တဲ့ ဝိဉာဥ်မျိုးနွယ်တွေ မင်းတို့ဘယ်လော
က်အင်အားကြီးလဲ သိရတာပေါ့”
“ဟုတ်တယ် ဒီတခေါက် ကျိုးပြည်ထောင်စုမှာ
ဝိဉာဥ်မျိုးနွယ်ဆိုတာမရှိစေရဘူး”
စစ်သည်များသည် တက်ကြွနေကြသလောက်
ပြည်သူများကတော့အထိတ်တလန့်ဖြစ်နေကြ
သည်။ သူတို့ကဲ့သို့သာမန်လူများက လေအဝဲ့
နဲ့တင် သေဆုံးနိုင်သည်မဟုတ်လား။
“ငါတို့ကို အပြင်ထွက်ခွင့်ပေးပါ”
“ငါတို့မြို့တော်ထဲမှာပိတ်မိပြီးအသေမခံနိုင်ဘူး”
“ငါတို့ကိုအခုထွက်ခွင့်ပေး”
များပြားသည့်လူအုပ်ကြီးသည် ကျယ်လောင်စွာ
အော်ဟစ်နေသော်လည်း စစ်သည်မျညးက
တော့ဂရုပင်မစိုက်ချေ။ကျိုးယွမ်ကထိုမြင်ကွင်း
ကိုကြည့်၍ မကျေမနပ်ပြောလာသည်။
“သူ တို့ကလူသားတံတိုင်းဖန်တီးချင်နေတာလား
အတော်ရက်စက်တဲ့သားအမိပဲ”
ကျိုးယွမ်၏စကားကို ကိုင်ရီရီမှခေါင်းညိတ်ပြ
ပြီး သဘောတူဟန်ဖြင့်ပြောလာသည်။
“ကျမတို့ သူတို့ကြားကတိုက်ပွဲအခြေနေကိုကြ
ည့်ပြီး ဝိဉာဥ်မျိုးနွယ်ကိုကူညီဖို့ပြင်ဆင်ထားတ
ယ် မြို့တော်အသစ်က သံချပ်ကာကားနဲ့လက်န
က်ကြီးအကုန်လုံး အချက်ပြတာကိုရတာနဲ့အ
မြန်ဆုံးဒီနေရာကို ရောက်လာကြလိမ့်မယ်”
အဖိုးဝူက
“ကျုပ်တို့တပ်ဖွဲကို့အခြေနေကြည့်ပြီးမှ လှုပ်ရှား
ကြဖို့ဂရုစိုက်ပါ မြို့တော်အတွင်းအပြင်မှာလည်
သေချာပေါက် စီစဥ်ထားတာရှိလိမ့်မယ်”
အဖိုးဝူ၏စကားကို အကုန်လုံးကထောက်ခံကြ
သည်။လက်ရှိတွင် အဖိုးဝူ ကိုင်ရီရီ ကျိုးလီ ကျို
ယွမ် တို့သာရောက်ရှိနေပြီး ကျန်သူများကနော
က်မှ လိုက်ပါလာသည်မဟုတ်လား။အထူးသ
ဖြင့် ကျိုးယန်၏အထူးတပ်ဖွဲ့သည် ကျိုးယန်အ
မိန့်ဖြင့်စာစေခိုင်းနိုင်သောကြောင့် မြို့တော်အ
သစ်တွင်သာ ချန်ရစ်စေပြီး ကျန်ရှိသည့် အင်
အားစုများကိုတော့ ခေါ်ဆောင်လာကြသည်။
အချိန်က နှစ်ရက်တာ ကုန်လွန်သွားသည်။နန်း
တက်ပွဲနေ့၌ မနက်နေမထွက်သေးခင်ကပင်မြို့
တော်သည် လှုပ်ရှားသက်ဝင်နေသည်။ ကျိုးယ
င်ချင်းသည် ကြီးမားသည့်မြို့တံတိုင်းကြီးကို
ကြည့်ကာ စိတ်ရှုပ်ထွေးနေလေသည်။ သူမ၏
အတွေးတွင် ယခုကဲ့သို့နန်းမြို့တော်အားပြန်လ
ည်တိုက်ခိုက်ရမည်ဟု မထင်ထားခဲ့ပေ။များအာ
ဖြင့် အင်အားစုများစုဆောင်းကာ နန်းတွင်းရှိ
အမတ်များ ဝန်ကြီးများ၏ရွေးချယ်မှုကိုခံယူ
စေမည်ဟုသာတွေးခဲ့သည်။ မတတ်သာသည့်
အဆုံးမှသာ တိုက်ရမည်မဟုတ်လော။
………………………………………