← Chapters

ထွက်ပေါ်လာခြင်း

Vol. 9 Ch. 126

ထွက်ပေါ်လာခြင်း

Vol. 9 Ch. 126

“ရန်သူရှိနေတယ် သတိထားကြ”

ရင်ပြင်ပေါ်ရှိလူအုပ်ကြီးသည် ကြောက်လန့်တ

ကြားအော်ဟစ်ကာ ထွက်ပြေးတော့သည်။မူလ

က စင်မြင့်ပေါ်တွင် ပါးကွပ်သားများရှိနေသော်

လည်း ယခုတွင်တော့သေမိန့်ကျခံထားရသည့်

အပြစ်သားများသာကျန်တော့သည်။

အပူချိန်သည် ထပ်၍တိုးမြင့်မလာသော်လည်း

ထိုအနေထားကပင် သာမန်သူများအဖို့ထိတ်လ

န့်စရာကောင်းနေလေပြီ။ထိုစဥ် ဓားအလင်းတခု

ထွက်ပေါ်လာကာ ကျိုးစုန့်ရှိရာဆီတိုးဝင်သွား

သည်။ ကျိုးစုန့်သည် မိဖုရားရွယ်နှင့်အတူဘေး

ချင်းကပ်ထိုင်နေသည်။ဓားအလင်းတခုသူ့ဆီ

တိုးဝင်လာချိန်တွင်ကြောင်အနေကာ ကျိုးစုန့်

၏သက်တော်စောင့်မှ ထိုဓားအလင်းကိုကာ၍

ခုခံလိုက်သည်။

ဝုန်း… အားး

မီတာရာချီပင်လွင့်စင့်သွားကာ ပကတိရှင်သန်

ခြင်းအဆင့်၂ရှိသူသည် တချက်ပင်မခံလိုက်ပေ

ကျိုးစုန့်သည် မမြင်ရသည့်ရန်သူမှဓားတချက်

ဖြင့် ပညာရှင်တဦးကိုသတ်ပြလိုက်သည်ကိုမြင်

သည့်အခါထိတ်လန့်သွားလေသည်။

“ဘယ်သူလဲ ငါကဧကရာဇ်ရဲ့ညီတော်ကွ ငါ့ကို

ထိတာနဲ့ ကျိုးပြည်ထောင်စုတခုလုံးကမင်းကို

အလွတ်ပေးမှာမဟုတ်ဘူး”

ကြောက်လန့်ကာတုန်ယင်နေသည့်အသံဖြင့်မ

မြင်ရသည့်ရန်သူကို ရမ်းကာခြောက်လန့်နေသ

ည်။ မိိဖုရားချန်ရှင်းတို့သည်လည်း သတိအပြ

ည့်ရှိနေကာ ပတ်ဝန်းကျင်ကိုစောင့်ကြည့်နေသ

ည်။

ဝုန်း

လေထဲတွင် လူရိပ်တခုထွက်ပေါ်လာသည်။ထို

လူရိပ်သည် သေးငယ်ရာမှစတင်၍သာမန်လူတ

ဦးအရွယ်စားသို့ရောက်ရှိလာပြီး ထိုအရာသည်

လူရိပ်မှ စင်မြင့်နှင့်နီးကပ်လာ၍ ဖြစ်သည်။လူ

ရိပ်၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နီရဲသည့်မီး

တောက်များဝိုင်းရံထားပြီး အမှတ်တမဲ့ကြည့်ပါ

က မီးလူသားတဦးလေထဲလမ်းလျှောက်နေသ

လိုပင်။ ညာလက်တွင်ဓားရှည်ကိုကိုင်ထားပြီး

ဘယ်လက်က နောက်ကျောဘက်သို့ပို့ထားသ

ည့်ပုံစံမှာ တကယ့်ပညာရှင်တဦး၏ဟန်ပန်အပြ

ည့်ဖြစ်သည်။

ထိုလူရိပ်သည် တဖြေးဖြေးရှင်းလင်းလာချိန်မှာ

တော့ မိဖုရားချန်ရှင်းနှင့်အဖိုးဝူတို့အားလုံးသ

ည် မှင်သက်သွားကာ မျက်လုံးအပြူးသားများ

ဖြင့်ကြည့်နေကြလေသည်။ထိုလူရိပ်မှာအမှန်ပင် ကျိုးယန်ဖြစ်နေသည်။ ကျိုးယန်၏အရှိန်အ

ဝါမှာ မထင်မှတ်ထားလောက်အောင်ပင်ပြင်းထ

န်နေပြီး ပကတိရှင်သန်ခြင်းအဆင့်မြင့်ကိုရော

က်ရှိနေသည်မှာ သေချာပေသည်။

အသက်၂၁နှစ်နဲ့ ပကတိရှင်သန်ခြင်းအဆင့်၇

မည်သူကများထိုကဲ့သို့စွမ်းဆောင်နိုင်မည်နည်း

ပါရမီရှိသူများပင် ထိုအဆင့်ကိုရောက်ရှိရန်နှစ်

ရာနဲ့ချီကြာမြင့်ပေးမည်။သို့သော် ကျိုးယန်အ

တွက်ကမူ စတင်လေ့ကျင့်သည်မှ ၅နှစ်အတွင်း

ယခုအဆင့်သို့ရောက်လာခြင်းဖြစ်သည်။

“မင်းရောက်လာတာပဲ ညီတော်”

ကျိုးချန်သည် ပြင်းထန်သည့်ဖိအားကိုသက်

တော်စောင့်၏အကူညီဖြင့်မနည်းတောင့်ခံနေရ

သည်။ သူ၏သက်တော်စောင့်သည် အဆင့်၆

ဖြစ်သော်လည်း ကျိုးယန်၏ဖိအားကိုနှစ်ဦးစာ

တောင့်ခံရသည်ကမလွယ်ဘူးပေ။

“ဟုတ်တယ် ငါရောက်လာပြီ ဒါနဲ့ မင်းကိုဧကရာ

ဇ်ကျိုးချန်လို့ခေါ်ရမှာလား”

ကျိုးယန်ကထေ့ငေါ့ကာပြောလိုက်သည်။ထိုအ

ချိန်၌ လူတဦးသည်သူ့ရှေ့သို့ပျံဝဲရောက်ရှိလာ

ကာ

“ကောင်လေး မင်းကိုငါတကယ်မမျှော်လင့်ခဲ့ဘူး

အခုမင်းက အမှိုက်မှမဟုတ်တော့ပဲကွ”

ကျိုးယန်ကထိုလူကိုကြည့်၍ မေးလိုက်သည်။

“ခဗျားကဘယ်သူလဲ”

ထိုလူကပြုံး၍

“ငါကလား ဧကရာဇ်အသစ်ရဲ့ခမည်းတော်လို့

ပြောရမလား ဒါမှမဟုတ်”

ထိုလူ၏စကားမဆုံးခင်ပင် ပတ်ဝန်းကျင်မှလူ

အများအပြားထွက်ပေါ်လာကာ ထိုလူများသည်

အရေအတွက်အားဖြင့် ၅၀ ကျော်ရှိပြီးထိုလူအာ

လုံးမှာ ပကတိရှင်သန်ခြင်းအဆင့်မြင့်များဖြစ်

နေလေသည်။ကျိုးယန်သည် ထိုကဲ့သို့လူများကို

ကြည့်ကာ ဝိဉာဥ်မျိုးနွယ်၏တိုက်ခိုက်မှုကိုမစိုး

ရိမ်ရသည့်အကြောင်းအားနားလည်လိုက်ပေသ

ည်။

ပကတိရှင်သန်ခြင်းအဆင့်မြင့်ပညာရှင်၅၀ ဦး

ကျော်ရှိသည့်အစုအဖွဲ့က ဝိဉာ၌မျိုးနွယ်၏အင်

အားနှစ်သိန်းမဆိုးထားနှင့် နှစ်သန်းဆိုလျှင်ပင်

မလောက်ငှသေးပေ။

“ခဗျားကသားရဲထိန်းချုပ်ခြင်းဂိုဏ်းကလား”

ကျိုးယန်သည် အရိပ်များကဲ့သို့ထွက်ပေါ်လာပြီ

ဝတ်ရုံရှည်များဝတ်ဆင်ကာ မြင့်မားသည့်အရပ်

အမောင်းများရှိသည့် ထိုလူတစုအားဝေ့ဝဲကြည့်

၍ မေးလိုက်သည်။

“ဟားး ဘာမဟုတ်တဲ့ပမွှားဂိုဏ်းလေးနဲ့မနှိုင်း

စမ်းပါနဲ့ကောင်လေးရ ငါ့နောက်ကအင်အားစု

ဆိုတာ မင်းတွေးနိုင်တာထက်ပိုအားကောင်းတ

ယ် မင်းသာငါ့လက်အောက်ဝင်မယ်ဆိုရင်မင်း

ရဲ့မြိူ့တော်အသစ်ကို မထိပါးဘူးလို့ငါကတိပေ

တယ် ဘယ်လိုလဲ”

ကျိုးယန်သည် နှုတ်ခမ်းထောင့်များတွန့်ကွေး

၍ ပြုံးလိုက်သည်။ပြီးနောက်

“ကိုယ်ဘယ်သူလဲဆိုတာတောင် ဖွင့်မပြောရဲတဲ့

လူတယောက်ရဲ့လက်အောက်ကိုဝင်ရမယ်လား

ဟာသပဲ”

ထိုလူ၏မျက်နှာတချက်ပျက်သွားကာ

“ကောင်လေး မင်းမသိတာပိုကောင်းမယ်မဟုတ်

ရင် မင်းအတွက်အနာဂတ်က သေခြင်းတရားပဲ

ရှိနေမှာနော်”

ရင်ပြင်ပေါ်ရှိလူအုပ်သည် ပြန့်ကြဲနေပြီး စစ်သ

ည်များနှင့် ကျိုးချန်တို့အဖွဲ့နှင့်အတူ အဖိုးဝူတို့

သာ ကျန်နေလေသည်။ကျိုးယင်ချင်းတို့အဖွဲ့

သည် မြို့တော်ကိုအဆက်မပြတ်ထိုးဖောက်နေ

ပြီး မြို့တော်အတွင်းသို့ပင်ရောက်ရှိလာသည်။

သို့သော် အရင်းအနီးကတော့အလွန်များပြား

ကာ အင်အား၏သုံးပုံနှစ်ပုံခန့် ကျဆုံးသွားရ

လေပြီ။

“ယင်ချင်း နန်းတော်ရှိရာတိုက်ရိုက်သွားတော့

ငါတို့အနောက်ကလိုက်ခဲ့မယ်”

ကျင်းတလျန်သည် အနီးရှိသားရဲထိန်းချုပ်ခြင်း

ဂိုဏ်းမှအကြီးအကဲနှစ်ဦးကို ဓားဖြင့်ခုတ်ပိုင်း၍

ကျိုးယင်ချင်းကိုပြောလိုက်သည်။ကျင်းရှောင်

နှင့် ကျင်းတချန်တို့သည် ဖခင်ဖြစ်သူကိုတချက်

ကြည့်ကာ ကျိုးယင်ချင်နှင့်အတူလိုက်ပါသွား

ရန် အနီးနားရှိရန်သူများကိုခုတ်ပိုင်းလိုက်ကြသ

ည်။ သူတို့၏ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာ

များ ရရှိထားကာသွေးချင်းချင်းနီနေလေသည်။

ကျိုးယင်ချင်းသည် ခေါင်းညိတ်ပြကာ သားရဲ

များကိုထိုးဖောက်၍ သူမနှင့်အတူသားတော်

နှစ်ပါးနှင့် လူအချို့ကိုခေါ်ဆေင်သွားလေသည်။

သားရဲထိန်းချုပ်ခြင်းဂိုဏ်းသည် အင်အားအမျာ

အပြားပင် ဆုံးရှုံးသွားကာ မဟန့်တားနိုင်တော့

ပေ။

ကျိုးယန်သည် ကျိုးချန်ရှိရာကြည့်လိုက်ပြီး

နောက် ပြတ်သားသည့်လေသံဖြင့်ပြောလိုက်သ

ည်။

“ကျိုးချန် ငါက ထီးနန်းကိုစိတ်ဝင်စားခဲ့တာမ

ဟုတ်ဘူး ဒါပေမယ့် မင်းကတော့ ထီးနန်းကိုရဖို့

အတွက် သွေးသားအချင်းချင်းပြန်ရက်စက်နေ

တယ် အခု ဒီလူတွေအကုန်ငါနဲ့အတူခေါ်သွားမ

ယ် မင်းတားရဲလား”

ကျိုးယန်၏အသံသည် မကျယ်လောင်သော်လဲ

ရင်ပြင်တခုလုံးကြားနိုင်ကာ ထိုစကားသည်

ဧကရာဇ်အသစ်၏မျက်နှာကို ဖြတ်ရိုက်လိုက်

သလိုပင်ဖြစ်သည်။ ကျိုးချန်၏မျက်နှာသည်မဲ

မှောင်သွားကာ ဒေါသတကြီးဖြစ်သွားလေသည်

“ညီတော် မင်းစကားတွေက တောင်းဆိုတာလား

ခြိမ်းခြောက်နေတာလား”

ကျိုးယန်က ပုခုံးတွန့်၍

“မင်းဘယ်လိုထင်လဲ အစ်ကိုတော်ဧကရာဇ်”

မိဖုရားချန်ရှင်းသည် သူမ၏လူကိုသတိပေးလို

က်ကာ ပြဿနာကိုအမြန်ဆုံးရှင်းရန် ပြောလိုက်

သည်။

“ကောင်လေး ငါတို့တွေရှိနေတာတောင်မင်းက

မောက်မာရဲနေတယ်ပေါ့ ဒီနေ့မင်းနဲ့လူအုပ်ကြား

ထဲမှာရှိနေတဲ့မင်းညီအစ်ကိုတွေကို သေမိန့်ချ

ပေးဖို့ ငါကိုယ်တိုင်တာဝန်ယူလိုက်ပါ့မယ်”

ထိုလူက ပြောလိုက်လေသည်။ကျိုးယန်သည်

ထိုလူ၏မျက်နှာကိုတည့်တည့်ကြည့်ကာ

“ခဗျားကိုသိပြီး ခဗျားကငရဲတမန်တော်အဖွဲ့က

ပဲ”

မူလက ကျိုးယန်သည်သတိမထားမိသော်လဲထို

သူနှင့်နီးကပ်နေချိန်တွင် ချီစွမ်းအင်များကိုသ

တိမထားမိပဲ မရဏာစွမ်းအင်များကိုအနည်းင

ယ်ခံစားလိုက်မိသည့်အတွက် မှန်းဆလိုက်ခြင်း

ဖြစ်သည်။

“ဟားးးဟားး မင်းသိလိမ့်မယ်လို့မထင်ထားဘူး

ကောင်းပြီ အလုပ်ကိစ္စလေးမြန်မြန်လက်စသတ်

လိုက်ကြတာပေါ့ တိုက်ကြစမ်း”

ထိုလူသည်ကျိုးယန်ထင်ထားသကဲ့သို့ပင် ငရဲ

တမန်တော်အဖွဲ့မှ ဖြစ်ကာ ထိုအဖွဲ၏အောက်

ဆုံးအဆင့်အဖြူရောင်ဖြစ်သော်လည်း ကျင့်ကြံ

မှုကတော့ ကျိုးယန်ထက်ပင်မြင့်နေလေသည်။

ကျိုးယန်သည် ဓားချက်တခုထုတ်ဖော်ကာပိုင်း

လိုက်သည်။

ရွှီး…

စူးရှသည့် အဖြူရောင်အလင်းတန်းတချို့ထွက်

ပေါ်လာပြီး ထိုသူများထံတိုးဝင်သွားသည်။

……………………………………………

All Chapters