← Chapters

မင်းငါ့ကိုတာဝန်ယူရမယ်

Vol. 009 Ch. 898

မင်းငါ့ကိုတာဝန်ယူရမယ်

Vol. 009 Ch. 898

“အဲဒါကို စိတ်ပူဖို့မလိုပါဘူး ငါ့အစီအစဉ်နဲ့ငါရှိပါတယ်၊ နတ်ဆိုးလောက က လူတွေ လူသားလောကကို အချိန်တစ်ခုလောက်လာလို့မရပါဘူး” မိုရှား ပြောလိုက်သည်။

“ဒါပေမဲ့ ဘုရင်ကြီးရဲ့ လုံခြုံမှုက…”

“ငါ့ဘေးမှာ နတ်ဆိုးသားရဲတွေရှိပါတယ်” ဝူလင်းယူ ပြောလိုက်သည်။ သူ လက်ခုတ်တီးလိုက်ရာ ဟုန်ယွမ်သည် နတ်ဆိုးသားရဲပေါ်လာသည်ကို မမြင်နိုင်သော်လည်း ရောင်ဝါကိုခံစားမိလေသည်။ အမှန်တကယ်ပင် အားကောင်းကာ ရှေးကျသော ရောင်ဝါဖြစ်လေသည်။

နတ်ဆိုးသားရဲ ရောင်ဝါသည် လျင်မြန်စွာပျောက်ကွယ်သွားပြီး ထပ် ပေါ်မလာတော့ပေ။

“ဒါက သတင်းတွေထွက်ခဲ့တဲ့ တစ်ကောင်….” ဟုန်ယွမ်သည် ရှုပ်ထွေး စွာမေးလိုက်သည်။

“အင်း” မိုရှား ခေါင်းညိမ့်လေသည် “မင်း လူသားလောကကကိစ္စတွေကို စိတ်ရှုပ်ဖို့မလိုပါဘူး၊ နတ်ဆိုးလောကမှာပဲ ဖြေရှင်းပြီးဖြစ်လိမ့်မယ်”

“ဟုတ်ကဲ့ပါ ဘုရင်ကြီး”

“မင်း အရင်လက်အောက်ငယ်သားတွေနဲ့ ဆက်သွယ်ပြီးတာနဲ့ သူတို့ မျိုးနွယ်ခေါင်းဆောင်ကို ငါနဲ့တွေ့ပေး” မိုရှား ပြောလိုက်သည်။

“တချို့အင်အားကြီးတွေက ပုန်းကွယ်ပြီးနေနေတာ အတော်ကြာပြီ၊ သူတို့ကို ဆက်သွယ်ဖို့က နည်းနည်းခက်လိမ့်မယ်၊ အချိန်တော့လိုလိမ့်မယ်” ဟုန်ယွမ် ပြောလိုက်သည်။

“လောဖို့မလိုပါဘူး၊ ငါလည်း လုပ်စရာတွေရှိသေးတယ်၊ နတ်ဆိုး လောကကို အချိန်တစ်ခုလောက် မပြန်ဘူး၊ မိုလော့ဘာမှမသိအောင်သာ သေချာစီစဉ်၊ မိုလော့ဘေးမှာဆိုတော့ ဂရုစိုက်မှဖြစ်မယ်”

“ဟုတ်ကဲ့ပါ ဘုရင်”

“ဟွာဒိနဲ့ ဘာလျန်ချီကိုခေါ်လိုက်” ဝူလင်းယူ ပြောလေသည် “သူတို့ကို လုပ်ခိုင်းစရာရှိတယ်”

“နားလည်ပါပြီ”

ဝူလင်းယူသည် ဟွာဒိနှင့် ဘာလျန်ချီတို့ကို ကိစ္စတချို့ညွှန်ကြားကာ အကြိမ်ပေါင်းများစွာ သတိပေးလိုက်လေသည်။ အချိန်ရလျှင် နတ်ဆိုး လောကသို့လာမည်ဟု ကတိပေးပြီးနောက်တွင် အားလုံးကို နတ်ဆိုးလောက သို့ ပြန်လွှတ်လေသည်။

ရှီမာယူယူ နိုးလာချိန်တွင် သူမ မိတ်ဆွေများသည် ထွက်သွားကြလေ ပြီ။

သူမ မျက်လုံးဖွင့်လိုက်ရာ အိပ်ယာပေါ်တွင်လှဲနေပြီးသားဖြစ်သည်ကို တွေ့လိုက်ရသည်။ သူမသည် လျှိုု့ဝှက်အခန်းထဲတွင် မဟုတ်တော့ပေ။

“မင်း အကြာကြီးအိပ်လိုက်တာပဲ ယူယူ” ဝူလင်းယူသည် သူမ ဘေးတွင် လှဲလိုက်သည်။

ရှီမာယူယူသည် ရုတ်တရက် သူ့ဘက်လှည့်ရာ သူ၏ ပုံမှန်အမူအရာကို တွေ့သည်နှင့် ပျော်ရွှင်စွာ အော်လိုက်လေသည် “နိုးလာပြီလား”

“အင်း မင်း ငါ့ကိုအပ်စိုက်ပေးပြီးတာနဲ့ ငါနိုးလာတာ” ဝူလင်းယူ ပြော လိုက်သည် “ငါနိုးလာတော့ မင်းငါ့ကို ဖျက်ဆီးထားတာကိုတွေ့လိုက်ရတယ်”

“ဘယ်တုန်းက ကျွန်တော်က ဖျက်ဆီးလို့လဲ၊ ဆေးကုပေးတာ ဟုတ်ပြီ လား” ရှီမာယူယူသည် သူ့ကိုကြည့်လိုက်သည်။

“လုပ်ငန်းစဉ်က ကွာလိမ့်မယ် ဒါပေမဲ့ ရလဒ်ကတော့ အတူတူပဲလေ” ဝူလင်းယူသည် ပြောလိုက်သည် “ငါ့ကိုယ်လုံးတီးပုံကို အရင်က ဘယ်သူမှ မမြင်ဖူးကြဘူး အဲတော့….”

“ထပ်ပြီးတာဝန်ယူခိုင်းမလို့လား” ရှီမာယူယူသည် သူအရင်ကပြောခဲ့ သည့် စကားကိုပြန်အမှန်၇ကာ ပြောလိုက်သည် “ကျွန်တော်အရင်က ယောက်ျားတွေအများကြီးကိုမြင်ဖူးတယ်၊ သူတို့ကို မြင်ဖူးတာနဲ့ပဲ သူတို့ အားလုံးကို ကျွန်တော်က တာဝန်ယူရမှာလား”

“မင်း တခြားသူတွေကို တာဝန်ယူဖို့မလိုပါဘူး၊ ပြီးတော့ နောက်ဆိုရင် ဘယ်ယောက်ျားလေးကိုမှ မမြင်ရတော့ဘူး” ဝူလင်းယူသည် ပိုင်နိုင်စွာ ပြော လေသည် “ငါတစ်ယောက်တည်းကိုပဲ တာဝန်ယူရင်ရပြီ”

“ကျွန်တော် ခင်ဗျားကို တာဝန်ယူဖို့ မယူဖို့က ကျွန်တော့်ခံစားချက်ပေါ် မူတည်သွားပြီ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်လုပ်ချင်ရင်တော့ တာဝန်ယူမှာပဲ”

“မင်း မကြာခင်ကို ဝမ်းပန်းတသာနဲ့တာဝန်ယူမယ်ဆိုတာ ငါယုံတယ်”

ရှီမာယူယူသည် သူ့လက်ကို တွန်းထုတ်ပြီး ထထိုင်ကာ သူ့ကိုကြည့် လိုက်သည် “အခု ခင်ဗျားရဲ့သရုပ်မှန်ကဘာလဲ စီနီယာအစ်ကိုလား နတ်ဆိုး ဘုရင်လား”

“ငါတို့ လူသားလောကမှာရှိနေရင်တော့ ဝူလင်းယူပဲ၊ နတ်ဆိုးလောက မှာရှိနေရင်တော့ နတ်ဆိုးမျိုးနွယ်ဝင်ပဲ” ဝူလင်းယူ ပြောလေသည်။

“စီနီယာအစ်ကိုရဲ့ သရုပ်မှန်ကိုသုံးလို့ရသေးတယ်လို့ ပြောလိုက်တာ လား”

“ငါသုံးတာမဟုတ်ဘူးလေ အဲဒါကငါပဲ” ဝူလင်းယူ ပြောလိုက်သည် “ငါတို့ ဝိဉာဉ်တွေပေါင်းလိုက်ရုံတင်၊ နှစ်ယောက် တစ်ယောက်ဖြစ်သွားတာ ပေါ့၊ ငါတို့ တစ်ယောက်ကိုတစ်ယောက် ဝါးမျိုလိုက်တာမှမဟုတ်တာ၊ အဲတော့ ဝူလင်းယူလည်း ငါပဲ မိုရှားလည်းငါပဲ၊ ဒါပေမဲ့ တခြားသူတွေက မိုရှား ဆိုတဲ့နာမည်ကို သိတာမှမဟုတ်တာ၊ အဲတော့ ငါ့သရုပ်မှန်က ဝူလင်းယူပဲဖြစ် နေမှာပဲ”

“သြော်” ရှီမာယူယူ နားလည်သွားသည် “အစ်ကို့ခန္ဓာကိုယ်က ဘယ်လို ဖြစ်သွားတာလဲ ဝိဉာဉ်နဲ့ပေါင်းလိုက်တာကို ဘယ်လိုဖြစ်ပြီး နတ်ဆိုးမျိုးနွယ် ရောင်ဝါထွက်နေတာလဲ”

“ဝိဉာဉ်က ခန္ဓာကိုယ်ကို လွှမ်းမိုးနိုင်တယ်လေ၊ ငါပြောပြရင်တောင် မင်း နားမလည်ပါဘူး” ဝူလင်းယူ ပြောလိုက်သည်။

“ခင်ဗျားခန္ဓာကိုယ်ကို ထပ်စမ်းကြည့်မယ်” ရှီမာယူယူသည် သူနိုးလာ ခြင်းအတွက် ပျော်ရွှင်ရာမှ စိတ်ငြိမ်သွားကာ ပြောလိုက်သည်။

တွန်းလှန်ရန် အသုံးမဝင်သည်ကို ဝူလင်းယူသိသဖြင့် သူမကို ကျိုးနွံစွာ စမ်းသပ်ခွင့်ပေးလိုက်သည်။

“လုံးဝပေါင်းစပ်လိုက်တာတော့မဟုတ်သေးဘူး ခင်ဗျားဝိဉာဉ်က ပေါင်းစပ်တုန်းကရလာတဲ့ ဒဏ်ရာတွေကြောင့် နောက်ဆက်တွဲတွေ ခံစားရဦး မယ်” ရှီမာယူယူ စမ်းသပ်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည် “အစ်ကို့ ခန္ဓာကိုယ်က အချိန်တစ်ခုလောက် အားနည်းနေဦးမယ်”

“ငါသိတယ် ဟုန်ယွမ် ငါ့ကိုပြောပြီးပြီ” ဝူလင်းယူ ပြောလိုက်သည် “တစ်သက်လုံးဖြစ်သွားမှာမှမဟုတ်တာ၊ စိတ်ထဲမထားနဲ့”

“အရမ်းအလျင်လိုတယ်” ရှီမာယူယူသည် သူပြောတာကို ခွင့်မပြုပေ “ခင်ဗျားကိုယ် ခင်ဗျား ထိခိုက်အောင်လုပ်ရင် ဘာဖြစ်မယ်ဆိုတာ တွေးရော တွေးထားရဲ့လား၊ ပေါင်းစပ်လို့တောင်မရဘူးဖြစ်မယ်”

“ငါလုပ်တယ်ဆိုတာ ငါ့မှာယုံကြည်ချက်ရှိလို့ပဲ” ဝူလင်းယူ ပြောလိုက် သည် “ငါအရင်ကပြောဖူးတယ်လေ၊ ငါ့အတွက်နဲ့ မင်းကို ဒဏ်ရာရအောင် လုပ်ခွင့်မပြုဘူးလို့”

“ခင်ဗျား…”

ရှီမာယူယူသည် တစ်ချိန်တည်းမှာပင် ပျော်ရွှင်မှုနှင့် ဒေါသကိုပါ တစ်ပြိုင်နက် ခံစားရလေသည်။ သူမသည် သူ့ကိုကြည့်ပြီး စကားပင် မပြော နိုင်ပေ။

“နောက်ဆိုရင် အဲလိုအန္တရာယ်များတာတွေ ဘာမှမလုပ်ရဘူး” သူမ သူ့ကို စိုက်ကြည့်လိုက်သည်။

သူ သူမကို သတိမေ့အောင်လုပ်စဉ်က သူမ ဘယ်လောက်စိုးရိမ်ရခဲ့လဲ ဆိုတာ ဘယ်သူသိမှာလဲ။ သူမနိုးလာပြီး ပေါင်းစပ်မှု မအောင်မြင်ဟု ကြားရ ချိန်က သူမ ဘယ်လောက်ဆိုးရွားစွာခံစားခဲ့ရလဲ။ သူမသည် ဒီလိုအဖြစ်မျိုး နောက်တစ်ကြိမ်အဖြစ်မခံနိုင်ပေ။

ဝူလင်းယူသည် သူမနှင့် စာချုပ်မရှိတော့သဖြင့် သူမ၏ အတွေးနှင့် ခံစားချက်ကို အာရုံခံမရတော့ပေ။ သို့သော် သူမ မည်မျှ စိုးရိမ်ပြီး ကြောက်နေ ခဲ့သည်ကို သူ ပြောနိုင်သေးသည်။ သူမ၏ မျက်လုံးများသည် သူ့ဝိဉာဉ်နှင့် ဖမ်းစားကာ သူနှင့်ဆက်သွယ်သလိုဖြစ်နေသဖြင့် ရှင်းလင်းနေသည်။

သူ ထပြီး သူမမျက်နှာကို တယုတယပွတ်သပ်ပြီး ရင်ခွင်ထဲဆွဲသွင်းကာ ပြောလိုက်သည် “စိတ်မဆိုးပါနဲ့ နောက်တစ်ခါ ဒါမျိုးမလုပ်တော့ဘူး”

“မယုံဘူး” ရှီမာယူယူ ရေရွတ်လေသည်။

“တကယ်” ဝူလင်းယူ ပြောလိုက်သည်။

“ဟင်း” ရှီမာယူယူ နှာမှုတ်လေသည် “ခင်ဗျားက ဝိဉာဉ်နဲ့ထပ်ပေါင်းဖို့ မလိုတော့သလို စာချုပ်လည်းဖျက်မှမဖျက်ရတော့တာ၊ အဲလိုမျိုး ဘယ်ထပ် လုပ်တော့မလဲ”

အဟွတ် အဟွတ် သူမ သိသွားပြီ။

“ထားလိုက်ပါတော့ ယောက်ျားတွေပြောတဲ့စကားသာ ယုံရမယ်ဆိုရင် ဝက်တွေပျံကုန်တော့မယ်” ရှီမာယူယူသည် သူ့ကိုတွန်းလိုက်ကာ အိပ်ရာပေါ် မှဆင်းလိုက်သည်။

သူမ သူ့ကိုအိပ်ရာပေါ်သို့ တွန်းထုတ်သည်ကို ဝူလင်းယူ စိတ်မကောင်း မဖြစ်ပေ။ သူမ ဖိနပ်စီးပြီးထွက်သွားသည်ကို ရင်နာစွာဖြင့် ပြုံးပြီးကြည့်နေလေ သည်။

သူမကို ဒီလိုမျိုးဖက်ရတာက ဒီလောက်ကိုစိတ်ချမ်းမြေ့စရာကောင်းတဲ့ ခံစားချက်ပဲ။

ရှီမာယူယူသည် ဖိနပ်စီးပြီး သူ့ကိုကြည့်ပြီးနောက်တွင် ထွက်သွားလေ သည်။ သူမထွက်သွားချိန်တွင် ရှောင်ချီသည် ဆူပုပ်နေသော မျက်နှာထားဖြင့် လာနေသည်ကို တွေ့လိုက်ရသည်။

“ရှောင်ချီ ဘာတွေဆူပုပ်နေတာလဲ”

ရှောင်ချီ လျှောက်လာကာ ပြောလေသည် “ယူယူ ဒီနေရာကနေ ဘယ်တော့သွားမှာလဲ ဒီနေရာကြီးက တစ်စက်မှ ပျော်စရာလည်းမကောင်း ဘူး”

“ပျင်းစရာကောင်းလို့လား၊ ဘာကျားဇီတို့နဲ့ ကစားလို့ရတယ်လေ”

“သူတို့အားလုံး ပြန်သွားကြပြီ ဟူး နှစ်ရက်လောက်ရှိပြီ ပျင်းနေတာ” ရှောင်ချီ ပြောလိုက်သည်။

“သူတို့ နတ်ဆိုးလောကကိုပြန်သွားကြပြီလား”

“အင်း ပြန်ကုန်ကြပြီ” ရှောင်ချီ ပြောလိုက်သည် “အခုယူယူ နိုးလာပြီဆို တော့ ဘယ်တော့သွားကြမလဲ”

“စီနီယာအစ်ကို့ကိုသွားမေးလိုက်ဦးမယ် တခြားဘာမှလုပ်စရာမရှိရင်…”

“ကျွီး…”

တံခါးပွင့်လာကာ ဝူလင်းယူထွက်လာသည်။ သူသည် တံခါးကိုမှီကာ ပြောလေသည် “ငါတို့ ဒီကိုလာပြီးလုပ်စရာရှိတာလုပ်ပြးသွားပြီလေ မင်းနား ပြီးတာနဲ့ သွားလို့ရပြီ”

ရှောင်ချီ ထိုစကားကြားသည်နှင့် ရှီမာယူယူဘက်သို့ ပျော်ရွှင်စွာကြည့် လိုက်သည်။

ရှီမာယူယူသည် သူမခေါင်းအားပုတ်ပြီး ပြောလိုက်သည် “ငါ နားပြီးသွား ပါပြီ၊ ဒါဆိုလည်း အခုပဲသွားကြတာပေါ့”

“ဘယ်သွားကြမလဲ” ရှောင်ချီ မေးလိုက်သည်။

ရှီမာယူယူသည် ဝူလင်းယူအား လှည့်ကြည့်လိုက်သည်။

ဝူလင်းယူသည် ပခုံးတွန့်ကာ ပြောလိုက်သည် “ငါအရင်ကပြောပြီးသား လေ မင်းသွားတဲ့နေရာ ငါသွားမှာလို့”

“ဒါဆိုလည်း ကျွန်တော့်ကိစ္စသွားလုပ်ကြတာပေါ့” ရှီမာယူယူ ပြောလိုက် သည်။

“တပ်သားသွားစုမလို့လား၊ ဟား ဟား နောက်ဆုံးတော့” ရှောင်ချီသည် အူမြူးလေသည်။

“မဟုတ်ဘူး ငါတို့ဘယ်သူ့ကိုမှ တပ်သားမစုဘူး၊ အရင်ဆုံး သူ့ကို ငြိမ် အောင်လုပ်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။

***

All Chapters