ကြာဖြူကို ပို့ပေးပါ
Vol. 12 Ch. 179
ချန်ရှီသည် ဤစိတ်အားထက်သန်သော စန့်ရန်များကြောင့် အတော်လေး စိတ်လှုပ်ရှားလာခဲ့သည်။ ညဘက်တွင် လူငယ်လေးသည် သူ့အဖိုး၏ ကမ္ဗည်းပြားကို သစ်သားလှည်းပေါ်မှ ထုတ်ယူကာ နံ့သာပေါင်း သုံးချောင်းကို မီးညှိ ပူဇော်နေခဲ့သည်။
"အဘိုး.. ကျွန်တော် စန့်ရန် အဖွဲ့အစည်းကို တွေ့ပြီ ဒီကလူတွေက ကျွန်တော့်ကို ကောင်းကောင်း ဆက်ဆံတယ် စကားပြောလည်း ကောင်းတယ် တချို့က တစ်ခါတလေ ဆိုးဆိုးရွားရွား ဆက်ဆံကြပေမဲ့ တခြားသူတွေကတော့ အရိုက်ခံရမှာ ကြောက်လို့ ကောင်းကောင်း ဆက်ဆံကြတယ်... အဘိုးရော အဲ့မှာ အဆင်ပြေရဲ့လား?"
သူသည် အမွှေးတိုင်ကို ကမ္ဗည်းပြားရှေ့ရှိ အမွှေးတိုင်မီးဖိုထဲသို့ ထည့်ကာ အိပ်ယာလိပ်ကိုထုတ်ပြီး ဖြန့်ခင်းလိုက်သည်။ အပြင်ဘက်မှာပဲ အိပ်ဖို့ စီစဉ်ထားခဲ့သည်။ ဟေးကော်က သူ့အနီးနားတွင် အိပ်နေလေသည်။
လီထျန်းချင်ကတော့ တစ်နေရာရာကို သွားရင်း ပေါ်မလာတော့ချေ။ ဟေးကော်က သူ့အတွက် ထမင်းချက်ပေမယ့် မစားချင်ပြန်ပေ။ သို့နှင့် ချန်ရှီ လဲလျောင်းပြီး ကောင်းကင်ကိုသာ ကြည့်နေလိုက်သည်။
ညဘက်၌ပင် မြူခိုးတောင်ထွတ်သည် နေ့ကဲ့သို့ တောက်ပနေ၏။ ကြီးမားသော ဝိညာဉ်အလင်းများသည် လေထဲတွင် ပြေးလွှားနေကာ အကွာအဝေးတစ်ခုရှိ ကောင်းကင်နှင့် မြေကြီးသာ အမှောင်ထဲသို့ ကျရောက်လျက် ရှိသည်။
စန့်ရန် လူများစွာက အနားယူခြင်း မရှိကြချေ။ သူတို့သည့ လွန်ခဲ့သည့် ဆယ်နှစ်တာကာလအတွင်း ရရှိခဲ့သော အရာများကို တစ်ညလုံးမျှဝေဖို့ စဥ်းစားထားကြသည်။
မြူခိုးတောင်ထွတ်၏ အထက်တွင် အလွန်ပြိုးပြိုးပြက်ပြက် ဖြစ်နေသော ကောင်းကင် အလွှာများကဲ့သို့ အကြီးအသေး အပျက်အစီးများစွာ ရှိသည်။
ကျယ်ပြောလှသော လေဟာပြင်ကြီးများထဲတွင် နေ၊ လ၊ ကြယ်များ ပါ၀င်ပြီး တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်ကာ ၎င်းတို့ကိုယ်တိုင် ကမ္ဘာတစ်ခု အသွင် ဖြစ်ပေါ်နေသည်။
အနတ္တဘုံ ရောက်မှာသာ ထိုအနတ္တပြန်ခြင်းအဆင့်ကို ရနိုင်မည်။ ထိုနယ်ပယ်သည် ချန်ရှီအတွက်ကတော့ မရနိုင်သေးတဲ့ နယ်ပယ်တစ်ခု ဖြစ်ပေ၏။ ကွာဟချက်က အရမ်းကြီးလှသည်။
သာမာန်လူများကြားတွင်ပင် ထိုသို့သော လူများကို မတွေ့ရတတ်ဘဲ သူတို့ရဲ့ အဆင့်အတန်းက အလွန်မြင့်မားလေသည်။ သာမန်လူတစ်ယောက် ဖြစ်လျှင်ပင် ထိုကဲ့သို့ဖြစ်တည်မှုမှ လမ်းညွှန်မှုတစ်ခုခု ရနိုင်ခဲ့လျှင် ဝမ်းသာပီတိဖြစ်ကာ ဘိုးဘေးများ ပေးအပ်ထားသော ကံကြမ္မာဟု မှတ်ယူကြပေမည်။
အနတ္တလေဟာပြင်ဘုံထဲ ဝင်ရောက်ရန် ဖိတ်ကြားခံရသူတိုင်းသည် ချော့မော့ပြီး ဘုရားဖူးရသည့် စိတ်ဓာတ်ဖြင့် လျှောက်သွားကြသည်။
ချန်ရှီသည် ဟန်ချန်း အကြီးအကဲနှစ်ဦးရဲ့ အဆင့်အတန်းက ဘယ်လောက်တောင် မြင့်မားသလဲ မသိခဲ့ပါ။ အနတ္တပြန်ခြင်းဘုံရဲ့ အဆင့်အတန်းက အလွန်မြင့်မားနေတာ မြင်ပြီးနောက်တွင် ဤလူအိုကြီးနှစ်ယောက်ကလည်း ဘယ်လောက်တောင် တန်ခိုးကြီးမားမလဲ သူသဘောပေါက်လိုက်သည်။
ဟန်ရှန်းစန့်ရန်ရဲ့ အကြံဉာဏ်တွေက ငွေသုံးချောင်းထက် ပိုတန်ဖိုးရှိရမည်။ အနတ္တပြန်ခြင်းဘုံက ကျင့်ကြံသူတွေတောင် သူတို့ဆီက လမ်းညွှန်မှုကို ခံရသည့်အတွက် ဂုဏ်ယူသင့်သည်။
"ဟန်ရှန်းစန့်ရန်က ဒီလောက်တောင် သန်မာနေတယ်ဆိုရင် သူက ဘာလို့ ဒီလောက် ဆိုးဆိုးရွားရွား အရိုက်ခံလိုက်ရတာလဲ...သူ့ကို ကြည့်ရတာ အရိုးတွေအများကြီး ကျိုးနေသလိုပဲ"
ချန်ရှီ အံ့သြသွားသည်။ သူသေဆုံးပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ဘယ်သူမှ မပြောခဲ့ကြသောကြောင့် အသက်ကြီးသူနှစ်ဦးဖြစ်သည့် ဟန်ချန်းတို့ဟာ သူ့ကြောင့် စိတ်ဆင်းရဲနေရတဲ့ အကြောင်းအရင်းကိုလည်း မသိခဲ့ပေ။
"ငါ ဟန်ရှန်းစန့်ရန် သင်ပေးခဲ့တဲ့ စိတ်ထိန်းချုပ်နည်းနဲ့ အသွင်ပြောင်းနည်းကို သူတို့နဲ့ရင်းနှီးတဲ့အထိ အရင်ဆုံး လေ့ကျင့်လိုက်တာ ပိုကောင်းမယ်..."
ချန်ရှီ ထိုလွတ်လပ်သော လူများကို မထီမဲ့မြင်ပြုသော်လည်း သူ့အဖိုးက လွန်ခဲ့သည့် (၂)နှစ်ခန့်ကတည်းက သွန်သင်ဆုံးမခဲ့သည်။ အဘိုး၏ ပေါ့ပေါ့ပါးပါး အကြံဉာဏ်သည် ပြင်ပမှလူများ အတတ်နိုင်ဆုံး ကြိုးစားကြမည့် ကျင့်ကြံမှုတွေရဲ့ လျှို့ဝှက်ချက် ဖြစ်နိုင်သည်။
ထို့အပြင် သူသည် အမျိုးမျိုးသော အဆောင်ဆွဲစာလုံးများနှင့် ရင်းနှီးပြီး အဆောင်လက်ဖွဲ့ စွမ်းအင်များရဲ့ နက်နဲသော အရာများကို နားလည် သဘောပေါက်ထားခဲ့သည်။ ဤစန့်ရန်များ နားလည်နိုင်သော အတတ်ပညာသည် များစွာမအောင်မြင်ဘူးခဲ့ဟု သူ ခံစားမိနေသည်။
ဘုရင်ကျန်း ဂူဗိမာန်အပြင်ဘက်ရှိ ကျင့်စဥ်များလောက်ပင် မကောင်းမွန်ကြပေ။
ထို့အပြင် သူသည် ရေမီးအဂ္ဂိရတ် သန့်စင်ခြင်းနည်းနှင့် နှိုင်းယှဉ်နိုင်သော ကျင့်စဥ်များစွာရှိသည့် ဘုရင်ကျန်း ဂူသင်္ချိုင်း အတွင်းထဲသို့ မရောက်ဖူးသေးပါ။ စန့်ရန်တွေရဲ့ ကိုယ်ခံပညာကို သင်ယူသည်ဖြစ်စေ မလေ့လာသည်ဖြစ်စေ အရေးမကြီးချေ။
ဆန့်ကျင်ဘက်အနေနှင့် ဟန်ရှန်းစန့်ရန်က သင်ကြားသော စိတ်ကို ထိန်းချုပ်ခြင်းနှင့် ပြောင်းလဲခြင်းဆိုင်ရာ ကျွမ်းကျင်မှုများသည် သူ့အဖိုးသင်ပေးသော ဘုရင်ကျန်း ဂူဗိမာန်၏ စွမ်းရည်များနှင့် နှိုင်းယှဉ်နိုင်တာကြောင့် လေ့လာဖို့ ထိုက်တန်ပါသည်။
ချန်ရှီ ထထိုင်လိုက်ပြီး စာရွက်တစ်ရွက်ကို ယူကာ စက္ကူကြိုးကြာ ခေါက်ပြီး သူ့လက်ဖဝါးကို ကိုင်ထားလိုက်သည်။
သူသည် ချီစွမ်းအင်ကို မှုတ်ထုတ်လိုက်ပြီး သူ့ရင်ဘတ်ထဲကို သုံးကြိမ် ဖြန့်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ဓားတစ်ချောင်းလို စက္ကူငှက်ကို ညွှန်ပြလိုက်ရာ အသွင်ပြောင်းစွမ်းအင်က သူ့လက်ချောင်းထိပ်များမှ ထွက်ပေါ်လာသည်။
စက္ကူကြိုးကြာငှက်သည် သူ့လက်ဖဝါးထဲ၌ အတောင်ပံများကို ခတ်ကာ တဖြည်းဖြည်း ပျံတက်လာသည်။ ချန်ရှီရဲ့စိတ်က စက္ကူကြိုးကြာငှက်ပေါ်တွင် အာရုံစူးစိုက်နေပြီး ၎င်းကို မျက်လုံးများအဖြစ် အသုံးပြုသော်လည်း သူ ဘာမှမမြင်နိုင်ပေ။ ထိုမှသာ သူသည် စက္ကူကြိုးကြာငှက်ပေါ်တွင် မျက်လုံးတင်ဖို့ မေ့သွားကြောင်း သတိရသွား၏။
ကျေးလက်တွင် နဂါးမျက်လုံးများကို ပြီးပြည့်စုံအောင် ပေါင်းထည့်ခြင်းနှင့်ပတ်သက်၍ ဒဏ္ဍာရီတစ်ခုရှိသည်။ နဂါးကို ပန်းချီဆွဲပြီးရင် အလွယ်တကူ ပြီးမြောက်အောင် မျက်လုံးကို မထည့်ရဘူးလို့ ဆိုကြသည်။ မဟုတ်ရင် နဂါးက ဆေးသုတ်ထားတဲ့ နံရံကနေ ပျံထွက်သွားပြီး တကယ့်နဂါးကြီး ဖြစ်သွားကာ မိုးခြိမ်းသံနဲ့အတူ နံရံကို ဖြတ်ဝင်သွားလိမ့်မည်။
စက္ကူကြိုးကြာငှက် ခေါက်ရုံဖြင့် ဤအံ့ဖွယ်မှော်ပညာကို အပြီးသတ်ရန် မလုံလောက်သေးချေ။ စိတ်ကို အာရုံစူးစိုက်နိုင်ပြီး ပတ်ဝန်းကျင်ကို ကြည်လင်ပြတ်သားစွာ မြင်နိုင်စေဖို့ မျက်လုံးကို အလင်းရောင်ပေးဖို့တော့ လိုအပ်ပါသေးသည်။
ချန်ရှီ သစ်ကြံပိုးခေါက်နဲ့ စုတ်တံကို ထုတ်ကာ စက္ကူကြိုးကြာငှက်ရဲ့ မျက်လုံးတစ်လုံးစီတွင် အနီရောင် အစက်လေးတစ်စက် ရေးထားလိုက်သည်။
စက္ကူကြိုးကြာငှက် ပျံတက်လာပြီး ၎င်းမျက်လုံးများဖြင့် ပတ်ဝန်းကျင်မြင်ကွင်းကို သူတကယ် မြင်ခါရသည်။ စက္ကူကြိုးကြာငှက် ပိုမြင့်လာတာနဲ့ အသွင်ပြောင်းစွမ်းအင်က ရုတ်တရက် အလုပ်လုပ်လာသည်။ စက္ကူငှက်ဟာ ပိုကြီးလာပြီး အမွေးများ၊ အသားများ၊ အရွတ်များနှင့် အရိုးများ ကြီးထွားလာပြီး ၎င်း၏အတွင်းပိုင်းအင်္ဂါများ စတင်ဖွဲ့စည်းလာသည်။
၎င်းသည် တဖြည်းဖြည်း မသေနိုင်သော ကြိုးကြာငှက်အဖြစ်သို့ ပြောင်းလဲသွားပြီး ကျယ်လောင်သော ကြိုးကြာတစ်ကောင်လို အော်ဟစ်ပစ်လိုက်သည်။ ဒီကြိုးကြာက တကယ့် ကြိုးကြာငှက်နဲ့တော့ မတူချေ။
ကြိုးကြာငှက်သည် ၎င်း၏အတောင်ပံများကို ခတ်ကာ တိမ်ပင်လယ်နှင့် ကြီးမားသော အပျက်အစီးများကြားမှ ပျံသန်းသွားပြီး ကြီးမားသော ဝိညာဉ်များ၏ ပတ်ပတ်လည်အထိ ပြေးတက်သွားသည်။
ရုတ်တရက် ကြိုးကြာငှက်ဟာ ၎င်းရဲ့အတောင်ပံကို ဖြန့်ကာ ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ တိမ်တွေရဲ့ အပြင်မှာ လရောင်တွေက တောက်ပနေ၏။ ချန်ရှီသည် မကောင်းဆိုးဝါး စွမ်းအင်ခြေရာများက လရောင်နှင့်အတူ ငှက်ရဲ့ကိုယ်ခန္ဓာထဲကို ကျူးကျော်ဝင်ရောက်နေကြောင်း ရှင်းရှင်းလင်းလင်း ခံစားလာရသည်။
သို့သော် ဒီပြောင်းလဲမှုက ပြင်းထန်တာမျိုး မဟုတ်တာကြောင့် ကြိုးကြာငှက်သည် အချိန်တိုအတွင်း မကောင်းသော ဝိညာဉ်အဖြစ် ပြောင်းလဲဦးမည် မဟုတ်ချေ။
"ထူးဆန်းတယ်... စိတ်ထိန်းချုပ်နည်းနဲ့ ပြောင်းလဲနည်းက တစ်ခုတည်းလို ပေါင်းစပ်လိုက်ရင် ထူးထူးဆန်းဆန်းကြီး ဖြစ်နေတယ်... တစ်ခုခု လစ်ဟနေသလိုပဲ..."
ချန်ရှီ စက္ကူကြိုးကြာငှက်ပေါ်တွင် စိတ်နှစ်ကာ ပျံသန်းခဲ့သည်။ ကြိုးကြာက ချီစွမ်းအင်ရဲ့ အသက်သွင်း မှုတ်ထုတ်ခြင်းမျှသာ ဖြစ်သော်လည်း အချိန်အတော်ကြာ ပျံသန်းပြီးနောက် ချီစွမ်းအင်က အများကြီး မသုံးစွဲရတော့ပေ။
အသွင်ပြောင်းမှုရဲ့ ရည်ရွယ်ချက်က ချီစွမ်းအင်ကို ထိန်းသိမ်းထားဖို့ပါပဲ။ တခြားစွမ်းအင်တွေရှိရင် ပျံသန်းပြီးရင် လုံးလုံးလျားလျား ကုန်ဆုံးသွားမှာ ဖြစ်ပြီး အဝေးကြီးကို ပျံသန်းဖို့ မဖြစ်နိုင်လောက်ချေ။
နတ်ပြောင်းလဲခြင်းနယ်ပယ်က သခင်တစ်ဦးအတွက် မိုင်တစ်ရာ ပျံသန်းနိုင်လျှင် အလွန်အားကောင်းနေပြီ ဖြစ်သည်။ ဖေ့ထျန်းကျန့်၊ ရှချူးလီတို့လို ကုံကျိုးမြို့မှ အရေးပါသော အရာရှိများပင်လျှင် မိုင်တစ်ရာ ပျံသန်းပြီးနောက် ၎င်းတို့၏ မှော်စွမ်းအား ဆုံးရှုံးသွားမည်ဖြစ်သည်။
ရှောင်အသွင်ပြောင်းခြင်း နည်းလမ်းရဲ့ ချီစွမ်းအင်ဟာ သက်ရှိငှက်အဖြစ်သို့ ပြောင်းလဲကာ သူ၏စစ်မှန်သော ချီစွမ်းအင်ကို ထိန်းသိမ်းရန် ငှက်ခန္ဓာကိုယ်ကို အသုံးပြုခဲ့သည်။ ထို့နောက် သူသည် ချီစွမ်းအင်ကို အချိန်အကြာကြီး ထိန်းသိမ်းနိုင်ခဲ့သည်။
"နောက်ပိုင်း အပြောင်းအလဲ တစ်ခုခုတော့ ရှိသင့်တယ်!"
ချန်ရှီ ရုတ်တရက် အတွေးတစ်ခု ဝင်လာခဲ့သည်။
"အသွင်ပြောင်းနည်း စွမ်းအင်ကို ပြောင်းပြန်လုပ်ရင် ကြိုးကြာငှက်ကို စက္ကူကြိုးကြာငှက် ဖြစ်အောင် ပြန်ပြောင်းနိုင်မယ် ချီစွမ်းအင်က ပျောက်ကွယ်သွားမှာ မဟုတ်ဘူး! ဒါဆို စွမ်းအင်အစစ်က ဒီအချိန်မှာ ဓားစွမ်းအင်ဖြစ်သွားရင် ဘာဖြစ်မလဲ"
ဟန်ရှန်းစန့်ရန် သူတို့ဆီ မလွှဲပေးခဲ့တဲ့ တတိယမြောက် နည်းလမ်းကို ရုတ်တရက် တွေးရင်း သူ့နှလုံးသားက ခုန်ပေါက်သွားတော့သည်။ အပြောင်းအလဲများကို နောက်ပြန်လှည့်ရန်၊ ချီစွမ်းအင်ကို ပြန်လည်ရရှိရန် လုပ်နိုင်ပါက မိုင်ထောင်ချီဝေးသော နေရာက လူများကို သတ်ပစ်နိုင်တဲ့ လျှို့ဝှက်ချက် ဖြစ်လာလိမ့်မယ်လို သူထင်လာခဲ့သည်။
ဒါကို သူသိလိုက်တဲ့ အခါမှာတော့ သူ့စိတ်ထဲမှာ အတွေးပေါင်းစုံ ပိုပေါ်လာတော့သည်။
"ချီစွမ်းအင် တစ်ချက်က ဓားစွမ်းအင်အဖြစ် ပြောင်းလဲသွားရုံတင်မကဘူး မီး၊ ရေ၊ မိုးခြိမ်းသံနဲ့ တောက်တျယ်ကောင်းကင်မျို အစီအရင် တစ်ခုလည်း ပြောင်းလဲသွားနိုင်လောက်တယ်"
"ငါ့ရဲ့ အထွတ်အထိပ် အခြေအနေမှာ မိုင်တစ်ရာ အကွာအဝေးက လူတွေနဲ့ တိုက်နိုင်တယ် ပြိုင်ဘက်တွေကို သတ်နိုင်တယ်... ဒါက ဟန်ရှန်းစန့်ရန် ငါ့ကို သင်ပေးမထားတဲ့ အရာက အရေးကြီးဆုံး မှော်စွမ်းအင်ပဲ.. မဟုတ်ဘူး နတ်အစွမ်းပဲ"
မှော်စွမ်းအင်က နတ်စွမ်းအားများနဲ့ ကွဲပြားသည်။ မှော်ပညာရဲ့ မှော်စွမ်းအင်သည် အဆောင်စာလုံး၊ အဆောင်စာလုံးများရဲ့ အကူအညီဖြင့် လုပ်ဆောင်ပြီး ၎င်းတို့ပေါ်တွင် ရေးဆွဲထားသော နတ်ဆိုးများနှင့် နတ်များ၏ ပုံစံများနှင့် အမျိုးမျိုးသော အမည်များရဲ့ အာဏာကို မကြာခဏ ငှားရမ်းရသည်။ မတူညီသော မှော်အတတ်များသည် မတူညီသော နတ်များ၏ စွမ်းအားကို ချေးငှားကြသည်။
သဘာဝလွန် နတ်စွမ်းအားများကတော့ ကျင့်ကြံသူကိုယ်တိုင်ရဲ့ စွမ်းအားများပင်။ ချန်ရှီသည် ဤမှော်ပညာမျိုးကို အမှန်တကယ် ကျွမ်းကျင်နိုင်လျှင် ၎င်းကို သဘာဝလွန် နတ်စွမ်းအားဟုလည်း ခေါ်နိုင်ကြောင်း သိထားသည်။
စာလုံးတစ်ဝက်၊ နတ်စွမ်းအားတစ်ဝက်။
"အဲဒီတော့ ပျံထွက်သွားတဲ့ စက္ကူငှက်တစ်ကောင် မဟုတ်ဘဲ ဓားပျံတစ်စင်းဆိုရင်ရော?"
ချန်ရှီသည် ရှောင်အသွင်ပြောင်းနည်းဖြင့် စက္ကူကြိုးကြာငှက်က သက်ရှိ ကြိုးကြာငှက်လို ပြောင်းလဲကာ ပျံသန်းသွားနိုင်သေးကြောင်း ရုတ်တရက် တွေးလိုက်မိသည်။ ဒါဆိုရင် ပျံသန်းနေတဲ့ဓားဟာ လေထဲမှာ အတောင်ပံခတ်ပြီး စွမ်းအင်ချွေတာနိုင်တဲ့ ငှက်တစ်ကောင်အဖြစ်ရော ပြောင်းလဲသွားနိုင်လား။
မိုင်ထောင်ချီဝေးတဲ့ နေရာအထိ ပျံသန်းတဲ့အခါ ငှက်က ဓားတစ်လက် ဖြစ်သွားပြီး ရန်သူကို သတ်ပစ်လိုက်မည်။
ဒီနတ်အစွမ်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။
"သူ့စာကိုမြင်ပြီးရင် ရှီးကျင်းက လူတွေ သူ့တောင်းဆိုချက်ကို သဘောတူလိမ့်မယ်လို့ ဟန်ရှန်းစန့်ရန် ပြောခဲ့တာ အံ့သြစရာ မရှိပါဘူး.. ဒါက တောင်းဆိုချက်မဟုတ်တဲ့ ကျွမ်းကျင်မှုတစ်ခုပါပဲ... သူပြောတာက မင်းရဲ့ခေါင်းကို မိုင်ထောင်ချီဝေးဝေးကနေ တို့ဟူးလို လွယ်လွယ်ယူလို့ရတယ်... မင်း ငါ့လောက် အရည်အချင်း မရှိဘူးဆိုရင် မင်းသေဖို့ ထိုင်စောင့်နေလို့ရတယ်! ဟန်ရှန်းစန့်ရန်က တကယ်ရက်ရောတာပဲ!"
ဟန်ရှန်းစန့်ရန်မှယ ဒီအကြံအစည် ရှိထားခဲ့ပေမယ့် ဖန်တီးခံရှောင်ဝူက ကြိုးကြာငှက် ရှီးကျင်းထဲကို ဝင်ပြီးတာနဲ့ ကြိုးကြာငှက်ကို လည်ပင်းညစ်ကာ ဆွဲချပြီး သူ့ရဲ့စွမ်းရည်ကို ပြသဖို့ မလုပ်လိုက်ရဘူး ဆိုတာကိုတော့ သူ မသိခဲ့ပါဘူး။
ချန်ရှီ စိတ်အားထက်သန်နေခဲ့သည်။ သူ့လက်ထဲတွင် ပျံသန်းနိုင်သော ဓားမရှိသောကြောင့် ဟေးကော်ဆီက သွေးထုတ်နေကျ ဓားသေးသေးလေးကို ထုတ်ယူပြီး ရှောင်အသွင်ပြောင်းခြင်း စာလုံးကို ဓားပေါ်တွင် ချလိုက်သည်။ ဓားသည် လေးလက်မလက်ကိုင်နှင့် သုံးလက်မအရွယ် ဓားသွားပါရှိသော ဓားရှည်တစ်လက် ဖြစ်ကာ နေရာတိုင်းတွင် တွေ့နိုင်သော သာမန်ဓားတစ်လတ်မျှသာ ဖြစ်သည်။ ဓားပုံစံက ကျားဆခြေသည်းကဲ့သို့ ပုံသဏ္ဌာန်ရှိပြီး ရှေ့ဆုံးမှာ ခခပ်ချွန်ချွန်ဖြင့် ကွေးသွားသည်။
ချန်ရှီ ချီစွမ်းအင် ရှူထုတ်လိုက်ပြီး သူ့ဓားထဲ မှုတ်သွင်းလိုက်သည်။ ရုတ်တရက် ဓားက တဖျပ်ဖျပ် ခတ်နေတဲ့ ယွင်ချွဲ့တစ်ကောင်အသွင် ပြောင်းပြီး သူ့လက်ဖဝါးထဲမှ ပျံတက်ကာ အတောင်ပံများကို ပေါ့ပေါ့တန်တန် ခတ်၍ ပျံသန်းသွားသည်။
ငှက်ကြီးသည် အလွန်လျင်မြန်သော အရှိန်ဖြင့် အတောင်ပံများကို ခတ်လိုက်သည်။ ၎င်း၏အမြန်နှုန်းသည် ရှောင်ဝမ်စွင်းရဲ့ ပေါ်လောင်ဓားလောက် မမြန်သော်လည်း အများကြီး သွက်လက်သည်။
ချန်ရှီသည် ယွင်ချွဲ့ကြီးအား တိမ်များကိုဖြတ်ကျော်ကာ အောက်ခြေက တောင်တန်းများဆီသို့ ရောက်သွားစေခဲ့သည်။
အဝေးက ကောင်းကင်ယံမှာ ဒါဇင်နဲ့ချီတဲ့ ကောင်းကင်နားစွင့်သူတွေက သစ်ပင်ထိပ်တွေမှာ ငုတ်တုတ်ထိုင်နေတာ ဒါမှမဟုတ် သစ်ကိုင်းတွေပေါ်မှာ ဇောက်ထိုးချနေတာ ဒါမှမဟုတ် ကျောက်တုံးတွေပေါ်မှာ ငုတ်တုတ်ထိုင်ပြီး နားကို ဂရုတစိုက် စွင့်ပြီး တစ်ခုခုကို မြန်မြန်ဆန်ဆန် မှတ်တမ်းတင်နေတာ တွေ့ရသည်။
ချန်ရှီ ယွင်ချွဲ့အား မောင်းနှင်ပြီး သစ်ကိုင်းတစ်ခုပေါ် ဆင်းသက်လာခဲ့သည်။ နားထောင်နေသော သူများသည် ဂရုတစိုက် နားထောင်ကြသော်လည်း ခဏအကြာတွင် နားကိုလှည့်၍ လျစ်လျူရှုသွားကြသည်။
"ဟန်ရှန်းစန့်ရန်ကတော့ အံ့သြစရာပဲ!"
ချန်ရှီ မတုန်လှုပ်ဘဲ မနေနိုင်ခဲ့။ ယခု ယွင်ချွဲ့ငှက်က ငှက်အစစ် မဟုတ်ကြောင်း ကောင်းကင်နားစွင့်သူတွေ မသိကြချေ။ သူတို့က သာမန်ငှက်လို့သာ ထင်ခဲ့ကြတာကြောင့် လျစ်လျူရှုသွားခဲ့ကြတာပင်။
"ငါ အခုလှုပ်ရှားရင် ဒီနားစွင့်သူ အားလုံးကို သတ်နိုင်လိမ့်မယ်!"
ချန်ရှီ စိတ်ထဲတွင် ထိုသို့သော အတွေးတစ်ခု ပေါ်လာသည်။
သို့သော် ကောင်းကင်နားစွင့်သူတွေနဲ့ စန့်ရန်တွေက လျှို့ဝှက်ဆန်းကြယ်စွာ ဟန်ချက်ညီပုံရသည်။ ကောင်းကင်နားစွင့်သူများသည် စန့်ရန်များရဲ့ လှုပ်ရှားမှုများကို စောင့်ကြည့်နေချိန်တွင် စန့်ရန်တွေကတော့ ၎င်းတို့၏ စောင့်ကြည့်ခြင်းကို မျက်ကွယ်ပြုထားကာ အလွန်ထူးဆန်းလှသည်။
ချန်ရှီလည်း ဤသိမ်မွေ့သော ချိန်ခွင်လျှာကို မချိုးဖျက်နေတော့ဘဲ အတောင်ပံများကို ခတ်ကာ ပျံသန်းရန်သာ အမိန့်ပေးလိုက်သည်။ သူသည် ဟန်ကုံးတောင်တန်းများကြား ခရီးလှည့်လည်ရင်း အံ့သြနေခဲ့သည်။ ဤတောင်များကြားတွင် ရွာများရှိသည်။ ထိုရွာများရှိလူများကို ကာကွယ်ရန် ရွာများတွင် ပုံစံအမျိုးမျိုးရှိသော ကန့်ညောင်များကို ကိုးကွယ်ထားကြသည်။
ညဘက်တွင် ကန့်ညောင်များရဲ့ ရုပ်ပုံများက အသက်ဝင်နေလိမ့်မည်။ အချို့က သစ်ပင်ပေါ်၌ ရပ်ကြပြီး အချို့က မျှော်စင်များပေါ်တွင် ထိုင်ကြကာ အချို့က ရွာအနှံ့ လှည့်လည်နေကြသည်။
နတ်ဆိုးများ ချဉ်းကပ်လာပါက ကန့်ညောင်များက ၎င်းတို့ကို မောင်းထုတ်ပစ်ရန် လှုပ်ရှားလိမ့်မည်။ ခပ်ဝေးဝေး ပျံသန်းနေစဥ် သူ့ဘိုးဘိုးထားခဲ့သော ဓားကို မဆုံးရှုံးစေရန် အကွာအဝေးကို အမြဲဂရုတစိုက် ထိန်းထားခဲ့သည်။
ထိုအချိန်တွင် တောင်တန်းကြီးတစ်ခုသည် သူ့အကြည့်ထဲ ဝင်ရောက်လာသည်။
တောင်ပေါ်တွင် မီးရောင်များရှိပြီး နန်းတော်များအောက်တွင် မီးပုံးများ ချိတ်ဆွဲထားသည်။ နန်းဆောင်များက တောက်ပစွာ ထွန်းလင်းနေခဲ့သည်။ ချန်ရှီသည် ပဲစေ့အရွယ် အခြေတည်ဝိညာဥ် တစ်ခု ရုတ်တရက် သူ့ထံ ပျံသန်းလာသောအခါ အံ့သြမိသွားသည်။
အခြေတည်ဝိညာဥ်က သေးငယ်သော်လည်း ၎င်းတွင် အလွန်အစွမ်းထက်သော စွမ်းအားများ ပါရှိပြီး အလွန်လျင်မြန်စွာ ရွေ့လျားသွားနိုင်သည်။ ၎င်းက ဇတ်ကနဲ ရပ်ကာ ချန်ရှီကို လှည့်ကြည့်လိုက်သည်။
ပဲစေ့အရွယ်အစားသာရှိပြီး အလျားတစ်လက်မခန့်သာ ရှိသော်လည်း ချန်ရှီ ထိုယောက်ျားရဲ့ မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သေးသည်။ သူသည် ဖြူစင်သော မျက်နှာနှင့် မုတ်ဆိတ်မွေးရှိသော လူလတ်ပိုင်းတစ်ဦး ဖြစ်သည်။
"ဒီလူက ငါ့ကို ဘယ်လိုလုပ်မြင်လဲ" ချန်ရှီ အံ့ဩသွားသည်။
"ငှက်လေး!"
လူလတ်ပိုင်းအရွယ်ရဲ့ အခြေတည်ဝိညာဉ်က ဟောက်လာပြီး ယွင်ချွဲ့ငှက်အား လှမ်းဆွဲလိုက်သည်။
"သူငါ့ကို မမြင်ဘူးပဲ!"
ချန်ရှီ စိတ်သက်သာရာ ရသွား၏။ အခြေတည်ဝိညာဉ် လိုက်စားတော့မှာကို ရှောင်ဖို့ အတက်အဆင်း ပျံတက်သွားကာ ငှက်ကို သူ့စိတ်နှင့် ထိန်းချုပ်ထားသည်။ ထို့နောက် တောထဲသို့ ပြေးဝင်သွားပြီးနောက် ပုန်းနေလိုက်၏။
လူလတ်ပိုင်းအရွယ် အခြေတည်ဝိညာဥ်သည် သူနှင့် ကစားရန် ငှက်တစ်ကောင်ကို ဖမ်းမိသည်ဟု ထင်ခဲ့သော်လည်း လွတ်သွားခဲ့သည်။ သူ မှိန်းနေပုံဖြင့် ခေါင်းခါလိုက်တော့သည်။
"နှမြောစရာပဲ!"
ထို့နောက် တောင်ပေါ်ရှိ နန်းတော်ဆီသို့ ပျံသန်းသွားခဲ့သည်။
ချန်ရှီလည်း ထိုအခြေတည်ဝိညာဥ် အဝေးကြိး ပျံသွားသည်အထိ စောင့်ဆိုင်းခဲ့ပြီးမှ အတောင်ပံခတ်ကာ တောအုပ်ထဲမှ ပြေးထွက်၍ တောင်တံခါးတစ်ခုသို့ ပျံသန်းသွားခဲ့သည်။
တောင်တံခါးမှာ မီးဖိုနှစ်လုံးရှိပြီး နံ့သာပေါင်းအခိုးအငွေ့တွေ ထွက်နေသည်။ မီးခိုးနောက်တွင် ဒဏ္ဍာရီလာ သားရဲနှစ်ကောင် ထွင်းထုထားသည်။ ၎င်းတို့၏ ဦးခေါင်းပေါ်တွင် ခြင်္သေ့သဏ္ဌာန်၊ သမင်ချိုများပါရှိသည့် ဒဏ္ဍာရီလာ သားရဲနှစ်ကောင်ပင်။
ဤသည်မှာ တောင်တံခါးကို စောင့်ကြပ်နေသော ဒဏ္ဍာရီလာ သားရဲဖြစ်သည်။ မူလက ကျောက်ရုပ်ထု ဖြစ်ခဲ့သော်လည်း နံ့သာပေါင်းများ ပူဇော်ခြင်းဖြင့် ထူးကဲသော တန်ခိုးကို စုဆောင်းကာ နတ်သဏ္ဌာန်ကို ဆောင်လာနိုင်ပြီး တောင်တံခါးကို စောင့်ရန် ညဘက်တွင် ပေါ်လာသည်။
"ထိုက်ဖျင်ဂိုဏ်း" ဟူသော စကားလုံးသုံးလုံးကို တောင်တံခါးတွင် ရေးထားသည်။
"ထိုက်ဖျင်ဂိုဏ်း? တောင်နီခန်းမ၊ ကောင်းကင်အဘွားအဖွဲ့အစည်းလို ဂိုဏ်းမျိုးလား "
ချန်ရှီသည် တောင်တံခါးမှတဆင့် ပျံသန်းသွားခဲ့သည်။ နတ်သားရဲနှစ်ကောင်က သူ့ကို မတားချေ။ သူတို့သည် သူ့ကို သာမာန် ယွင်ချွဲ့ငှက်ကြီးဟု ထင်ကာ ဘေးတိုက်သာ ကြည့်လာကြသည်။
တောင်ပေါ်ရှိ နန်းတော်သို့ ရောက်သောအခါ ဂိတ်မှ တပည့်များသည် ညသန်းခေါင်အထိ နိုးနေသေးတာ တွေ့လိုက်ရသည်။ ၎င်းတို့သည် တစ်နေရာမှ အဖြူရောင် သစ်သားလှေအများအပြားကို ဆွဲထုတ်ခဲ့ကြပြီး ယောက်ျားလေးများနှင့် မိန်းကလေးများစွာတို့သည် ခွေးနက်သွေးနှင့် သစ်ကြံပိုးခေါက်များဖြင့် ရောနှောထားသော သစ်သားစည်များကို သယ်ဆောင်လာကြသည်။
သူတို့သည် ဤလှေငယ်များပေါ် တင်ကာနီးနီးတွင် လှေပေါ်ရှိ အဆောင်စာလုံး အစီအရင် ပုံစံများကို ဂရုတစိုက် ခြေရာခံနေကြသည်။
ချန်ရှီ အတောင်များကို လှန်ပြီး အပေါ်မှ ပျံသန်းသွားခဲ့သည်။ ကောင်းကင်မှာ အဖြူရောင်အလံတွေ ချိတ်ဆွဲထားပြီး မြေပြင်ပေါ်မှာတော့ ပုံစံအမျိုးမျိုးကို ရေးဆွဲနေကြသည်။ လူလတ်ပိုင်း အမျိုးသား အမျိုးသမီး တစ်ဒါဇင်ကျော်သည် ယဇ်ပလ္လင်များနှင့် စင်မြင့်များပေါ်တွင် နတ်သဏ္ဌာန်ဖြင့် သိက္ခာရှိရှိ ထိုင်နေ၏။
ယောက်ျားလေး ကောင်မလေးတွေက လှေပေါ်က အစီအရင်တွေကို ဆွဲပြီးတာနဲ့ ပုံးတွေဆွဲလျက် ပြန်ထွက်သွားကြသည်။ နောက်ထပ် ယောက်ျားလေး၊ ကောင်မလေးတချို့ ရောက်လာကာ လှေဘေးမှာ နေရာယူလိုက်၏။
ဒါဇင်နှင့်အထက် သက်လတ်ပိုင်း အမျိုးသား အမျိုးသမီးတို့က လက်ညိုးထိုးပြလိုက်တာနဲ့ လေထဲတွင် တိမ်များ ပေါ်လာသည်။ တိမ်တိုက်တစ်ခုစီသည် အချင်းဝက် ဆယ်ပေခန့်သာ ရှိသည်။ ထိုလူလတ်ပိုင်း ယောက်ျား မိန်းမတို့သည် တဖန် လက်ညှိုးများကို လှုပ်ရှားလိုက်ရာ လှေနှင့် ချည်ထားသော ကြိုးသည် ချက်ချင်း လှုပ်ခတ်ကာ ဝေ့ဝဲနေသော တိမ်တိုက်များကို ဖြတ်ကျော်သွားကြသည်။
"ရှင်ပြန်ထမြောက်တဲ့ ကြာပန်းဖြူကို ရွေးဖို့ တစ်နာရီရဲ့ လေးပုံတစ်ပုံပဲ အချိန် ရှိမယ်..."
အမျိုးသမီးတစ်ယောက်က မျက်လုံး ဖွင့်ကြည့်လိုက်ရင်း ခံစားချက်မဲ့စွာနဲ့ ဆိုသည်။
"ဝိညာဥ်ပြန်ကြာပန်းကို ရွေးပြီးရင် ချက်ချင်း ပြန်လာခဲ့ ဆူဆူညံညံ မလုပ်ပါနဲ့ မဟုတ်ရင် ကောင်းကင်ဘုံက နတ်ဘုရားကို အချက်ပေးမိလိမ့်မယ်... အဲ့ကျရင် မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်လျက် ပြန်လာနိုင်မှာ မဟုတ်ဘူး!"
ထိုယောက်ျားလေးများနှင့် မိန်းကလေးများရဲ့ အဝတ်အစားတွေက စုတ်ပြတ်သတ်နေတာကြောင့် ဆင်းရဲသော မိသားစုမှ ဖြစ်ရမည်။ စကားတစ်ခွန်းမှ မပြောဘဲ ကြိုးကို ဆွဲကိုင်ပြီး အပေါ်ကို တက်သွားသည်။ တိမ်ဖြူတွေအောက်ကို ရောက်လိုက်တဲ့အခါ သူတို့ ရပ်တန့်သွားကြသည်။
"သူတို့က ကြာဖြူကိုခိုးဖို့ မရဏပြည်ကို သွားတဲ့လူတွေပဲ"
ချန်ရှီ ရုတ်တရက် အသိစိတ်ဝင်လာသည်။
"ငါ့ကို ကြာဖြူပေးခဲ့တဲ့ မိန်းကလေးကလည်း ဒီမှာပဲ ရှိနေသင့်တယ်... သူက ထိုက်ဖျင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ မဟုတ်ဘူးလား"
သူသည် ဤယောက်ျား မိန်းကလေးတို့၏ မျက်နှာကို ကြည့်သော်လည်း ကြာဖြူကို ပေးသော ကျစ်ဆံမြီးမိန်းကလေးကို မတွေ့ချေ။ ချန်ရှီ အတောင်များကို လှန်ပြီး တစ်ပတ်လောက် လှည့်ပတ် ရှာဖွေခဲ့သော်လည်း ထိုမိန်းကလေးကို ရှာမတွေ့ခဲ့ပေ။
ကြာဖြူပေးသော မိန်းကလေးက သူရဲ့ ကယ်တင်ရှင်ဟု ဆိုနိုင်သည်။ ထိုကြာဖြူကြောင့်သာ မဟုတ်လျှင် ဟေးကော် သူ့ကို လာကယ်တင်သည့် အချိန်အထိ ထိန်းထားနိုင်ခဲ့မည် မဟုတ်ပေ။
ရုတ်တရက် ကောင်းကင်ကြီးက အက်ကွဲသွားပြီး အဝိုင်းတွေ ပေါ်လာသည်။ အဲဒီ အပေါက်တွေရဲ့ တစ်ဖက်စွန်းမှာတော့ မြေအောက်ကမ္ဘာကြီးပါပဲ။
ယောက်ျားလေးများနှင့် မိန်းကလေးများသည် ကြိုးဆွဲရန် ကြိုးကြိုးစားစား အလုပ်လုပ်နေကြပြီး လှေကို တိမ်များပေါ်သို့ ဆွဲတင်နေကြသည်။ ထို့နောက် လှေကို အဝိုင်းတွင်းမှတဆင့် မရဏကမ္ဘာထဲသို့ ဂရုတစိုက် ရွက်လွှင့်ခဲ့ကြသည်။
ချန်ရှီ ဂူဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်ရာ သေချာတာပေါ့။ ဂူ၏ အခြားတစ်ဖက်တွင် ကြာဖြူများ ပြည့်နေသော စိမ့်အိုင်တစ်ခု ရှိသည်။
ယောက်ျားလေးများနှင့် မိန်းကလေးများသည် အဝိုင်းတွင်းထဲသို့ တိတ်တဆိတ် ခေါင်းညိတ်ကာ လှည့်ပတ်ကြည့်ကာ အန္တရာယ်မရှိတာ တွေ့ရှိသောအခါမှ ကြိုးတစ်လျှောက် တိတ်တဆိတ် လျှောဆင်းသွားကြသည်။
"ဒါဆို သူတို့က မြေအောက်ကမ္ဘာထဲကို ဒီလို ၀င်သွားတာပေါ့"
ချန်ရှီ ရုတ်တရက် ရိပ်မိလာသည်။
"ထိုက်ဖျင်ဂိုဏ်းက ကျင့်ကြံသူတွေက ဒီကြာဖြူတောထဲက ကြာပန်းတွေကို ခိုးခိုင်းနေတာပဲ... ကောင်းကင် တစ္ဆေကြီးက လယ်လုပ်တဲ့သူလို့ ပြောလို့ရတယ်... ဒါပေမဲ့ ကြာဖြူပေးတဲ့ မိန်းမကလေးက ဘယ်မှာလဲ"
သူသည် ထိုက်ဖျင်ဂိုဏ်းထဲ အပြန်ပြန် အလှန်လှန် ပျံသန်းခဲ့ပြီးမှ နောက်ဆုံးတွင် ထိုက်ဖျင်ဂိုဏ်းရဲ့ တောင်ကုန်းတစ်နေရာတွင် ဆံပင်အမြီးပါသော မိန်းကလေးကို တွေ့သွားခဲ့သည်။
သူမ အရမ်းနာလွန်းလို့ သေရတော့မယ်။