အခြေခံအုတ်မြစ်ရှာဖွေခြင်း
Vol. 009 Ch. 899
ရက်အနည်းငယ်အကြာတွင် သူတို့သုံးယောက်သည် ကောင်းကင်မြို့ သို့ပြန်ရောက်လေသည်။ သူတို့သည် အိမ်မပြန်ပဲ အမှတ်တရ စားသောက်ဆိုင်သို့ တိုက်ရိုက်သွားလေသည်။
တာဝန်ခံသည် စာရင်းတွက်နေရာမှ ရှီမာယူယူ၏ ရောင်ဝါကိုခံစားမိ လေသည်။ သူသည် ခေါင်းမော့ရာ သူမအားမြင်သောအခါ ထင်ထားသည့် အတိုင်းပင်ဖြစ်နေလေသည်။
“သခင်လေး”
ရှီမာယူယူ သူ့ကိုခေါင်းညိမ့်ပြကာ မေးလိုက်သည် “ဖန်လေးတို့နေတဲ့ အိမ်က ဘယ်မှာလဲ”
“ကောင်းကင်ရနံ့အဆောက်အဦးပါ” တာဝန်ခံ ပြန်ဖြေလေသည်။
“ဒါဆို သူတို့ကိုပဲ တိုက်ရိုက်သွားရှာလိုက်တော့မယ်” ရှီမာယူယူ ပြော လိုက်သည် “ဟုတ်သားပဲ ရှီချန်းကျိနဲ့ တခြားသူတွေရှိသေးလား”
“သူတို့တွေ ပြီးခဲ့တဲ့၂ရက်က ထွက်သွားကြပါပြီ” ဆိုင်ရှင် ပြန်ဖြေလေ သည်။
“သူတို့ကိုတောင် မပို့လိုက်ရဘူးပဲ” ရှီမာယူယူ ရေရွတ်လေသည် “ကောင်းပြီ လုပ်စရာရှိတာသွားလုပ်ပါ ကျွန်တော် သူတို့ကိုသွားရှာလိုက်မယ်”
အမှတ်တရစားသောက်ဆိုင်သည် အရှေ့တွင် စားသောက်ဆိုင်ရှိကာ အနောက်တွင် တည်းခိုဆောင်ရှိသည်။ အများစုမှာ လုံးချင်းများဖြစ်သည်။ ရှီချန်းကျိနှင့် တခြားသူများသည် လရောင်အဆောက်အဦးတွင် နေခဲ့ကြ သည်။ အခု အားလုံးသည် ကောင်းကင်ရနံ့အဆောက်အဦးတွင်ရှိနေကြ သည်။
သူမနှင့် ဝူလင်းယူတို့သည် ကောင်းကင်ရနံ့အဆောက်အဦးသို့သွားပြီး ကြည့်ကြသည်။
“ယူယူ ဘာတွေစဉ်းစားနေတာလဲ” ရှောင်ချီ နားမလည်ပေ။
“ဘာမှမဟုတ်ပါဘူး၊ ချူးရှောင်ကိုတွေးနေတာပါ၊ သူမ ပြန်သွားရင် ရူးမိုက်တာတွေလုပ် မလုပ်သိချင်နေတာ” ရှီမာယူယူ ပြောလိုက်သည် “သူမ မလုပ်ဖို့မျှော်လင့်ပါတယ်၊ ဒါပေမဲ့ လူတိုင်းကတော့ ကိုယ်ပိုင်နည်းနဲ့ နေနေကြ တာပဲလေ၊ ငါ့အတွေးက သူမ စိတ်ကိုမပြောင်းနိုင်ဘူး၊ ပြီးတော့ ငါတို့ အား အဆင့်ကလည်း မတူကြဘူး”
“ယူယူ သူမကိုလွမ်းရင် အတွင်းဒေသကိုသွားရင် သူမကိုသွားရှာလို့ရ တာပဲ” ရှောင်ချီ ပြောလိုက်သည် “သူမကို ဒီကနေ စိတ်ပူနေလည်း သူမ သိမှာမဟုတ်ဘူး”
ရှီမာယူယူ ပြုံးလိုက်သော်လည်း ဘာမှမပြောပေ။
သူမက ချူးရှောင်ကိုစိုးရိမ်တာလား။ ဖြစ်ရင်လည်းဖြစ်မှာပေါ့။ ဒါပေမဲ့ မထိုက်တန်ဘူးလို့လည်း ရှိမှမရှိတာ။
နီအန်းယီသည် အိမ်ထဲမှထွက်လာရာ သူတို့သုံးယောက် အဝေးမှလာ နေသည်ကို တွေ့လိုက်သည်။ သူ စိတ်လှုပ်ရှားစွာ အော်လေသည် “သခင်လေး ပြန်လာပြီလား”
ရှီမာယူယူကြည့်ကာ ပြုံးလိုက်သည် “အန်းယီ မင်းတို့လည်း ရောက်နေ တာလား”
“ပြီးခဲ့တဲ့ရက်ပိုင်းကပဲရောက်တယ်၊ အစ်ကိုတွေက မင်းကိုစောင့်နေကြ တာ”
“ဒါဆိုလည်း ဝင်ရအောင်”
ရှီမာယူယူ ပြန်လာသည်ကိုမြင်သောအခါ အားလုံးသည် စိတ်လှုပ်ရှား ကြသည်။
အပြန်အလှန်နှုတ်ဆက်ပြီးနောက်တွင် အားလုံးသည် စတင်ဆွေးနွေး ကြသည်။
“သခင်လေး ကျွန်တော်တို့်ကို နေရာကောင်းရှာဖို့အတွက်လွှတ်လိုက် တာ၊ အလယ်ပိုင်းဒေသတွေမှာတော့ တချို့တွေ့တယ် လာကြည့်လိုက်ပါဦး” ဖန်ကျိသည် ပုံတစ်ခုထုတ်ကာ ရှီမာယူယူသို့ပြလေသည်။
“ဒီနေရာတွေအကုန်လုံးကို ကိုယ်တိုင်သွားပြီးကြည့်ထားတာလား” ရှီမာယူယူသည် ပုံပေါ်မှ နေရာတချို့ကိုရွေးလိုက်သည်။ ထိုကြီးမားသော နေရာများသည် အလယ်ပိုင်းဒေသတွင်ရှိကာ အလွန်ဈေးကြီးသည်။
“ဟုတ်ပါတယ်” ဖန်ကျိ ပြောလိုက်သည် “အဲနေရာတွေအားလံးကို သွားပြီး ကြည့်ပြီးပါပြီ၊ အဲနေရာတွေအကုန်လုံးက ရှားပါးပြီး လျှို့ဝှက်တဲ့နေရာ တွေပါပဲ”
“နေရာတစ်ခုချင်းဆီရဲ့ ယေဘုယျအခြေအနေကိုပြောပြဦး” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်သားပဲ၊ ဒီမြောက်ပိုင်းကျတ်တီးမြေမှာရှိတဲ့ နေရာအကြောင်းပြော ပြမယ်…”
ဖန်ကျိသည် နေရာတချို့ကို အကျယ်ချဲ့ပြောပြသော်လည်း ရှီမာယူယူ သည် အားလုံးကို သဘောမတွေ့လှပေ။
“မြောက်ပိုင်းကျတ်တီးမြေ၊ အနောက်ပိုင်းလျန်၊ တောင်ပိုင်းလွင်တီး ခေါင်၊ အရှေ့ပိုင်းတောင်ရိုး၊ အဲဒါတွေအကုန်ကျယ်ကြတယ်၊ အဆင်မပြေတဲ့ နေရာရသွားမှာ စိုးရိမ်နေတာလား” ဝူလင်းယူ ပြောလေသည် “နားထောင်ပြီး တော့ အဆင်မပြေဘူးထင်ရင် သွားပြီးဆုံးဖြတ်ရင် ဘယ်လိုလဲ”
“ဖန်လေး အဲနေရာတွေကို ကြည့်ပြီးပြီလား”
ရှီမန်ဖန်သည် ခေါင်းရမ်းလိုက်သည်။
“ဒါဆိုအတူသွားရအောင် စီနီယာအစ်ကို့ကိုပဲ ဒုက္ခပေးရတော့မှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
ဝူလင်းယူ ထိုနေရာများကို ကြည့်ပြီးနောက် လက်ဖြင့် လေဟာပြင် ဝင်ပေါက်ဖွင့်ကာ အဖွဲ့ကိုဦးဆောင်သွားလေသည်။
အရင်ဆုံး မြောက်ပိုင်းကျတ်တီးမြေသို့သွားကြသည်။ အဆုံးမရှိသော သဲများအပြင် သက်ရှိတစ်စုံတစ်ရာမှမရှိပေ။
“ဒီပတ်ဝန်းကျင်က ကံကြမ္မာကန္တာရထက်တောင် ပိုပြီးဘေးအန္တရာယ်ရှိ သေးတယ်” ရှောင်ချီသည် သူမနှာခေါင်းကိုဆိတ်လိုက်သည်။ သူမသည် နည်းနည်းမျှ သဘောမကျပေ။
“ဒီကန္တာရအပြင်ဘက်က ဘာရှိလဲ”
“အဆင့်၃ အင်အားကြီးတွေရှိတယ်” ဖန်ကျိ ပြောလိုက်သည်။
“ဒီနေရာက သာမာန်သန်မာတာတော့မဟုတ်ဘူး၊ ငါတို့ဒီမှာ ဂိုဏ်း ထောင်ရင် လွယ်လွယ်နဲ့တွေ့သွားလိမ့်မယ်” ဝူလင်းယူ ခွဲခြိမ်းစိတ်ဖြာလေ သည်။
“ငါလည်းအဲလိုထင်တယ် နောက်တစ်နေရာကိုသွားကြည့်ကြတာပေါ့”
သူတို့အဖွဲ့သည် တောင်ထူထပ်သော နုံးမြေဒေသဖြစ်သည့် အနောက် ပိုင်းလျန်သို့သွားလေသည်။ ရှီမာယူယူ ငြင်းလိုက်ပြန်သည်။
ထိုနေရာများသည် လျှို့ဝှက်ခြင်းမရှိပေ။ အလွယ်တကူပင် တွေ့သွား နိုင်သည်။
“တခြားနေရာတွေလည်း ဒီလိုပဲလား”
“နေရာတွေတော့မတူဘူး ဒါပေမဲ့ ပုံစံကတော့အတူတူလောက်ပဲ” ဖန်ကျိ ပြောလိုက်သည်။
“တကယ်တော့ အခုဂိုဏ်းတွေကလည်း ဒီလိုနေရာမျိုးတွေမှာပဲရှိတာ၊ ငါတို့အောင်မြင်မှပဲ ရနိုင်လောက်တယ်၊ ဒါပေမဲ့ ပိုပြီးလျှို့ဝှက်ချင်ရင် မင်းတည်ဆောက်မှုလုပ်ပြီး ကာထားမှရမယ်” ဝူလင်းယူ ပြောလိုက်သည် “အချိန်ရောက်လာရင် အပြင်ကနေ အတားအဆီးဆောက်ရ မှာပဲ”
ရှီမာယူယူ ခေါင်းရမ်းကာ ပြောလိုက်သည် “ကျွန်တော်တို့ အဖွဲ့ရဲ့ အင်အားက တခြားအဖွဲ့တွေနဲ့မတူဘူး၊ အစကနေစပြီး သွေးစီးချောင်းနဲ့ သတ်ဖြတ်နေရမှာ၊ နောက်တော့ အဲလူတွေကိုစာရင်းလုပ်ပြီး အလိုက်ခံရမှာပဲ ဂိုဏ်းရဲ့ လျှို့ဝှက်မှုကို သေချာအောင်လုပ်မှဖြစ်မယ်၊ အဲဒါမှ နေ့တိုင်း အနှောင့် ယှက်မပေးခံရမှာ”
အတွင်းပိုင်းဒေသများတွင် မရေတွက်နိုင်သော ဂိုဏ်းများရှိကြသည်။ အင်အားကြီးရော၊ အင်အားသေးဂိုဏ်းများရော ရှိကြသည်။ ကောင်းသော နေရာများကို တွေ့ထားကြသည်မှာ ကြာပြီဖြစ်သည်။
“အမြဲတမ်းတော့တစ်နေရာ ရှိနေမှာပဲ” ရှီမာယူယူ ပြောလိုက်သည် “တိုင်းပြည်က ဒီလောက်ကြီးတာ၊ တခြားသူတွေမတွေ့နိုင်သေးပါဘူး”
“ဒါဆို အစ်မ တခြားနေရာတွေရောကြည့်ချင်သေးလား” ရှီမန်ဖန် မေး လိုက်သည်။
“မကြည့်တော့ဘူး” ရှီမာယူယူ ပြောလိုက်သည် “တခြားနေရာတွေ လည်း ဒီလိုပဲဆိုရင် သွားလည်းအသုံးမဝင်တော့ဘူး”
“ဒီလက်အောက်ငယ်သားက အောင်မြင်အောင်မလုပ်ပေးနိုင်ဘူး…” ဖန်ကျိသည် အပြစ်ခံစားရလေသည်။
သခင်လေးသည် သူတို့ကိုယုံသဖြင့် နေရာရှာခိုင်းရာ သူတို့သည် အချိန် များသုံးပြီးရှာခဲ့သော်လည်း ကျေနပ်စေသည့်နေရာမတွေ့ခဲ့ပေ။ သူမ သူတို့ရဲ့ အရည်အချင်းကိုတော့ သံသယမဝင်လောက်ပါဘူးမလား။
“ကိုယ့်ကိုယ်ကို အပြစ်တင်ဖို့မလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည် “တကယ်တော့ ခင်ဗျားရွေးတဲ့နေရာတွေအားလုံးကောင်းပါတယ်၊ ဒါပေမဲ့ သာမာန်ဂိုဏ်းအတွက်လောက်ပဲဖြစ်နေတယ်၊ ခင်ဗျားရွေးတဲ့နေရာတိုင်းက ဖြစ်နိုင်ချေရှိတယ်၊ ဒါပေမဲ့ ကျွန်တော်တို့အခြေအနေက ထူးခြားတယ်၊ အဲဒါ ကြောင့် အဲနေရာတွေက ကိုက်ညီမှုမရှိတာ၊ ပိုကောင်းတာမရှာနိုင်ရင် ခင်ဗျား ရွေးထားတဲ့ထဲကပဲ တစ်ခုသုံးရမှာပဲ”
“အစ်မပြောမှပဲ ငါတစ်နေရာစဉ်းစားမိတယ်” ရှီမန်ဖန် ပြောလိုက်သည်။
“ဘယ်နေရာလဲ”
ရှီမန်ဖန်သည် ခေတ္တမျှတွေဝေပြီးနောက် ပြောလိုက်သည် “အဲနေရာက တခြားသူတွေအတွက် အရမ်းအန္တရာယ်များတယ်၊ ဒါပေမဲ့ အစ်မအတွက်က တော့ အဲလိုမဖြစ်နိုင်ဘူး”
“အဲလိုနေရာရှိတာလား” နီအန်းယီ အံ့အားသင့်စွာ မေးလိုက်လေသည်။
“အဲနေရာက ဘယ်နေရာလဲ” ဒိုင်ယိသည်လည်း သိချင်မိသည်။
“အသည်းကွဲတောင်ကြား”
နီအန်းယိနှင့် တခြားသူများသည် ပင့်သက်ရှိုက်မိကာ အံ့အားသင့်စွာ အော်လေသည် “အသည်းကွဲတောင်ကြားလား၊ အဲနေရာက နေရာတိုင်းမှာ အဆိပ်ပိုးကောင်းတွေရှိနေတာလေ၊ အဆိပ်ထွက်တဲ့နေရာတွေတောင်ရှိနေ သေးတယ်၊ လူအများစု အဲနေရာသွားရင် သေကြတာပဲ၊ ဘယ်သူက အဲဒီမှာ ဂိုဏ်းတည်ထောင်မှာမို့လို့လဲ”
“ဟုတ်သားပဲ၊ အဲနေရာအနီးကိုသွားတဲ့သူအများစု သေကြတယ်လို့ ကြားဖူးတယ်၊ အရည်အချင်းရှိတဲ့သူတောင်မှ အပြင်ကနေပဲ ပတ်သွားနိုင်ကြ တာ အထဲမှာဂိုဏ်းတည်ထောင်ဖို့က အရမ်းအန္တရာယ်များလွန်းတယ်”
“အဲဒီမှာဂိုဏ်းထောင်ချင်တယ်ဆိုရင် ငါတို့အင်အားစုမယ့်လူတွေက မဝင်ခင်ကို သေသွားလိမ့်မယ်”
ဖန်ကျိနှင့် ဖန်ခိုင်တို့သည်လည်း မျက်မှောင်ကြုတ်လိုက်ကြသည်။ ရှီမန်ဖန် ဘာကြောင့် ထိုနေရာကို အကြံပေးသည်ကို သူတို့ နားမလည်ကြပေ။
ရှီမာယူယူ မျက်လုံးပင့်လာကာ လက်ခုပ်တီးလိုက်သည် “အဲနေရာက မဆိုးဘူးပဲ၊ ငါတို့တောင်ကြားမှာ ဂိုဏ်းထောင်မယ်ဆိုရင် လူတော်တော် များများလာချင်ရင်တောင် လာလို့မရဘူး လာခဲ့ အဲဒီကိုသွားပြီး ကြည့်ကြမယ်”
ဝူလင်းယူသည် သူမ၏ စိတ်ဆန္ဒတိုင်းကို ဖြည့်ပေးနိုင်သည်။ သူမ ထို နေရာသို့သွားလိုသည်ဟု ဆိုလိုက်သည်နှင့် လေဟာပြင်ဝင်ပေါက်ကို ချက်ချင်းဖွင့်လိုက်သည်။
ဖန်ကျိနှင့် တခြားသူများသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်မိကြ သည်။ သူမက တကယ်လုပ်မလို့ မဟုတ်ဘူးမလား။ တကယ်ကြီးပဲလား။
***