ရုပ်ပိုင်းဆိုင်ရာတိုးတက်ခြင်း
Vol. 23 Ch. 338
တန်တန်ဘဏ် ဥက္ကဌ ကလင်းဖန်ကို အရမ်းလေးစားနေသည်။
ဒါဆိုလင်းဖန်က ဘယ်သူလဲ။
ချမ်ဒီရီက "အဲဒါဆို...သူကမင်းကို.....''
လင်းဖန်သည် ချမ်ဒီရီ၏သံသယကိုမြင်ပြီး "ငါကတန်တန်ဘဏ်ရဲ့အကြီးဆုံးရှယ်ယာရှင်ဆလ" ဟုပြောလိုက်သည်။
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
တန်တန် ဘဏ်သည် တရုတ်နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်ပြီး စျေးကွက်တန်ဖိုးမှာ ဘီလီယံရာနှင့်ချီရှိသည်။
ပြီးတော့ တန်တန်ဘဏ် ရဲ့ အကြီးဆုံးရှယ်ယာရှင် လင်းဖန်ရဲ့တန်ဖိုးက ဘယ်လောက်လဲ။
ဘီလီယံ ဆယ်ချီ?
ဘီလီယံရာနဲ့ချီလား။
အကယ်၍ လင်းဖန်သာအစကတည်းကတန်တန်ဘဏ်၏ အဓိကရှယ်ယာရှင်ဖြစ်ကြောင်းကို ပြောကြားခဲ့ရင်ချမ်ဒီရီ နဲ့ တခြားသူတွေက ကြွားလုံးထုတ်တာကို ကြိုက်တဲ့သူလို့ ထင်ကြလိမ့်မည်ဖြစ်သည်။
သို့သော်၊ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည် ဤအရာသည် အမှန်တရားဖြစ်ကြောင်း သက်သေပြနေသည်။
ခဏအကြာတွင် ချမ်ရှောင်က "မထူးဆန်းတော့ဘူး၊ အင်ပါယာဟိုတယ် ရဲ့ အထွေထွေမန်နေဂျာက ငါတို့ကို အရမ်းဂရုစိုက်နေတာက... မင်းကတန်တန်ဘဏ်ရဲ့အကြီးဆုံးရှယ်ယာဆိုတာ သိလ်ု့နေမယ်''
လင်းဖန်က ချောင်းဆိုးလိုက်ပြီး "တကယ်တော့ ငါကအင်ပါယာဟိုတယ်ရဲ့ပိုင်ရှင်ပါ"
သီးသန့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။
...
ဒီနေ့ ရာသီဥတုက နည်းနည်း အုံ့မှိုင်းနေသည်။
အချိန်အတော်ကြာပြီးနောက် လင်းဖန်သည် နောက်ဆုံးတွင် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။
သူသည် ဖုန်းကို ထုံးစံအတိုင်း စိုက်ကြည့်လိုက်တော့ဖုန်းမျက်နှာပြင်တွင် စာသားမက်ဆေ့ချ်တစ်ခု ပေါ်နေသည်။
"၀:၀၀ နာရီမှာ၊ တရုတ်ဘဏ်က ယွမ် ၇၆,၈၇၀,၉၂ ကို ရရှိသည်။"
ထို့နောက် လင်းဖန်သည်အကောင့်(ဆိုင်းအင်လို့ပြောင်းပါမယ်)ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။
"ဒီနေ့ ဘာရနိုင်လဲ ကြည့်ရအောင်။"
"ဆိုင်းအင်လုပ်မယ်!"
【ဒင်း! ဂုဏ်ယူပါတယ် ၊ ကိုယ်လုံးကိုယ်ပေါက်ကိုတိုးတက်စေနိုင်တဲ့ဆေးတစ်မျိုးကို ရရှိသည်။ 】
[ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးသည့်ဆေး- အသုံးပြုပြီးနောက်၊ ၎င်းသည် ခန္ဓာကိုယ်၏ ခွန်အား၊ အရှိန်၊ တောင့်တင်းမှု၊ ကိုယ်ခံစွမ်းအားနှင့် အခြားရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများကို နှစ်ဆတိုးစေသည်။ သန်မာသော ကိုယ်ခန္ဓာ ကြံ့ခိုင်မှုကြောင့်ဆွဲဆောင်မှု ပိုတိုးလာနိုင်သည်။ 】
ဒါကိုကြည့်ရင်းလင်းဖန်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။
လူတော်တော်များများသည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ဖို့ လေ့ကျင့်ခန်းလုပ်ကြရသည်။
အခုတော့ရလဒ်အနေနဲ့ ဆေးတစ်ပုလင်းကို သောက်နေသရွေ့ တခြားသူတွေ လုပ်နိုင်တာထက်အလွယ်တကူ လုပ်နိုင်သည်။
ဤသည်မှာ သေချာပေါက် အလွန်ကောင်းသောအရာဖြစ်သည်။
လင်းဖန်ကုတင်ဘေးရှိ စားပွဲပေါ်တွင် လက်ချောင်းလေးတစ်ချောင်းခန့် ဖောက်ထွင်းမြင်ရသည့် အရည်ပုလင်းတစ်ခု ရှိနေသည်။
ဤသည်မှာ... ရရှိလာသော ကိုယ်လုံးကိုယ်ပေါက် မြှင့်တင်ပေးသည့် ဆေးဖြစ်သည်။
လင်းဖန်သည် အမြန်ထပြီးနောက် ကိုယ်လုံးကိုယ်ပေါက် မြှင့်တင်ပေးသည့် ဆေးကို ပါးစပ်ထဲသို့ တိုက်ရိုက် လောင်းထည့်လိုက်သည်။
ထိုဆေးသည် နှလုံးကို ဖြတ်၍ ပူနွေးသော လျှပ်စီးကြောင်းကဲ့သို့ အစာအိမ်ထဲသို့ ဝင်လာသည်။
ထို့နောက် လင်းဖန်သည် သူ့တစ်ကိုယ်လုံး စွမ်းအားတွေပြည့်နေသလို ခံစားလိုက်ရသည်။
သူ့ဘေးက မဟော်ဂနီစားပွဲကို ကြည့်လိုက်ပြီး လက်ဖြင့်မြှောက်လိုက်သည်။
မဟော်ဂနီစားပွဲသည်ငွေမွှေးကဲ့သို့ပေါ့ပါးစွာမြောက်တက်သွားလေသည်။
သိရန်…
ဤမဟော်ဂနီစားပွဲသည် သစ်သားဖြင့်ပြုလုပ်ထားပြီး၊ ၎င်းကို မြှောက်ရန် လူကြီးနှစ်ယောက်အတူတူမမှရမည်ဖြစ်သည်။
လင်းဖန်အတွက်တော့အလွန်ပေါ့နေသည်။
တကယ်တော့ ဒါက အတော်လေး ပုံမှန်ပါပင်ဖြစ်သည်။
လင်းဖန်သည် အကြမ်းတမ်းသော ရူပဗေဒပညာရပ်ကို ရရှိသောအခါတွင်၊ သူ၏ ခန္ဓာကိုယ်သည် ပြောင်းလဲနေပြီဖြစ်ပြီး သူ၏ ခွန်အားသည် သာမန်လူ၏ စွမ်းရည်ထက် ကျော်လွန်သွားခဲ့သည်။
ယခုအခါ ကိုယ်လုံးကိုယ်ပေါက် မြှင့်တင်ပေးသည့်ဆေးကို သောက်ပြီးနောက် ခွန်အားနှစ်ဆတိုးလာပြီး သဘာဝအတိုင်း ထူးထူးခြားခြား ဖြစ်နေသည်။
...
ကျန်ပေ့ တက္ကသိုလ်၊ ဆရာရုံးခန်း။
ဟန်တီသည် စားပွဲမှာထိုင်ပြီစာရွက်စာတမ်းတွေကို သေသေချာချာကြည့်နေသည်။
ထိုအချိန်တွင် အပြင်ဘက်တွင် တံခါးခေါက်သံထွက်ပေါ်လာသည်။
"ဝင်လာလို့ရတယ် လော့မချထားဘူး။" ဟန်တီက ပြောသည်။
ထို့နောက် မျက်နှာဝိုင်း အနက်ရောင် မျက်မှန်တပ်ထားသော အမျိုးသမီးတစ်ဦး ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။
"ပါမောက္ခ ကျောက်?" ဟန်တီက အနည်းငယ် အံ့သြတဲ့ အသံနဲ့ ပြောလိုက်သည်။
သူမဒီလိုဖြစ်မှာ မထူးဆန်းပေ။
အဘယ်ကြောင့်ဆိုသော် ဤပါမောက္ခ Zheng သည် ဇီဝဗေဒကျောင်းမှ ပါမောက္ခဖြစ်သည်။
အရင်တုန်းကတော့ နှစ်ယောက်သား သင်တန်းတက်ရင်း အတူတူထိုင်ကြတာမို့ အဆက်အသွယ်ရတဲ့အချိန်တွေ ရှိခဲ့သည်။
သို့သော် ထိုအချိန်နောက်ပိုင်းမှစပြီး အဆက်အသွယ် မရှိသလောက်ဖြစ်ခဲ့သည်။
ဟန်တီ သည် သင်္ချာဆရာတစ်ဦးဖြစ်ပြီး ပါမောက္ခ ကျောက် သည် ဇီဝဗေဒကျောင်းမှ ဆရာတစ်ဦးဖြစ်သည်။ကျောင်းရှိရုံးတည်နေရာများသည် တစ်ခုနဲ့တစ်ခုအလွန်ဝေးကြသည်။
ဒီနေ့ မနက် အစောကြီး ဘာလို့ အပြေးလာတာလဲ။
Admin, [4/11/2025 9:21 PM]
ပရော်ဖက်ဆာ ကျောက်က ပြုံးပြီး "ပါမောက္ခ ဟန်၊ ဒီနေ့ ရာသီဥတုက တော်တော်ကောင်းတယ်နော်"
"ဗွမ်း!"
စကားဆုံးသွားသည်နှင့် တပြိုင်နက် မိုးခြိမ်းသံက ကောင်းကင်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။
လေသည် ပြင်းထန်စွာ တိုက်ခတ်နေပြီး အပြင်မှ သစ်ပင်များသည်ဘေးဘက်သို့ရွေ့လျားသွားကြသည်။
ထို့နောက် ချက်ချင်းပင် မိုးတဖွဲဖွဲရွာကျလာသည်။
ပါမောက္ခ ကျောက်သည်နေရာမှာပင်ရှက်ရွံ့သွားသည်။
ရှက်ရွံ့မှုကို ဖြေလျှော့ဖို့ ဟန်တီက "ပါမောက္ခ ကျောက် ဒါမှမဟုတ် ထိုင်ပြီး ကော်ဖီသောက်မလား? ဒီကော်ဖီက အရမ်းအရသာရှိတယ်၊ လီရှီက လင်းဖန် ယူလာခဲ့တာ..."
“မလိုပါဘူး…” ပရော်ဖက်ဆာ ကျောက် သည် ပထမပိုင်းစာကြောင်းကို ကြားသောအခါ လက်ကို အထပ်ထပ်အခါခါ ဝှေ့ယမ်းပြသော်လည်း ဒုတိယပိုင်းစာကြောင်းကို ကြားပြီးနောက်တွင် သူမက ခေါင်းညိတ်ကာ မထိန်းနိုင်ဘဲ “ဒါဆို ပရော်ဖက်ဆာ ဟန်ကိုအလုပ်ရှုပ်စေမိပြီ“
ဟန်တီ သည် ပရော်ဖက်ဆာကျောက်ကို ခဏတာစိုက်ကြည့်ပြီးစကားများများမပြောဘဲ ထကာ ကော်ဖီတစ်ခွက်ကို ချက်ချင်း သွားဖျော်လေသည်။
ရုတ်တရက် ပြင်းထန်သော မွှေးရနံ့သည် ရုံးတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ပရော်ဖက်ဆာကျောက် သည် သူ့မျက်နှာပေါ်တွင် ကြည်နူးမှုနှင့်အတူ "ဒါက အရမ်းအရသာရှိတယ်!"
သူမသည်ကော်ဖီသောက်ခဲသည်။
သို့သော် ဤစကားသည် သူမ၏ နှလုံးသားမှ ထွက်လာသည်မှာ သေချာသည်။
ထို့နောက် နစ်ငုံပြီးတစ်ငုံသောက်လိုက်လေသည်။
ခဏကြာတော့ ကော်ဖီတစ်ခွက်လုံး ကုန်သွားလေသည်။
ထိုအချိန်တွင် ပါမောက္ခ ကျောကိသည် တစ်ခုခုကို တွေးနေပုံရသည်။
သူမသည်လည်ချောင်းကို ရှင်းထုတ်ပြီး "အတန်းဖော် လင်းဖန်က တကယ့်ကို ဉာဏ်ကြီးရှင်ပဲ။ သင်္ချာပုစ္ဆာပေါင်းများစွာကို ဖြေရှင်းနိုင်ရုံသာမက ရူပဗေဒနဲ့ ဓာတုဗေဒစူပါဘက်ထရီနဲ့ ငလျင်ကြိုတင်ခန့်မှန်းစက်တွေကိုလည်း တီထွင်ခဲ့တယ်... အခုဆို ကောင်းမွန်တဲ့ ကော်ဖီလိုအရာတွေကိုတောင်ယူဆောင်လာပေးတယ်..."
ဒါကိုပြောပြီး ပရော်ဖက်ဆာကျောက် က "ပါမောက္ခ ဟန် မင်း လင်းဖန် နဲ့ ဆက်ဆံရေးကောင်းတယ်လို့ ငါကြားတယ်... သူ ဇီဝဆေးပညာကို လေ့လာဖူးတယ်လို့ ထင်သလား။ အထူးသဖြင့် အင်ဆူလင်တစ်မျိုးမျိုးပေါ့ (ဇီဝဗေဒနှင့်သက်ဆိုင်သောဆေးပညာ) ”
ဒါကို ဟန်တီကြားလိုက်တာနဲ့ ပါမောက္ခ ကျောက်ကဒီနေ့ ဒီကိုလာရတဲ့ အကြောင်းရင်းကို သူမနားလည်သွားသည်။
အင်ဆူလင်ကို သုတေသနပြုရန်လင်းဖန်ကို အကူအညီတောင်းလိုတာလား။
ဟန်တီ သည် ကျန်ပေ့တက္ကသိုလ်ရှိ မကြာသေးမီက အပြောင်းအလဲများကို တွေးတောလိုက်ပြီး အနည်းငယ် စိတ်သက်သာရာရသွားသည်။
ယခင်က ကျန်ပေ့ တက္ကသိုလ်သည် ဇီဝဗေဒ၊ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒဘာသာရပ်တို့သည် အောက်ဆုံးနီးပါးဖြစ်သည်။
သို့သော်လည်း ယမန်နှစ်ကတည်းကလင်းဖန်သည် ဇောင်၏ ထင်မြင်ယူဆချက်၊ အမြွှာထင်မြင်ယူဆချက်၊ မိုးသီးထင်မြင်ချက်.....ကိုဖြေရှင်းနိုင်ခဲ့ပြီးကျန်ပေ့တက္ကသိုလ်၏ သင်္ချာသည် တရုတ်နှင့် ကမ္ဘာတစ်ခုလုံးမှာအတော်ဆုံးကော်လိပ်ဖြစ်လာစေသည်။
နောက်ပိုင်းတွင် လင်းဖန်သည် ငလျင်ကြိုတင်ခန့်မှန်းစက်အား တီထွင်ခဲ့သည်။
မကြာသေးမီက သုတေသနပြုခဲ့သော စူပါဘက်ထရီသည် ဓာတုဗေဒကို ကျော်ကြားစေခဲ့သည်။
ကျန်ပေ့ တက္ကသိုလ်ရဲ့ ဇီဝဗေဒကျောင်း(ရုံး)ကရော ဘယ်လိုလဲ။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း အောင်မြင်မှုအချို့ ရရှိခဲ့သည်။
သို့သော် လင်းဖန်လုပ်ခဲ့သောအာရာနှင့်ထိုအရာများကိုနှိုင်းယှဉ်လျှင် ထည့်သွင်းစဉ်းစားဖို့ပင်မတန်ပေ။
ထို့အပြင်၊ သူတို့သည် အင်ဆူလင်ကိုတိုးတက်မှုမရှိဘဲလုပ်ဆောင်ခဲ့သည်။
ဤအရာက ဇီဝဗေဒကျောင်းတစ်ခုလုံးကို အနည်းငယ်ရှက်ရစေပြီး အကူအညီမဲ့ဖြစ်စေခဲ့သည်။
ဤအရာများကို တွေးကြည့်ပြီးနောက် ဟန်တီ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။
လင်းဖန်သည် ကောလိပ်ကျောင်းသားသာဖြစ်သည်။
ပရော်ဖက်ဆာ ကျောက်သည် ဇီဝဆေးပညာအတွက် လင်းဖန်ကို အကူအညီတောင်းရန် မည်သို့စဉ်းစားနိုင်တာလဲ။