ကြိုဆိုခြင်း
Vol. 23 Ch. 339
ခဏအကြာတွင် ဟန်တီက “လင်းဖန်က ငါ့တပည့်ပါ(ဟုတ်လို့လား) သူနဲ့ ငါဆက်ဆံရေးကတော့ကောင်းပါတယ်...”
ခေတ္တနားပြီးနောက် သူမက “အင်း၊ဒါဆိုသူ့ကိုငါ့ ရုံးခန်းကို လာလို့ရလားလို့ မေးလိုက်အုံးမယ်”
ပရော်ဖက်ဆာ ကျောက်က အလွန်ဝမ်းသာသွားပြီး “ဒါဆို ပါမောက္ခဟန်ကို နှောက်ယှက်မိပြီ” လို့ ပြောလိုက်သည်။
သာမန်ကျောင်းသားတစ်ယောက်ဆိုလျှင် ပါမောက္ခ ကျောက်က သူတွေ့ချင်တဲ့ကျောင်းသားကို တိုက်ရိုက်ရှာနိုင်သည်။
သို့သော် လင်းဖန်သည် သာမန်ကျောင်းသားမဟုတ်ပေ။
ဟန်တီ က “လင်းဖန် က ဇီဝကိုလေ့လာဖူးလားတော့မသိဘူး”
“ရပါတယ်....” ပရော်ဖက်ဆာကျောက်က ကပျာကယာ ပြောလိုက်သည်။
…………
လင်းဖန် ၊ မူဇောင်၊ စုရီနှင့် ဇောင်ချင်းဘို တို့သည်စာသင်ခန်းသို့လာသောလမ်းတွင် ရုတ်တရက် မိုးခြိမ်းသံကိုကြားလိုက်ရသည်။
ထို့နောက် မိုးသည်းစွာရွာလာတော့သည်။
စုရီက “အခုမိုးချုန်းတာကလူယုတ်မာတစ်ယောက်က်ုပစ်မှတ်ထားတာနေမယ်။”
“ဗွမ်း!”
ရုတ်တရက် မိုးခြိမ်းသံတစ်ခုကထွက်ပေါ်လာသောအခါစုရီသည် ထိတ်လန့်စွာဖြင့်ခေါင်းကိုငုံ့လိုက်လေသည်။
သူ့ဘေးက ဇောင်ချင်းဘိုက ပြုံးပြီး “မိုးကြိုးက ပစ်မှတ်ကို ရှာတွေ့ပြီထင်တယ်” လို့ပြောလိုက်သည်။
“ကျွန်တော်က အမြဲတမ်းကောင်းတာပဲလုပ်ထားတာပါ။ဘယ်လိုလုပ်လူယုတ်မာဖြစ်ရမှာလဲ” စုရီက ဒီလိုပြောပေမယ့် လျှပ်စီးကြောင်းကို ကာကွယ်နေသလိုမျိုး ခေါင်းမထောင်နိုင်ဘဲ ဖြစ်နေသည်။
“ဒင်ဒေါင်!”
ထိုအချိန်တွင် လင်းဖန်၏ အိတ်ကပ်ထဲမှ ဖုန်းသည် အနည်းငယ် တုန်ခါသွားသည်။
ဟန်တီ: လင်းဖန် မင်း အခု အားလား။ အားရင်ငါ့ရုံးခန်းကို လာပေးလို့ရလား။
လင်းဖန် : အားတယ် ။အခုပဲလာခဲ့မယ်။
ထို့နောက် လင်းဖန် ကစုရီနှင့် အခြားသူများကို “မင်းတို့စာသင်ခန်းကို အရင်သွားနှင့်ပါ... ဆရာမဟန်တီက ငါ့ကိုရှာနေလို့သွားလိုက်အုံးမယ်”
စကားပြောပြီးနောက် ရုံးခန်းဆီသို့ လျှောက်သွားလိုက်သည်။
စုရီ၊မူဇောင်နှင့် ဇောင်ခိင်းဘိုတို့သည် Lin Fan ကို မနာလိုစွာ ကြည့်နေကြသည် ။
စုရီက “အခုမှဘာကြောင့် မိုးခြိမ်းတာလဲဆိုတာကို ငါသိပြီ”
စကားပြောပြီးနောက် ခေါင်းကို ငုံ့ကာ “မိုးနတ်မင်းရေနောက်တစ်ကြိမ် မိုးချုန်းရင်သေချာလေးချုန်းပေးပါ” လို့ ပြောလိုက်သည်။(ပြောချင်တာသူ့ကိုပစ်မှတ်ထားပြီးမိုးခြိမ်းတာလို့ထင်နေတာပါ၊ရှုပ်သွားလားတော့မသိဘူး)
“ဗွမ်း!”
မိုးခြိမ်းသံထပ်မံထွက်ပေါ်လာသောအခါစုရီသည်ထိတ်လန့်သောကြောင့်မြေပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။
…………
ခဏကြာတော့လင်းဖန်သည်ဟန်တီ ရုံးခန်းကို ရောက်လာလေသည်။
အထဲမှာအမျိုးသမီးတစ်ဦးကို တွေ့လိုက်ရတော့ အနည်းငယ် ထိတ်လန့်သွားသည်။
ဟန်တီ က ကော်ဖီတစ်ခွက်ကို ပထမဆုံး ထုတ်ပေးပြီး “ဒါက ဇီဝဗေဒကျောင်းက ပါမောက္ခ ကျောက်ချင် ပဲ” လို့ မိတ်ဆက်ပေးလိုက်သည်။
ပရော်ဖက်ဆာ ကျောက်က ကမန်းကတန်း ဦးညွတ်ပြီး စိတ်လှုပ်ရှားစွာနဲ့ “ကျောင်းသား လင်း....ဟဲလို။”
လင်းဖန်က “ဟဲဟို...ပါမောက္ခ ကျောက်”
ဒီမှာ အပြင်လူတွေသာရှိရင်သူတို့၏အမူအရာကိုကြည့်ပြီး လင်းဖန်ဟာ ဆရာ(သို့)ပါမောက္ခဖြစ်ပြီး ကျောက်ချင်က ကျောင်းသားတစ်ယောက်လို့ ထင်ယောင်ထင်မှားဖြစ်မှာသေချာသည်။
ဟန်တီ က “ပါမောက္ခ ကျောက်၊ မင်း လင်းဖန်ကိုမေးစရာ မရှိဘူးလား”
လင်းဖန်က သူ့မျက်နှာမှာ ထူးဆန်းတဲ့အကြည့်ကို ပြသပြီး ငါ့ကို မေးစရာရှိတယ်။
ပရော်ဖက်ဆာ ကျောက်က သူ့လက်ကိုင်အိတ်ထဲက ပစ္စည်းတွေကို အမြန်ထုတ်ယူပြီး “ကျောင်းသား လင်းဖန်၊ ဒါက ပရော်ဖက်ဆာ ဝူတန်နဲ့ ငါတို့အရင်နှစ်ကတည်းက လုပ်ဆောင်ခဲ့တဲ့ ပရောဂျက်တစ်ခုပါပဲ...”
“ဒါပေမယ့်၊ နှစ်နှစ်ကြာအောင်သုတေသနလုပ်ပြီးနောက်မှာတော့ပရော်ဖက်ဆာဝူတန် နဲ့ ငါတို့တွေပြဿနာများစွာကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီမှာကြည့်၊ ဒီမှာ၊ ဒီမှာ... အဲဒါကို ဘယ်လိုဖြေရှင်းမလဲ?”
ဆီးချို?
အင်ဆူလင်?
ငါ့ကိုလာမေးတာလား။
ငါ... ဒါကိုလုံးဝနားမလည်ဘူး။
ဤအခိုက်တွင် လင်းဖန်၏စိတ်ထဲတွင် ရုတ်တရက် ရှင်းလင်းပြတ်သားသော သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
【ဒင်း! မစ်ရှင်စတင်ခြင်း၊ ဇီဝစမ်းသပ်ချက်ကိုကြည့်ပါ၊ “အင်ဆူလင်နိဒါန်း”၊ “ဆီးချိုရောဂါကုသရေးနည်းလမ်းများ”၊ “ဇီဝဆေးဝါးများနှင့် ဆေးဝါးဓာတ်”၊ “ဇီဝဆေးဝါးနည်းပညာ”၊ “ရောဂါပိုးမွှားများ” ကိုဖတ်ပါ။ ပါမောက္ခအဆင့် ဇီဝဆိုင်ရာ အတွေ့အကြုံ၊ အင်ဆူလင် ဆေးဝါး၊ ၎င်း၏ ထုတ်လုပ်မှု နိယာမနှင့် စာရွက်တမ်းအပြည့်အစုံတို့ကို ဆုချီးမြှင့်မည်။ 】
လင်းဖန်သည် သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာကို ပြသရန် မကူညီနိုင်ပေ။
အင်ဆူလင်ပြဿနာကို ကြုံတွေ့ပြီးတာနဲ့ မျက်တောင်တစ်မှိတ်အတွင်းမှာပဲ သက်ဆိုင်တဲ့မစ်ရှင်ကိုရရှိခဲ့သည်။
သူ့ဘေးနားက ပါမောက္ခ ကျောက် က လင်းဖန် စကားမပြောတာကြာပြီးသူပေးတဲ့အချက်အလက်ကို မကြည့်တာကို တွေ့လိုက်လေသည်။ထိုအခါသူမသည်လင်းဖန်က ဇီဝဆေးနှင့် အင်ဆူလင်ကို တစ်ခါမျှ မလေ့လာဖူးဟု ထင်သောကြောင့် တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။
သို့ပေမယ့်လည်း သူမသည် အချိန်အတော်ကြာအောင် စိတ်ကိုပြင်ဆင်ထားခဲ့သည်။
သို့သော် ဤရလဒ်ကိုရရှိပြီးနောက် အနည်းငယ်စိတ်ပျက်နေသည်မှာ မလွဲမသွေဖြစ်နေဆဲဖြစ်သည်။
ဇီဝဗေဒကျောင်း၊ ပျောက်ကွယ်သွားတော့မှာလား။
ပရော်ဖက်ဆာကျောက်က တစ်ခုခုပြောခါနီးမှာ....
ဒီအချိန်မှာ လင်းဖန်က “မင်းတို့ရဲ့စမ်းသပ်ချကက်ကိုကြည့်ဖို့ ငါ့ကို ဓာတ်ခွဲခန်းကို ခေါ်သွားပေးလို့ရလား။”
“ဘာ”
ပရော်ဖက်ဆာကျောက်သည် ခဏမျှ အံ့အားသင့်သွားသည်။
လင်းဖန် က “ဘာလို့လဲ၊ စမ်းသပ်တာကိုလိုက်ကြည့်ရတာ အဆင်မပြေလို့လား။ “
လင်းဖန်ပြောသံကို ထပ်မံကြားပြီးနောက် ပရော်ဖက်ဆာ ကျောက်က အလွန်ဝမ်းသာသွားပြီး “အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ် ကျောင်းသားလင်း၊ ငါတို့ဓာတ်ခွဲခန်းက ရှေ့မှာကျေးဇူးပြုပြီး...”
လင်ဖန်းသည် ဇီဝဆေးနှင့် အင်ဆူလင်တို့ကို လေ့လာခဲ့ကြောင်း သက်သေပြရန် စမ်းသပ်ချက်တစ်ခုကြည့်ရန် တောင်းဆိုခဲ့သည်။
ဒါဟာ ဇီဝဗေဒကျောင်းအတွက် သတင်းကောင်းပါပဲ၊ လုံးဝသတင်းကောင်းပါပဲ။
တကယ်တော့ ဇီဝဆေးဝါးစမ်းသပ်မှုများကို လျှို့ဝှက်ထားရန် လိုအပ်သည်။
သို့သော် လင်းဖန်အတွက်မူ ထိုသို့သော လိုအပ်ချက်မရှိပါ။
လင်းဖန်သည် ရုံးခန်းမှချက်ချင်းမထွက်သွားဘဲ “ဟန်တီ၊ ဒါဆို ဇီဝဗေဒဓာတ်ခွဲခန်းကို သွားလိုက်အုံးမယ်” လို့ပြောလိုက်သည်။
ဟန်တီက ခေါင်းညိတ်လိုက်ပြီး “ပါမောက္ခ ကျောက်၊ ဆီးချိုရောဂါဟာ ရာစုနှစ်နဲ့ချီပြီးရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒါကိုအချိန်တိုအတွင်းဖြေရှင်းနိုင်မှာမဟုတ်ဘူး။ဒါကြောင့် ပရော်ဖက်ဆာ ဝူတန်ကို အလျင်စလိုမလုပ်ပါနဲ့လို့ပြောပေးပါ’’
ပရော်ဖက်ဆာ ကျောက်က ၎င်းကိုကြားပြီးနောက် ပြုံးပြလိုက်သည်။
သူမလည်း ဒီအမှန်တရားကို နားလည်တဲ့အတွက် “ငါ ပရော်ဖက်ဆာ ဝူတန်ကိုပြောပြမယ်” လို့ ကတိပေးလိုက်သည်။
ကျန်ပေ့၏ ရာသီဥတုသည် မိန်းကလေးတစ်ယောက်၏ စိတ်နှင့်တူသည်။အခုတစ်မျိုးတော်ကြညတစ်မျိုးပါ။အခုလဲအဲ့အတိုင်းပဲ ရုတ်တရက် လေပြင်းတိုက်ပြီး မိုးရွာပြီးနောရ် ရုတ်တရက်တိတ်ဆိတ်သွားပြန်သည်။
လင်းဖန် နဲ့ ပရောဖက်ဆာကျောက်တို့သည်ရုံးခန်းထဲက ထွက်လာတော့ လေတိုက်တာလဲ ရပ်သွားပြီး မိုးရွာတညလည်း တိတ်သွားပြီး ကောင်းကင်ထက်မှာနေမင်းကြီးတောင်ထွက်လာလေသည်။
နှစ်ယောက်သား စိုစွတ်သော အားကစားကွင်းကို ဖြတ်သွားကာ အမှတ် (၂) လေ့ကျင့်ရေး အဆောက်အအုံဆီသို့ တန်းတန်းမတ်မတ် သွားလိုက်ကြသည်။
ကျယ်ဝန်းသော စင်္ကြံတွင် လမ်းလျှောက်ရင်း လေထုထဲမှညှော်နံ့များ ကိုကြားရပြီး ရံဖန်ရံခါ အသံတစ်ချို့ထွက်ပေါ်လာသည်။
အခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါတွင် ဘွဲ့လွန်ကျောင်းသား သုံးဦးသည် ဆေးဘက်ဆိုင်ရာ အကာအကွယ်အ၀တ်အစားများ ကိုဝတ်ဆင်ထားပြီး ခေါင်းကို ငုံ့ကာ စမ်းသပ်မှုများ ပြုလုပ်နေသည်။
သူတို့အားလုံးသည်အလွန်သတိထားပြီး အာရုံစူးစိုက်ထားသောကြောင့် လင်းဖန် နှင့် ပရော်ဖက်ဆာကျောက်တို့ဝင်လာသည်ကိုပင် သတိမပြုမိကြပေ။
ထိုအချိန်တွင် ကွန်ပြူတာကို အာရုံစိုက်ပြီး ရွှေမျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အသံကြားသောအခါ တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။
ပရော်ဖက်ဆာ ကျောက် ကိုတွေ့သောအခါတွင် သူ၏အမူအရာမှာ မပြောင်းလဲပေ။
လင်းဖန်ကိုမြင်သောအခါ သူ့မျက်လုံးများသည် အနည်းငယ်တောက်ပလို့လာခဲ့သည်။
သူကိုင်ထားတဲ့အရာကို ချလိုက်ပြီး လင်းဖန်ဆီ အပြေးသွားကာ လက်ကိုဆန့်ထုတ်ကာ စိတ်လှုပ်ရှားစွာနဲ့ “ကျောင်းသား လင်း၊ မင်္ဂလာပါ၊ ငါတို့ရဲ့ ဇီဝဓာတ်ခွဲခန်းကနေကြိုဆိုပါတယ်!”