မစ်ရှင်ပြီးခြင်း
Vol. 23 Ch. 340
ရွှေဝါယာမျက်မှန်တပ်ထားသော လူလတ်ပိုင်းသည်ပရော်ဖက်ဆာဝူတန်ပင် ဖြစ်သည်။
ဝူတန်အတွက်လင်းဖန်နှင့်ပတ်သက်သောမှတ်ဉာဏ်သည် အလွန်နက်ရှိုင်းလှပြီး လင်းဖန်ကိုသူကိုးကွယ်လုနီးပါးပင်ဟု ဆိုနိုင်သည်။
ကျောင်းသားတစ်ယောက်ကို လေးစားတဲ့ ပါမောက္ခလား။
မှန်တယ်!
ဒါပဲ!
လင်းဖန်သည် ကမ္ဘာ့သင်္ချာပုစ္ဆာပေါင်းများစွာကို ဖြေရှင်းပေးခဲ့ပြီး ငလျင်ကြိုတင်ခန့်မှန်းစက်၊စူပါဘက်ထရီများ စသည်တို့ကို တီထွင်ခဲ့သည်။
ဝူတန်စိတ်ထဲတွင်လင်းဖန်သည်အလုံးစုံလုပ်နိုင်သောလူဖြစ်သည်။
ထို့ကြောင့်၊ ဇီဝအင်ဆူလင်ပရောဂျက်သည် မဖြေရှင်းနိုင်သော ပြဿနာတစ်ခုနှင့် ကြုံလာရသောအခါ လင်းဖန်ကို သူချက်ခြင်းစဉ်းစားခဲ့သည်။
ဒါကြောင့် ကျောက်ချင်ကိုဟန်တီစီသွားကာအကူအညီတောင်းခိုင်းခဲ့ခြင်းဖြစ်သည်။
သူများတွေ သူကိုဖော်ရွေစွာဆက်ဆံတဲ့အခါ လင်းဖန်သည်လဲ သဘာဝအတိုင်းဖော်ရွေစွာပြန်နှုတ်ဆက်လိုက်သည်။
သူက လက်ကိုဆန့်ပြီး “မင်းက ပရော်ဖက်ဆာ ဝူတန်ဖြစ်သင့်တယ်ဟုတ်တယ်မလား”
ဝူတန် က “ကျောင်းသားလင်းရှေ့မှာတော့ ပရော်ဖက်ဆာလို့ဘယ်လိုခေါ်နိုင်မှာလဲ၊မင်းငါ့ကို ဝူတန်လို့ပဲ ခေါ်လို့ရတယ်။”
စမ်းသပ်မှုတွင် အာရုံစိုက်နေသော ဘွဲ့ရကျောင်းသား သုံးဦးသည်လဲ နှစ်ယောက်ကြား စကားစမြည်ပြောတာကို ကြားပြီးနောက် လှုပ်ရှားမှုများကို မရပ်တန့်နိုင်ဘဲ လင်းဖန်အား စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေလေသည်။
ကျန်ပေ့တက္ကသိုလ် မှာ ‘လင်းဖန်’ ဆိုတဲ့ နာမည်ကို လူတိုင်းနီးပါး သိကြသည်။
ဒါပေမယ့် လင်းဖန်က အင်တာဗျူးကို လက်မခံတာကြောင့်လင်းဖန်၏ပုံစံကို အမှန်တကယ်သိသူမှာအလွန်နည်းပါးသည်။
ရုတ်တရက် လူအများကြီးကို စိုက်ကြည့်နေရသောကြောင့်Lin Fan လည်း အနည်းငယ် စိတ်မသက်မသာဖြစ်မိသည်။
ထိုကြောင့်သူက အနည်းငယ် ချောင်းဆိုးပြီး “အို... ဝူ... မေ့လိုက်တော့၊ ငါ မင်းကို ပရော်ဖက်ဆာ ဝူလို့ပဲခေါ်မယ်” လို့ပြောလိုက်သည်။
“ပရော်ဖက်ဆာဝူ၊ ငါစမ်းသပ်ချက်အပြည့်အစုံကိုကြည့်လို့ရမလား?”
ဝူတန်က လုံးဝမတွန့်ဆုတ်ဘဲ “မင်းတို့ သုံးယောက်၊ စမ်းသပ်မှုကို တစ်ခါတည်းလုပ်ပြပါ၊ အမှားယွင်းမရှိအောင်လုပ်ရမယ်ဆိုတာ သတိရပါ!”
ဘွဲ့လွန်ကျောင်းသား သုံးဦးသည် ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြကာ စမ်းသပ်မှုကို အစမှ စတင်ပြီးပိုပြီးဂရုတစိုက်နှင့် အာရုံစူးစိုက်သော အမူအရာဖြင့် အသက်ပြင်းပြင်းရှူလိုက်ကြသည်။
သူတို့အရည်အချင်းစစ်ဆေးခံရတော့မယ့် စစ်သားတစ်ယောက်လိုသူတို့ပုံစံဖြစ်နေသည်။
ဤဇီဝစမ်းသပ်မှုမျိုးသည် သာမန်မျက်စိဖြင့် ရှင်းရှင်းလင်းလင်းမြင်ရန် အလွန်ခက်ခဲသည်။
ဒါနဲ့ သူ့ဘေးက ဝူတန် က ကွန်ပြူတာစခရင်ကို လက်ညှိုးထိုးပြပြီး “ကျောင်းသားလင်း ဒီမှာကြည့်ပါ...”
ပုံမှန်မမြင်နိုင်သော ဆဲလ်များကို ဖန်သားပြင်၏ အပိုင်းသုံးပိုင်းရှိ မျက်နှာပြင်ပေါ်တွင် ထူထပ်စွာပြသထားသည်။
အစပိုင်းတွင်၊ ဖန်သားပြင်သုံးမျိုးရှိ ဆဲလ်များသည် ၎င်းတို့၏ခန္ဓာကိုယ်များဖြင့်ဖြည်းညှင်းစွာ ရွေ့လျားစေသည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆဲလ်များ၏အရှိန်သည်နှေးကွေးလာသည်။
နောက်ဆုံးတွင် အချို့သောဆဲလ်များသည် လုံးဝရပ်တန့်သွားသည်။
ထိုအချိန်တွင် ဘွဲ့လွန်ကျောင်းသား သုံးဦးသည် အရည်သုံးမျိုးလုံးကို ၎င်းထဲသို့ ထိုးသွင်းခဲ့သည်။
မျက်နှာပြင်ခွဲထားသောဆဲလ်များထဲမှတစ်ခုသည် အစမှ ပြန်လည်စတင်ခဲ့သော်လည်း ခဏအကြာတွင် ၎င်း(ဆဲလ်)တို့သည် တစ်ဖန်မရွေ့တော့ဘဲ ရပ်သွားခဲ့သည်။
အခြားမျက်နှာပြင်ရှိဆဲလ်များသည်လဲအနည်းငယ်သာရွ့လျားပြီးတစ်ဖန်ပြန်လည်ရပ်တန့်သွားခဲ့သည်။
…………
ထို့နောက် ချက်ချင်းပင်အနီရောင်နှင့် အဝါရောင် မျဉ်းကွေးပေါ်လာသည်။
၁ နာရီကြာ စမ်းသပ်မှု ပြီးဆုံးသွားလေသည်။
ပရော်ဖက်ဆာ ဝူတန် က မျှော်လင့်တဲ့လေသံနဲ့ မေးလိုက်သည်။ “ကျောင်းသားလင်၊ မင်းဒါဘယ်လိုထင်လဲ၊ ငါဘယ်လိုတိုးတက်အောင်လုပ်ရမလဲ”
တကယ်တော့ဝူတန်က အဲဒါကို စောင့်မျှော်နေရုံမကဘဲ ပရော်ဖက်ဆာ ကျောက် နဲ့ သူ့ဘေးက ဘွဲ့ရကျောင်းသား သုံးယောက်စလုံးက ဒါကို အလွန်စောင့်မျှော်နေကြသည်။
လင်းဖန်က ချက်ချင်းပြန်မဖြေပေ။
ယင်းအစား၊ စနစ်မစ်ရှင်ကိုအာရုံစိုက်လိုက်သည်။
【ဒင်း! မစ်ရှင်စတင်ခြင်း၊ ဇီဝစမ်းသပ်ချက်ကိုကြည့်ပါ၊ “အင်ဆူလင်နိဒါန်း”၊ “ဆီးချိုရောဂါကုသရေးနည်းလမ်းများ”၊ “ဇီဝဆေးဝါးများနှင့် ဆေးဝါးဓာတ်”၊ “ဇီဝဆေးဝါးနည်းပညာ”၊ “ရောဂါပိုးမွှားများ” ကိုဖတ်ပါ။ ပါမောက္ခအဆင့် ဇီဝဆိုင်ရာ အတွေ့အကြုံ၊ အင်ဆူလင် ဆေးဝါး၊ ၎င်း၏ ထုတ်လုပ်မှု နိယာမနှင့် စာရွက်တမ်းအပြည့်အစုံတို့ကို ဆုချီးမြှင့်မည်။ 】
ဒါကိုကြည့်ရင်း.....
လင်းဖန်က “ငါ စာကြည့်တိုက်ကို အရင်သွားလိုက်မယ်” ဟု ပြောလိုက်သည်။
စကားပြောပြီးနောက် ဝူတန်၊ ကျောက်ချင်နှင့် အနည်းငယ်မှိန်းနေသေး(မျှော်လင့်ချက်မရှိတဲ့ပုံစံပါ)သော အခြားသူများကို လျစ်လျူရှုကာ လှည့်ထွက်သွားသည်။
မိုးသည်းထန်စွာရွာပြီးနောက် စာကြည့်တိုက်ရှိ လေထုသည် မွှေးကြိုင်သောရနံ့များဖြင့် ပြည့်နှက်နေသဖြင့် စာကြည့်တိုက်ကို ပုံမှန်ထက်ပို၍ စည်ကားစေသည်။
လင်းဖန်သည် စာကြည့်တိုက်ထဲဝင်သွားသည်နှင့် တစ်စုံတစ်ယောက်က နှုတ်ဆက်လိုက်သည်။
“မင်းဒီမှာပဲ။” ကျောင်းသူ အမျိုးသမီးက ပြုံးပြီးပြောလိုက်သည်။
လင်းဖန်သည် စာကြည့်တိုက်တွင် အကြိမ်ပေါင်းများစွာ တွေ့ဆုံဖူးသော လူလင်း ဖြစ်သည် ။
ယနေ့တွင် လူလင်းသည် အပြာရောင် ဂါဝန်နှင့် အဖြူရောင် ဖိနပ်တစ်ရံကို ၀တ်ဆင်ထားသည်။
လင်းဖန်က ပြုံးကာ ခေါင်းညိတ်ကာ “ဟုတ်တယ်” ဟု ပြောသည်။
လူလင်းက “မင်း ဒီအချိန်မှာဘာစာအုပ် ရှာနေတာလဲ၊ ငါကူရှာပေးပါရစေ”
လင်းဖန်သည် မယဉ်ကျေးဘဲ “ “အင်ဆူလင်နိဒါန်း”၊ “ဆီးချိုရောဂါကုသရေးနည်းလမ်းများ”၊ “ဇီဝဆေးဝါးများနှင့် ဆေးဝါးဓာတ်”၊ “ဇီဝဆေးဝါးနည်းပညာ”၊ “ရောဂါပိုးမွှားများ” ကို တိုက်ရိုက်ပြောခဲ့သည်။
“ဒါက ဇီဝဆေးပညာထင်တယ်အဲ့ဒါက ဟိုမှာရှိတယ်။” လူလင်းခေါင်းညိတ်ပြပြီး ဘယ်ဘက်ရှိ စာအုပ်စင်ဆီသို့ လျှောက်သွားသည်။
များမကြာမီပင် ဇီဝဆေးပညာဆိုင်ရာ စာအုပ်များသည် သူတို့နှစ်ဦးရှေ့တွင် ပေါ်လာသည်။
သေချာသည်မှာ သူမသည် စာကြည့်တိုက်တစ်ခုလုံးနှင့် အလွန်ရင်းနှီးတယ်ဆိုတာပင်ဖြစ်သည်။
လူလင်း၏အကူအညီဖြင့် စာအုပ် ၅ အုပ်ကို အချိန်တိုအတွင်း ရှာဖွေတွေ့ရှိခဲ့သည်။
ထို့နောက် လူလင်းသည် လင်းဖန်ကို သူတို့ထိုင်လေ့ရှိသည့်နေရာသို့ ခေါ်သွားခဲ့သည်။
လင်းဖန်သည် စကားစမြည်မပြောေနပေဲစာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ အမြန်လှန်လိုက်သည်။
စာအုပ်လှန်လိုက်သံကို ကြားလိုက်ရပြီး နှစ်မိနစ်ခန့်အကြာတွင် စာမျက်နှာ 100 အထူရှိသော စာအုပ်တစ်အုပ်ကို အစမှအဆုံး ဖတ်ပြီးသွားခဲ့သည်။
ထို့နောက် ဒုတိယ၊ တတိယ...
ဆယ်မိနစ်လောက်ကြာတော့ နောက်ဆုံးစာအုပ်ကို ပိတ်လိုက်သည်။
အခုအချိန်မှာလင်းဖန်သည်စာအုပ်ငါးအုပ်လုံးကို ဖတ်ပြီးခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် လင်းဖန်၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
【ဒင်း! မစ်ရှင်ပြီးခြင်း၊ ဇီဝစမ်းသပ်ချက်ကိုကြည့်ပါ၊ “အင်ဆူလင်နိဒါန်း”၊ “ဆီးချိုရောဂါကုသရေးနည်းလမ်းများ”၊ “ဇီဝဆေးဝါးများနှင့် ဆေးဝါးဓာတ်”၊ “ဇီဝဆေးဝါးနည်းပညာ”၊ “ရောဂါပိုးမွှားများ” ကိုဖတ်ပါ။ ပါမောက္ခအဆင့် ဇီဝဆိုင်ရာ အတွေ့အကြုံ၊ အင်ဆူလင် ဆေးဝါး၊ ၎င်း၏ ထုတ်လုပ်မှု နိယာမနှင့် စာရွက်တမ်းအပြည့်အစုံတို့ကိုရရှိသည်။ 】
ရုတ်တရက် လင်းဖန်သည် ဇီဝဗေဒ အကြောင်း ဗဟုသုတများစွာရခဲ့သည်။
လူလင်းသည် စာအုပ်များအားလုံးကို လှန်လှောကြည့်ရင်း လင်းဖန်၏ဘေးနားတွင် “ဇီဝဗေဒလေ့လာဖို့စီစဉ်နေတာလား” ဟု မမေးဘဲမနေနိုင်ပေ။
လင်းဖန်သည် မတူညီသော ဘာသာရပ်ဆိုင်ရာ စာအုပ်များကို အကြိမ်ပေါင်းများစွာ လျင်မြန်စွာ လှန်ကြည့်ဖူးပြီး လှန်လိုက်တိုင်း ဖြေဆိုရန် အချိန်အကြာကြီး မယူခဲ့ရပေ။
ထို့ကြောင့် လူလင်းသည် လင်းဖန်သည် ၎င်းကို ပေါ့ပေါ့ဆဆ လှည့်ကြည့်နေသည်ဟု ဘယ်သောအခါမှ ယုံနိုင်မည်မဟုတ်ပေ။
လင်းဖန်က “ငါလေ့လာပြီးသွားပြီ”
“ဟမ်?” လူလင်းသည် သူမ၏ မျက်လုံးကြီးများကို မှိတ်ထားလိုက်ပြီး သူမ၏ လှပသော မျက်နှာပေါ်တွင်ပဟေဋ္ဌိဖြစ်နေသောအမူအရာနှင့် ပြည့်နှက်နေသည်။
လင်းဖန်က ဘာမှ ဆက်မရှင်းပြတော့ပဲ သူမလက်ထဲရှိမေးခွန်းကို ငုံ့ကြည့်ကာ “မေးစရာများ ရှိလား” ဟု ပြောသည်။
နောက်တဖန်
ဘာကြောင့် ထပ်ဖြစ်တာလဲ။
ဒါပေမယ့် လင်းဖန် က သူမကိုတွေ့တိုင်း မေးခွန်းတွေကို ဖြေပေးနေရသလိုပဲ။
လူလင်း ၏လှပသောမျက်နှာသည် နီရဲလာပြီး သူမ၏အသံသည် ခြင်တစ်ကောင်လိုမျိုးပြောလိုက်သည်။”ဟုတ်တယ်”
လင်းဖန်သည် မစ်ရှင်ပြီးသောကြောင့် စိတ်ကောင်းရှိနေသည်။
သူသည် ဘောပင်နှင့် စာရွက်ကို ကောက်ကိုင်လိုက်ပြီး ထိုအကြောင်းအရာ၏မေးခွန်းကိုအသေးစိတ်ကျသော နည်းလမ်းဖြင့်နည်းစနစ်တကျဖြေရှင်းပေးလိုက်သည်။