မိုင်းတွင်းသူဌေးဖြစ်ခြင်း
Vol. 23 Ch. 341
လင်းဖန်သည်စိတ်ထဲတွင်အသစ်ရရှိထားသော ဇီဝဆိုင်ရာ ဗဟုသုတများ ပြည့်နှက်နေသည်။
ထို့ကြောင့် ကျောင်းတွင် အချိန်အကြာကြီး ဆက်နေမည့်အစား Mercedes-Benz G ကို မောင်းနှင်ပြီး ပန်းလုံဗီလာသို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။
ဧည့်ခန်းရှိ ကော်ဖီစားပွဲပေါ်တွင် ပစ္စည်းများ အစုအပုံလိုက် ရှိနေသည်။အဲ့ဒါကအင်ဆူလင်ဆေးလုပ်တဲ့စာရွက်စာတမ်းတွေပင်ဖြစ်သည်။
သူ့နံဘေးတွင်ဖောက်ထွင်းမြင်ရတဲ့ အရည်ပုလင်းတစ်ပုလင်းရှိသည်။
သေချာသည်မှာ ဤအရာသည်မစ်ရှင်ပြီးမြောက်သောကြောင့်ရသောဆုလာဘ်ဖြစ်တယ်ဆိုတာပင်ဖြစ်သည်။
ဤဖောက်ထွင်းမြင်ရသောအရည်ပုလင်းသည်အင်ဆူလင်ဆေးပင်ဖြစ်သည်။
လင်းဖန်က ခဏလောက်စဉ်းစားပြီး “ရှောင်ဘိုင်” လို့ခေါ်လိုက်သည်။
“ဆရာရှောင်ဘိုင်ကိုကြိုက်တာသာပြောပါ ။” သူ၏လက်ကောက်ဝတ်ရှိ စူပါစမတ်နာရီသည် ကြည်လင်ပြတ်သားသော အသံထွက်ပြီး နာရီမျက်နှာပြင်သည်အနည်းငယ်လင်းလက်လာသည်။
“အင်ဆူလင်ဆေးဝါးအတွက် မူပိုင်ခွင့်ကို မှတ်ပုံတင်ဖို့ ကူညီပေးနိုင်မလား။” လင်းဖန်သည် သူ့လက်ထဲတွင်ရှိသောအရည်ပုလင်းနှင့် စာရွက်စာတမ်းများကို မြှောက်ပြီးပြောလိုက်သည်။
စူပါစမတ်နာရီသည် အနီရောင်အလင်းတန်းတစ်ခုထွက်လာပြီး စာရွက်စာတမ်းနှင့်အရည်ပုလင်းကိုစကင်န်ဖတ်ကာခဏအကြာတွင်၊ “ရပါတယ်၊ ပြဿနာမရှိပါဘူး” ဟုပြောသည်။
ထို့နောက် ချက်ချင်းပင်၊ စူပါစမတ်နာရီများတွင် မရေမတွက်နိုင်သော ကုဒ်များ ပေါ်လာသည်။
ဆယ်မိနစ်ခန့်အကြာတွင် ရှောင်ဘိုင်က “ဆရာ ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်မှတ်ပုံတင်ပြီးပါပြီ”
တစ်ချိန်တည်းမှာပင်၊ မူပိုင်ခွင့်စာရွက်စာတမ်းများ၏ အီလက်ထရွန်းနစ်ဗားရှင်း(အီလက်ထရွန်းနစ်ဗားရှင်းဆိုတာကမူပိုင်ခွင့်ပါအကြောင်းအရာကိုပြောတာပါ)သည် စူပါစမတ်နာရီ၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
လင်းဖန်က “မင်းကတော်လိုက်တာ။”
ရှောင်ဘိုင်က ဝမ်းသာအားရနဲ့ “ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ် သခင် “
၎င်း၏စခရင်ပေါ်တွင် ပြုံးနေသောမျက်နှာပါသော အီမိုဂျီတစ်ခု ပေါ်လာသည်။
လင်းဖန်သည် မဝေးလှသော ကွန်ပြူတာအား စိုက်ကြည့်ကာ “ငါလဲစာရွက်စာတမ်းကို ရေးရင် ပိုကောင်းမယ်ထင်တယ်’’ဟု ရေရွတ်လိုက်သည်။
စကားပြောနေစဉ် ရှေ့သို့ လျှောက်သွားလိုက်သည်။
5 စက္ကန့်ကြာပြီးနောက်, ကွန်ပျူတာကိုဖွင့်ကိုကာလင်းဖန်၏လက်များသည် ကီးဘုတ်ပေါ်ကိုလျင်မြန်စွာ နှိပ်နေလေသည်။
အလွန်ရှုပ်ထွေးသော စာများသည် မျက်နှာပြင်ပေါ်တွင် ထူထပ်စွာ ပေါ်လာသည်။
တစ်နာရီလောက်ကြာတော့ စာရွက် အပြည့်အစုံ ပေါ်လာလေသည်။
လင်းဖန်သည်သူ့နာမည်ကို ပထမနေမှာ ရေးလိုက်သည်။
ဝူတန် နှင့် ကျောက်ချင်တို့ကို ဒုတိယနေရာတွင်ဖြင့် ရေးသားထားလိုက်သည်။
ကျောက်ကျူနှင့် လီဖန် တို့သည် စူပါဘက်ထရီစာတမ်းဆိုင်ရာ စမ်းသပ်မှုများကို ကြည့်ရှုရန် လင်းဖန်ကိုဖိတ်ခေါ်ခဲ့သည်။
ထို့ကြောင့်လင်းဖန်သည် ဒုတိယနေရာတွင် ၎င်းတို့၏အမည်များကို ရေးသားခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ ဝူတန်နဲ့ကျောက်ချင် က သူ့ကို ဇီဝဗေဒဆိုင်ရာ စမ်းသပ်ချက်ကို ပြသခဲ့သောကြောင့်လင်းဖန်သည်သူတို့နာမည်ကိုဒုတိယနေရာတွင်ရေးခဲ့ခြင်းဖြစ်သည်။
“ငါနောက်ဆုံးအကြိမ်ကသိပ္ပံကို ပို့ခဲ့ပြီးပြီဆိုတော့ ဒီတစ်ခါတော့ ဇီဝဗေဒဆီ သွားကြရအောင်။”
လင်းဖန်သည် သူ့ကိုယ်သူ အသံထွက်ကာ “ဇီဝဗေဒ” ၏ အယ်ဒီတာစာတိုက်ပုံးသို့သွားပြီး ပို့ရန် နှိပ်လိုက်သည်။
ထို့နောက် လင်းဖန်က “ရှောင်ဘိုင် ပြီးခဲ့တဲ့ တစ်ခေါက်လိုပဲ၊ စာရွက်ကို အချိန်တိုတိုနဲ့ ပြန်သုံးသပ်လို့ရအောင်လုပ်ပေးအုံး။”
ရှောင်ဘိုင် က “ငါ့တာဝန်သာထားလိုက်ပါ..သခင်!”
...
ထိုအချိန်တွင်၊ အမေရိကန်၌ နံနက်ခင်းဖြစ်သည်။
ဇီဝဂျာနယ်၏ အယ်ဒီတာ ဘယ်ရီသည် ပျော့ပျောင်းသောကုတင်ပေါ်တွင် လဲလျောင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။
နောက်အခိုက်အတန့်တွင် စတီရီယို၊ တီဗီများ၊ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ... အသံထွက်နိုင်သော လျှပ်စစ်ပစ္စည်းများ အားလုံးသည် ကျယ်လောင်သောအသံများရုတ်တရက်ထွက်ပေါ်လာသည်။
အသံကြားပြီးဘယ်ရီက ထိတ်လန့်စွာ မတ်တပ်ထရပ်ပြီး မျက်လုံးများ ပြူးစွာဖြင့် “စက်တွေကဘာလို့အသံမြည်လာတာလဲ...ဒါမှမဟုတ်..သ...သ..သရဲ...”
ထို့နောက် သူသည် မြေပြင်ပေါ်သို့လဲကျသွားပြီး မေ့လဲသွားခဲ့သည်။
ထိုအချိန်တွင် အခန်းတွင်းရှိ လျှပ်စစ်ပစ္စည်းများ တစ်ဖန်ငြိမ်သက်သွားပြန်သည်။
ပြီးတော့ “ဇီဝ” ရဲ့ အယ်ဒီတာလည်းဖြစ်တဲ့ အေမွန် ရဲ့အိမ်မှာလည်းအလားတူဖြစ်ရုပ်များဖြစ်သွားခဲ့သည်။
...
ထိုညတွင် “ဇီဝ” တည်းဖြတ်သူအများအပြား၏အိမ်ရှိလျှပ်စစ်ပစ္စည်းအားလုံးသည်အလိုအလျောက်ဖွင့်ပြီးဆူညံသွားကြသည်။
အယ်ဒီတာအချို့ကထိတ်လန့်ခြောက်ခြားကာ အချို့သော အယ်ဒီတာများသည် ကွန်ပြူတာ စာတိုက်ပုံးတွင် အီးမေးလ်ကို ရှာဖွေတွေ့ရှိခဲ့သည်- “အင်ဆူလင်”။
နောက်တစ်နေ့တွင် မူဖန်တက္ကသိုလ်၏ ဇီဝဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်းတွင် ကမ္ဘာကျော် ဇီဝဆေးပညာပါမောက္ခများ၏ ဦးဆောင်မှုအောက်တွင် အလွန်အလုပ်များသော စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။
...
လင်းဖန်သည်ကတော့ဒါကို လုံးဝမသိပေ။
အိပ်ရာမှ နိုးလာပြီးနောက်ဖုန်းစခရင်ကို တစ်ချက်ကြည့်လိုက်သည်။
“၀:၀၀ နာရီတွင်၊ တရုတ်ဘဏ်မှ ၇,၅၃၂,၁၀၂ ယွမ်ကို ရရှိသည်။”
လင်းဖန်က သူ့ဖုန်းကို ဘေးဖယ်ထားပြီး “ဒီနေ့ ဆိုင်းအင်ဝင်တာဘာရမလဲ ကြည့်ရအောင်” ဟု ရေရွတ်လိုက်သည်။
“ဆိုင်းအင်လုပ်မယ်!”
【ဒင်း! ဂုဏ်ယူပါတယ်၊ ကျန်ပေ့ မြို့ရဲ့ တောင်ဘက် ဆင်ခြေဖုံးရှိ တောင်ကိုရရှိသည်။ 】
“တောင်ဘက် ဆင်ခြေဖုံးက တောင်လား? တောင်ကဘာအကျိုးရှိလို့လဲ၊ ငါတောင်ဘုရင် မဖြစ်ချင်ဘူး...” လင်းဖန်က ခေါင်းခါပြီး “မေ့လိုက်ပါ၊ 10 သန်းထက်တော့ပိုကောင်းတာပေါ့” လို့ ပြောလိုက်သည်။
“ကလင် ကလင် ကလင်.....!”
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် ကျယ်လောင်စွာမြည်လာခဲ့သည်။
ခေါ်ဆိုမှုသတိပေးချက်ကို ကြည့်လိုက်တော့ လီယွင်ဟိုင်ဆိုတာကိုသိလိုက်သည်။
လင်းဖန်သည် လီယွင်ဟိုင်ကို အထင်ကြီးသည်။
ပထမဦးစွာ လီယွင်ဟိုင်သည် ရာစုနှစ်ရှိ ဂျင်ဆင်းအကြောင်း အချက်အလက်ကို မပေးပါက၊ လင်းဖန်သည် ရာစုနှစ်ရှိ ဂျင်ဆင်းကို ရရှိရန်နှင့် ဆေးရေဝယ်ယူခွင့်ကို ရရှိရန် အချိန်ပိုပေးရမည်မှာသေချာသည်။
ဒုတိယအချက်မှာ လီယွင်ဟိုင်၏ စရိုက်နှင့် ကိုယ်ရည်ကိုယ်သွေးသည် အလွန်ကောင်းမွန်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် လင်းဖန်သည် အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။
“အစ်ကို လင်း မင်္ဂလာနံနက်ခင်းပါ’’ ဖုန်းကိုင်လိုက်သည်နှင့် လီယွင်ဟိုင် ၏ ကျယ်လောင်သောအသံထွက်ပေါ်လာသည်။
လင်းဖန် က “မင်းငါ့ကိုဘာပြောစရာရှိလို့လဲ’’
လီယွင်ဟိုင် က “ကောင်းပါပြီ၊အစ်ကို လင်း ငါ မင်းကို သတင်းကောင်း ပြောစရာရှိတယ်!”
“သတင်းကောင်း?” လင်းဖန်က သံသယစိတ်ဖြင့် မေးလိုက်သည်။
လီယွင်ဟိုင်က ချက်ချင်းပြန်မဖြေဘဲ “အစ်ကိုလင်း၊ကျန်ပေ့ တောင်ဘက် ဆင်ခြေဖုံးမှာရှိတဲ့ တောင်က မင်းနာမည်နဲ် မဟုတ်လား” လို့ မေးလိုက်သည်။
လင်းဖန်သည်လီယွင်ဟိုင်ကမည်သို့သိတာလဲဟုစဉ်းစားလိုက်သည်။ ဒီကောင်ကအနာဂတ်ကိုကြိုသိတာလား။
ဒီလိုတွေးနေပေမယ့် လင်းဖန်က “ဟုတ်တယ်လေ ဘာကိစ္စရှိလို့လဲ”
“ဟုတ်တယ် ဒါဆိုအစ်ကိုလင်းပဲပေါ့ဟားဟား’’ လီယွင်ဟိုင်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
လင်းဖန်သည် ခဏမျှ အံ့အားသင့်သွားသည်။
ဒီကောင်ကဘာလို့ဒီလောက်ပြောနေရတာတုန်း။
လီယွင်ဟိုင်က”အစ်ကိုလင်း မင်းသိလား။ ကျွမ်းကျင်ပညာရှင်တွေရဲ့ခန့်မှန်းချက်တွေအရ မင်းရဲ့တောင်ပေါ်ရွှေသတ္တုရှိတယ်တဲ့။ပြီးတော့အဲ့ရွှေသတ္တုရိုင်းတွေက ဒေါ်လာ ဘီလီယံ ဆယ်ဂဏန်းထက် ပိုတယ်တဲ့!”
ပထမစာကြောင်းကိုကြားတော့လင်းဖန်သည် မိုင်းသူဌေးဖြစ်လာသောကြောင့် အသစ်အဆန်းနှင့် ပျော်ရွှင်မှုအချို့ရှိခဲ့သည်။
သို့သော် လီယွင်ဟိုင်၏နောက်စကားကိုကြားပြီးနောက်ဘာမှမဟုတ်တော့ပေ။
ဘီလီယံပေါင်း ဆယ်ဂဏန်းလောက် တန်တာလား။
သူ့တွင်တန်ဖိုးတူညီသော ကုမ္ပဏီများနှင့် အဆောက်အဦများစွာကို ပိုင်ဆိုင်သည်။
သူသည် အဲဂရု နှင့် ပန်ကူဂရုတို့၏ ရှယ်ယာများကို ပိုင်ဆိုင်ထားပြီး၊ တစ်ထရီလျံကျော်အထိ ရောက်ရှိခဲ့သည်။
ဒေါ်လာဘီလီယံဆယ်ဂဏန်းလောက်တော့သူသိပ်ပြီး ဂရုစိုက်မစိုက်ပေ။
ဒီတော့ လင်းဖန်က “တကယ်လား ဒါဆို ငါ့ကံကောင်းတာပေါ့”
ဒေါ်လာဘီလီယံ ချီတန်တဲ့ ရွှေတွင်းတွေကို ရရခဲ့သည်။ဒါတောင်ငါက ကံကားတာပေါ့ဆိုတဲ့
စာတစ်ကြောင်းသာပြောတာလား။
ဒါက.,......
သာမန်လူတစ်ယောက်သာဆိုရင်းပျော်လွန်းလို့စကားတွေဆက်တိုက်ပြောနေမည်ဖြစ်သည်။
သို့သော်လည်း ချက်ချင်းပင်၊ လီယွင်ဟိုင် သည် သူ၏ ရန်ပုံငွေ 400% တိုးလာခဲ့သည့် လင်းဖန်၏ သုံးရက်တာကာလကို တွေးပြီး အနည်းငယ် စိတ်သက်သာရာရသွားသည်။
ငွေရေးကြေးရေး ပါရမီရှင်တစ်ယောက်အတွက်၊ ဆယ်ဂဏန်းဘီလီယံပေါင်းများစွာဟာ ကြီးကြီးမားမားကိစ္စမဟုတ်ပေ။