← Chapters

အကုန်ယူမယ်

Vol. 23 Ch. 342

အကုန်ယူမယ်

Vol. 23 Ch. 342

ယနေ့တွင် ကျန်ပေ့၏ တောင်ဘက် ဆင်ခြေဖုံးများတွင် ရွှေတွင်းများ ရှိနေကြောင်း ဘူမိဗေဒ ပညာရှင်များက စစ်တမ်း ကောက်ယူသောအခါ၊ လည်းကောင်းကြောင့်ကျနပေ့တစ်မြို့လုံးတုန်လှုပ်သွားခဲ့သည်။

ကျန်ပေ့မြို့ရှိအရာရှိများအပါအဝင် လူအများအပြားက ဒီနောင်ကိုပိုင်ရှင်မရှိဘူးထင်ပြီးပိုင်ဆိုင်ချင်လာကြသည်။

သို့သော် မကြာမီတွင် ဤတောင်သည် ပိုင်ရှင်ရှိနေကြောင်း သူတို့တွေ့ရှိခဲ့သည်။

ပိုင်ရှင်နာမည်က လင်းဖန်ပင်ဖြစ်သည်။

ထိုသတင်းကိုကြားသောကြောင့်လီယွင်ဟိုင်သည် လင်းဖန်ကိုဖုန်းခေါ်ခြင်းဖြစ်သည်။

ထို့နောက် လီယွင်ဟိုင် နှင့် လင်းဖန် တို့သည် စကားအနည်းငယ်ပြောပြီးနောက်ဖုန်းချလိုက်ကြသည်။

လင်းဖန်က သူ့မေးစေ့ကို ကိုင်လိုက်ပြီး “ရွှေတွင်းလား?”

အနည်းငယ်စဉ်းစားပြီးနောက် ဖန်လုံ လုံခြုံရေးကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဝမ်လီ ၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။

“မစ္စတာလင်း မင်္ဂလာပါ၊ မင်း ညွှန်ကြားချင်တာရှိလို့လား” ဝမ်လီ သည် အလွန်လေးစားသော လေသံဖြင့် ပြောလိုက်သည်။

ဒါကိုကြားတော့လင်းဖန်သည်ဝမ်လီကို အတော်လေး ကျေနပ်သွားသည်။

လင်းဖန်က “ကျန်ပေ့ရဲ့ တောင်ဘက် ဆင်ခြေဖုံးက ငါ့ရဲ့တောင်မှာ ရွှေတွင်းကို ရှာတွေ့ခဲ့တယ်၊ မင်းမှာ နည်းလမ်းရှိလား”

ဝမ်လီသည် ထိုစကားကိုကြားသောအခါ သူ့အသက်ရှူသံများ မြန်ဆန်လာခဲ့သည်။

သူက စိတ်လှုပ်ရှားစွာနဲ့ “မစ္စတာလင်း၊ ကျွန်တော် ရွှေတွေအားလုံးကိုထုတ်ယူသလောက်အကုန် ပေးမယ်လို့ ကတိပေးပါတယ်။”

လင်းဖန်က “ကောင်းပြီ!”

လင်းဖန်သည် နံနက်စာစားပြီးနောက်တွင် Mercedes-Benz G(ကား) ကို မောင်းနှင်ပြီးကေအမ်မောသို့ တန်းတန်းမတ်မတ် မောင်းနှင်ခဲ့သည်။

အကြောင်းကတော့ မနေ့က သူသည်ချူစီရှင်းနဲ့ ဟေးလင်းတို့နဲ့အတူတူ ဈေးဝယ်ထွက်ဖို့ ချိန်းထားတာကြောင့်​ပင်ဖြစ်သည်။

…………

ထိုအချိန်တွင် ချူစီရှင်း နှင့် ဟေးလင်းတို့ သည် ကေအမ်မော၏ ဂိတ်ပေါက်သို့ ရောက်လာသည်။

ယနေ့ ချူစီရှင်းသည် အဖြူရောင်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

ဟေးလင်းသည် အဝါရောင်ဖျော့ဖျော့စကပ်နှင့်အဝါရောင်ရှပ်အင်္ကျီတို့ကို ၀တ်ဆင်ထားပြီး သူမ၏ပြီးပြည့်စုံသော အသွင်အပြင်သည်လူအများ၏ နှလုံးသားကို အရည်ပျော်သွားအောင်လုပ်နိုင်သည်။

သူတို့နှစ်ဦးသည် လှပသောရှုခင်းတစ်ခုကဲ့သို့ တံခါးဝတွင်ရပ်နေသောကြောင့် ယောက်ျား၊မိန်းမများ၏ မျက်လုံးများကို ဆွဲဆောင်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ အဖြူရောင်ရှပ်အင်္ကျီဝတ်ထားသည့် ဂိုဇီအမည်ရှိ လူတစ်ယောက်ရှိသည်။

ဂိုဇီသည် သာမန်အလုပ်သမားတစ်ဦးဖြစ်သည်။

အရင်တုန်းကတော့သူသည်သာမန်ပုံစံအဖြစ်နဲ့သာဝတ်ဆင်သည်။

ဒါပေမယ့် ဒီနေ့တော့....

သူ့သည်သူ့စတိုင်လ်ကို ပြောင်းလိုက်ပြီး ချောမောတယ်လို့ ထင်တဲ့ ဆံပင်ပုံစံကို လုပ်လိုက်ပြီးအနက်ရောင် မျက်မှန်ကို ၀တ်ထားကာ ခေါင်းကို မော့ပြီး ရင်ကိုကော့ကာယုံကြည်မှုအပြည့်ဖြင့်လမ်းလျှောက်လာသည်။

ဘာလို့လဲဆိုတော့ မနေ့ညက သူ့အဖေက သူတို့အိမ်ရှေ့ရှိ တောင်က ရွှေတွင်းလို့ ပြောလ်ုက်လို့ပင်ဖြစ်သည်။

ဂိုဇီသည် သတင်းကြားပြီးနောက် အလွန်ဝမ်းသာသွားသည်။

ရွှေတွင်း!

ဒါက... သူမကြာခင်မှာ အလွန်ချမ်းသာတဲ့ ဒုတိယမျိုးဆက် ဖြစ်လာနိုင်တယ်ဆိုတာ ပြသနေသည်။

အရင်တုန်းကတော့ သူ့မှာ ပိုက်ဆံမရှိသလို တခြားသူတွေထက် ယုတ်ညံ့တယ်လို့ အမြဲလိုလို ခံစားလာရတာကြောင့် ပုံမှန်သာနေသည်။

အခု သူ့မှာ ပိုက်ဆံရှိတော့မယ်ဆိုတာ သိပြီးတဲ့နောက်မှာတော့သူသည်သူ့ပုံစံကိုလုံးဝပြောင်းလိုက်တော့သည်။

နောက်ဆုံးတွင် သူ့နှလုံးသားထဲတွင် အိပ်ပျော်နေသော လောဘသားရဲသည် နိုးထလာခဲ့သည်။

အရင်တုန်းကတော့ ဂိုဇီဟာ ​​ချောမောလှပတဲ့ အမျိုးသမီးတွေကို တွေ့တဲ့အခါ စကားစမြည်ပြောဖို့ တစ်ခါမှ မဝံ့ရဲခဲ့ပေ။

ဒါပေမယ့် ဒီနေ့တော့........

…………

ချူစီရှင်း က “လင်းဖန် ခဏနေလာလိမ့်မယ်ထင်တယ်။ငါတို့ဟိုနားဒီနားလျှောက်ကြည့်ရအောင်”

“အင်း” ဟေးလင်း က ပြောလိုက်သည်။

စကားပြောပြီးနောက်သူတို်နှစ်ယောက်သား တံခါးနားရှိကလာစ် စတိုးဆိုင်ထဲကို လျှောက်သွားလိုက်သည်။

“မင်္ဂလာပါ “ ကလာစ်အရောင်းဝန်ထမ်းအမျိုးသမီးက ပြုံးပြီးပြောလိုက်သည်။ “ငါဘာကူညီပေးရမလား”

ချူစီရှင်းက “ရပါတယ်၊ငါအရင်ကြည့်လိုက်အုံးမယ်။”

“ကောင်းပြီ။” ဝန်ထမ်းအမျိုးသမီးက ပြောသည်။

ထို့နောက်ချူစီရှင်းနှင့် ဟေးလင်းတို့သည် ဝတ်စုံတစ်ချို့ကိုကိုင်ပြီးသူတို့ကိုယ်ပေါ်တွင်တိုင်းပြီးနောက်သမူတို့၏လှပသောမျက်နှာများသည် အပြုံးများပြည့်နှက်နေသည်။

သူတို့နောက်က လူတစ်ယောက်လိုက်လာနေတာကို သူတို့ သတိမထားမိပေ။ထိုသူကတော့ဂိုဇီပင်ဖြစ်သည်။

ဂိုဇီသည် ကလာစ်စတိုးဆိုင်သို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်းဖြစ်သည်။

ပထမ၊ သူသည် ချူစီရှင်းနှင့် ဟေးလင်းတို့ကို တိတ်တဆိတ်ကြည့်ပြီးနောက် အဝတ်နှစ်ထည်ကို ကောက်ကိုင်လိုက်ပြီး ဈေးများကို တိတ်တဆိတ် လှန်ကြည့်လိုက်သည်။

“28999 ယွမ်!”

“45888 ယွမ်!”

စျေးနှုန်းကိုမြင်ပြီးနောက်ဂိုဇီကအံ့အားသင့်သွားပြီး နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်သည်။

ဘာလို့ဆိုဈေးက အရမ်းကြီးလို့ပင်ဖြစ်သည်။

ထိုအချိန်တွင် ဟေးလင်းသည်အပြာရောင်ဝတ်စုံကိုစိုက်ကြည့်နေသည်ကိုဂိုဇီသည်သတိပြုမိပြီး ဈေးနှုန်းမှာ ယွမ် ၂၈,၉၉၉ ဖြစ်သည်။ဟေးလင်းက”အဲဒါက တော်တော်လှပုံရတယ်။”ဟုပြောလိုက်သည်။

ဒီအသံကို ဂိုဇီကြားလိုက်တဲ့အခါ သူ့တစ်ကိုယ်လုံး အနည်းငယ်တုန်ခါသွားခဲ့သည်။

ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။

အခု ငါက အလွန်ချမ်းသာတဲ့ ဒုတိယမျိုးဆက်ပါ။

သောင်းနှင့်ချီတန်သောအဝတ်အစားများသည် သူ့အတွက်တော့ဘာမှမဟုတ်ဘူးမလား။(သူ့အတွေး)

ထို့ကြောင့် သူသည် လူကြီးလူကောင်းတစ်ယောက်လို ခေါင်းမော့ကာ ရှေ့နှစ်လှမ်းတိုးကာ ယွမ်ငွေ ၂၈,၉၉၉ရှိသော အပြာနုရောင်အဝတ်အစားကို ကောက်ယူကာ ဟေးလင်းအား ပြုံးပြကာ “လှပတဲ့မိန်းကလေးတွေက စျေးကြီးတဲ့အဝတ်အစားနဲ့သာလိုက်ဖက်တယ် .”

ထို့နောက် သူက စျေးဝယ်လမ်းညွှန်(အရောင်းဝန်ထမ်းမ)ကို “ဒီဝတ်စုံကို ထုတ်ပေးပါ” လို့ ပြောလိုက်သည်။

ထို့နောက် ဘဏ်ကတ်ကို ထုတ်ပေးလိုက်သည်။

စျေးဝယ်လမ်းညွှန်က “ကောင်းပြီ။”

POS စက်ပေါ်သို့ဘဏ်ကတ်ကို ကောက်ကိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပွတ်ဆွဲလိုက်သည်။

“ဒီ!”

POS စက်မှ ပြတ်သားသော အသံတစ်ခုထွက်ပေါ်လာသည်။

ထို့နောက်ငွေပေးချေတာအောင်မြင်ကြောင်းပေါ်လာသည်။

ဂိုဇီ က အပြာနုရောင် ၀တ်စုံကို ကောက်ကိုင်ကာဟေးလင်းကို ပေးလိုက်ပြီး “မင်းအတွက် လက်ဆောင်ပါလှပတဲ့မိန်းကလေးရေ။”

အခုချိန်မှာတော့သူ့ကိုသူခန့်ချောကြီးလို့ထင်နေလေသည်။

ဂိုဇီသည် စိတ်ကူးယဉ်နေပြီဖြစ်သည်.....

သူနှင့်ဟေးလင်းတို့သည် အတူတကွ စားသောက်ကြပြီး လက်ဆွဲနှုတ်ဆက်ကြသည်။

......

သို့သော်... ဟေးလင်း ၏ အသံသည် သူ့စိတ်ကူးကို လျင်မြန်စွာ ရပ်တန့်စေပြီး “ငါမလိဘူး” ဟု ပြောလိုက်သည်။

ဂိုဇီက ဒေါသမထွက်ဘဲ “အလှလေးဒီအင်္ကျီနဲ့မင်းကအတော်လိုက်တယ်၊ဒါကြောင့်ယူလိုက်ပါ...”

ထိုအချိန်တွင် ဆိုင်တံခါးမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

“သူက မလိုဘူးလို့ပြောနေတယ်လေ။သူတို့လိုချင်တယ်ဆိုရင်ငါဝယ်ပေးမယ်၊သူများဝယ်ပေးစရာမလိုဘူး’’

ဒီအသံက လင်းဖန်ပင်ဖြစ်သည်။

ချူစီရှင်းနှင့် ဟေးလင်းတို့ဒါကိုကြားလိုက်သောအခါတွင် သူမတို့၏ လှပသော မျက်လုံးများ အနည်းငယ် တောက်ပလာသည်။

ထို့နောက် ရှေ့သို့လှမ်းရန် မစောင့်နိုင်တော့ဘဲ လင်းဖန်၏လက်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ကာ “လင်းဖန်!”

ယခင်ကဆိုလျှင် ဟေးလင်း သည် ပို၍ သီးသန့်ဖြစ်လိမ့်မည်ဖြစ်သည်။

လူများသောနေရာများတွင် သူမသည် ချူစီရှင်းနှင့်အတူလင်းဖန်ကို မပွေ့ဖက်ပေ။

သို့သော်လည်း အချိန်အတော်ကြာအောင် မတွေ့ရသောကြောင့်သူမသည်လင်းဖန်ကိုအတော်လွှမ်းနေသည်။ထို့ကြောင့်သူမသည်ကျန်တာ​တွေကိုဂရုမစိုက်ဘဲလင်းဖန်ကိုဖက်လိုက်ခြင်းဖြစ်သည်။

ဒါကိုကြည့်ရင်း....

ဂိုဇီတစ်ယောက်အေးခဲသွားသည်။

ဟေ... အခြေအနေ ဘယ်လိုလဲ။

ဒီအလှမယ် နှစ်ယောက်မှာ ရည်းစားတွေ ရှိတယ်!

ထို့အပြင်၊ သူတို့ကတူညီသောလူတစ်ယောက်ရဲ့ရည်စားဖြစ်သည်။ ?

အဘယ်ကြောင့်?

အဘယ်ကြောင့်!

လင်းဖန်သည် ထိုမျှလောက်ကို လျစ်လျူရှုကာ စျေးဝယ်လမ်းညွှန်ဘက်သို့ လှည့်ကာ “သူတို့ကြိုက်တဲ့အဝတ်တွေ အကုန်ထုပ်ပေးပါ”

ဟေးလင်းနှင့် ချူစီရှင်းတို့က ချက်ချင်းပင် သကြားလုံးကို ချိုမြိန်စွာ စားသလိုမျိုးဖြစ်သွားလေသည်။

စျေးဝယ်လမ်းညွှန်က အနည်းငယ် အံ့အားသင့်သွားပြီး “တစ်ထည်... စုစုပေါင်း အဝတ် ၈ ထည်၊ အားလုံးကို ယူမှာလား...?”

လင်းဖန်က ခေါင်းညိတ်ပြီး “ဟုတ်ကဲ့” ဟုပြောသည်။

“ကောင်းပြီ မစ္စတာ။” စျေးဝယ်လမ်းညွန်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။

သူမ အမြန်ထုပ်ပိုးလိုက်ပြီး “စုစုပေါင်း ယွမ် 198,990ကျပါ်” လို့ပြောလိုက်သည်။

လင်းဖန်သည် သူ့ဘဏ်ကတ်ကို ပေါ့ပေါ့ဆဆ ထုတ်ယူလိုက်သည်။

“ဒီ’’

အသံတိုးတိုးလေးထွက်ပြီးနောက် ငွေစာရင်းပေါ်လာသည်။

တစ်ချိန်တည်းမှာပင် လင်းဖန်၏ဖုန်းထဲတွင် စာအိတ်အနီ ၁၉ အိတ်ပေါ်လာသည်။

ထို့နောက် လင်းဖန်သည် ဟေးလင်း ကို ဘယ်လက်ဖြင့် ဆုပ်ကိုင်ထားပြီး ချူစီရှင်းကို ကို ညာလက်ဖြင့် ဆုပ်ကိုင်ကာ အပြင်သို့ ထွက်လာခဲ့သည်။

All Chapters