← Chapters

ရွှေတွင်းမရှိခြင်း

Vol. 23 Ch. 343

ရွှေတွင်းမရှိခြင်း

Vol. 23 Ch. 343

ကလာစ်စတိုးဆိုင်ထဲတွင်ဂ်ုဇီသာ ကျန်တော့ပြီး ယွမ် 45,888 တန်တဲ့ အဝတ်အစားတစ်ထည်ကို ကိုင်ဆောင်ကာ ခဏတာ အထိတ်တလန့် ဖြစ်နေသည်။

ဆိုင်ထဲမှာ မလှုပ်မယှက် ရပ်နေတာတွေ့တော့ သူ့ဘေးက စျေးဝယ်လမ်းညွန်က “မစ္စတာမင်းအကူအညီလိုသေးလား” ဟု မေးလိုက်သည်။

ဒါမှဂိုဇီက အသိစိတ်ပြန်ဝင်လာပြီး သူ့လက်ကို ထပ်ခါထပ်ခါ ဝှေ့ယမ်းရင်း “မလိုပါဘူး... မလိုပါဘူး”

ထို့နောက် ကလာစ် မှ အမြန်ထွက်လာခဲ့သည်။

“ဂီး...!”

ထိုအချိန်တွင် ဂီုဇီသည် သူ့ဗိုက်ထဲမှအသံထွက်ပေါ်လာသည်။

သူ့ရှေ့ရှိစားသောက်ဆိုင်ကို ကြည့်လိုက်ပြီး အထဲကို တိုက်ရိုက်ဝင်သွားလိုက်သည်။

ဒေါ်လာ သောင်းနဲ့ချီပြီး သုံးစွဲနေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အလှတရားနဲ့ စကားစမြည်ပြောဖို့ မအောင်မြင်တဲ့အတွက် စားချင်သောက်ချင်စိတ်ဖြစ်ပေါ်လာတာနေမယ်လို့တွေးလိုက်သည်။

ထို့ကြောင့် ဂိုဇီသည် ဤအစားအစာအတွက် ဟင်းအမယ်များစွာကို မှာကြားလိုက်သည်။

....

မှာထားသောဟင်းပွဲများကိုအကုန်ပြောင်အောင်ရှင်းပြီးနောက်သူသည်အရမ်းကျေနပ်နေသည်။

ဂိုဇီက သူ့ပါးစပ်ထောင့်က အဆီတွေကို သုတ်လိုက်ပြီး “စားပွဲထိုး၊ ငွေရှင်းမယ်!”

“စုစုပေါင်း ၇၉၉ ယွမ်ပါ’’ စားပွဲထိုးက ပြောလိုက်သည်။

ယခင်က ဂိုဇီသည် အစာတစ်နပ်စာက်ု799 ယွမ်သာသုံးရင်နှလုံးအလွန်နာကျင်နေမည်မှာသေချာသည်။

ဒါပေမယ့် ဒီနေ့တော့ သူ အရမ်းစိတ်အေးလက်အေးဖြစ်နေသည်။

တကယ်တော့ သူက အခု စူပါချမ်းသာတဲ့ ဒုတိယမျိုးဆက်ဖြစ်နေပြီဖြစ်သည်။

ဒါကြောင့်ဘဏ်ကတ်ကို ပေါ့ပေါ့ပါးပါး ထုတ်ပေးလိုက်သည်။

“ဒီဒီဒီ!”

စားပွဲထိုးသည် ဘဏ်ကတ်ကိုယူကာ POS စက်ပေါ် ပွတ်ဆွဲလိုက်သော်လည်း လျင်မြန်သော အသံတစ်ခုထွက်ပေါ်လာသည်။

“တောင်းပန်ပါတယ်၊ သင့်ဘဏ်ကတ်လက်ကျန်က မလုံလောက်ဘူး။” စားပွဲထိုးက ပြောလိုက်သည်။

ဒါကိုကြားတော့ဂိုဇီက မျက်မှောင်ကြုတ်ပြီး “လက်ကျန်မလုံလောက်ဘူးလား၊ ဘယ်လိုဖြစ်နိုင်မှာလဲ!”

သို့သော် သူ၏စုစုပေါင်းမှာယွမ် ၄၆၀၀၀ သာရှိကြောင်း အမြန်သတိရလိုက်သည်။

ကလာစ်တွင်အဝတ်အစားဝယ်ဖို့ ယွမ် 45888 သုံးလိုက်သောကြောင့်လက်ကျန်ငွေမလောက်တာက ပုံမှန်ပင်ဖြစ်သည်။

ထို့နောက် ဂိုဇီ သည် ၎င်း၏ လက်ကိုင်ဖုန်းကို ထုတ်၍ ဝီချက်ရှိ လက်ကျန်ငွေ 1.3 ယွမ်ကို ကြည့်လိုက်သည်။

သူက ချောင်းဆိုးတာကို “အဲ... စားပွဲထိုး၊ ခဏစောင့်ပေးပါငါဖုန်းခေါ်လိုက်အုံးမယ်’’

စားပွဲထိုးက “ကောင်းပြီ။”

စကားပြောပြီးနောက် တစ်ဖက်သို့ လျှောက်သွားသည်။

သို့သော်လည်း စားပွဲထိုး၏မျက်လုံးများသည် ဂိုဇီကိုသာမျက်တောင်မခတ်ပဲစိုက်ကြည့်နေခဲ့သည်။

ထိုသဏ္ဌာန်သည် ရုတ်တရတ်ထွက်မပြေးနိုင်အောင် ထင်ရှားသည်။

ဂိုဇီက ဒါကို ဂရုမစိုက်ဘဲ သူ့အဖေရဲ့ ဖုန်းနံပါတ်ကို တိုက်ရိုက်ခေါ်လိုက်သည်။

ပျော့ပျောင်းသော မြည်သံနှစ်ခုပြီးနောက်၊ ခေါ်ဆိုမှုကို ချိတ်ဆက်ခဲ့သည်။

“ဇီမင်းဘာလို့ခေါ်တာလဲ” ဖုန်းထဲတွင်သူအဖေဂိုအန် ထံမှ ပွက်ပွက်ဆူညံညံအသံတစ်ခုထွက်ပေါ်လာသည်။

ဂိုဇီ က “ဖေဖေ၊မင်းဘနားကအသံကဘာလဲ။”

“တောင်ပေါ်မှာ ရွှေတွင်းတွေ တွေ့တယ်လို့ မနေ့က ငါပြောတယ် မဟုတ်လား အခု စက်တွေနဲ့ လာနေပြီ၊မကြာလင်တူးဖော်တော့မယ်။” ဂိုအန်ကပြောကာတံတွေးထွေးလိုက်သည်။

ဂိုဇီသည် သူ့အဖေတံတွေးထွေးခြင်းကို အမြဲမကြိုက်ဖြစ်ပြီး ၎င်းသည် အလွန်ရွံရှာဖွယ်ကောင်းသည်ဟု ထင်ခဲ့သည်။

သို့သော် ဤအချိန်တွင်တေည့သဘာဝ၏အသံကို ကြားရသည်ဟု သူထင်မိသည်။

နောက်ဆုံးတော့ ငါက စူပါသူဌေးရဲ့ ဒုတိယမျိုးဆက် ဖြစ်လာတော့မှာပဲ။

ဂိုဇီ က စိတ်လှုပ်ရှားစွာနဲ့ “တကယ်လား? ဖေဖေ၊ မင်း ငါ့ကို သိန်းချီပြီး အရင်ပို့ပေးလို့ရမလား”

“ဘာပြောတာလဲ။” ဂိုအန် က အော်လိုက်တယ်။

ဂိုဇီက ကျွန်တော်တို့ရွှေတွင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လေ။ကျနော့်ကိုအနည်းဆုံး သန်းဆယ်ဂဏန်းလောက်ကို ခွဲပေးသင့်တယ်မလား။”

ဂိုအန် က “သူများပိုင်တဲ့ရွှေတွင်းကိုငါကဘာလို့ခွဲပေးလို့သွားပြောရမှာလဲ။မင်းဂေါက်နေပြီလား”

ဂိုဇီခဏလောက် ထိတ်လန့်သွားပြီး “အဖေ... ငါတို့အိမ်ရှေ့ရှိတောင်ကြီးကငါ့တို့ပိုင်တာမဟုတ်ဘူးလား”

ဂိုအန် က “လိ့ကိုပိုင်တာလား။စောင့်ရူးကောင်ရ’’

ထို့နောက်ဂိုအန်က “အခြားပြောစရာရှိသေးလား? မရှိရင်ငါရွှေတွင်းတူးတာကိုကြည့်ဖို့ သွားပြီ”

စကားပြောပြီးနောက် ဖုန်းချလိုက်သည်။

“ဒူဒူ!”

ဂိုဇီတစ်ဦးတည်းသာ ကျန်ခဲ့ပြီး ဖုန်းကို ကြောင်တက်တက်ကိုင်ထားခဲ့သည်။

မဟုတ်ဘူး……

ငါ့အိမ်မှာ ရွှေတွင်းမရှိဘူး။

ငါက အလွန်ချမ်းသာတဲ့ ဒုတိယမျိုးဆက် မဟုတ်တော့ဘူး။

ဘာမှမကျန်တော့ဘူး။

အားလုံးသွားပြီ။

ခေါင်းကို ဖြည်းညှင်းစွာငုံ့ပြီး သူ့ဘေးရှိ ယွမ် 45,888 နဲ့ ဝယ်ထားတဲ့ ကလာစ်အဝတ်အစားတွေကို တွေ့တော့ သူ့မျက်လုံးတွေက အနည်းငယ် နီရဲလာပြီး ငိုပါတော့သည်။

အဲဒီအချိန်မှာ စာပွဲထိုးက လာပြီး “ဟဲလို မစ္စတာ အခု ပိုက်ဆံရှင်းတော့မှာလား?”

…………

လင်းဖန်၊ ချူစီရှင်းနှင့် ဟေးလင်းတို့သည် ဂိုဇီကြုံတွေ့ခဲ့ရသည်ကို သိနိုင်မည်မဟုတ်ပေ။

သူတို့သုံးယောက်ဟာ ဈေးဝယ်ထွက်ရင်း စကားစမြည်ပြောကာအေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြသည်။

ကေအမ်မော်က ထွက်လာတော့ အဝတ်အစား ၂၀ ထည်၊ ဖိနပ် ၆ ရံနဲ့ အိတ် ၃ လုံးကို ဝယ်လာခဲ့သည်။ ဝန်ထုပ်ဝန်ပိုး(အိတ်ကြီး၊အိတ်ငယ်)အပြည့်ဖြင့် ပြန်လာကြသည်ဟု ဆိုနိုင်သည်။

ညနေပိုင်းတွင် လင်းဖန်သည် ချူစီရှင်း နှင့် ဟေးလင်းတို့ကိုကြယ်လေးပွင့်ဆိုင်သို့ခေါ်ကာညစာသွားစားကြတော့သည်။

.........

လင်းဖန်သည် ချူစီရှင်းနှင့် ဟေးလင်းတို့ကို ရီကေသို့ ပြန်ရောက်လာသောအခါ...

ချူစီရှင်း နှင့် ဟေးလင်း တို့က လင်းဖန်၏ရင်ခွင်ထဲသို့ တိုက်ရိုက်ဝင်သွားသည်။

ဒီညက အိပ်မပျော်တဲ့ညတစ်ညပင်တည်း။

…………

ထို့နောက် လင်းဖန် သည် ရီကေတွင် နှစ်ရက်နေခဲ့သည်။

သုံးရက်မြောက်နေ့တွင်လင်းဖန်သည်ပန်လုံဗီလာသို့ သူပြန်ရောက်သည်။

သူသည် ပျော့ပျောင်းသော ဆိုဖာပေါ်တွင် ထိုင်ကာ စခရင်ပေါ်ရှိ အနီရောင် စာအိတ် 302 ကို ငုံ့ကြည့်ကာ “302? ဘာရနိုင်မလဲ ကြည့်ရအောင်။”

“အားလုံးဖွင့်မယ်”

“ဒင်း၊ ဂုဏ်ယူပါတယ်၊ ၂ ယွမ်ရသည်။”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 1999 ယွမ် ရခဲ့သည်”

…………

“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် ၈၈၈ရသည်။”

“ဒင်း! ဂုဏ်ယူပါတယ် Cullinan(ကား) တစ်စီးရသည်။”

…………

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 334 ယွမ် ရခဲ့သည်”

“ဒင်း၊ ဂုဏ်ယူပါတယ်၊ 1 ယွမ် ကတ်ပြားကို ရရှိသည်။”

…………

စာအိတ်အနီ 302 သည်ယွမ် 3.02 သန်း အကုန်အကျခံ၍ ရရှိသော အနီရောင်စာအိတ်များဖြစ်သည်။

ဤစာအိတ်အနီများကိုဖွင့်ပြီးနောက် လင်းဖန်သည် စုစုပေါင်း ၈၉,၁၁၂ ယွမ်၊ Cullinan (ကား)တစ်စီးနှင့် ၁ ယွမ် ကတ်ပြားကို ရရှိခဲ့သည်။

Cullinan(ကား) ၏စျေးနှုန်းသည် ယွမ် ၉ သန်းဖြစ်သည်။

၁ ယွမ်ကတ်၊၁ ယွမ် သုံးစွဲလိုက်ရင် ယွမ် သန်း ၁၀၀ ရနိုင်သည် ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး... လင်းဖန် ရဲ့ အမူအရာက ဘယ်လိုမှ ပြောင်းလဲမသွားပေ။

ဆိုဖာပေါ်မှာ ထိုင်ပြီး ဖုန်းနဲ့ ဆက်ကစားနေလိုက်သည်။

နှစ်ရက်ကြာ ပင်ပန်းနွမ်းနယ်ပြီးနောက်မှာတော့လင်းဖန်သည်ဒီညတွငိ သက်တောင့်သက်သာနဲ့ ချိုမြိန်စွာ အိပ်ပျော်သွားလေသည်။

All Chapters