ထုတ်ဝေခြင်း
Vol. 23 Ch. 344
လင်းဖန်သည် သက်တောင့်သက်သာနှင့် ချိုမြိန်စွာ အိပ်ပျော်နေသည်..။
ဆေးလုပ်ငန်းတစ်ခုလုံးသည်ငလျင်လှုပ်သလိုမျိုး တစ်ခုလုံး ပွက်ပွက်ဆူနေသည်။
အဘယ်ကြောင့်ဆိုသော်၊ “ဇီ” ၏ စာစောင်အသစ်တွင် “အင်ဆူလင်” စာတမ်းတစ်ခု ပေါ်လာလို့ပင်ဖြစ်သည်။
U.S.၊ ဟူရီဆေးဝါးအုပ်စု။
စူးရှသောမျက်လုံးများဖြင့် ဥက္ကဌ ဂျော်ဒန် သည် ဖန်သားပြင်ကို မှိတ်တုတ်မှိတ်တုတ် စိုက်ကြည့်နေသည်။
နည်းစနစ်ဒါရိုက်တာနှစ်ဦးသည် သူ့ဘေးတွင်ရပ်နေသည်။
အချိန်အတော်ကြာပြီးနောက်၊ ဂျော်ဒန် က “မင်းတို့ဘယ်လိုထင်လဲ”
ရွှေမျက်မှန်တပ်ထားသည့် နည်းပညာဒါရိုက်တာက “မနေ့ညက စာရွက်ပေါ်မှာရှိတဲ့အချက်အလက်တိုင်း စမ်းသပ်မှုတစ်ခုလုပ်ခဲ့တယ်၊ အချက်အလက်တွေက လုံးဝကို ကိုက်ညီနေတယ်” ဟု ပြောကြားခဲ့သည်။(ကိုက်ညီတယ်ဆိုတာကဆေးဝါးဖော်မြူလာလုပ်တာအောင်မြင်တယ်လို့ဆိုလိုတာပါ)
အဖြူရောင်အသားအရည်နည်းပညာဒါရိုက်တာက “ဒီစာရွက်ကို မိတန်၊ ဟဲဗစ် နှင့် ဟစ်ရှစ်မှ ရိုလစ် ကဲ့သို့သောပါမောက္ခများကဇီဝဗေဒဓာတ်ခွဲခန်းတွင်စမ်းသပ်ခဲ့သည်။ ဒေတာစုစုပေါင်း ၁၀ စုံကို ပြုလုပ်ခဲ့ပြီး ဒေတာအစုတစ်ခုစီသည် ဒီစာရွက်နှင့်အညီဖြစ်သည်။”
ဂျော်ဒန် က “တစ်နည်းပြောရရင် ဒီလူရဲ့အင်ဆူလင်ကဆီးချို၊အေအိုင်ဒီအက်စ်....ရောဂါကို တကယ်ကုသပေးနိုင်တာလား?”
နည်းပညာဒါရိုက်တာ နှစ်ယောက်က ခေါင်းညိတ်ပြပြီး “လက်ရှိ အချက်အလက်ကို ကြည့်ရင် ဒါက အမှန်ပါပဲ” လို့ ပြောလိုက်သည်။
ဂျော်ဒန် က ထပြီး ရုံးခန်းထဲမှာ ဟိုလျှောက်လိုက်ဒီလျှောက်လိုက်လုပ်နေသည်။
ခဏအကြာတွင် စားပွဲပေါ်မှ ဖုန်းကို ကောက်ကိုင်လိုက်ပြီး “အာလန်၊ ဖြစ်နိုင်သမျှ အတိုဆုံးအချိန်လေးမှာ “အင်ဆူလင်” ရေးသားသူ လင်းဖန် ကို ဆက်သွယ်ပြီး အင်ဆူလင်ဆေးမူပိုင်ခွင့်ကို ရအောင်လုပ်ပါ”
ကမ္ဘာ့ထိပ်တန်းဆေးဝါးကုမ္ပဏီ ဟူရီဂရု ၏ဥက္ကဌအဖြစ် ဂျော်ဒန်သည် ဤအင်ဆူလင်၏အဓိပ္ပါယ်ကိုရှင်းလင်းစွာနားလည်သည်။
AIDSရောဂါသည် ကြောက်စရာအကောင်းဆုံးဟု အချို့က ဆိုကြသည်။ ကမ္ဘာတစ်ဝှမ်းတွင် အေအိုင်ဒီအက်စ်ရောဂါခံစားနေရသူ သန်းနှင့်ချီရှိပြီး နှစ်စဉ် လူသိန်းနှင့်ချီ၍ အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးနေရပါသည်။
ကမ္ဘာပေါ်တွင် ဆီးချိုရောဂါခံစားနေရသူ အရေအတွက်သည်မှာလဲ သန်းရာနှင့်ချီပြီး စက္ကန့်တိုင်းလိုလို ဆီးချိုရောဂါဖြင့် သေဆုံးနေသူ အများအပြားရှိသည်။
ဆေးဘက်ဆိုင်ရာလုပ်ငန်းတွင်၊ ဆီးချိုရောဂါ၏အန္တရာယ်နှင့်အရေးကြီးမှုသည်ထိပ်တန်းရောဂါဆယ်မျိုးတွင်သေချာပေါက်အဆင့်သတ်မှတ်နိုင်သည်။
ယခုအချိန်တွင်၊ ဆေးဝါးကုမ္ပဏီများအတွက် နျူကလိယလက်နက်တစ်ခုကဲ့သို့ ဆီးချိုရောဂါကို ဖြေရှင်းရန် ဆေးဝါးကို တစ်စုံတစ်ယောက်မှ အမှန်တကယ် တီထွင်ဖန်တီးနိုင်ခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ဟူရီဂရု သာမက ပါဝါဂရုနှင့် လုံရှစ်ဂရုတို့သာမက ကမ္ဘာ့ထိပ်တန်း ဆေးဝါးကုမ္ပဏီများကလည်း အလားတူ လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။
...
ဒါတွေအတွက်မုလင်းဖန်က ဂရုမစိုက်ပေ။
တောက်ပနေသော နေရောင်ခြည်သည် သစ်ပင်များ၏ အက်ကွဲကြောင်းများမှတဆင့် မြေပြင်ပေါ်သို့ ကျလာသောအခါ လင်းဖန်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူသည် ဖုန်းကို ထုံးစံအတိုင်း စိုက်ကြည့်ရင်း စောစောစီးစီး မျက်နှာပြင်ပေါ်တွင် စာသားမက်ဆေ့ချ်တစ်ခု ပေါ်နေသည်။
“၀:၀၀ နာရီ၊ တရုတ်ဘဏ်မှ ယွမ် ၇၄၈၉၀၀၀ ရရှိသည်”
“ဆိုင်းအင်လုပ်မယ်”
【ဒင်း! ဂုဏ်ယူပါတယ် မင်း ယွမ် 10 သန်း ရသည် 】
လင်းဖန်သည် ဒါကို လျစ်လျူရှုပြီးသမ်းကာ ဖြည်းညှင်းစွာထကာ ရေချိုးပြီးနောက် မနက်စာစားလိုက်သည်။
လင်းဖန် ထွက်လာပြီး တံခါးဖွင့်လိုက်သောအခါတွင် ကားသစ်တစ်စီး တံခါးဝတွင် ပေါ်လာသည်။
မနေ့က ရခဲ့တဲ့ Cullinan(ကား)ပင်ဖြစ်သည်။
လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး “ဒီကားက တော်တော်ကြည့်ကောင်းတယ်၊ ဒါဆို ဒီနေ့ မောင်းရအောင်”
စကားပြောပြီးသောအခါ လင်းဖန်သည် ကားတံခါးကိုဖွင့်ကာ ကားပေါ်တွင် တိုက်ရိုက်ထိုင်လိုက်သည်။
ပျော့ပျောင်းသောသားရေဖိုင်ခုံနဲ့တင်လူတို့အား အဆုံးစွန်ဇိမ်ခံမှုကိုခံစားစေနိုင်မည်ဖြစ်သည်။
“ဗွမ်း!”
V12 မြင်းကောင်ရေ 571 ရှိသော အရှိန်မြှင့်စက်ကို နင်းလိုက်ခြင်းဖြင့် ကားတစ်ခုလုံး ဧရာမနဂါးကြီးကဲ့သို့ အသံထွက်လာခဲ့သည်။
မိနစ်နှစ်ဆယ်လောက်ကြာတော့ လင်းဖန်သည်ကျန်ပေ့တက္ကသိုလ်ကို ရောက်လာခဲ့သည်။
လင်းဖန်သည် ကားကိုရပ်လိုက်စဉ် စုရီ၊မူဇောင် နှင့် ဇောင်ချင်းဘိုတို့သည် ကျောင်းလွယ်အိတ်များနှင့်အတူ ဖြတ်သွားကြသည်။
“Cullinan(ကား)! အစ်ကို လင်း မင်းကားကို ထပ်ပြောင်းလိုက်တာလား။” စုရီ၏ မျက်လုံးများသည် မီးသီးများအဖြစ်သို့ ပြောင်းလဲသွားသည်။
ဇောင်ချင်းဘို က စိတ်လှုပ်ရှားစွာနဲ့ “ဒီကားပုံစံက လွှမ်းမိုးလွန်းတယ်!”
မူဇောင်က စကားမပြောသော်လည်း Cullinan (ကား)ကို မှိတ်တုတ်မှိတ်တုတ် စိုက်ကြည့်နေသည်။
သိသာထင်ရှားသည်က၊ သူသည်အလွန်စိတ်ဝင်စားနေတယ်ဆိုတာပင်ဖြစ်သည်။
စုရီ က “အစ်ကို လင်း၊ ငါတို့ တက်ကြည့်လို့ရမလား?”
လင်းဖန် က ပြုံးပြီး “ရပါတယ်။ မင်းက ဘာလို့ ငါ့ကို ဒီလောက် ယဉ်ကျေးနေရတာလဲ”
“ဟေး....” စုရှက ဝမ်းသာအားရပြောသည်။
ဇောင်ချင်းဘို နဲ့ မူဇောင်တို့ဟာ Cullinan(ကား) ကို တက်ဖို့ မစောင့်နိုင်တော့ပေ။
“ဒီထိုင်ခုံက အရမ်းအဆင်ပြေတယ်!”
...
သူတို့သုံးယောက်က ကားထဲရှိပစ္စည်းများကို ခဏလောက်ထိပြီး ခဏခဏ အော်ပြောနေကြသည်။
သူတို့ Cullinan(ကား) ကနေထွက်ခွာမသွားခင် အချိန်အတော်ကြာခဲ့သည်။
စုရီက “အစ်ကို လင်း၊ မင်းဒီကားဝယ်ထားတာလား။ဒီရက်မှာအစ်ကိုလင်းဘာလုပ်နေလဲ”
“အဲဒါတော့ မဟုတ်ဘူး၊ Cullinan(ကား) ကို ငါ့အိမ်ဆီ တိုက်ရိုက်ပို့လိုက်တာ… ဒီရက်အနည်းငယ်က စာရွက်စာတမ်းကို ရေးမှတ်ထားတယ်၊ ပြီးတော့ မြေကွက်တစ်ကွက်ကို ရရှိခဲ့တယ်” လင်းဖန်က ပြောသည်။
လင်းဖန်၏အမြင်တွင် တောင်များသည် မြေကြီးနှင့်သက်ဆိုင်သည်။
ဒါကြောင့် မြေကွက်တစ်ကွက်ကို သိမ်းလိုက်တာနဲ့ ဘာမှမခြားပေ။
သို့သော် စုရီနှင့် အခြားသူများ၏ဒါကိုကြားတော့ သူတို့အနည်းငယ် ပဟေဋ္ဌိဖြစ်သွားသည်။
“စာရွက်စာတမ်းရေးတာလား?” မူဇောငိ က မေးသည်။
“ဟုတ်တယ်။” လင်းဖန်က “ပြီးတေည်တောင်ဘက် ဆင်ခြေဖုံးက တောင်ဟာ ငါ့ဟာလေဒါကြောင့်မြေတစ်ကွက်လို့ပြောတာဖြစ်သင့်တယ်မလား” လို့ အေးအေးဆေးဆေး ပြောလိုက်သည်။
တိတ်ဆိတ်
ရုတ်တရက် တိတ်ဆိတ်သွားသည်။
မူဇောင်၊စုရီနှင့် ဇောင်ချင်းဘိုတို့သည် အံသြသွားကြသည်။
“အစ်ကို လင်းငါတို့အရိုအသေပေးတာလက်ခံပါ’’ဟုမူဇောင်၊စုရီ၊စောင့်ချင်းဘိုတို့ကတစ်ပြိုင်ထဲပြောလိုက်သည်။
...
လင်းဖန်နှင့် အခြားသူများ စာသင်ခန်းထဲသို့ လျှောက်သွားသောအခါ စိတ်လှုပ်ရှားနေသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“ကျောင်းသား လင်း!”
လင်းဖန်သည် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ ဇီဝဗေဒကျောင်းမှ ပါမောက္ခကျောက်ချင် နှင့် ပါမောက္ခဝူတန်တို့ဖြစ်နေသည်။
“ကျောင်းသားလင်း၊ မင်းရဲ့ “အင်ဆူလင်” ကို “ဇီဝ” မှာ ထုတ်ဝေထားတယ်မလား’’ ပရော်ဖက်ဆာ ကျောက်ချင် က စိတ်လှုပ်ရှားစွာပြောလိုက်သည်။
ဒီစကားထွက်လာတာနဲ့...
ဆူညံနေသော စာသင်ခန်းသည် ကျောင်းသားမရှိကဲ့သို့ချက်ချင်းတိတ်ဆိတ်သွားသည်။
“အင်ဆူလင်” သည်မည်သည့်စာရွက်ဖြစ်သည်ကိုသူတို့မသိပေ။
သို့သော် “ဇီဝ” ၏အမည်သည်အလွန်ရင်းနှီးသည်ဟုလူတိုင်းပြောနိုင်သည်။
သာမာန်ဆရာများသည် ‘’ဇီဝ” နှင့်ပတ်သက်သော ဖော်မြူလာတစ်စောင်ကို ထုတ်ဝေထားပါဆက ၎င်းတို့သည်ပါမောက္ခကြီးထံ တိုက်ရိုက်ရာထူးတိုးပေးမည်ဆိုလျှင်တောင်သည်းထိတ်ရင်ဖိုစရာမရှိပေ။
သူတို့ မှတ်မိတယ်ဆိုရင် လင်းဖန်ဟာ မကြာသေးမီက သိပ္ပံဆိုင်ရာ စာတမ်းတစ်စောင်ကို ထုတ်ဝေခဲ့တယ်မဟုတ်လား။
အခု “ဇီဝ” နဲ့ ပတ်သက်တဲ့ စာတမ်းတွေ ထပ်ပြီး ထုတ်ဝေပြီးပြီလား။
တူညီတဲ့လူတွေကြားမှာကွာခြားချက်က ဘာကြောင့် ဒီလောက်ကြီးတာလဲ။
လင်းဖန်က’’ဟုတ်တယ်လေ’’ဟုပြန်ဖြေလိုက်သည်။
ဝူတန်က “ကျောင်းသား လင်း၊ ငါတို့ ဘာမှ မလုပ်ခဲ့ဘူး၊ ဒါပေမယ့် မင်း ငါတို့ နာမည်ကို ဒီလောက် အဖိုးတန်တဲ့ ဒုတိယ နေရာမှာရေးခဲ့တာကငါတို့ ရှက်လိုက်တာ။”
ဝူတန့သည်အင်ဆူလင်စမ်းသပ်မှုတွင် မဖြေရှင်းနိုင်သော ပြဿနာများစွာကို ကြုံတွေ့ရသောအခါတွင် သူသည် လင်းဖန် ကို ချက်ချင်းစဉ်းစားခဲ့သည်။
လင်းဖန်သည် ဓါတ်ခွဲခန်းသို့ ရောက်ပြီးနောက်တွင် သူသည် စကားများစွာ မပြောခဲ့ပဲထွက်သွားခဲ့သည်။
ထိုအချိန်တွင်ဝူတန်သည် သူ့စိတ်ထဲမှာ သံသယအချို့ ရှိနေသေးသည်။ လင်းဖန် သည် အင်ဆူလင်နှင့် ပတ်သက်၍ သုတေသနများစွာ မပြုလုပ်ခဲ့ပေ။
သို့သော် ရက်အနည်းငယ်အတွင်းမှာပဲလင်းဖန် သည် ဇီဝရှိ အင်ဆူလင်စာရွက်ကို ထုတ်ဝေခဲ့သည်။
လင်းဖန်သည် စမ်းသပ်မှုကိုကြည့်ပြီးနောက် ဘာမှပြန်မပြောခဲ့တာကသူ၏စမ်းသပ်မှုတွင် အမှားအယွင်းများနှင့် လွဲချော်မှုများ ပြည့်နှက်နေပြီး မည်သည့်နေရာကနေ စတင်ရမည်ကိုပင် မသိနိုင်သောကြောင့်ဖြစ်မည်ဟုသူတွေးထားသည်။