ဝမ်းနည်းပူဆွေးနေသော လူတစ်ယောက်
Vol. 009 Ch. 900
အတွင်းပိုင်းဒေသများသည် အတိုင်းအဆမရှိ ကျယ်ပြန့်သည်။ မြောက်ပိုင်းမို၊ အနောက်ပိုင်းလျန်၊ အရှေ့ပိုင်းကုန်းရိုးနှင့် တောင်ပိုင်း ကန္တာရ ဟူ၍ အဓိကပိုင်းခြားထားသည်။ ထိုဒေသလေးခုအပြင် အလယ်တွင် ကူသူ ကင်းမဲ့သော ဒေသတစ်ခုရှိသည်။
ထိုနေရာသည် ကျယ်ပြန့်ခြင်းမရှိကာ လူနေခြင်းမရှိသလို သက်ရှိ သတ္တဝါလည်းမရှိပေ။ အများစုမှာ ဝိညာဉ်သားရဲများ၏ နယ်မြေများဖြစ်ကာ လူသားများနေထိုင်ခြင်းမရှိပေ။
အသည်းကွဲတောင်ကြားသည် တောင်ပိုင်းကန္တာရနှင့် လူမနေသော နယ်မြေအကြား အလယ်တည့်တည့်တွင်ရှိသည်။
အသည်းကွဲတောင်ကြား၏ ကမ်းပါးတွင်ရပ်ကာ ရှီမန်ဖန်နှင့် သူမတို့ ကွဲကွာသွားခဲ့ရသည့် မြင်ကွင်းကို ရှီမာယူယူ မြင်ယောင်နေသည်။
ရှီမန်ဖန်သည်လည်း သူမ ဘေးတွင်ရပ်ကာ လွမ်းဆွတ်နေသည်။ ထိုနှစ်က သူသည် ထိုနေရာမှကျသွားပြီး ငရဲတွင် အဆုံးသတ်တော့မည်ဟု စဉ်းစားနေခဲ့သည်။
“သခင်လေး တကယ်ပဲအဆင်ပြေရဲ့လား” နီယန်းယီသည် တောင်ကြား အောက်ခြေကိုကြည့်လိုက်သည်။ အနံ့များဟောင်ထွက်နေသဖြင့် သူ သေချာ မကြည့်ပေ။
လူတွေက ဒီလိုနေရာမှာ နေနိုင်ပါ့မလား။ ဒီမှာအင်အားကြီးတစ်ခု တည်ထောင်မယ်ဆိုတာ အဓိပ္ပာယ်မရှိတာပဲမလား။
ရှီမာယူယူလည်း မသေချာဖြစ်ကာ “ကြည့်ပြီးရင်တော့ သိမှာပဲ”
“ကြည့်မယ်ဟုတ်လား”
“ဒါပေါ့ ဒီပြဿနာကို ဖြေရှင်းဖို့နည်းလမ်းရှိ မရှိပေါ်မှာမူတည်တယ်” ရှောင်ချီ ပြောလေသည် “အနံ့အသက်တွေနဲ့ အဆိပ်ပိုးကောင်တွေ ပြဿနာ ကိုဖြေရှင်းနိုင်ရင် ဒီမှာအင်အားစုတည်ထောင်ဖို့က ကောင်းသွားမှာပဲ ဟုတ်တယ်မလား ယူယူ”
“ဟုတ်တယ်” ရှီမာယူယူသည် သူမ ခေါင်းအားပွတ်ကာ အားလုံးကို ပြောလိုက်သည် “ငါအောက်ကိုဆင်းပြီး အခြေအနေကိုကြည့်မယ်၊ မင်းတို့ ဒီမှာနေပြီး စောင့်နေ”
“ရှောင်ချီလည်း လိုက်ဆင်းမယ်” ရှောင်ချီ ပြောလိုက်သည်။
“မဟုတ်ဘူး ရှောင်ချီက ဒီမှာနေပြီစောင့်နေ၊ အောက်မှာ အဆိပ်ငွေ့ တွေအရမ်းများတယ်၊ အခြေအနေအတိတကျကို ငါမသိသေးဘူး၊ အန္တရာယ် ရှိနေရင် ဘယ်လိုလုပ်မလဲ” ရှီမာယူယူ ငြင်းပယ်လေသည်။
“အဲမှာ အန္တရာယ်ရှိလဲဘာဖြစ်လဲ” ရှောင်ချီ နှုတ်ခမ်းဆူလေသည် “မမေ့ နဲ့နော် ရှောင်ချီက အဆိပ်ပြီးတယ်”
သူမ ခန္ဓာကိုယ်သည် ကမ္ဘာမြေကြီးမျက်လုံးဖြစ်ကာ ကျင့်ကြံမှုအတွက် သန့်စင်သော အရာဖြစ်သည်။ သာမန်အဆိပ်နှင့် အဆိပ်ကောင်များအတွက် သူမကို အသုံးပြု၍ရသည်။
သူမ ထိုအကြောင်းကို ပြောသည်ကို ရှီမာယူယူ ကြားသည်နှင့် နောက်ဆုံးတွင် ပြန်တွေးမိကာ ခေါင်းညိတ်လိုက်သည် “ဒါဆို ရှောင်ချီ ငါနဲ့ လိုက်ခဲ့”
“ငါလည်းလိုက်မယ်” ယူလင်းယူ ပြောလေသည်။
“ခင်ဗျားရောလား”
“အဲအဆိပ်ကောင်တွေက ငါ့အနားကိုမလာနိုင်ပါဘူး”
“ဒါဆိုလည်း အတူတူသွားကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့အားလုံး ဒီမှာနေပြီး စောင့်နေခဲ့ကြ”
အားလုံးသည် လိုက်ချင်သော်လည်း သူတို့၏ အားနှင့်ဆိုလျှင် ခြေလှမ်း နှစ်လှမ်းအပြင်ပိုလှမ်းနိုင်မည်မဟုတ်ပေ။ သူတို့တက်လာသည်ကိုပင် စောင့်ရုံ သာရှိတော့သည်။
ရှီမာယူယူတို့ သုံးယောက်သည် ပျံဆင်းသွားကြရာ မီတာဒါဇင်အနည်း ငယ်ဆင်းပြီးနောက်တွင် အဆိပ်အတားအဆီးနှင့်တွေ့လေသည်။ ထိုအဆိပ် ငွေ့များသည် ရှောင်ချီအတွက်အသုံးမဝင်သဖြင့် ဘာတိုင်းတာမှုမှမလုပ်ပဲ ပျံ သွားလိုက်သည်။
ယူယူနှင့် ဝူလင်းယူတို့ အဆိပ်အတားအဆီးနှင့်တွေ့သောအခါ နှစ်ယောက်လုံးသည် မီးမြှိုက်ကာ အဆိပ်ငွေ့များကို ဖယ်ရှားလိုက်သည်။ အဆိပ်ငွေ့များ ရောက်လာသည်နှင့် ထပ်ပြီးရှင်းလင်းပြန်သည်။
ရှီမာယူယူ၏ မီးတောက်သည် ကြက်သွေးရောင်မီးတောက်ဆီမှဖြစ် ကာ ဝူလင်းယူ၏ မီးတောက်သည် အနက်ဖြစ်ပြီး မိုရှားဝိညာဉ်၏ မီးတောက် ဖြစ်နိုင်သည်။
အဆိပ်အတားအဆီးသည် မီတာ ၃၀မှ ၄၀ ထူသည်။ သူတို့သုံးယောက် သည် အဆိပ်အတားအဆီးကိုဖြတ်ပြီး မီတာရာချီပျံသန်းပြီးနောက်မှပင် ဘေးကင်းစွာ ဆင်းသက်ရတော့သည်။
“အဆိပ်အတားအဆီးထိပ်ပိုင်းက အရမ်းအားကောင်းပြီး နောက်မှာ ဘာမှမရှိဘူးလို့ မထင်ထားမိဘူးပဲ” ရှောင်ချီသည် လတ်ဆန်းသော တောင်ကြားကိုကြည့်လိုက်သည်။
ရှီမာယူယူသည် မီးတောက်ကိုပြန်သိမ်းကာ ပြောလိုက်သည် “အောက် က အဆိပ်ငွေ့တွေကို အဆိပ်ကောင်တွေ စုပ်ယူသွားတာဖြစ်နိုင်တယ်”
“ဒါက အသည်းကွဲတောင်ကြားရဲ့ အပြင်ပိုင်းပဲ၊ ပြီးတော့ အားကောင်း တဲ့အဆိပ်အများကြီးမရှိဘူး” ဝူလင်းယူ မှတ်ချက်ပေးလေသည် “ဒီမှာ အင်အားကြီးတည်ထောင်ချင်ရင် ပြဿနာနှစ်ခုကို ရှင်းဖို့လိုလိမ့်မယ်”
“ဒါပေမဲ့အဲပြဿနာနှစ်ခုက ရှင်းဖို့မလွယ်ဘူး” ရှီမာယူယူ ပြောလိုက် သည်။
“အမှန်ပဲ ဒါပေမဲ့ မင်းရှင်းနိုင်လိမ့်မယ်လို့ ငါယုံတယ်”
“ပြဿနာနှစ်ခုဟုတ်လား ဘာပြဿနာတွေလဲ” ရှောင်ချီ မေးလေ သည်။
“တစ်ခုက အဆိပ်အတားအဆီးနဲ့ နောက်တစ်ခုက အဆိပ်သတ္တဝါတွေ ပဲ၊ အဲပြဿနာနှစ်ခုဖြေရှင်းပြီးရင်တော့ ဒီမှာနေလို့ရပြီ” ရှီမာယူယူ ပြုံးလိုက် သည်။
“….”
ရှောင်ချီသည် သူမ၏ တည်ငြိမ်သောပုံစံကိုကြည့်ပြီး မတတ်သာစွာ နှုတ်ခမ်းတွန့်လိုက်သည်။ ဘာလို့ အကျဉ်းချုပ်ပြောတာလဲ၊ ပြဿနာနှစ်ခုလို့ သာပြောတာ တကယ်တော့ ပြဿနာအများကြီးပဲမလား။
အဆိပ်အတားအဆီးသည် နေရာတိုင်းတွင် မတူညီပေ။ ထိုပြဿနာ အားဖြေရှင်းရန် အများအပြားလုပ်ရန်လိုသည်။ အဆိပ်သတ္တဝါများကတော့ မျိုးစိတ် ထောင်ချီရှိကာ အင်အားကောင်းသော သတ္တဝါမှာလည်း ထောင်ချီရှိ ကြသည်။ အဆိပ်သတ္တဝါဆိုပြီး တစ်ခုတည်း အကျဉ်းချုပ်လို့မရဘူးလေ။
“ဒီမျက်နှာပြင်လောက်မှာတော့ ဂိုဏ်းထောင်လို့မရဘူး၊ အထဲဝင်ပြီး ကြည့်ရအောင်” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် ကျောက်စိမ်းပုလင်း၃ခုထုတ်ကာ တစ်ယောက်စီကို ပေး လိုက်သည် “ဒါက အဆိပ်ပိုးကောင်တွေကို ကာကွယ်ဖို့၊ ဒုက္ခမရောက်အောင် ခန္ဓာကိုယ်အနှံ့ကို ဖြန်းထားလိုက်”
ရှောင်ချီသည် အဆိပ်ပိုးကောင်များကို မကြောက်ဟု ပြောချင်သည်။ သို့သော် အဆိပ်ပိုးကောင်များလာမည်ကိုတွေးကြည့်လျှင် သူတို့ကိုရှင်းနေရ ပါက အချိန်ကြာသွားမည်။ ထို့ကြောင့် သူမ လက်ခံကာ ခန္ဓာကိုယ်ကို ဖြူး လိုက်သည်။
“သွားမယ်” ဝူလင်းယူသည် ရှီမာယူယူ၏ လက်ကို သဘာဝကျကျပင် ဆွဲကာ တောင်ကြားများဆီသို့လျှောက်သွားလေသည်။
ရှီမာယူယူသည် သူ့လက်ကိုဖယ်မပစ်ပဲ နှစ်ကြိမ်သာလွန့်လူးပြီးနောက် သူ ဦးဆောင်ရာကိုလိုက်သွားလေသည်။
ရှောင်ချီသည် နှုတ်ခမ်းဆူကာ ရှီမာယူယူ၏ နောက်လက်တစ်ဖက်ကို ဆွဲကာ ဝူလင်းယူဆီသို့ ဂုဏ်ယူစွာဖြင့် မေးငေါ့ပြလေသည်။
သူတို့ကိုကြည့်ရင်းနှင့် ရီမာယူယူသည် သူတို့သုံးယောက်ကြားမှ ရှုပ်ထွေးမှုကို ရုတ်တရက်ခံစားမိလိုက်သည်။
သူတို့သုံးယောက်သည် တောင်ကြားအနက်ပိုင်းသို့လျှောက်လာသည်။ တောင်တန်းသည် ကီလိုမီတာ မီလီယံနှင့်ချီပြီး ရှိသည်။ အဆိပ်အတားအဆီး များဖြင့် ဝန်းရံထားသော များစွာသော မတ်စောက်သည့် ကမ်းပါးများရှိသည်။
သူတို့သည် တောင်ကြား၏ မျက်နှာပြင်ကိုကြည့်ရာ ကျောက်ဆောင် များသည် အန္တရာယ်မများသည်ကိုတွေ့လိုက်သည်။ အဆိပ်ငွေ့သည် အားမကောင်းကာ အဆိပ်သတ္တဝါများ၏ အဆင့်မှာ မမြင့်ကြပေ။ သူတို့ ပို သွားလေ ပိုမြင့်လေဖြစ်သည်။
“ဒီမှာ ရေပေါက်ရှိတယ်” ရှောင်ချီသည် အရှေ့မှရေပေါက်ကို ညွှန်ပြ လေသည်။
ရှီမာယူယူ လျှောက်သွားကာ ရေပေါက်ကိုစမ်းသပ်လိုက်သည်။ “ဒီရေ ပေါက်က ဖန်လေးကျသွားတဲ့ ရေပေါက်ဖြစ်ရမယ်၊ သူပြောသလိုဆိုရင် ဒီနား မှာ အဆိပ်ပြင်းတဲ့သတ္တဝါတွေရှိတာပဲ၊ အဲတုန်းကကံကောင်းလို့ သူ အသက် ရှင်နေခဲ့တာ”
“ပလုံ ပလုံ…”
သူမ စကားဆုံးသည်နှင့် ရေပေါက်ထဲမှ လှုပ်ရှားမှုဖြစ်လာသည်။ အစပိုင်းတွင် ရေပွက်လာကာ ပြီးနောက်တွင် ပူပေါင်းများသည် ရေ မျက်နှာပြင်တွင် အများအပြားပေါ်လာသည်။ ရုတ်တရက်ပင် ရေများစင်ကာ ကြီးမားသော ဖားပြုတ်တစ်ကောင်သည် ရေမှထွက်လာသည်။
ရေများစင်သွားစဉ်တွင် ရှီမာယူယူတို့အဖွဲကသည် စုည်းလိုက်ပြီး ဝိညာဉ်စွမ်းအင်ဖြင့် ကာကွယ်လိုက်ကြသည်။ ထိုရေစက်များသည် သူတို့ ဘေးရှိ မြက်ပင်များသို့ကျသွားရာ မြက်ပင်များသည် ညှိုးသွားလေသည်။
“အားကောင်းလိုက်တဲ့အဆိပ်ရေပဲ” ရှောင်ချီ သက်ပြင်းချလေသည်။
“ဒီအဆိပ်…” ရှီမာယူယူ၏ မျက်လုံးများသည် စိတ်ပူခြင်းကိုပြသနေ သည် “ဖန်လေးကျသွားတုန်းက သူ ဘယ်လောက်နာကျင်ပြီး ဘယ်လောက် ခံစားရမလဲမသိဘူး”
“ဒီအဆိပ်မဖြစ်နိုင်ဘူး” ဝူလင်းယူ ပြောလိုက်သည် “မဟုတ်ရင် ဒီအဆိပ် အဆင့်နဲ့ဆိုရင် သူ အသက်မရှင်နိုင်ဘူး”
“အင်း အင်း” ရှီမာယူယူလည်း ထိုသို့စဉ်းစားသည်။ ထိုရေများ သာဖြစ်ပါက ရှီမန်ဖန်သည် အသက်ရှင်ပြီး တက်လာနိုင်မည်မဟုတ်ပေ။ ကုန်တောင်ကြားမှလူများ သူ့ကိုလာကယ်သည်ကိုပင် သူစောင့်နိုင်မည် မဟုတ်ပေ “အဲတော့ အဆိပ်က နှစ်တွေကြာတော့ပိုတိုးလာတယ်”
“အဲလိုဖြစ်နိုင်တယ်”
“ဒါပေမဲ့ ဘာလို့လဲ”
“အားပဲ ပိုတိုးလာတာလား မဟုတ်ရင် တစ်ခုခုများပြောင်းလဲသွား တာလား”
သူတို့သုံးယောက်သည် အထိတ်တလန့်ဖြစ်မသွားပဲ သူ့နယ်နိမိတ် အကြောင်းကိုပင် ဆွေးနွေးနေသည်ကိုတွေ့သောအခါ ဖားပြုတ်သည် ပြင်းထန်စွာ ကန်ကာ သူတို့ကိုတိုက်ခိုက်လေသည်။
ရှောင်ချီသည် ပြောင်းလဲမှု၏ အကောင်းအရင်းကို စဉ်းစားနေရာ ရုပ်ဆိုး သော ဖားပြုတ်ကြီး သူတို့ဆီသို့ပျံလာသည်ကို သူမ မြင်လိုက်သည်။ သူမ လက်ကို ရိုက်ကာ အော်လိုက်သည် “ဖယ်လိုက်”
ဖားပြုတ်သည် ဘာဖြစ်သွားသည်ကိုပင် မသိလိုက်… ရေပေါက်ထဲသို့ ပြန်တိုက်မိသွားလေသည်။
***