← Chapters

တီထွင်ပြီးသား

Vol. 23 Ch. 345

တီထွင်ပြီးသား

Vol. 23 Ch. 345

ပရော်ဖက်ဆာ ကျောက်ချင် က “ဟုတ်တယ်၊ ဒါကငါတို့ အတွက်ရှက်စရာပဲ။”

အစတွင်၊ အင်ဆူလင်စမ်းသပ်မှုတွင် မဖြေရှင်းနိုင်သော ပြဿနာများစွာကို ကြုံတွေ့ရသောအခါ ပရော်ဖက်ဆာဝူတန်သည် ကျောက်ချင်ကို လင်းဖန်ထံ အကူအညီတောင်းရန် တောင်းဆိုခဲ့သည်။

ထိုအချိန်တွင်၊ ကျောက်ချင်သည် ဝူတန်သည်ဆရာဝန်ထသို့သွားရန်လိုအပ်နေသည်ကိုထင်လိုက်သည်။

ဟုတ်တယ်၊ လင်းဖန်က တကယ့်ကို ထူးထူးခြားခြား ပါရမီရှင်တစ်ယောက်ဖြစ်သည်။

သင်္ချာပုစ္ဆာပေါင်းများစွာကို ဖြေရှင်းပြီး ငလျင်ကြိုတင်ခန့်မှန်းစက်များနှင့် စူပါဘက်ထရီများကို တီထွင်ခဲ့သည်။

ဒါပေမယ့် ဘယ်သူကမှ ပြီးပြည့်စုံနေတာတော့မရှိပေ။ လင်းဖန်ဟာ ရှုထောင့်တိုင်း(ပုစ္ဆာ)ရဲ့ အဆုံးစွန်ကို အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

နောက်ဆုံးတွင်၊ လင်းဖန်သည် ဇီဝဆေးပညာတွင် မည်သည့်သုတေသနနှင့် အောင်မြင်မှုများကိုမျှ သူမ မကြားဖူးပေ။

သို့သော်……

ပါမောက္ခ ဝူတန်၏ ထပ်ခါတလဲလဲ တောင်းဆိုမှုကြောင့် ကျောက်ချင်သည် သူ့ဆန္ဒများကို ဖြည့်ဆည်းပေးခဲ့သည်။(လင်းဖန်ကိုအကူအညီတောင်းတာကိုပြောတာပါ) လွန်ခဲ့သော ရက်အနည်းငယ်က သူမသည်ဟန်တီ ကို ရှာတွေ့ပြီး လင်းဖန်ကို တွေ့ခဲ့သည်။

ဘယ်သူကထင်မှာလဲ၊ ရက်အနည်းငယ်အတွင်းမှာ လင်းဖန် က “အင်ဆူလင်” ကို တိုက်ရိုက်ရေးသားခဲ့ပြီး “ဇီဝ” မှာ အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့သည်။

ဒါတောင်... လင်းဖန်ဟာ ဒုတိယနေရာတွင်သူမနှင့်ပရော်ဖက်ဆာ ဝူတန် ရဲ့ အမည်တွေကို ရေးခဲ့သည်။

လင်းဖန်သည်အင်ဆူလင်ဆေးကိုတီထွင်ခဲ့ပြီးဇီဝတွင်ထုတ်ဝေခဲ့သည်။

အင်း၊ ဒါက သေချာပေါက် နိုဘယ်ဆုအဆင့် စာရွက်ပင်ဖြစ်သည်။

ပြီးတော့ နိုဘယ်ဆုအဆင့် စာတမ်းရဲ့ ဒုတိယနေရာမှာ သူမနာမည် ကိုရေးခဲ့သည်.....

​ကျောက်ချင်သည် ထိုအရာကို တွေးလိုက်သောအခါ သူမ၏ မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားသွားသည်။

လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “စမ်းသပ်မှုကိုသယကြည့်ခွင့်မပြုရင် ဒီစာရွက်ကို ရေးနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် မင်းတို့နာမည်တွေ ရေးတာက ပုံမှန်ပါပဲ”

လင်းဖန်သည် ဤစာကားနှင့်ပတ်သက်၍ လုံးဝ အဓိပ္ပါယ်မဲ့စွာ မပြောခဲ့ပေ။

နောက်ဆုံးတွင်၊ ဇီဝဗေဒဆိုင်ရာစမ်းသပ်မှုကို ကြည့်ရှုခြင်းသည် မစ်ရှင်ပြီးမြောက်ရန် အခြေအနေများထဲမှ တစ်ခုဖြစ်သည်။

ဝူတန်”ကျောင်းသားလင်၊ မင်းက အရမ်းနှိမ့်ချတာပဲ။”

လင်းဖန်သည် လက်တွေ့စမ်းသပ်မှုကို မြင်ပြီးနောက် ချက်ခြင်းပင် စိတ်ကူးစိတ်သန်းတစ်ခုရခဲ့သည်ဟု သူထင်မှတ်ခဲ့သည်။

အချို့သော ပြဿနာများကို ဖြေရှင်းသောအခါ အချို့သောလူများသည် စားသောက်ခြင်း၊ စကားပြောခြင်း သို့မဟုတ် တစ်ခုခုကို မြင်သည်နှင့် ၎င်းတို့သည် ရုတ်တရက် ဉာဏ်အလင်းတစ်ခု ရရှိလာသောကြောင့် ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်စေသည်။ ထိုသို့သော ဥပမာများသည် အဆန်းမဟုတ်ပေ။

လင်းဖန်သည် တစ်ခုခုပြောခါနီးတွင် စင်္ကြံအပြင်ဘက်သို့ ခြေသံများ တဟုန်ထိုး ထွက်ပေါ်လာသည်။

ဝင်လာသူကတော့အတိုင်ပင်ခံပုဂ္ဂိုလ်စုရန်ဒေါင်ဖြစ်သည်။

“လင်းဖန်မင်းအရမ်းတော်တာပဲ၊ငါတို့ကျောင်းမှာရှိနေတာတော်သေးတယ်’’ စုရန်ဒေါင်သည် လင်းဖန် ကိုတွေ့ပြီးနောက် ပျော်ရွှင်စွာပြောလိုက်သည်။

သူ့ဘေးနားက ပရော်ဖက်ဆာ ဝူတန်က ချောင်းဆိုးတာကို မထိန်းနိုင်တော့ပေ။

ထိုမှသာ စုရန်ဒေါင် သည် ပရော်ဖက်ဆာ ဝူတန် နှင့် ကျောက်ချင်တို့ စာသင်ခန်းထဲတွင် ရှိနေသည်ကို သတိပြုမိပြီး ရှက်ရွံ့စွာဖြင့် မနေနိုင်ဘဲ “အမ်… လင်းဖန်ဥက္ကဌရှန်လင်း က မင်းကိုသူ့ ရုံးခန်းကိုဖိတ်လိုက်တယ် .”

လင်းဖန် က “ကောင်းပြီ ဒါဆို ငါသွားတော့မယ်”

စကားပြောနေရင်း အပြင်ဘက်ကို လျှောက်သွားလိုက်သည်။

လင်းဖန်ထွက်သွားပြီးနောက်ဝူတန်၊ကျောက်ချင် နဲ့ စုရန်ဒေါင် တို့သည်လဲစာသင်ခန်းထဲမှာ ဆက်မနေချင်ကြတော့ပေ။

ချက်ချင်းပင် စာသင်ခန်းတစ်ခုလုံးတွင် တက်ကြွသော ဆွေးနွေးမှုတစ်ခု ထွက်ပေါ်လာတော့သည်။

“ဖာ့... အစ်ကို လင်းက အရမ်းမိုက်တာပဲ!”

“ဟုတ်တယ်!”

…………

လင်းဖန်သည် စာသင်ခန်းရှိ ကျောင်းသားများ၏ တုံ့ပြန်မှုကို မသိပေ။

ထိုအချိန်တွင် သူသည် ကျောင်းအုပ်ကြီး၏ ရုံခန်းအပြင်သို့ ရောက်ရှိနေပြီဖြစ်သည်။

“ဒေါက် ဒေါက် ဒေါက်”

သူ့လက်ကို မြှောက်လိုက်ပြီးခေါက်လိုက်သည်။

ခဏကြာတော့ နက်နဲတဲ့ အသံတစ်ခု ထွက်လာတယ်၊ ‘’ဝင်လာပါ”

လင်းဖန်သည် ထိုစကားကိုကြားသောအခါ တံခါးကို တိုက်ရိုက်ဖွင့်လိုက်သည်။

ထိုအချိန်တွင် ရုံးခန်းထဲတွင် လူနှစ်ယောက် ထိုင်နေပြီး တစ်ယောက်က ကျောင်းအုပ်ကြီး ရှန်လင်း ဖြစ်သည်။

နောက်တစ်ယောက်ကတော့ သိပ္ပံအကယ်ဒမီရဲ့ ဒါရိုက်တာ ဖန်ဇီ​ရှောင်ဖြစ်သည်။

“လင်းဖန် မင်းဒီမှာ မြန်မြန်ထိုင်” ရှန်လင်း က သူ့မျက်နှာမှာအပြုံးဖြင့်ပြောလိုက်သည်။ စကားပြောနေစဉ်တွင် သူကိုယ်တိုင်လင်းဖန်အတွက် လက်ဖက်ရည်တစ်ခွက်လောင်းထည့်ပေးလိုက်သည်။

ရှန်လင်းသည် ကျန်ပေ့တက္ကသိုလ်၏ ဥက္ကဌဖြစ်ပြီး အဆင့်သတ်မှတ်ချက်အရ၊ သူသည် ကျန်ပေ့တက္ကသိုလ်၏ ခေါင်းဆောင်ထက် မနိမ့်ကျပေ။

အခုဒီလိုလူက လင်းဖန်ကိုကိုယ်တိုင် လက်ဖက်ရည်ထည့်ပေးနေသည်။

ဒါကြောင့်ရှန်လင်း၏နှလုံးသားထဲတွင် လင်းဖန်၏အဆင့်အတန်းသည် မည်မျှမြင့်မားသည်ကို ပုံဖော်ကြည့်နိုင်သည်။

ဖန်ဇီရှောင်က “လင်းဖန်ဟဲလို၊ မင်း ငါ့ကို မှတ်မိသေးလား”

လင်းဖန်က ခေါင်းညိတ်ပြီး “ဒါရိုက်တာ ဖန်၊ မင်္ဂလာပါ။”

“မင်းငါ့ကိုမှတ်မိတာ အရမ်းကောင်းတယ်။ငါမင်းကိုလိုရင်းပဲပြောမယ်ကွာ ။”

“တကယ်တော့ ငါ ဒီနေ့ ဘေဂျင်းကနေကျန်ပေ့ကို လာတာကမင်းကို အထူးတွေ့ဖို့ လာခဲ့တာ” ဖန်ဇီရှောင် က “မင်းက “အင်ဆူလင်” လို့ အမည်ပေးထားတဲ့ စာတမ်းကို ထုတ်ဝေခဲ့တာကို ငါကြားတယ်။အဲ့တာဟုတ်လား။’’

လသ်းဖန် သည် ဖန်ဇီ​ရှောင်ကို အနည်းငယ် အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။သတင်းပြန့်တာအဲ့လောက်မြန်တာလားဟုတွေးမိလိုက်သည်။

ထို့နောက် သူက ခေါင်းညိတ်ကာ “ဟုတ်တယ်’’ ဟုပြောလိုက်သည်။

“ဒါဆို ဆီးချိုရောဂါကို ကုသဖို့ ဆေးထုတ်နိုင်တာကသေချာလား” ဖန်ဇီရှောင် က တိုက်ရိုက်မေးလိုက်သည်။

ဒါကိုပြောပြီးနောက် သူသည်အသက်ကိုအောက်ကာလင်းဖန်ကို မမှိတ်မသုန်စိုက်ကြည့်နေသည်။

ဘာလို့လဲဆို​တော့ ဒီကိစ္စက သိပ်​အ​ရေးကြီးလို့ပင်ဖြစ်သည်။

Lin Fan က “ဆီးချိုရောဂါကို ကုသဖို့ ဆေးကို တီထွင်ဖို့လား”

“ဟုတ်တယ်!” ဖန်ဇီရှောင် က ပြောသည်။

“ငါ့မှာ ရှိပြီးသား။” လင်းဖန်က ပြောသည်။

“ဘာ”

ဖန်ဇီရှောင်က ရုတ်တရတ်ထရပ်ပြီး တုန်လှုပ်လုနီးပါး အသံနဲ့ပြောတယ် “မင်း...မင်းဆိုလိုတာက...မင်းတီထွင်ခဲ့တာလား။”

“ဟုတ်တယ်။” လင်းဖန်က ပြောသည်။

ထို့နောက် သူ့အိတ်ကပ်ထဲမှအင်ဆူလင်ဆေးကို ထုတ်ယူလိုက်သည်။

ဖန်ဇီရှောင်က “ဒါ... ဒါက...”

“ဒါက ဆီးချိုဝေဒနာရှင်တွေကို ကုသရာမှာသုံးနိုင်တဲ့ အင်ဆူလင်ဆေးပါ။” လင်းဖန်ကဆိုသည်။

ဖန်ဇီရှောင် က မှန်းဆထားပြီးဖြစ်သော်လည်း လင်းဖန်၏ အတည်ပြုချက်ကို လက်ခံရရှိပြီးနောက် တစ်ကိုယ်လုံး စိတ်လှုပ်ရှားစွာ မနေနိုင်ဖြစ်ကာ စိတ်လှုပ်ရှားစွာဖြင့် “ကောင်းပြီ၊ ဟားဟား!”

ခဏကြာတော့ ဖန်ဇီရှောင် က သူ့စိတ်လှုပ်ရှားမှုကို ထိန်းလိုက်ပြီး “ဒီဆေးကို ငါယူလို့ရမလား”

“ပြဿနာမရှိဘူး။” လင်းဖန်က ပြောသည်။

ဖန်ဇီရှောင်သည် ဆေးကို မြေပြင်ပေါ်သို့ ပြုတ်ကျမည်ကို ကြောက်သောကြောင့် သူ့လက်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။

“လင်းဖန်၊ ကျေးဇူးပြုပြီး ကူညီပေးလို့ရမလား... အင်ဆူလင်ဆေးကိုဟွာရှ ကုမ္ပဏီနဲ့ပဲအတူတူလုပ်ပေးလို့ရမလား” ဖန်ဇီရှောင် က မင်းကိုယ်တိုင်လည်း ကုမ္ပဏီတစ်ခုကိုတည်ထောင်ပြီးလုပ်နိုင်တယ် “

“ဒါက မင်းကို နည်းနည်းအရှက်ရစေမယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် တိုင်းပြည်က မင်းကိုလျော်ကြေးပေးပါ့မယ်။”

ဟွာရှတီထင်ထားသောဆေးများကိုနိုင်ငံတကာတွင် အလယ်တန်းအဆင့်အဖြစ်သာ မှတ်ယူနိုင်သည်။

ရလဒ်အနေနဲ့ ဆေးဝါးတော်တော်များများကိုနိုင်ငံခြားကနေတင်သွင်းနေရသည်။

လင်းဖန်သည်အင်ဆူလင်ဆေးဝါးကိုတီထွင်နိုင်ခဲ့သောကြောင့်တရုတ်နိုင်ငံ၏ဆေးတီထွင်မှုမှာမြင့်လာမည်ဖြစ်သည်။

ထို့ကြောင့် အင်ဆူလင်ဟာတရုတ်ဆေးပညာအတွက်တော့၎င်းသည် ကျိန်းသေသော သတင်းကောင်းဖြစ်သည်။

သို့သော် လင်းဖန်ကိုယ်တိုင်အတွက်မူ အမြတ်အစွန်းများ ဆုံးရှုံးသွားနိုင်သည်။

အဘယ်ကြောင့်ဆိုသော် ဤဆေးမျိုးပေါ်လာသည်နှင့် တပြိုင်နက် မရေမတွက်နိုင်သော နိုင်ငံခြားဆေးဝါးကုမ္ပဏီကြီးများသည် ပူတွဲလုပ်ဆောင်ရေးအတွက် အဆမတန်ဈေးကြီးပေးမည်မှာ သေချာသည်။

လင်းဖန်သည် ဖန်ဇီရှောင်ကို ပြောဆိုချက်ကို သဘာဝကျကျ နားလည်သည်။

ကောင်းကင်မြင့်လောက်တဲ့ပိုက်ဆံလား?

10 ဘီလီယံ?

100 ဘီလီယံ?

ဝမ်းနည်းပါတယ်၊ သူတကယ်မချို့တဲ့ပေ။

ထို့ကြောင့် လင်းဖန် က “ကျွန်တော်ကိုယ်တိုင် ကုမ္ပဏီထောင်တာက တော်တော်ကို ဒုက္ခရောက်လိမ့်မယ်... ပြောရရင် ဟွာရှ ကုမ္ပဏီနဲ့အတူအလုပ်လုပ်ပါမယ်”

ထိုအချိန်တွင် လင်းဖန်သည် မနေ့က သူ့ကိုခေါ်သော လီယွင်ဟိုင်ကို ရုတ်တရက် တွေးလိုက်မိသည်။

လီယွင်ဟိုင်တို့သည် ဆေးဝါးကုမ္ပဏီတစ်ခု ကိုတည်ထောင်ထားသည်မလား။

ဒါကိုစဉ်းစားရင်း လင်းဖန် က “ကျွန်တော်နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ဟွာရှကုမ္ပဏီတချို့ကို တွေးကြည့်ထားတယ်’’

ဒါကိုကြားမှဖန်ဇီရှောင်သည် ထကာ ခါးကိုငုံ့ကာ အလွန်လေးနက်သောလေသံဖြင့် “ကျေးဇူးတင်ပါတယ် လင်းဖန်!”ဟုပြောလိုက်သည်။

All Chapters