← Chapters

တိုက်ပွဲ

Vol. 9 Ch. 127

တိုက်ပွဲ

Vol. 9 Ch. 127

ကျိုးယန်ကစတင်တိုက်ခိုက်သည်ကိုတွေသည်

နှင့် အဖိုးဝူကမြို့အပြင်ဘက်ရှိတပ်ဖွဲ့များကိုသ

တင်းပေးပို့လိုက်သည်။ကိုင်ရီရီတို့ကလည်းချက်ချင်းပင် လှုပ်ရှားလာကာ သွေးညှီနံ့များအ

လောင်းများပြည့်နေသည့်မြို့တံတိုင်းကိုအလွယ်တကူပင်ဖြတ်ကျော်လိုက်ပြီး နန်းတွင်းရှိရာ

ကိုတိုက်ရိုက်ပင်ဦးတည်လိုက်သည်။

လမ်းတွင်ဝိဉာဥ်မျိုးနွယ်၏အင်အားစုများနှင့်

တွေ့ဆုံသော်လည်း မတိုက်ခိုက်စေပဲ သားရဲထိ

န်းချုပ်ခြင်းဂိုဏ်းနှင့် နန်းတွင်းစစ်သည်များကို

သာတိုက်ခိုက်ကြသည်။

ဝုန်း

ဒက် ဒက် ဒက် ဒက် ဒက်

သံချပ်ကာကား၅စီးကတိုက်ရိုက်ပင်ထိုးဖောက်

လာပြီး ပြင်းထန်ကျယ်လောင်သည့်ကျည်ဆံ

အများအပြားဖြင့် ပတ်ဝန်းကျင်ကိုဖုံးလွှမ်းသွား

စေသည်။ထိုအရာကို ကြားဖူးရုံသာရှိပြီးမမြင်ဖူ

ကြသည့် နန်းတွင်းစစ်သည်များကတော့ ကြော

င်အနေပြီး မရှောင်တိမ်းနိုင်တော့ချေ။

လက်နက်ဆန်းများတပ်ဆင်ထားသည့် စစ်သ

ည်အင်အား ၂၀၀၀၀ ကျော်သာရှိသော်လည်း

တိုက်ခိုက်အားက နှစ်သိန်းနဲ့ပင်ညီမျှသည်။သာ

မန်အားဖြင့်စစ်သည်များသည် စစ်သည်တော်

အဆင့်နိမ့်ပညာရှင်များဖြစ်၍ ကျည်ဆံကိုမကာ

ကွယ်နိုင်ကြပေ။သူတို့သာမဟုတ် သိုင်းပညာရှ

င်အထွဋ်အထိပ်များပင် M79 ၏ပေါက်ကွဲမှုမျာ

7.62 inchs ကျည်ဆံကြီးများ၏ပြင်းအားများ

ကိုမကိုင်တွယ်နိုင်ခဲ့ပေ။

နောက်ထပ်ဝင်ရောက်အင်အားစုများကိုတွေ့သ

ည်နှင့် ကျိုးယင်ချင်းသည် သက်ပြင်းကိုချ၍

အတန်ကြာရပ်တန့်နေလိုက်သည်။သူ့အတွက်

လက်ရှိအခြေနေအရ ဝိဉာဥ်မျိုးနွယ်ဝင်များထိ

ခိုက်မှုကြောင့် ကျိုးချန်တို့ကိုတားဆီနိုင်ခဲ့ရင်

တောင်မှ ထီးနန်းကိုဆက်ခံရန်အင်အားမလုံလေ

က်တော့ပေ။

ကျိုးယင်ချင်းက ကျင်းတလျန်ဖက်ကြည့်၍

ခေါင်းညိတ်ပြလိုက်ပြီး နန်းတော်ရှိရာသို့ဆက်

လက်တိုးဝင်သွားလေသည်။ ကျင်းညီအစ်ကိုတို့

သည်လည်း ကျိုးယင်ချင်းအနောက်မှကပ်၍လို

က်ပါသွားကြသည်။

“ငါတို့အချိန်မီမှာပါ မင်းသားက အမည်မသိအ

င်အားစုကို ထိန်းထားနိုင်မယ်လို့ငါမျှော်လင့်ပါ

တယ်”

ကိုင်လီလီသည် အနားရှိစစ်သည်တဦးကိုခုတ်ပို

င်းကာ တီးတိုးပြောဆိုလိုက်သည်။သိန်းချီသည့်

လူများသတ်ဖြတ်ကြသည့်မြင်ကွင်းက သာမန်

လူများအဖို့ တုန်လှုပ်စရာပင်ဖြစ်သော်လည်း မု

ရုံရှီ ကျောက်ဝမ်အာ ကိုင်ရီရီတို့အတွက်ကမူမ

ည်သို့မှမဖြစ်သလိုပင်။

ကျိုးယန်သည် အရိပ်ကဲ့သို့ထွက်ပေါ်လာသည့်

လူစုထံ ဓားဖြင့်ခုတ်ပိုင်းလိုက်သည်ါထိုလူများ

၏ပုံစံမှာ အနည်းငယ်ထူးဆန်းနေပြီး သူတို့၏

ခန္ဓာကိုယ်ဘေးတွင်လည်း ထူးဆန်းသည့်အလ

င်းရောင်ဝါတခု ရှိနေကာ ထိုအရာကညိုညစ်ည

စ်ပုံစံရှိပြီး ကြည့်မိသူတိုင်းကိုစိတ်ကသိကအော

က်ဖြစ်စေသည်။

အရိပ်ကဲ့သို့လူများသည် ကျိုးယန်၏ဓားအလင်

ကို အသာအယာပင်ခုခံလိုက်ပြီး ကျိုးယန်ဆီတို

ဝင်လာကြသည်။ချီးပဲ အဆင့်မြင့်အဆင့်၅၀ ဦး

ကျော်ကိုတပြိုင်နက်တိုက်ရမှာလား။ဒါကလွန်

လွန်းပါတယ်။

ကျိုးယန်က တိတ်တဆိတ်ညီးတွားမိသော်လည်

မျက်နှာကိုတော့ အမူအရာမပြောင်းလဲစေပဲထို

အရိပ်လူများကို ကြည့်လိုက်သည်။ထိုလူများသ

ည် ထူးဆန်းသည့် ဓားကောက်များကဲ့သို့လက်န

က်ကိုကိုင်ဆောင်ထားပြီး ထိုအရာက ခြောက်

ပေခန့်ရှည်လျားကာ ထိပ်တွင် တပေခန့်သာရှိသ

ည့် ဓားကွေးတခုတပ်ဆင်ထားသည်။

Grim repear တွေလား။ဒီလောကမှာလည်းသူ

တို့တွေရှိနေတာလား။ ကျိုးယန်ဆီလက်နက်ဆ

န်ကြီးများတပြိုင်နက်တိုးဝင်လာချိန်တွင် ကျိုး

ယန်တယောက် စိတ်မသက်မသာခံစားလိုက်ရ

သည်။ သူတို့ရဲ့ချီတွေကထူးဆန်းပြီးအားကော

င်းလွန်းတယ်လို့ငါခံစားနေရတယ်။

ဓားကွေးများ၏အလင်းညိုညစ်ညစ်များစုပြုံ

ရောက်ရှိလာသည်ကို ကျိုးယန်က ပြန်လည်ခုခံ

လိုက်သည်။

ဝုန်း

မီတာ ရာဂဏန်းမျှလွင့်စင်သွားရကာ သွေးတပွ

က်အန်ထုတ်လိုက်ရသည်။လူအယောက်၅၀

ကျော်၏တိုက်ခိုက်မှူကို အဆင့်ကွာသူကခုခံလို

က်ခြင်းဖြစ်သည်။ အဖိုးဝူသည်ထိုအရာကိုမြင်

သည်နှင့် သူပါဝင်ရောက်တိုက်ခိုက်ရန်ကြိုးစား

လာသည်။ကျိုးယန်ကချက်ချင်းပင် အသံပေး

ပို့ကာ တားလိုက်သည်။

“အဖိုးဝူ မဝင်လာနဲ့ ဒီကောင်တွေကိုအဖိုးဝူမ

တားဆီးနိုင်ဘူး”

ကျိုးယန်ကလဲကျနေရာမှထရပ်ကာ ပါးစပ်ထေ

င့်ရှိသွေးစမျညးကိုသုတ်လိုက်သည်။ပြီးနောက်

“အယောက်၅၀ ကျော်စုပြီးတိုက်တာတောင်ဒီ

လောက်ပဲလား အဟက်”

ကျိုးယန်၏စကားကိုကြားလျှင် မိဖုရာချန်ရှင်း

၏ခင်ပွန်းဖြစ်သူလို့ဆိုခဲ့သည့်သူက မျက်စိမျက်

နှာပျက်သွားလေသည်။

“ကောင်လေး မင်းကနည်းနည်းတော့အထင်ကြီး

စရာကောင်းတာကိုငါဝန်ခံပါတယ် ဒါပေမယ့်အဲ့

ဒီလောက်နဲ့တော့ မင်းမလွတ်မြောက်နိုင်ဘူး”

ကျိုးယန်က ဓားကိုလက်နှဖက်ဖြင့်စုံကိုင်ကာ

“စမ်းကြည့်တာပေါ့”

“ယား”

ကျယ်လောင်သည့် ကျိန်းဝါးသံနှင့်အတူ ဓား

ချက်တခုထုတ်ဖော်လိုက်သည်။ထိုဓားချက်က

အသူရာကျင့်စဥ်၏ ဒုတိယဓားကွက်ဖြစ်ကာ

လက်ရှိကျိုးယန်၏ခွန်အားအရ ထိုဓားချက်မျိုး

၂ချက်ထက်ပိုမသုံးနိုင်သေးပေ။

ပတ်ဝန်းကျင်သည်အေးစက်စက်ဖြစ်သွားကာ

ကျိုးချန် တို့အဖွဲ့သည်လည်း အနည်းငယ်ထိတ်

လန့်တကြားဖြစ်သွားကြရသည်။ဒါက ဘယ်လို

ဓားပညာလဲ။အကုန်လုံးက ဓားချက်ကိုအကြည့်

ရောက်နေစဥ်မှာပင် ဓားချက်က ထိုလူရိပ်များ

ကို ဖြတ်ပိုင်းသွားသည်။

ဝုန်း

အရိပ်ကဲ့သို့လူများလွင့်စင်သွားကြသော်လည်း

မည်သည့်ဒဏ်ရာမှရမသွားကြပေ။ဓားချက်က

လေကိုသာခုတ်ပိုင်းမိသွားသလိုပင်။ကျိုးယန်တယောက် မှင်သက်သွားရသည်။

…………………………………

All Chapters