သေခြင်းနိယာမ(မရဏချီ)
Vol. 9 Ch. 128
ကျိုးယန်သည် သူ၏ဓားချက်တွင်ပါဝင်သည့်
ခွန်အားကိုသိသူဖြစ်သည်။လက်ရှိကျင့်ကြံမှုအ
ရ ထိုဓားချက်ကို ပတိကတိရှင်သန်ခြင်းအဆင့်
၉ များပင်မခုခံနိုင်ချေ။သို့သော် ထိုအရိပ်ကဲ့သို့
လူများကတော့ လွင့်စင်ရုံသာဖြစ်ပြီးမည်သည့်
ဒဏ်ရာမှမရကြပေ။
“ဟားးးး ကောင်လေး ငါတို့ကမင်းရင်ဆိုင်ဖူးတဲ့
တခြားလူတွေလိုမဟုတ်ဘူးကွ မင်းရဲ့ချီစွမ်းအ
င်လောက်နဲ့ ငါတို့ကိုထိခိုက်စေဖို့ဆိုတာမဖြစ်နိုင်
ပါဘူး”
ကျိုးချန်တို့အဖွဲ့သည်လည်း ထိုအချင်းအရာကို
မြင်လျင်ဝမ်းသာသွားကြသည်။ပြီးနောက်ကျိုး
ယန်ကိုမထေ့မဲ့မြင်ကြည့်ကာ ပြောလာသည်။
“ညီတော် လက်လျော့လိုက်ပါ မင်းသူတို့ကိုအနို
င်မယူနိုင်ဘူး”
အဖိုးဝူသည် ထိုအနေထားကိုမြင်ပြီးမျက်နှာအ
နည်းငယ်ပျက်သွားရသော်လည်း သူ့အနေဖြင့်
ကျိုးယန်အပေါ်ရာနှုန်းပြည့်ယုံကြည်သူဖြစ်သ
ည်။ထိုအတွက် ကျိုးယန်တယောက်ဖြေရှင်းနိုင်
မယ်လို့ တွေးနေသေးသည်မဟုတ်လား။
ကျိုးယန်က နှုတ်ခမ်းထောင့်များတွန့်ကွေး၍
ကြည့်လိုက်သည်။ရိုးရှင်းသည့်ဓားချက်ဖြင့်မရ
နိုင်ဘူးလား ကိစ္စမရှိပေ။သူ့တွင် မီးသန္ဓေသား
အသုံးပြုရန်ကျန်နေသေးသည်။
“စနစ်ရှင်စိတ်ကူးမှန်တယ် ဆက်လုပ်ပါ”
စနစ်၏အသံထွက်ပေါ်လာသည်။ကျိုးယန်က
“သူ တို့ကိုရစ်ဝဲထားတာက မရဏချီဆိုတဲ့အရာ
လား သူတို့သုံးတာကကော ဘာနိယာမလဲ”
ကျိုးယန်၏အမေးကိုစနစ်မှ
“သေခြင်းနိယာမလေ အရမ်းအစွမ်းထက်တယ်
စနစ်ရှင်မပေါ့ဆပါနဲ့”
ကျိုးယန်ကခေါင်းညိတ်လိုက်သည်။ပြီးနောက်
ထိုလူများကိုကြည့်ကာ ပြောလိုက်သည်။
“ပထမဓားချက်ကအသုံးမဝင်ပေမယ့် ဒုတိယနဲ့
တတိယဓားချက်တွေရှိပါသေးတယ်”
ငရဲတမန်တော်များသည် လွင့်စင်ရာမှ ဟန်ချက်
များကိုထိန်းကာ သူတို့၏လက်နက်ဆန်းကြီးမျာ
ဖြင့် တပြိုက်နက်ခုတ်ပိုင်းတော့သည်။ပတ်ဝန်း
ကျင်တခုလုံး ညိုညစ်ညစ်အငွေ့အသက်များဝန်
ရံနေပြီး ကျိုးယန်သည် လူအယောက်၅၀ ကျော်
၏တိုက်ခိုက်မှုများကို အသည်းအသန်ရှောင်တိ
မ်းနေရလေသည်။ ချီးပဲ မလွယ်ဘူးဟ။
တဖက်တွင် နန်းတော်အထိထိုးဖောက်နေသည့်
ကိုင်ရီရီတို့သည် နန်းတော်နှင့်နီးကပ်လာပြီး စစ်
သည်များမှာလည်း သူမတို့၏တိုက်ခိုက်မှုများ
ကို တောင့်မခံနိုင်ကြတော့ချေ။ သားရဲထိန်းချုပ်
ခြင်းဂိုဏ်းလည်းထိုအတူပင်။ ကျိုးယင်ချင်တို့
လူစုသည် ကိုင်ရီရီတို့အဖွဲ့နှင့်ရှေ့နောက်ဆင့်ကာ
နန်းတော်ထိအဆက်မပြတ်ထိုးဖောက်ရင်း နီးက
ပ်လာချေပြီ။
မိဖုရားချန်ရှင်းသည် ထိုအနေထားကိုသတိထား
မိသောကြောင့်မျက်နှာပျက်သွားရသည်။
“သားတော် မင်းရှောင်သွားတော့ အခြေနေမ
ကောင်းဘူး”
“ဘာဖြစ်လို့လဲမယ်တော် ကျတော်ကအခုဧက
ရာဇ်ဖြစ်နေပြီ ရှောင်ပြေးတာက နောင်ပိုင်းပြည်
သူတွေကိုဘယ်လိုမျက်နှာပြရမလဲ”
ကျိုးချန်ကအထွန့်တက်လိုက်သည်။ကျိုးယန်ကိုသာထိန်းချုပ်နိုင်လျှင် ကျန်သည့်အင်အားစု
များက လွယ်ကူပေသည်။ထိုအတွက်ရှောင်မ
ပြေးလိုခဲ့ချေ။
“အသက်လောက်ဘယ်အရာမှအရေးမပါဘူး
အခြေနေက မယ်တော်ရဲ့ထိန်းချုပ်မှုအောက်မှာ
ရှိမနေဘူးသားတော် အခုထွက်သွားပါတော့”
မိဖုရားချန်ရှင်းသည် ကျိုးချန် ကျိုးစုန့်တို့ကိုထွ
က်ခွာရန် တိုက်တွန်းနေလေသည်။သူမ၏အင်
အားစုများသည် လုံးဝပြိုလဲသွားပြီဖြစ်ကာရန်
သူများအနေဖြင့်မကြာမီတွင် နန်စတော်ကိုရော
က်ရှိလာပေတော့မည်။ အဓိကနောက်ခံဖြစ်သ
ည့် ငရဲတမန်တော်များမှာလည်း ကျိုးယန်တဦး
တည်းကိုအင် မနည်းထိန်းချုပ်နေရသည်မဟု
တ်လား။
ကျိုးယန်တို့တိုက်ပွဲသည် အလွန်ပြင်းထန်နေ
သည်။ကျိုးယန်အနေဖြင့် တသက်တာတွင်ဤ
မျှအလေးအနက်ထား၍ တိုက်ခိုက်ရသည့်တိုက်
ပွဲတခုကို မကြုံခဲ့ဖူးချေ။ထိုအတွက်အလွန်ပင်
တည်ငြိမ်နေကာ တခုခုသာမှားယွင်းပါက သူအ
ပါအဝင် အရာအားလုံးအဆုံးသတ်သွားရပေမ
ည်။
ကျား…..
ယား…
လက်နက်ချင်းထိခတ်သံများထွက်ပေါ်လာပြီး
ကျိုးယန်သည် အနောက်သို့ဆုတ်ခွာရင်းတဖြေး
ဖြေးအောက်စည်းသို့ရောက်လာနေသည်။အဆင့်ကျော်တိုက်ခိုက်နေရသည့်အပြင် တဖက်ကအ
ယောက်၅၀ ကျော်ရှိနေသည်မဟုတ်လား။သာမ
န်သူများသာဆို သေဆုံးသွားသည်မှာကြာမြင့်
လေပြီ။
ကျိုးယန်သည် လက်ထဲမှဓားဖြင့်အနီးဆုံးရှိငရဲ
တမန်တော်နှစ်ဦးကို ဝေ့ပိုင်းလိုက်သည်။ဓားချ
က်တွင် မီးစွမ်းအင်အနည်းငည့်ထည့်သွင်းထား
သောကြောင့် ဓားသွားမှာနီရဲနေပြီး သိသာတဲ့အ
ပူရှိန်များလည်းထွက်ပေါ်နေသည်။ ဓားချက်က
ထိုငရဲတမန်တော်၃ဦးကို ထိမှန်ကာ လွင့်စင်သွာ
ပြန်သည်။ ဒီတကြိမ်တွင်တော့သူတို့၏ခန္ဓာကို
ယ်တွင် ပြတ်ရှရာကြီးတခုပေါ်လာကာ ပြန်လည်
မကောင်းမွန်လာတော့ပေ။
ဟမ်..။မီးစွမ်းအင်ကသူတို့ကိုထိခိုက်စေတာတဲ့
လား။ကျိုစယန်ဝမ်းသာသွားသည်။တရစပ်တို
က်ခိုက်ခံနေရသဖြင့် ဒဏ်ရာများလည်းရရှိထား
ကာ ချီစွမ်းအင်များလျော့နည်းနေချေပြီ။ထိုအ
တွက် ပို၍ဂရုတစိုက်ထားကာတိုက်ခိုက်နေရသ
ည်။
“သူ့ဓားချက်ကထူးဆန်းနေတယ် အထိမမခံနဲ့”
ထိုသို့ပြောနေစဥ်မှာပင် နောက်ထပ်ငရဲတမန်
တော်အချို့ဓားချက်ထိမှန်ကာ ခန္ဓာကိုယ်များ
ကိုလည်းမီးများစွဲလောင်သွားတော့သည်။
“မီးတောက်လေးရေ မင်းအကူညီကတကယ်
ထိရောက်တယ်ဟေ့”
ကျိုးယန်၏ဓားချက်များက ရင်ပြင်တခုလုံး
အရိပ်များသဖွယ်ဖုံးလွှမ်းနေကာ လူရိပ်များနှင့်
ကျိုးယန်ကို ခွဲ၍မရတော့ပေ။အလင်းများသည်
အလွန်စူးရှသောကြောင့် အဆင့်နိမ့်သူများမှာ
မျက်လုံးများပိတ်ထားရပြီး ပြင်းထန်သည့်လေ
တိုးသံများ နာကျင်စွာအော်ဟစ်သည့်အသံများ
ကိုသာ ကြားနေကြရသည်။
အား
ရွှီး…ရွှီး…ရွှီး
ကျိုးယန်သည် ခွန်အားအကုန်သုံး၍ဆင့်ကာဆ
င့်ကာခုတ်ပိုင်းနေလေသည်။ ဓားချက်သွားရာ
လမ်းတလျှောက်တွင် အရိပ်ကဲ့သို့လူများမှာပြို
လဲကျနေပြီး သူတို့၏ဒဏ်ရာများမှာလည်း မသ
က်သာတော့ပေ။ လူအုပ်ကြီး၏အမြင်တွင်နီရဲ
နေသည့်ဓားတချောင်းကို ကိုင်ဆောင်ထားသ
ည့်နတ်ဘုရားတပါးမှ လူသတ်ပွဲကျင်းပနေသ
လိုပင်။
“ရှင်းအာ ငါတို့သားကိုခေါ်ပြီးပြေးတော့”
ထိုသူ၏အသံကိုကြားလျှင် ကျိုးချန်ကမှင်သ
က်စွာဖြင့် မိဖုရားချန်ရှင်းကိုကြည့်လိုက်သည်။
သူ၏ဖခင်က ဧကရာဇ်မဟုတ်ပေဘူးလား။ဒီလူ
ထူးဆန်းက သူ့အဖေလား။ဘာတွေလဲ။
“အခုထွက်သွားကြရအောင် နောက်မှရှင်းပြမ
ယ်”
မိဖုရားချန်ရှင်း မိဖုရားရွယ်တို့နှင့် ကျိုးချန်ဘ
က်တွင်ရှိခဲ့သည့် အမတ်များသည် အစောင့်များ
အကူညီဖြင့် ထွက်ခွာရန်ကြိုးစားလိုက်ကြသည်
သို့သော် ထိုအချိန်တွင်ပင် ကိုင်ရီရီတို့သည် နန်း
တော်အနီးသို့ရောက်ရှိလာခဲ့ချေပြီ။
“သူ တို့ထွက်ပြေးတော့မယ် တားထားကြ”
ကိုင်ရီရီက တပ်ဖွဲ့များကိုအမိန့်ပေးလိုက်သည်။
သူမသည် ပကတိရှင်သန်ခြင်းအဆင့်၅ ဖြစ်၍
အဆင့်၆ တွင်ရှိသည့် စုန့်ပြည်ထောင်မှလူကိုမ
ထိန်းချုပ်နိုင်သော်လည်း အချိန်ဆွဲထားနိုင်ပေ
သည်။ခနအကြာတွင် သွေးများလူးနေသည့်
ကျိုးယင်ချင်လည်းရောက်ရှိလာကာ တိုက်ပွဲအ
ကြားတိုးဝင်သွားပြီး ကျိုးလီတို့နှင့်ပူးပေါင်း၍
မယ်တော်များကို ကာ်တင်ကြသည်။တဖက်တွင်
ပကတိရှင်သန်ခြင်းအထွဋ်အထိပ်အဆင့်ရှိ
ကျင်းတလျန်လည်းရောက်ရှိလာကာ စုန့်ပြည်
ထောင်မှလူကို ကိုင်ရီရီနှင့်အတူတိုက်ခိုက်တော့
သည်။
“ကျမကိုမကူနဲ့ မင်းသားကျိုးဆီသွားလိုက်ဟို
ဘက်မှာ အင်အားအရမ်းများနေတယ်”
ကျင်းတလျန်က ကိုင်ရီရီကိုခေါင်းညိတ်ပြလိုက်
ပြီး ကျိုးယန်တို့တိုက်ပွဲရှိရာခုန်ဝင်လာသည်။
“ပကတိရှင်သန်ခြင်းအထွဋ်အထိပ်အဆင့်လား
အခြေနေမကောင်းဘူး နောက်ပြန်ဆုတ်ကြ”
မိဖုရားချန်ရှင်း၏ခင်ပွန်းဖြစ်သူသည် သူ့လူမျာ
ကိုနောက်ပြန်ဆုတ်ရန်အော်ပြောလိုက်သည်။သို့
သော်ကျိုးယန်က အလွတ်မပေးပေ။အနီးရှိတဦ
ကို ဓားဖြင့်ခုတ်ပိုင်းလိုက်ပြီး ကျန်တဦး၏လည်
ပင်းကို ပြုတ်တူကဲ့သို့ဆုတ်ကိုင်ကာ မြေပေါ်သို့
အလွတ်ကိုင်ပေါက်လိုက်သည်။
အား…
အယောက်၅၀ ကျော်ရှိသည့်ပကတိရှင်သန်ခြင်း
အဆင့်များက မူလတွင်ကျိုးယန်ကိုထိန်းထား
နိုင်ခဲ့သော်လည်း ကျင်းတလျန်ဝင်ရောက်လာ
ချိန်တွင်တော့ ချိန်ခွင်လျှာညီမျှသွားကာ ကျိုး
ယန်၏ကြမ်းတမ်းမှုများကိုခံစားကြရတော့သ
ည်။ ကျိုးယန်သည် ထိုသူများ၏ဦးခေါင်းများ
ကိုသာ ခုတ်ပိုင်းပြီးအမြန်လက်စသတ်ရန်ကြိုး
စားနေသည်။
“ညီတော် ညီမတော် ငါတို့ကိုလွှတ်ပေးပါ ထီးန
န်းကိုလည်း ငါမယူတော့ပါဘူး”
ကျိုးစုန့်က ကျိုးယင်ချင်းတို့ကိုကြည့်၍ပြော
လိုက်သည်။ကျိုးလီသည် နှာခေါင်းရှုံ့၍
“ငါတို့က ဧကရာဇ်နေရာကိုစိတ်ဝင်စားတယ်မျာ
မင်းတကယ်ကြီးထင်နေတာလားကွ မင်းကငါ
တို့မယ်တော်တွေကိုသတ်ဖို့ကြိုးစားတာကိုက
ခွင့်လွှတ်လို့မရတဲ့အမှားပဲ သေလိုက်ကြတော့”
ကျိုးလီ ကျိုးယွမ်တို့သည် သူတို့၏မယ်တော်
များကို တိုက်ပွဲလွတ်ရာသို့စစ်သည်များအားပို့
ဆောင်စေကာ ကျိုးချန်တို့ကိုတိုက်ခိုက်တော့
သည်။ ကျိုးပြည်ထောင်စု၏သက်တမ်းတလျှေ
က်တွင် ယခုကဲ့သို့သားတော် သမီးတော်များအ
ချင်းချင်းသတ်ဖြတ်နေသည်က ပထမဆုံးပင်။
ထိုအတွက် ဘိုးဘေးဧကရာဇ်များသာရှိနေပါက
မည်မျှပင် ဒေါသထွက်ကြမည်နည်း။
………………………………………