← Chapters

လက်စသတ်ခြင်း

Vol. 9 Ch. 129

လက်စသတ်ခြင်း

Vol. 9 Ch. 129

ကျိုးချန်တို့သည် ဝိုင်းရံခံထားရ၍တိုးမဖောက်

နိုင်တော့ပဲ ရွေးချယ်စရာမရှိတော့ကာ တိုက်ခို

က်ကြရတော့သည်။ ပြင်းထန်သည့်တိုက်ပွဲငယ်

တခုဖြစ်လာကာ ကိုင်ရီရီသည် စုန့်ပြည်ထောင်

စုမှ သက်တော်စောင့်နှင့်လက်ရည်တူတိုက်ခိုက်

နေပြီး ကျန်သူများကိုအဖိုးဝူ တပ်မှူးချင် မုရုံဖေ

ကျောက်မိသားစုခေါင်းဆောင်တို့က အသာအ

ယာပင်သတ်ဖြတ်နေခဲ့သည်။

“ပြေးကြ ဧကရာဇ်အသစ်ခြေနေမကောင်းဘူး”

“ပြေးကြဟေ့ ပြေးနိုင်မှလွတ်မယ်”

သက်တော်စောင့်အထူးစစ်သည်များသည် ထို

အခြေနေကိုခုခံရန်မစဥ်းစားကြတော့ပဲ ခြေဦး

တည့်ရာထွက်ပြေးကြတော့သည်။ ကျိုးယန်မှာ

ကျင်းတလျန်အကူညီရှိလာသောကြောင့်ပို၍ပင်

အသက်ရှူချောင်လာပြီး ဓားချက်များမှာလည်း

မီးတောက်လေး၏အကူညီကြောင့် ပြင်းထန်၍

ထိရောက်လာသည်။

ဝုန်း…

အားးး

နှစ်နာရီနီးပါးကြာမြင့်ပြီးချိန်မှာတော့ ကျင်းတ

လျန်ကိုယ်တိုင်လည်း ဒဏ်ရာအများအပြားထပ်

မံရရှိသွားကာ ငရဲတမန်တော်အရေအတွက်များ

ကတော့ ဆယ်ယောက်အောက်သို့ကျဆင်းသွား

ရတော့သည်။ထိုအထဲတွင် မိဖုရားချန်ရှင်း၏

ခင်ပွန်းဖြစ်သူပါဝင်နေပြီး ထိုသူမှာလည်းအခြေ

နေမကောင်းပေ။ထိုစဥ် ထိုသူကထူးဆန်းသည့်

လက်ဟန်ကိုအသုံးပြု၍ အစီအရင်တခုထုတ်

ဖော်လိုက်သည်။

အလင်းရောင်တချို့ထွက်ပေါ်လာကာကြီးမား

သည့် လက်ဖဝါးပုံစံလက်ကြီးတဖက်က ကျန်ရှိ

နေသည့် သူများကိုဆွဲခေါ်သွားရန်ကြိုးစားတော့

သည်။

“ဟမ့် ပြေးချင်တာလား မရဘူး”

ကျိုးချန်သည် ထိုလက်ကြီးရှိရာဦးတည်၍ဓား

ချက်များခုတ်ပိုင်းလိုက်သည်။ လက်ကြီးသည်

ကျိုးယန်၏ဓားချက်များကို အသာအယာပင်

ခုခံကာ သူ့လူများကိုဆွဲခေါ်ရန်ကြိုးစားနေသေး

သည်။

“ယောက်ျား ကျမတို့ကိုလည်းခေါ်သွားပါ”

မိဖုရားချန်ရှင်းက သူမ၏ယောက်ကျားဖြစ်သူ

ကိုအော်ပြောလိုက်သော်လည်း တဖက်သူကဂရု

မစိုက်ချေ။လက်ကြီး၏ဆွဲခေါ်မှုဖြင့် မြင်ကွင်းမှ

ပျောက်ကွယ်သွားတော့သည်။

“အားးးး”

ကျိုးစုန့်သည် ကိုင်လီလီ၏ဓားချက်ဖြင့်လက်

မောင်းတဖက်ပြတ်ကျသွားသည်။တဖက်၌ကျိုး

ယင်ချင်က ကျိုးချန်တို့သားအမိ၏ဦးခေါင်းမျာ

ကိုဖြတ်တောက်ကာ ကျိုးချနိ၏ဦးခေါင်းမှဧက

ရာဇ်သရဖူကိုချွတ်ယူလိုက်သည်။ မိဖရားရွယ်

သည် ကျင့်ကြံသူပင်မဟုတ်သည့်အတွက်အ

လွယ်တကူပင်သေဆုံးသွားရလေသည်။ ကျိုး

စုန့်သည် မိခင်၏အဖြစ်အပျက်ကိုတွေ့သော်လဲ

ဂရုမစိုက်နိုင်ပေ။သူကိုယ်တိုင်ပင် ပြေးရန်ရှာ

နေသည်မဟုတ်လား။

“အားလုံးကိုလက်စသတ်လိုက်တော့”

ကျိုးယန်က အဖိုးဝူတို့ကိုအမိန့်ပေးလိုက်သည်။

ငရဲတမန်တော်များမရှိတော့သည့်အတွက် အ

ခြေနေက ထိန်းချုပ်မှုအောက်ကိုရောက်ရှိလာပြီ

တည်ငြိမ်သွားတော့သည်။ ခနအကြာတွင်ဒဏ်

ကာအပြင်းအထန်ရထားသည့် ကျိုးယန်လည်း

မြေပြင်ပေါ် ထိုင်ချလိုက်ကာ အမောဖြေနေရသ

ည်။သူ့တွင် ချီဓာတ်များတစက်ကလေးမှပင်

မကျန်တော့ပေ။လက်ရှိချိန်၌ ကျင်းတလျန်က

သာတိုက်ခိုက်ပါက အလွယ်တကူပင်သေရပေ

မည်။

ကျင်းတလျန်သည် ကျိုးယန်ဘက်ကိုကြည့်၍

ပြုံးပြလိုက်သည်။

“ကောင်လေး မင်းအရမ်းတော်လွန်းတယ်”

ကျိုးယန်က ခေါင်းသာညိတ်ပြလိုက်ပြီးမည်သ

ည့်စကားမှပြန်မပြောလိုက်ပေ။ပြောရန်လည်း

ခွန်အားမရှိတော့ချေ။ခနအကြာတွင် ရင်ပြင်တ

ခုလုံးရှင်းလင်းသွားကာ ကျိုးချန် မိဖုရားချန်ရှင်

ကျိုးစုန့်တို့သားအမိတို့ကို စစ်သည်များကသယ်

ဆောင်သွားကြတော့သည်။ထိုသူများအတွက်

ဧကရာဇ်၏မျိုးနွယ်များမြုပ်နှံသည့် ဂူသချုင်း

နေရာကိုအသုံးပြုပေးမည်မဟုတ်ပေ။

ကိုင်ရီရီသည် ကျိုးယန်၏အနားသို့ရောက်ရှိလာ

ပြီးနောက် သူမသိမ်းယူထားသည့်အရာများကို

ပေးလိုက်သည်။ထိုအရာများက ရင်ပြင်ပေါ်ရှိ

တိုက်ပွဲတွင်ရထားသည့်အရင်းအမြစ်များဖြစ်

ပေသည်။ ကျိုးယန်က ထိုအရာများကိုသူမကို

သာပြန်ပေးလိုက်ပြီး သင့်ရာစီစဥ်ရန်မှားလိုက်

သည်။

ကျိုးလီ ကျိုးယွမ် ကျိုးစုလင်းတို့သားအမိများ

သည် ကျိုးယန်နှင့်အတူ အနည်းငယ်အကောင်း

တိုင်းကျန်နေသည့် နန်းတော်အဆောင်တခုထဲ

သို့ဝင်သွားကြသည်။

“ယန်အာ မင်းငါတို့ကိုကယ်ဖို့နဲ့အတော်ပင်ပန်း

ခံခဲ့ရပြီ”

မိဖုရားဖန်းက ကျိုးယန်၏လက်ကိုကိုင်၍တိုး

ညှင်းစွာပြောလာသည်။ကျိုးယန်ကပြုံး၍

“အဆင်ပြေပါတယ် မယ်တော်တို့အန္တရာယ်ကင်

ကင်းရှိနေတာကိုပဲ ဝမ်းသာလှပါပြီ”

ထိုစဥ် မိဖုရားယင်မှဝင်ပြောလာသည်။

“ယန်အာ အခုချိန်က မယ်တော်တို့ပြည်ထောင်စု

အနေနဲ့အရမ်းအားနည်းနေပြီ ဧကရာဇ်လည်းမ

ရှိတော့တဲ့အတွက် အခွင့်ရေးကိုစောင့်နေကြတဲ့

အခြားပြည်ထောင်စုတွေရဲ့ရန်ကိုလည်းကြောက်ရတယ် မင်းဘယ်လိုစီစဥ်မယ်တွေးလဲ”

“လောဆယ်တော့ အစီစဥ်မရှိသေးဘူးမြို့တော်

ကိုယာယီထိန်းချုပ်ထားပြီး ကျတော့်အချိန်တခု

အနားယူပြီးမှ တတိယအစ်မတော်တို့နဲ့တိုင်ပင်

ပြီး ပြည်ထောင်စုအတွက်တခုခုစီစဥ်ရမှာပဲ”

ထိုအချိန် ကျိုးယင်ချင်းနှင့်ကျင်းတလျန်တို့မှ

အဆောင်ထဲဝင်ရောက်လာသည်။ကျိုးယင်ချင်း

နှင့်အတူ ဧကရာဇ်သရဖူပါလာကာ သူမသည်

သူမ၏မယ်တော်ကိုပွေ့ဖက်ပြီးနောက် သရဖူ

ကို မိဖုရားဖန်းဆီအပ်နှံလိုက်သည်။

“မယ်တော်ဖန်း ဒါကဧကရာဇ်အမှတ်အသား

ဧကရာဇ်သရဖူပါ.”

အကုန်လုံးကမှင်သက်သွားကြသည်။ကျိုးယင်

ချင်းအနေဖြင့် ဧကရာဇ်သရဖူလက်ဝယ်ရှိထား

သည့်အတွက် ဧကရာဇ်နေရာအားရယူကာပထ

မဆုံး အမျိုးသမီးဧကရာဇ်တပါးဖြစ်လာနိုင်သ

ည်မဟုတ်လား။

“မင်းက ဒါကိုဘာရည်ရွယ်ချက်နဲ့ပြန်အပ်တာလဲ

တတိယသမီးတော်လေး”

မိဖုရားဖန်းမှမေးလိုက်သည်။ကျိုးယင်ချင်းသ

ည် သက်ပြင်းချကာ

“ဒီအဖြစ်အပျက်ကြီးတခုလုံးက ဧကရာဇ်ရာထူ

ကနေစတင်ခဲ့တာပါပဲ ကျမလည်းဧကရာဇ်ဖြစ်

ချင်ခဲ့ပါတယ် ဒါပေမယ့် ဒီနေ့အငယ်ဆုံးမောင်

လေးရဲ့ စွမ်းဆောင်မှုကိုမြင်လိုက်ရတော့ သူ့

ထက်ဧကရာဇ်ရာထူးကိုပိုသင့်တော်မယ့်သူကျမ

စဥ်းစားမရတော့ပါဘူး ကျမအတွက်သာမန်မင်

သမီးဘဝနဲ့ပဲ လုံလောက်ပါပြီ”

ကျိုးယင်ချင်း၏စကားကိုကြားလျှင် အကုန်လုံ

ကသက်ပြင်းချလိုက်ကြသည်။သူတို့သည်လဲ

ထိုကဲ့သို့ပြောချင်ပေမယ့် ကျိုးယင်ချင်၏ဧက

ရာဇ်ဖြစ်လိုသည့်ဆန္ဒကိုသိထားသောကြောင့်

ပြေယမထွက်ခဲ့ပေ။ ယခုတွင်တော့သူမကိုယ်

တိုင်က လိုလားစွာဖြင့်အပ်နှံလာပေသည်။

ကျိုးယန်သည် ထိုအခြေနေကိုမျှော်လင့်ထား

ပြီးသားဖြစ်သည်။အမှန်တကယ်အားဖြင့်ဧက

ရာဇ်ရာထူးသည် သူ့အတွက်သာမန်ပင်။သူသ

ည် ဘုရင် ဧကရာဇ် စသည့်တေယ်ဝင်မျိုးနွယ်

များ၏အနေထားကိုမနှစ်သက်ပေ။သို့သော်သူ

သာ ဧကရာဇ်ရာထူးကိုလက်မခံပါကလည်း

ကျိုးပြည်ထောင်စုအတွက် သူ၏စိတ်ကူးများ

ကိုအကောင်အထည်ဖော်ရန်မလွယ်ကူနိုင်ပေ။

“အဲ့ကိစ္စအတွက် ခနထားလိုက်ပါအခုမြို့တော်

ကိုလုံခြုံရေးတင်းကျပ်ဖို့နဲ့ ဒေသ၄ခုထဲက အ

ရှေ့ဘက်နဲ့မြောက်ဘက်ဒေသကို ဖိနှိပ်ဖို့ကြိုး

စားရလိမ့်မယ်ထင်တယ်”

ကျိုးယန်၏စကားကိုအကုန်လုံးကသဘောတူ

ဟန်ဖြင့်ခေါင်းညိတ်ကြသည်။ကျိုးချန် ကျိုးစုန့်

တို့မရှိတော့ပေမယ့် သူ၏အင်အားစုလက်ကျန်

များက ပုန်ကန်ကြပေဦးမည်မဟုတ်လား။မိသာ

စုများ အချိန်အတော်ကြာအောင်စကားပြောဆို

ပြီးနောက် ကျိုးယန်က ကျင်းတလျန်နှင့်ထပ်မံ

ဆွေးနွေးကာ အင်အားစုနှစ်ခုကိုခွဲခြမ်း၍ ဒေသ

နှစ်ခုဆီစေလွှတ်လိုက်သည်။

တဖက်တွင် နန်းတွင်းတခုလုံးကိုပြန်လည်ပြုပြ

င်ကာ နစ်နာခဲ့ရသည့်ပြည်သူများအတွက်လည်း

ပြန်လည်ပေးအပ်သည့်အခြေနေများကို စီစဥ်ရ

သည်။မြို့အထဲမှ ပေးမထွက်ခဲ့၍ တိုက်ပွဲ၏ရို

က်ခတ်မှုကြောင့် ပြည်သူသောင်းချီသေဆုံးသွာ

ကြရသည်မဟုတ်လား။ လူနေအိမ်အများစုလဲ

ပျက်စီးသွားကြရပြီး နန်းမြို့တော်သည်မြို့ပျ

က်ကြီးတခုနီးပါးဖြစ်သွားရသည်။

နောက်တနေ့မနက်တွင် တပ်မှူးချင်တို့ကဒေသ

နှစ်ခုဆီထွက်ခွာသွားပြီး ကိုင်ရီရီ ကျင်းတလျန်

ကျောက်မိသားစု မုရုံမိသားစုတို့၏အကူညီဖြင့်

ပျက်စီးသွားသည့် နန်းတော်ကြီးကိုအမြန်ပြုပြ

င်ကြတော့သည်။ထိုရက်များတွင် ကျိုးယန်သ

ည် ဒဏ်ရာများကိုသာ အာရုံစိုက်၍ကုစားနေ

လေသည်။ မြို့တော်အသစ်ရှိသူများသည် ထို

သတင်းကိုကြားသည်နှင့် ရက်ပေါင်းများစွာ

အောင်ပွဲခံကြကာ လက်ရှိအခြေနေအရဧကရာ

ဇ်အသစ်သည် ကျိုးယန်မှလွဲ၍အခြားမရှိနိုင်

တော့ပေ။ ထိုအတွက် ကျိုးယန်ဘက်တွင်အရဲ

စွန့်နေခဲ့ကြသည့် အင်အားစုများမှာဝမ်းသာမ

ဆုံးရှိနေကြသည်။

အလယ်ပိုင်းဒေသမှတဆင့် ကျိုးစုန့်ထံခိုဝင်ကြ

သည့် ရှမိသားစုကတော့ ထိုသတင်းကိုကြားသ

ည်နှင့် အလျင်အမြန်ပင်ရှောင်တိမ်းသွားကြရ

လေသည်။ မြို့တော်ကြီးတွင်လည်း အင်အားစု

အသီးသီးမှ မိဖုရားများ ကျိုးလီ ကျိုးယွမ်တို့

ထံတွေ့ဆုံကြကာ နောက်တက်မည့်ဧကရာဇ်၏

အရိပ်အောက်ခိုလှုံခွင့်တောင်းလာကြသည်။ထို

အဖြစ်အပျက်များကိုတော့ ကျိုးယန်ကမသိခဲ့

ပေ။

ဟွာမုန့်ယင်တို့မိသားစုသည် စုယင်နှင့်အတူနန်း

တွင်းထဲသို့လိုက်ပါလာကြသည်။ ကျိုးလီတို့သ

ည် စုယင်၏အနေထားကိုခန့်မှန်းမိ၍ စုယင်တို့

ရောက်သည်နှင့် အထူးအဆောင်တခုတွင်ထား

၍နေစေသည်။ ရှောင်ရှောင်လေးသည် သစ်လွ

င်တောက်ပနေသည့် နန်းတော်အသစ်များကိုကြ

ည့်၍ ပျော်မြူးနေလေသည်။

ဝိဉာဥ်မျိုးနွယ်တွင် စစ်သည် ၆သောင်းနီးပါး

ထိခိုက်သေဆုံးသွားကာ ကျိုးယန်၏အင်အားစု

တွင်တော့ ရာဂဏန်းမျှသာထိခိုက်သေဆုံးကြရ

သည်။ ထိုသူများ၏နောက်မှမိသားစုများကိုလဲ

ကိုင်ရီရီက အထူးပင်ထောက်ပံ့စေသည်။

လင်းရန်သည် ရဲတပ်ဖွဲ့ဝတ်စုံကိုဂုဏ်ယူစွာဝတ်

လျက် လက်ထဲတွင် AK သေနတ်ကိုကိုင်ကာ

ဌာနထဲတွင် ဟိုဒီလျှောက်နေလေသည်။ထိုအနေ

ထားကိုတွေ့သည့် အခြားရဲတပ်ဖွဲ့ဝင်များကမေး

လာသည်။

“ဟေ့ကောင် မင်းဘာဖြစ်နေတာလဲ မျက်စိကို

နေက်နေတာပဲ ရှေ့လျှောက်လိုက်နောက်လျှော

က်လိုက်နဲ့”

လင်းရန်ကပြုံး၍

“မင်းတို့စဥ်းသားကြည့်စမ်း မင်းသား၈သာထီး

နန်းရသွားရင် ငါတို့က ဒီမြိူ့တော်အသစ်ကနေ

နန်းမြို့တော်ထိခြေဆန့်သွားရတော့မှာ နောက်

ပြီးမင်းသားရဲ့အစီအမံတွေအရ နောက်ထပ်ရဲ

အဖွဲ့စည်းတွေထပ်ပေါ်လာပြီးငါတို့က စီနီယာ

ကြီးတွေဖြစ် နောက်လူတွေကိုပြန်သင်ကြားပေး

ရလိမ့်မယ် ဟားး”

လင်းရန်တယောက် အနာဂတ်၌တိုးတက်လာမ

ည့်အနေထားကိုတွေး၍ပျော်ရွှင်နေလေသည်။

မြို့တော်အသစ်မှ ပြည်ထောင်စုတခုလုံးကိုမင်း

သား၈ မှသေချာပေါက် ပြုပြင်ပြောင်းလဲမည်မှ

မြေကြီးလက်ခတ်မလွဲပေ။

………………………………………

All Chapters