ကျားချောင်းချောင်းနေသည့် အခြားပြည်ထောင်စုများ
Vol. 9 Ch. 130
ကျိုးပြည်ထောင်စု၏ နန်းတက်ပွဲသတင်းကအ
ခြားပြည်ထောင်စုများထံပြန့်နှံ့သွားလေသည်။
စုန့်ပြည်ထောင်စုသည် ကျိုးချန်ကိုပွင့်ပွင့်လင်း
လင်း မထောက်ပံ့ခဲ့သည်က ထိုခြေနေများကိုတွ
ဆက်ထားခဲ့၍ဖြစ်သည်။ သူတို့အမြင်တွင်ကျိုး
ချန်သည် ကျိုးယင်ချင်းလောက်ပင်အရည်အချ
င်းမရှိပေ။
သို့သော်မထင်မှတ်ထားသည့် အမှိုက်မင်းသား
က အောင်မြင်မှုရသွားခဲ့မည်ကိုတော့သူတို့မထ
င်ထားခဲ့ချေ။စုန့်ပြည်ထောင်စုသာမက သားရဲ
ထိန်းချုပ်ခြင်းဂိုဏ်းအင်အားအတော်များများ
ဆုံးရှုံးသွားရသည့်အတွက် ဝူပြည်ထောင်စုသ
ည်လည်း အထိနာခဲ့ရသည်။အခြားပြည်ထောင်
စုများဖြစ်သည့် ဟုန်ပြည်ထောင်စု မုန့်ပြည်
ထောင်စုတို့သည် ကျိုးပြည်ထောင်စု၏အခြေ
အနေကိုနီးကပ်စွာစောင့်ကြည့်နေကြသည်။
မည်သည့်တော်ဝင်သားတော်တပါးနန်းတက်
လာမည်နည်း။လက်ရှိတွင်တိုက်ပွဲတခုပြင်းထန်
စွာဖြစ်ပွားခဲ့ပြီး၍ ကျိုးပြည်ထောင်စုသည်အလွ
န်ပင်အားနည်းနေမှာသေချာပေသည်။ထိုအခွင့်
အလမ်းကောင်းက ဆုပ်ကိုင်ရပေမည်။
ကျိုးယန်တယောက်ဒဏ်ရာများကို ကုသနေစဥ်
အတွင်း၌ ကျန်တဲ့သူများက ပြန်လည်ထူထောင်
ရေးလုပ်ငန်းစဥ်များကို အားသွန်ခွန်စိုက်လုပ်
ဆောင်နေကြရသည်။ပျက်စီးဆုံးရှုံးသွားရသည့်
မြို့တော်ကြီးအား အမြန်ဆုူံပြန်လည်ပြုပြင်၍
နောက်တက်မည့်ဧကရာဇ်အဖြစ် ကျိုးယန်ကိုတ
ညီတညွတ်တည်း သတ်မှတ်လိုက်ကြသည်။
အဖိုးဝူသည် မြို့တော်အသစ်နှင့်မဟူရာမြို့
တော်နှစ်ခုကဲ့သို့ မြို့တော်ကြီးကိုလည်းချိတ်
ဆက်စေကာ ကုန်သွယ်ရေးကိုကျယ်ပြန့်စေသ
ည်။ကျိုးယန်ဆိုလျင်လည်းထိုကဲ့သို့ပင်လုပ်
ဆောင်မည်ဟု သူထင်သည်။တိုင်းပြည်တခု၏
ရေရှည်တိုးတက်မှုအခြေခံမှာ စီးပွားရေးဖြစ်ပြီး
ထိုနောက်တွင်မှ အခြားအရာများလိုက်ပါလာသ
ည်မဟုတ်လား။
ရက်သတ္တပတ်ခန့်ကုန်ဆုံးသွားပြီးနောက်ကျိုး
ယန်တယောက် ပြန်လည်သက်သာလာသည်။
ထိုနောက်တွင်ပင် အဖိုးဝူ ကျိုးယင်ချင်းတို့ကို
စုဝေးကာ ပြည်ထောင်စု၏အခြေနေများကိုမေး
မြန်းတော့သည်။
“လတ်တလောတော့ ပြန်လည်ထူထောင်ရေးကိ
စ္စတွေက အတော်များများလုပ်ဆောင်နေပါပြီ
မြို့တော်အသစ်နဲ့ချိတ်ဆက်ဖို့ကိစ္စကိုတော့ တပ်
မှူးချင်တို့ ပြန်ရောက်တာနဲ့စပါမယ်သခင်လေး”
အဖိုးဝူက ပြည့်စုံစွာရှင်းပြလာသည်။တဖက်တွ
င် ဒေသနှစ်ခုကိုလွယ်ကူစွာထိန်းချုပ်နိုင်ခဲ့သော်
လည်း အချို့နေရာများ၌ သူပုန်အနည်းငယ်ကျ
န်ရှိနေဆဲဖြစ်သည်။ထိုအရာတွက်တော့ကျိုးယန်က စိတ်မပူပေ။
“မြို့တော်အသစ်ကပုံစံတိုင်းပဲ ဒေသ၄ခုလုံးကို
ချိတ်ဆက်တဲ့လမ်းမကြီးတွေဆောက်လုပ်ပေး
ပါ ပြီးတော့ အချို့နေရာလွတ်တွေမှာအိမ်ရာအ
သစ်တွေ လူနေအဆောက်အုံတွေအပြင်ကုန်သွ
ယ်ရေးအတွက်ပါ ထည့်သွင်းစဥ်းစားဖို့လိုတယ်”
ကျိုးယန်ကသူ၏စိတ်ကူးများကိုပြောပြလိုက်သည်။ပြည်ထောင်စုတခုလုံးကို အုပ်ချုပ်ရသ
ည်က မြို့တော်တခုကိုအုပ်ချုပ်ရသည်ထက်ပို
၍ခက်ခဲကာ ကျယ်ပြန့်သည်။ထိုအတွက်ပို၍စ
နစ်ကျသည့် ဗျူဟာများသုံးရန်လိုပေသည်။
ကျိုးယင်ချင်းသည် အဖိုးဝူ ကိုင်ရီရီတို့ကိုကူညီ
၍ အခြားပြည်ထောင်စုများမှ အခွင့်အရေးမယူ
ခင် ပြန်လည်ထူထောင်ရေးကိုအားတက်သရော
ကူညီလေသည်။အရှေ့ အနောက် တောင် မြော
က် ဒေသလေးခုကို ခရိုင်ကြီး၄ခုအဖြစ်သတ်မှ
တ်ကာ ခရိုင်တခုစီ၌ မြို့တော်ကြီးတခုအဖြစ်
ထားရှိစေပြီး ထိစပ်ဒေသရှိမြို့တော်များကို
တော့ အလယ်ပိုင်းဒေသထဲသို့ပေါင်းထည့်လိုက်
သည်။
စုယင်သည် ဟွာမုန့်ယင်နှင့်အတူ ခန်းမထဲသို့
ဝင်ရောက်လာခဲ့သည်။ဟွာမုန့်ယင်၏ကိုယ်ပေါ်
တွင်ရှိနေသည့် ရှောင်ရှောင်လေးက ကျိုးယန်ကို
တွေ့သည်နှင့် လက်များဆန့်တန်း၍ချီခိုင်းလေ
သည်။
“အို ရှောင်ရှောင်လေးပါလား ဦးဦးကိုလွမ်းနေ
တာလား”
ကျိုးယန်သည် ရှောင်ရှောင်လေး၏ပါးပြင်ကို
အသာညစ်၍မေးလိုက်သည်။
“အများကြီးလွမ်းတယ် ခစ်ခစ်”
ရှောင်ရှောင်လေးနှင့်ကျိုးယန်တို့ကလူကျီစယ်
နေချိန်တွင် စုယင်သည်ကျိုးယန်ကိုအငေးသား
ကြည့်နေခဲ့သည်။သူမ၏စိတ်ထဲတွင်မည်သည့်အရာများတွေးနေမလဲ သူမသာသိပေမည်။ကျို
ယင်ချင်းက
“နောက်တလအတွင်း ဧကရာဇ်အသစ်တင်မြှော
က်ဖို့ကိစ္စစီစဥ်ရမယ် အချိန်သိပ်ဆွဲလို့မကောင်း
ဘူး နင်လည်းသိတဲ့အတိုင်းပဲ ခုချိန်ငါတို့ကအရ
မ်းအားနည်းနေချိန်ဆိုတော့ တခြားပြည်ထောင်
စုတွေအခွင့်အရေးယူနိုင်တယ်”
ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။ထိုအနေ
ထားကို တွက်ဆမိပြီးသားဖြစ်၍ သူသည်လည်း
ထိုအရာများအတွက်ခေါင်းခဲနေရလေသည်။
“လောဆယ်တော့လုပ်စရာတွေကိုပဲဆက်လုပ်
ထားပါ ပြီးတော့ နန်းတက်ပွဲမတိုင်ခင် အစ်မ
တော်က အဖိုးဝူနဲ့ပူးပေါင်းပြီး မြို့တော်အသစ်
ရဲ့ နည်းစနစ်တွေအတိုင်းအကောင်အထည်ဖော်
ဖို့ကြိုးစားပါ”
“ဌာနတွေဖွင့်လှစ်ပြီး အဆင့်ဆင့်အုပ်ချုပ်စေတဲ့
နည်းလား”
ကျိုးယင်ချင်းကမေးလိုက်သည်။
“ဟုတ်တယ်”
အဖိုးဝူကခေါင်းညိတ်၍လက်ခံလိုက်သည်။ထို
နည်းဗျူဟာများသည် အမှန်ပင်အသုံးဝင်ကာ
သာမန်ပြည်သူများ၏ အလုပ်အကိုင်အတွက်
လည်း အထောက်ပံ့ဖြစ်စေသည့်အတွက် အဆ
င်ပြေသည်။
ဝိဉာဥ်မျိုးနွယ်သည် ကျိုးယင်ချင်းနှင့်ကျင်းတ
ချန်တို့၏မဂ်လာပွဲကိုဖျက်သိမ်းစေကာ ဧကရာ
ဇ်အသစ်၏လက်အောက်တွင်အပြည့်အဝပူး
ပေါင်းမည်ဟု ထုတ်ပြန်လိုက်သည်။ထိုခြေနေ
က နန်းတက်မည့်ဧကရာဇ်မှာမည်သူဖြစ်သည်
ကို အလိုအလျောက်မီးမောင်းထိုးပြီးသားပင်။
ကျောက်မိသားစုနှင့်မုရုံမိသားစုသည် မဟူရာ
မြို့ကိုဆက်လက်ထိန်းချုပ်ကာ မြို့တော်အသ
စ်ကို ကိုင်ရီရီ၏လက်သို့အပ်နှံလိုက်သည်။ခရို
င်ကြီးလေးခုတွင် ကျန်သည့်သုံးခုကိုတော့ကိုယ်
ပိုင်အုပ်ချုပ်ခွင့်ပေးကာ ဗဟိုမှထိန်းချုပ်သည့်
နိုင်ငံရေးဗျူဟာကို ကျင့်သုံးစေသည်။တောင်
ဘက်ဒေသကို ဝိဉာဥ်မျိုးနွယ်အားအပ်နှံပြီးအ
ရှေ့ဘက်ဒေသကိုတော့ ကျိုးလီကထိန်းချုပ်စေ
သည်။ မြောက်ဘက်ဒေသတွင် ကျိုးယွမ်နှင့်
ကျိုးစုလင်းတို့နှစ်ဦးက ကျိုးယန်၏အကူညီဖြ
င့် ထိန်းချုပ်ရပေမည်။
ထိုဒေသများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ
သများဖြစ်သော်လည်း အလယ်ပိုင်းဒေသ၏
ထိန်းချုပ်မှုကိုတော့ လွန်ဆန်၍မရသေးပေ။
ကျိုးယန်သည် မြို့တော်ကြီး၏ပြန်လည်ထူထေ
င်ရေးလုပ်ငန်းစဥ်များကို ကြည့်ရှုကာလူနေအိမ်
များဆောက်လုပ်ခြင်းကို ပို၍အားစိုက်ထုတ်စေ
သည်။
ကျိုးပြည်ထောင်စုသည် လဝက်အတွင်းမှာပင်
တည်ငြိမ်သွားကာ မိသားစုကြီးများကလည်း
ကျိုးယန်ကိုအလိုအလျောက်ပူးပေါင်းကာလုပ်
ဆောင်လာကြသည်။ထိုကဲ့သို့အင်အားစုများ၏
အကူညီဖြင့် ကျိုးပြည်ထောင်စုသည် ၅နှစ်စီမံ
ကိန်းကို စုဝေး၍အကောင်ထည်ဖော်လာတော့
သည်။
ထို၅နှစ်စီမံကိန်းတွင် အိမ်ရာများဆောက်လုပ်
ခြင်း။လမ်းတံတားများချဲ့ထွက်ခြင်း။နိုင်ငံ၏
ဥပဒေသများပြင်ဆင်သတ်မှတ်ခြင်း။ဌာနများ
ဖွင့်လှစ်၍ အုပ်ချုပ်စေခြင်း ကုန်သွယ်ရေးနှင့်
စက်မှုနည်းပညာများဖြန့်ဝေခြင်းတို့ပါဝင်သည်။
အိမ်ရာဆောက်လုပ်ခြင်း လမ်းတံတားချဲ့ထွင်
ခြင်းသည် ပြည်ထောင်စုတခုအတွက်အခြေခံ
အကျဆုံးအရာများဖြစ်သည်။ထိုကဲ့သို့လုပ်ဆောင်နေစဥ်အတွင်းမှာပင် မြို့တော်အသစ်ကဲ့သို့
ပင် ဌာနဆိုင်ရာများကို ဖွင့်လှစ်စေသည်။
ကျိုးယန်သည် အကျဥ်းထောင်ဟူသည့်အရာ
တခုကိုဆောက်လုပ်စေကာ ပြည်ထောင်စုတခု
လုံးတွင် ကြီးမားသည့်အကျဥ်းထောင်၅ခုကို
တပြိုက်နက်ဆောက်လုပ်စေသည်။ထိုအကျဥ်း
ထောင်၅ခုတွင် ဆိုးသွမ်းသည့် သူပုန်များကျင့်
ကြံသူများကို ထိန်းသိမ်းမည်ဖြစ်ပြီး ဥပဒေအ
သစ်များရေးဆွဲခြင်းကိစ္စကိုလည်း ရက်အတော်
ကြာသည်အထိ ဆွေးနွေးကြရသည်။
အထူးသဖြင့် ကျင့်ကြံရေးလောကသည် ဥပဒေ
မဲ့သည့်လောကတခုဖြစ်သောကြောင့် ပုဒ်မများ
ပြစ်ဒဏ်များနှင့်မရင်းနီးပေ။ထိုအတွက်ကျိုးယ
န်သည် ရက်အတော်ကြာအောင်ပင် သေချာရှင်း
ပြရလေသည်။
မတူညီသည့် ပြစ်ဒဏ်များကိုရက်အနည်းငယ်
အတွင်းမှာပင် ထုတ်ပြန်ကာ ထိုအထဲတွင်အသ
က်၁၆ နှစ်မှစ၍ အသက်ပြည့်သည်ဟုသတ်မှ
တ်ကာ အမျိုးသမီးအခွင့်အရေးကို အထူးပင်
အလေးထားကာ သက်ငယ်မုဒိမ်းများအရွယ်မ
တိုင်မီ မိသားစုများမှ ဖိအားပေးလက်ထပ်စေ
ခြင်းကို တားမြစ်သည့်ပြစ်ဒဏ်များ အမျိုးသမီ
များအတွက် အသိပညာအတတ်ပညာလေ့လာ
ခွင့်များလည်းပါဝင်သည်။
ကျိုးပြည်ထောင်စုတွင် အကြောင်းမဲ့လူသတ်
ခြင်း မုဒိန်းကျင့်ခြင်းကိုအကြီးမားဆုံးပြစ်ဒဏ်
အဖြစ်သတ်မှတ်စေကာ လက်ထပ်ထိမ်းမြားခြ
င်းအတွက် ဗဟိုမှသတ်မှတ်ထားသည့်အသက်
အရွယ်ပြည့်ရန်လည်းလိုအပ်သည်။ထိုသို့မဟု
တ်ပါက တားမြစ်ပြစ်ဒဏ်ကျခံရမည်ဖြစ်ပြီးထို
ပြစ်ဒဏ်သည် အကျဥ်းထောင်ထဲ၌ ဆယ်စုနှစ်
အနည်းငယ် ကုန်လွန်စေရန်လုံလောက်သည်။
ကျိုးယန်၏လုပ်ဆောင်မှုများသည် အမျိုးသမီး
အခွင့်အရေးအများအပြားပါဝင်ကာ အမျိုးသ
မီးများအနေဖြင့် အမျိုးသားများနည်းတူပညာ
ရပ်များလေ့လာသင်ကြားခြင်းကိုလုပ်ဆောင်နိုင်ပေသည်။ထို့အပြင် အသက်၅ နှစ်မှ ၁၀နှစ်အ
ထိကလေးငယ်များကို အခြေခံပညာရေးဖြစ်သ
ည့် အပေါင်းအနှုတ် အမြှောက်အစားများကို
သင်ကြားစေကာ ထိုအထဲမှကျင့်ကြံရန်ပါရမီပါ
ရှိသည့် ကလေးငယ်များအတွက် ကျင့်ကြံမှုအ
ခြေခံတည်ဆောက်နိုင်ရန် ပါဝင်သည်။
အချိန်က နှစ်ဝက်ကုန်ဆုံးသွားပြီးနန်းတက်ပွဲသို့
ရောက်ရှိလာသည်။ ကျိုးယန်သည် ကျိုးယင်ချ
င်းတို့၏တိုက်တွန်းမှုဖြင့် ဧကရာဇ်အသစ်အဖြစ်
နန်းတက်ခဲ့ရလေသည်။ ကျိုးယန်၏နန်းတက်ပွဲ
သည် ကျိုးပြည်ထောင်စုသမိုင်းတလျှောက်အ
ကြီးကျယ်ဆုံးဖြစ်ကာ ခေတ်မီလက်နက်များကို
င်ဆောင်ထားသည့် စစ်သည်များ သံချပ်ကာ
ကားများမြို့တော်အနှံ့လှည့်လည်ကာလုံခြုံရေး
ယူလျက်ရှိသည်။
……………………………………