ဧကရာဇ်ကျိုးယန်
Vol. 9 Ch. 131
နန်းတက်ပွဲသည် ၅ရက်တိုင်တိုင်ကြာမြင့်ကာ
ပြည်ထောင်စုတခုလုံးသည် ထိုရက်များကိုနှစ်
စဥ်နှစ်တိုင်း အားလပ်ရက်အဖြစ်တရားဝင်သ
တ်မှတ်လိုက်ကြသည်။ကျိုးယန်နန်းစတက်သည့်ကာလမှစ၍ ကျိုးပြည်ထောင်စု၏ပြက္ခဒိန်
ကိုပြန်လည်သတ်မှတ်စေသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များအရှိန်
အဟုန်မြင့်လည်ပတ်နေချိန်သာမက နန်းတက်
ပွဲကျင်းပနေချိန်ထိပင် မည်သည့်အနှောင့်အယှ
က်မှမကြုံခဲ့ရပေ။ ပထမက အခြားပြည်ထောင်
စုမှလူများဝင်ရောက်လာမည်ကိုစိုးရိမ်ခဲ့သော်လဲကျိုးယန်က ထိုအတွက် အထူးတပ်ဖွဲ့၁၀၀၀၀
ကို ဖြန့်ကျက်ကာစောင့်ဆိုင်းစေသည်။
ကျိုးယင်ချင် ကျိုးလီ ကျိုးယွမ် ကျိုးစုလင်းတို့
ကိုမူလအတိုင်းမင်းသားမင်းသမီးများအဖြစ်
သတ်မှတ်စေပြီး အဖိုးဝူ ကိုင်ရီရီ ကိုင်လီလီ
ကျင်းတလျန်တို့သည် အဓိကဝန်ကြီးများဖြစ်
လာကြသည်။ ကျောက်နှင့်မုရုံမိသားစုနှစ်ခု
သည် မဟူရာမြို့တော်၏မြို့စားများဖြစ်လာ
ကြပြီး အစိုးရဌာနတွင် မြင့်မားသည့်အဆင့်တန်
များကိုအသီးသီးရ ရှိသွားလေသည်။
နန်းတက်ပွဲကာလတွင်ပင် ကျိုးယန်ကဖွဲ့စည်း
ထားသည့် ဌာနများအတွက် ပြည်သူများကိုဖိတ်
ခေါ်ကာ ပါဝင်စေသည်။မယ်တော်များကိုတော့
မူလအတိုင်းရှိစေသည်။သို့ရာတွင် ပြဿနာက
ဧကရာဇ်အသစ်တွင်မိဖုရားမရှိပေ။
ထိုအတွက် အဖိုးဝူသည် မည်သူ့ကိုမိဖုရားအဖြ
စ်တင်မြှောက်ရမည်ကို ကျိုးယန်မသိစေပဲတိုင်
ပင်ကြတော့သည်။စုယင်လား မဖြစ်နိုင်ပေ။သူ
မ၏အနေထားသည် ထူးခြားသော်လည်းပြည်
ထောင်စု၏ မိဖုရားသည် တမူထူးခြားသည်။အ
ထူးသဖြင့် ဧကရာဇ်၏မိဖုရားခေါင်ကြီးရာထူး
သည် အလွန်မြင့်မားကာ ရွေးချယ်မှုမှန်ကန်ရန်
လိုအပ်သည်။မဟုတ်ပါက နောက်ထပ်မိဖုရား
ချန်ရှင်းတဦးထပ်ပေါ်လာမည်ကိုမလိုလားပေ။
“လတ်တလော အရှင်မင်းကြီးက ပြည်ထောင်စု
ကိစ္စတွေနဲ့လုံးပန်းနေရတယ် အဲ့အတွက်မကြာ
ခင်မှာ မိဖုရားတွေတင်မြှောက်ဖို့ကိစ္စကိုဘယ်လို
လုပ်ကြမလဲ”
အဖိုးဝူကမေးလိုက်သည်။ထိုစုဝေးမှုတွင် စုယင်
ကိုင်ရီရီ ကိုင်လီလီ မုရုံရှီ ကျောက်ဝမ်အာ ဟွာ
မုန့်ယင်တို့ပါဝင်ကာ တမင်ပင်အဖိုးဝူကသူမတို့
ကိုခေါ်ယူ၍မေးမြန်းခြင်းဖြစ်သည်။သူသည်အ
ခြားသော မိန်းမပျိုများအားထပ်မံရှာဖွေသည်
ထက် အနီးတွင်ရှိသူများကိုသာ ရွေးချယ်မည်
ဟုဆုံးဖြတ်လိုက်သည်။
အဖိုးဝူ၏မေးခွန်းကို မည်သည့်မိန်းမပျိုးကမှ
ပြန်မဖြေနိုင်ကြပေ။သူမတို့အသီးသီးသည်မတူ
ညီသည့် ခံစားမှုများ အတွေးများရှိထားသူများ
ဖြစ်ကြသည်။ထိုအတွက် စုဝေးချိန်တွင်ထုတ်
ဖော်ပြောကြားရန်စိတ်ကူးမရှိကြပေ။ ကျိုးယန်
၏ရွေးချယ်မှုကိုသာ စောင့်ဆိုင်းကြမည်ဖြစ်သ
ည်။ အဖိုးဝူသည် သူမတို့၏အတွေးကိုမြင်သည်
နှင့်သက်ပြင်းချလိုက်သည်။ ပြည်ထောင်စု၏
ဧကရာဇ်တပါးအနေဖြင့် မိဖုရားအများအပြား
ယူဆောင်သည်မှာ သာမန်ပင်ဖြစ်သည်။သို့သေ
ကျိုးယန်၏အတွေးသည် တခြားသူများနှင့်မတူ
ကွဲပြားတတ်သည်ကို အဖိုးဝူသတိထားမိသည်
မှာကြာမြင့်ချေပြီ။
အုပ်ချုပ်ရေးနည်းလမ်းများကအစ လက်ရှိ
လောကနှင့်မတူညီပေ။ ယခင်ကမရှိခဲ့သည့်အ
အမျိုးသမီးများ၏အခွင့်အလမ်းများကိုဖော်
ဆောင်ပေးခြင်း ကလေးသူငယ်များအတွက်
ပညာသင်ကြားရေးကို အစိုးရမှစိုက်ထုတ်ကာ
အခမဲ့သင်ကြားစေသည့် အစီအမံများကုန်သွ
ယ်ရေးအတွက် လမ်းများစသည့်အရာများနှင့်
အတွေးခေါ်များက ဧကရာဇ်များတလျှောက်မ
ည်သူကမှ မစဥ်းသားခဲ့ဖူးချေ။
စုယင်သည် သူမ၏အနေထားဖြင့် မိဖုရားတပါး
ဖြစ်လာရန် မမျှော်လင့်ထားပေ။ထိုအတွက် ကျို
ယန်ကရွေးချယ်သည်မဟုတ်လျှင် သူမကထုတ်
ဖော်မည်မဟုတ်။ မုရုံရှီ နှင့်ကျောက်ဝမ်အာတို့
သည် ကျိုးယန်အပေါ်ခံစားချက်နည်းပါးသည့်
မိန်းမပျိုများဖြစ်သည်။ သို့သော် ကျိုးယန်၏
အနေထားသည် သူမတို့လက်ခံနိုင်သည့်အနေ
အထားဖြစ်ကာ ငြင်းပယ်ရန်လည်းပြစ်ချက်ရှာ
မတွေ့ပေ။ ထို့အပြင် ကျိုးယန်၏အမျိုးသမီး
များအပေါ်အလေးအနက်ထားမှုကြောင့် ပျော်
ရွှင်နေကြကာ ကျိုးယန်မှ ရွေးချယ်လာမည်ဆို
လျှင်လည်း ကျေကျေနပ်နပ်ပင်သဘောတူမိပေ
မည်။
ထိုအတွက် မည်သည့်မိန်းမပျိုကမှအဖိုးဝူ၏
မေးခွန်းကိုပြန်မဖြေကြပေ။ခနအကြာတွက်အဖို
ဝူက ခေါင်းညိတ်၍
“ကောင်းပြီ မင်းတို့ရဲ့အတွေးတွေကိုဒီလူအိုကြီး
သိပါတယ် ဒါကြောင့် အရှင်မင်းကြီးနဲ့တိုင်ပင်
ပြီး မိဖုရားရွေးချယ်မယ့်ကိစ္စကိုစီစဥ်လိုက်မယ်”
မိန်းမပျိုများက ခေါင်းညိတ်ပြလိုက်ကြသည်။
ကျိုးယန်၏ဆန္ဒအရ ရွေးချယ်ရမည်ဆိုရင်
တော့ ငြင်းစရာမရှိတော့ပေ။ ထိုရက်များတွင်
ကျိုးယန်သည် လက်နက်များအတွက်လည်းစ
က်ရုံအများအပြားကို ကိုယ်တိုင်ကြီးကြပ်၍
ဆောက်လုပ်စေသည်။ တဖက်တွင် ဌာနများမှ
ပြည်သူ့ဝန်ထမ်းများကို လေ့ကျင့်စေပြီး သေန
တ်များ စစ်သားတဦးကဲ့သို့ဖြစ်စေရန်လိုအပ်သ
ည့်အရာများအားလုံးကို အရှိန်ဟုန်မြင့်လုပ်စေ
သည်။
ကျင်းတလျန်သည် ကျိုးယန်ဆီမှ AKနည်းပည
ကိုရရှိချိန်တွင် မှင်သက်နေမိလေသည်။ထိုနည်း
ပညာကို သူအမှန်တကယ်လိုချင်ခဲ့သည်ဖြစ်ပြီး
ယခုတွင်တော့ ကျိုးယန်ကလက်တွေ့ကျစွာပင်
ဝိဉာဥ်မျိုးနွယ်များကိုယ်တိုင်ထုတ်လုပ်နိုင်ရန်ပေးအပ်လာသည်။ လက်နက်ကြီးများ M79များ
စသည့် နည်းပညာအသုံအလင်ဖြစ်ကာ ထိုအ
ရာများသည် ပြည်ထောင်စုရှိအင်အားစုများအ
တွက် အချိန်တော်ကြာအောင်မှင်သက်စေရန်လုံ
လောက်သည်ထက်ပင်ပိုပေသည်။
ကျောက်မိသားစုနှင့်မုရုံမိသားစုသည် လက်န
က်ထုတ်လုပ်ရေးအတွက်ပို၍အားစိုက်ထုတ်သ
ည့်မိသားစုများဖြသ်လာသည်။ထိုလက်နက်များ
၏ခွန်အားကိုသိထားသည့် ဝိဉာဥ်မျိုးနွယ်ကလဲ
လူအင်အား အရင်းအမြစ်အင်အားအပြည့်သုံး
ကာ နေ့နေ့ညည ထုတ်လုပ်စေသည်။ကျိုးယန်
သည် ထိုကဲ့သို့ထုတ်ပြလိုက်ရသည်ကိုစိတ်ထဲမ
ထားပေ။ ကျိုးပြည်ထောင်စုသည် သူ၏ထိန်း
ချုပ်မှုအောက်တွင်ရှိနေသည်မဟုတ်လား။
ကျိုးယင်ချင်းသည် သူမ၏လက်ထဲရှိပစ္စတိုကို
လှည့်ပတ်ကာ ကြည့်နေသည်။ထိုသေနတ်သည်
စနစ်၏စတိုးမှ ဝယ်ယူထားခြင်းဖြစ်ပြီး ကျိုးပြ
ည်ထောင်စု၏ဧကရာဇ်ဖြစ်လာချိန်တွင် ကျိုးယ
န်သည် ဆုလာဘ်အများအများကိုရရှိသွားခဲ့သ
ည်။ ထိုအထဲတွင် လက်နက်နည်းပညာများပါ
ဝင်ကာ ဆက်သွယ်ရေးအတွက်နည်းပညာများ
ကျင့်စဥ်များလည်းပါဝင်သည်။
“တာဝန်ပြီးမြောက်တာကို စောစောမပြောဘူး”
ကျိုးယန်ကစနစ်ကိုအပြစ်တင်လိုက်သည်။ယခု
အခေါက်တွင် ကျိုးယန်သည် ရေခဲ့ကျင့်စဥ်တခု
မော်တော်ကားနည်းပညာ ဆက်သွယ်ရေးအတွ
က်မိုဘိုင်းနည်းပညာနှင့် အစီအရင်ပညာကျမ်း
တခုကိုရရှိခဲ့သည်။ ကျင့်ကြံမှုကိုလည်း ပကတိ
ရှင်သန်ခြင်းအထွဋ်အထိပ်ထိမြင့်တင်ပေးကာ
ရေခဲ့ကျင့်စဥ်အတွက်သင့်လျော်သည့် နိယာမ
တခုထပ်ရလိုက်သည်မှာ အမြတ်ပင်။
စနစ်၏စတိုးမှာလည်း အဆင့်မြင့်သွားကာဖုံး
ကွယ်တာဝန်လုပ်ဆောင်ရန်မလိုအပ်တော့ချေ။
သို့သော် တာဝန်များပေးအပ်လာချိန်တွင်တော့
ရှောင်လွဲ၍မရသေးပေ။ကျိုးယင်ချင်းသာမက
ကျိုးလီ တို့သည်လည်း ပေါ့ပါးသည့်ပစ္စတိုသေ
နတ်တလက်စီရရှိကာ ထိုအရာကိုအမှန်ပင်သ
ဘောကျနေကြသည်။
ထိုသေနတ်ငယ်သည် စနစ်၏အထူးပြုလုပ်ချ
က်ဖြစ်သောကြောင့် သိုင်းပညာရှင်အထွဋ်အထိ
ပ်များကိုပင် မီတာ၅၀ အတွင်းထိခိုက်စေမည်။
ကျိုးပြည်ထောင်စုသည် အရှိန်အဟုန်ဖြင့်တိုး
တက်နေလေသည်။ ကျိုးယန်၏အစီအမံများ
သည် ထူးဆန်းသော်လည်းထိရောက်နေသည်။
“အရှင်မင်းကြီး မိဖုရားတင်မြှောက်ဖို့ကိစ္စကို
စဥ်းစားပြီးပါပြီလား”
အဖိုးသူက လျှောက်တင်လာသည်။ကျိုးယန်သ
ည် ဧကရာဇ်ပုလ္လင်တွင်ထိုင်၍ အတွေးများနေစ
ဥ် အဖိုးဝူ၏စကားကြောင့် အသိဝင်သွားသည်။
“ဟမ် ဘာကိုပြောတာလဲ”
“ဧကရာဇ်တပါးအနေနဲ့မိဖုရားရှိဖို့လိုပါတယ်ဒါ
ကြောင့် အရှင်မင်းကြီးအနေနဲ့မိဖုရားတပါးဖြစ်
ဖြစ်အမြန်ဆုံးရွေးချယ်ပေးပါ တပါးထက်ပိုလဲ
ရပါတယ်”
ကျိုးယန်တယောက်စိတ်လေသွားသည်။ထိုအ
နေထားကို သူမစဥ်းစားခဲ့ပေ။သို့သော် လိုအပ်
သည်ကိုတော့သိထားပေသည်။
“ကောင်းပြီ ကျုပ်အချိန်နည်းနည်းယူပါရစေ”
ကျိုးယန်၏စကားကိုကြားလျှင် အဖိုးဝူမှခေါင်း
ညိတ်ပြလိုက်သည်။သူ၏သခင်လေးတွင် အမှ
န်တကယ်ခံစားချက်ရှိထားသူ မရှိပေဘူးလား။
ထိုအရာကမဖြစ်နိုင်ပေ။
ထိုရက်များတွင် ကျိုးယန်တယောက် ဆက်သွ
ယ်ရေး နှင့် မော်တော်ကားနည်းပညာများကိုအ
ဆက်မပြတ်လေ့လာနေသည်။ထိုနည်းပညာအ
ကူညီဖြင့် မော်တော်ကားများသာထုတ်လုပ်လာ
နိုင်ပါက လမ်းပန်းဆက်သွယ်ရေးအကူညီဖြင့်
ပြည်ထောင်စုသည် လျင်မြန်စွာတိုးတက်လာပေ
မည်။
ကျိုးယန်တယောက်အိပ်ဆောင်ထဲတွင် ရှိနေစဥ်
စုယင်သည် ဝင်ရောက်လာခဲ့သည်။
“အစ်ကိုကြီး အလုပ်များနေလား”
စုယင်၏အသံကိုကြားသည်နှင့်ကျိုးယန်က
ချက်ချင်းပင်လုပ်လက်စများကိုရပ်လိုက်သည်။
“နည်းနည်းပါ ဒါနဲ့စုယင်ကဘာကိစ္စရှိလို့လဲ”
ကျိုးယန်သည် ဧကရာဇ်ဖြစ်သွားသော်လည်း
စုယင်ကိုတော့ သူ၏အိပ်ဆောင်ထဲသို့အချိန်မ
ရွေးဝင်ခွင့်ပြုထားလေသည်ါထိုသို့ခွင့်ပြုချက်
ရထားသူမှာလည်း စုယင်နှင့်ရှောင်ရှောင်သာရှိ
ပေသည်။
“နှစ်အနည်းငယ်အတွင်းမှာပဲ အစ်ကိုကြီးက
ဧကရာဇ်တပါးဖြစ်သွားပြီနော်”
စုယင်က ကျိုးယန်၏ဘေးတွင်ဝင်ထိုင်ကာပြော
လိုက်သည်။ကျိုးယန်သည် စုယင်မည်သည့်အ
ကြောင်းအရာကိုပြောချင်နေမှန်းမသိသေးပေ။
“ဟုတ်တယ် အလှည့်အပြောင်းကကြီးတော့
ခုထိအသားမကျသေးဘူး”
ကျိုးယန်၏စကားကိုကြားလျှင်စုယင်က
“အစ်ကိုကြီး အဖိုးဝူရဲ့အစီစဥ်ကိုဘယ်လိုသ
ဘောထားလဲ အစ်ကိုကြီးကကောရွေးချယ်ပြီး
ပြီလား”
“ဟမ်”
ကျိုးယန်ကခနမှင်သက်သွားသော်လည်းချက်
ချင်းပင် အဖိုးဝူမှ မိဖုရားကိစ္စပြောဖူးသည်ကို
သတိရသွားသည်။
“သြော် မိဖုရားရွေးချယ်တဲ့ကိစ္စလား”
ကျိုးယန်ကဆက်ပြောလာသည်။
“စုယင်က ဘယ်သူ့ကိုရွေးချယ်ရင်သင့်တော်မ
ယ်လို့ထင်လဲ”
စုယင်ကခေါင်းခါပြလိုက်သည်။
“ညီမ မသိဘူး”
ကျိုးယန်သည် စုယင်အနားသို့ကပ်၍တီးတိုး
ပြောလိုက်သည်။
“အစ်ကို့အတွက် မိဖုရားဆိုတာကမရှိမဖြစ်လိုအ
ပ်တာတော့မဟုတ်ပါဘူး ဒါပေမဲ့ဧကရာဇ်တပါး
ရဲ့လိုအပ်ချက်အရ ရွေးရမယ်ဆိုရင်တော့..”
ကျိုးယန်ကစုယင်၏လက်ကလေးကိုဆုပ်ကိုင်
လိုက်သည်။ပြီးနောက်
“စုယင်ကိုပဲရွေးချယ်မှာပါ”
စုယင်၏မျက်နှာလေးသည်ပြုံးရွှင်သွားရသည်
ထိုအရာက မိဖုရားတပါးဖြစ်ရခြင်းအတွက်မဟု
တ်ပဲ ကျိုးယန်၏ရွေးချယ်မှုကြောင့်ဖြစ်သည်။
သို့သော် ချက်ချင်းပင်မျက်နှာညှိုးသွားကာ
“ညီမက ကျွန်တယောက်ပါ မသင့်တော်ပါဘူး”
ကျိုးယန်သည် သက်ပြင်းချလိုက်ကာ စုယင်၏
ပုခုံးကိုညင်သာစွာဆွဲယူ၍ပွေ့ဖက်လိုက်သည်။
“မဟုတ်တာပဲ စုယင်ကဘယ်တုန်းကမှအစ်ကို့
အတွက် ကျွန်တယောက်မဟုတ်ခဲ့ပါဘူး”
စုယင်က ခေါင်းညိတ်ပြလိုက်သည်။ကျိုးယန်
၏ရွေးချယ်မှုအတွက် ပျော်ရွှင်သော်လည်း မိ
ဖုရားခေါင်အနေဖြင့်တော့လက်မခံလိုပေ။ထိုအ
တွက် နောက်ထပ် အမျိုးသမီးတဦးအားရွေး
ချယ်စေသည်။
“အစ်ကိုကြီးရဲ့သဘောထားကိုသိရလို့စုယင်
ပျော်ပါတယ် ဒါပေမဲ့စုယင်က မိဖုရားကြီးမဖြ
စ်ချင်ဘူး အစ်ကိုကြီးအနားမှာနေရရင်တော်ပြီ”
ကျိုးယန်သည် စုယင်၏အတွေးကိုကြားလျှင်
မိဖုရားခေါင်အတွက် နောက်ထပ်တဦးကိုရွေး
ချယ်ရတော့မည်ဟု တွေးလိုက်မိသည်။မည်သူ့
အပေါ်ခံစားချက်ရှိသနည်း။စုယင်သည် ကျိုး
ယန်၏ရင်ခွင်ထဲတွင်မီ၍ ငြိမ်သက်နေသည်။
အချိန်အားဖြင့် ၅နှစ်နီးပါးကြာမြင့်လာချိန်တွင်
စုယင်သည် လှပသည့်မိန်းမပျိုလေးတဦးဖြစ်
လာကာ သူမသည်ကျင့်ကြံသူမဟုတ်သော်လဲ
မွှေးပျံ့သည့်ကိုယ်သင်းရနံ့လေးရှိနေသည်။
ကျိုးယန်တယောက် မည်သူ့ကိုရွေးချယ်ရမည်
ကိုအဖိုးဝူနှင့်သာတိုင်ပင်တော့မည်ဟုတွေးလိုက်သည်။ လတ်တလောတွင် အရေးတကြီးမလို
အပ်သေး၍ အခြားအရာများကိုအကြောင်းပြ
ကာရှောင်လွှဲနိုင်သေးသည်မဟုတ်လား။
…………………………………………