← Chapters

စုန့်ပြည်ထောင်၏လှုပ်ရှားမှုများ

Vol. 9 Ch. 132

စုန့်ပြည်ထောင်၏လှုပ်ရှားမှုများ

Vol. 9 Ch. 132

ကျိုးယန်သည် မိဖုရားကိစအတွက်အလေးအန

က်ထားရှိမထားပေ။ထိုအတွက် သင့်လျော်ရာ

ကိုရွေးချယ်ပေးရန် အဖိုးဝူကိုသာမှာကြားလိုက်

တော့သည်။သူ့တွင် ဆေးပညာကျမ်းများနိယာ

မဆိုင်ရာများလေ့လာရမည့်အချိန်လိုအပ်နေပြီ

တဖက်တွင်လည်း ခေတ်မီနည်းစနစ်များကိုပိုမို

အားစိုက်ထုတ်ချင်နေသေးသည်။

ဥပမာအားဖြင့် မော်တော်ကားနည်းပညာကိုအ

ခြေပြု၍ သံချပ်ကာကားများကဲ့သို့စစ်ပွဲတွင်သုံ

စွဲနိုင်သည့် တိုက်ခိုက်ရေးယာဥ်များဆင့်ကဲထု

တ်လုပ်လာနိုင်ပြီး ထိုမှတဆင့်ဆောက်လုပ်ရေး

ကားများပိုမိုထုတ်လုပ်လာနိုင်ပါက အဆောက်

အုံများတိုးချဲ့ဆောက်လုပ်ရာတွင် အကျိုးရှိစေ

မည်ဖြစ်သည်။.

ခေတ်မီကမ္ဘာမှလာခဲ့သူဖြစ်၍ ခေတ်မီအရာများ

သာ ယဥ်ပါးနေပြီး နည်းပညာရှိထားလျှင်အရာ

အားလုံးစွမ်းဆောင်နိုင်လိမ့်မည်ဟုလည်း ယုံကြ

ည်ချက်ရှိထားလေသည်။ကျိုးယန်သည် ပြည်

ထောင်စုရှိလက်အောက်ခံများမှ ပန်းပဲပညာရှင်

လက်နက်ထုတ်လုပ်သည့်အတွေ့အကြုံရှိသူများ

ကိုဦးစားပေးခေါ်ယူကာ လက်နက်ဆန်းများကို

တခုပြီးတခု တီထွင်စေသည်။

ထိုလက်နက်ဆန်းများအကူညီဖြင့်နောင်တွင်

ပြည်ထောင်စုများကြား ကျူးကျော်မှုများရှိလာ

ပါက ကာကွယ်နိုင်ပေမည်မဟုတ်လား။ပြည်

ထောင်စုအချင်းချင်းအကြောင်းမဲ့ ကျူးကျော်

ခြင်းကို တားဆီထားသော်လည်း ခွန်အားသည်

အကျိုူအကြောင်းမသင့်ချော်သည့်ကိစ္စများကို

ဖြေရှင်းနိုင်ပါသည်။ထိုအတွက် မည်သူကမှကန့်

ကွက်မည်မဟုတ်ပေ။

စုန့်ဧကရာဇ်သည် ကျိုးပြည်ထောင်စု၏အခြေ

အနေများကို စဥ်ဆတ်မပြတ်စုံစမ်းနေပြီးအခြေ

နေတခုရှိလာပါက သိမ်းပိုက်ရန်ကြံဆနေလေ

သည်။ပြည်ထောင်စုအချင်းချင်းကြားတိုက်ခိုက်မှုများအတွက် လုံလောက်သည့်အကြောင်း

ပြချက်မရှိသေးရွေ့သာ ငြိမ်နေခြင်းဖြစ်သည်။

“အရှင်မင်းကြီး ကျိုးပြည်ထောင်စုရဲ့တည်ငြိမ်

မှုက စိုးရိမ်စရာကောင်းလာပါပြီ သတင်းပေး

တွေရဲ့ပြောကြားချက်အရ ထူးဆန်းတဲ့လက်န

က်နဲ့ယာဥ်တွေလည်းရှိနေတယ်လို့ကြားပါတယ်

ဒါက နောင်တချိန်မှာကျတော်တို့ကို အန္တရာယ်

ပြုလာနိုင်လို့ မကြီးထွားခင်တည်းက တားဆီး

သင့်ပါတယ်”

စုန့်ဧကရာဇ်နန်းတော်တခုတွင် အမတ်များ စစ်

သူကြီးများက စုံစမ်းရရှိထားသည့်သတင်းများ

ကို တင်ပြနေကြသည်။ထိုအထဲတွင်ကျိုးပြည်

ထောင်စု၏သတင်းများက အများဆုံးဖြစ်ကာ

ကျိုးပြည်ထောင်စု၏ ပြန်လည်ပြုပြင်မှုများသ

ည် တုန်လှုပ်ဖွယ်ကောင်းအောင်ပင် တိုးတက်နေ

သည်ကို မြင်တွေ့နိုင်ပါသည်။သာမန်အားဖြင့်

ပြည်တွင်းစစ်ကဲ့သို့ လှုပ်ရှားမှုကြီးဖြစ်ပွားခဲ့သ

ည့် ပြည်ထောင်စုတခုသည် ပြန်လည်တည်ငြိမ်

ရန် မလွယ်ကူပေ။ယခုတွင် ကျိုးပြည်ထောင်သ

ည် မည်သည့်ပြည်ထောင်၏အကူညီကိုမှရယူ

ခြင်းမရှိပဲ ကိုယ်ထူကိုယ်ထအစီအမံများဖြင့်ပြု

လုပ်နေသည်မှာ အထင်ကြီးဖွယ်ကောင်းသည်။

“ကျိုးပြည်ထောင်စုလို ပြည်ထောင်အငယ်လေး

တခုအတွက် အမတ်ချုပ်ကြီးရဲ့ပြောဆိုမှုကဂု

ဏ်တင်လွန်းအားကြီးနေပြီမဟုတ်လား”

စစ်သူကြီးတဦးကဝင်ရောက်ပြောဆိုလာသည်။

ထိုသူသည် စုန့်ပြည်ထောင်စု၏စစ်သူကြီး၃ဦး

တွင် ခေါင်းဆောင်တဦးဖြစ်ကာ သေမင်းစစ်သူ

ကြီးဟုန်ရှင်းဟု ကျော်ကြားလေသည်။တဖက်

အမတ်ချုပ်ကြီးဆိုသူက အသက်၈၀ အရွယ်ရှိ

အမတ်များ၏ခေါင်းဆောင်ဖြစ်ပြီး ထိုလူအိုကြီ

သည် စုန့်ဧကရာဇ်အဓိက အားကိုးရာအမတ်တ

ဦးဖြစ်သည်။

အမတ်ချုပ်ကြီးက စစ်သူကြီးဟုန်ရှင်းဘက်ကို

ကြည့်၍မေးလိုက်သည်။

“ဟုတ်လား ဒါဆိုကျုပ်ကမေးပါဦးမယ် လက်ရှိ

ဧကရာဇ်အသစ်ဖြစ်တဲ့မင်းသားကျိုးယန်နေရာ

မှာ ခဗျားဆိုရင်ကော အခုလိုပြည်ထောင်စုတခု

လုံးကိုတပြိုင်နက်တိုးတက်အောင်လုပ်နိုင်မယ်

ထင်လား”

စစ်သူကြီးဟုန်ရှင်းမျက်စိမျက်မှာပျက်ကာ ပါး

စပ်ပိတ်သွားရသည်။ ကျိုးပြည်ထောင်စု၏ဧက

ရာဇ်အသစ်သည် ငယ်ရွယ်သော်လည်းထူးချွန်

သည်မှာ ငြင်းဆိုစရာမရှိပေ။ဟုန်ရှင်းက

“သူ့ရဲ့အစီစဥ်တွေက အထင်ကြီးစရာတော့အမှ

န်တကယ်ကောင်းပါပေတယ် ဒါပေမဲ့အဲ့ဒါကစုန့်

ပြည်ထောင်စုကို တွန်းလှန်နိုင်မယ်လို့တော့ တွ

က်မထားနဲ့လေ”

ဟုန်ရှင်း၏စကားကို အခြားသူများကထောက်

ခံမှုပြုကြသည်။ မည်မျှပင်အစီမံများကောင်းမွ

န်ပါစေ ခွန်အားသာအဓိကဖြစ်ကာ ကျိုးပြည်

ထောင်စု၏လက်နက်ဆန်းများသာ အကြွင်းမဲ့

ခွန်အားအောက်တွင် ရှုံးနိမ့်ရမည်ဖြစ်သည်။

“ကျုပ်အခုအရှင်မင်းကြီးကိုပြောနေတဲ့အကြော

င်းအရာနဲ့ ခဗျားရည်ရွယ်ရင်းကအတော်လွဲနေ

ပြီစစ်သူကြီး”

အမတ်ချုပ်ကြီးက တင်းမာစွာကြည့်၍ပြောလို

က်သည်။သူသည် ကျိုးပြည်ထောင်စု၏တိုးတ

က်မှုများကို အဆက်မပြတ်စောင့်ကြည့်နေသူ

ဖြစ်၍ အချိန်တခုကြာပါက ပြည်ထောင်စုများ

ကြား နဂါးတကောင်ဖြစ်လာမည်ကို တွေးဆမိ

ပီဖြစ်သည်။ထိုအတွက် အချိန်မကျသေးခင်ပင်

တခုခုစီစဥ်ရပေမည်မဟုတ်လား။

စုန့်ဧကရာဇ်သည် အမတ်ချုပ်ကြီးကိုလက်ကာ

ပြလိုက်ပြီး

“ကိုယ်တော်လည်း သတင်းတွေကြားပါတယ်

ဒါပေမယ့်ကိုယ်တော်တို့အနေနဲ့ ကျိုးပြည်ထော

င်စုကို တိုက်ခိုက်ဖို့အကြောင်းပြချက်မရှိဘူးမ

ဟုတ်လား အဲ့အတွက် အချိန်တခုတော့စောင့်ဖို့

လိုလိမ့်မယ် အမတ်ချုပ်ကြီး”

“မဟုတ်သေးဘူး အရှင်မင်းကြီး ယတိပြတ်တို

က်ခိုက်တာထက် သူတို့ရဲ့အစီစဥ်တွေကိုအနှော

င့်အယှက်ဖြစ်အောင်လုပ်ပြီး အချိန်ဆွဲစေချင်

တာပါ ဒါမှ နောင်ဆယ်နှစ်ကြာချိန်မှာကျင်းပမဲ့

ပြည်ထောင်စု စုဝေးပွဲမတိုင်ခင်ကျိုးပြည်ထော

င်စုကို ထိန်းချုပ်ဖို့အခွင့်လမ်းကောင်းတခုထွက်

ပေါ်လာပါလိမ့်မယ်”

စုန့်ဧကရာဇ်က ချက်ချင်းပင်ပြန်မေးလာသည်။

“အမတ်ချုပ်ကြီးမှာ ဘယ်လိုအစီစဥ်များရှိထား

လဲ”

“အရင်ဆုံး စုန့်ပြည်ထောင်စုရဲ့ကုန်သည်အချို့

ကျိုးပြည်ထောင်စုထဲမှာ အခြေကျအောင်လုပ်

ပြီး ပြည်ထောင်စုအတွင်းထဲကအင်အားစုတွေ

ကိုခွဲထုတ်ရပါမယ် လက်ရှိသားရဲထိန်းချုပ်ခြင်း

ဂိုဏ်းက စုန့်ပြည်ထောင်မှာရှိနေပေမယ့် သူတို့

ရဲ့အဓိကအင်အားက ဝူပြည်ထောင်မှာပါ ကျ

တော်တို့နောက်ကျသွားရင် အခုစီစဥ်မှုကိုဝူပြည်

ထောင်က လက်ဦးမှုယူသွားပါလိမ့်မယ်”

အမတ်ချုပ်ကြီး၏စကားကို စုန့်ဧကရာဇ်က

အတန်ကြာစဥ်းစားဟန်ပြု၍

“အမတ်ချုပ်ကြီးရဲ့ တွေးခေါ်မှုကပြည့်စုံပါတယ်

ဒါပေမယ့် ကျိုးပြည်ထောင်စုကကော စုန့်ပြည်

ထောင်ရဲ့ကုန်သည်တွေကို အလွယ်တကူခြေချ

ခွင့်ပြုပါ့မလား”

စုန့်ဧကရာဇ်၏အမေးကို အမတ်ချုပ်က

“မကြာသေးမီကပဲ ဧကရာဇ်အသစ်က စီးပွား

ရေးဥပဒေသအသစ်တွေထုတ်ပြန်ထားပါတယ်

အဲ့ထဲမှာ မတူညီတဲ့ဒေသအသီးသီးက ကုန်ပစ္စ

ည်စတွေကို ဥပဒေနဲ့အညီလာရောက်ကုန်သွယ်

နိုင်ပြီး ကျိုးပြည်ထောင်စုရဲ့သက်မှတ်အခွန်အ

ခကိုပေးဆောင်နိုင်ရင် တံခါးဖွင့်ကြိုဆိုတယ်လို့

ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ် ဒီအတွက်ကု

န်သည်တွေအခြေချဖို့ကိစ္စက မခက်ခဲတော့ပါ

ဘူး”

အမတ်တဦးကဝင်၍ထောက်ပြလာသည်။

“ဒါဆို ကျုပ်တိူ့ဘက်က လွှတ်လိုက်တဲ့ကုန်သည်

တွေကို စုန့်ပြည်ထောင်ကဖြစ်တယ်ဆိုတဲ့အ

ကြောင်း ချပြဖို့လိုမလား”

ထိုအမတ်က အဆင့်၂ အမတ်တဦးဖြစ်ပြီးသူ၏

သမီးတဦးသည် စုန့်ဧကရာဇ်၏ကိုယ်လုပ်တော်

တပါးဖြစ်သည်။ထိုအတွက် အဆင့်၂အမတ်တ

ဦးဆိုသော်လည်း သြဇာအာဏာကတော့အခြား

အမတ်များနီးတူရှိပေသည်။

“အမှန်တိုင်းချပြလို့ရပါတယ် အဲ့ဒီနည်းကမှတ

ဖက်ပြည်ထောင်စုထဲကိုလွယ်လင့်တကူဝင်ရော

က်စေပြီး သူတို့ရဲ့လှုပ်ရှားမှုများကို စဥ်ဆတ်မ

ပြတ်ထောက်လှမ်းရာမှာ အဆင်ပြေစေမှာပါ”

စုန့်ဧကရာဇ်က ကုန်သွယ်ရေးအမတ်ရှိရာသို့ကြ

ည့်လိုက်သည်။ကုန်သွယ်ရေးအမတ်သည် ချီမိ

သားစု၏ခေါင်းဆောင်ဖြစ်ပြီး အဆင့်၄အမတ်

တဦးဖြစ်ကာ သူ့အထက်တွင်အမတ်ချုပ်ကြီး

သာရှိပေသည်။

“ဒီက ချီအမတ်ကြီးကကော ဘယ်လိုထင်လဲ”

စုန့်ဧကရာဇ်အမေးကိုချီအမတ်ကြီးက

“ကျတော်မျိုးလည်း အစီစဥ်ကိုသဘောတူပါတ

ယ် ကုန်သွယ်ဖို့အတွက် ကုန်သည်ရွေးချယ်တဲ့

ကိစ္စကို စီမံပေးပါ့မယ် မည်သည့်အရာတွေကုန်

သွယ်ရမယ်ဆိုတာကအစ သေချာဆောင်ရွက်

မှာပါ”

စုန့်ဧကရာဇ်သည် ကျေနပ်စွာဖြင့်ခေါင်းညိတ်

လိုက်သည်။သူ့အနေဖြင့် ထိစပ်ပြည်ထောင်အ

များပြားကိုသိမ်းယူထားပြီးဖြစ်ကာ ထိုအထဲတွ

င် ကျိုးပြည်ထောင်စုတခုသာကျန်ရှိနေသည်။

ကျိုးပြည်ထောင်သည် ဧကရာဇ်ကျိုးဟန်လက်

ထပ်မှစ၍ တံခါးပိတ်ဝါဒကို ကျင့်သုံးပြီးပြည်

ထောင်စုအချင်းချင်းမရောနှောတော့ပေ။ထိုအ

ရာကပဲ ကျိုးပြည်ထောင်စုကို အခြားအင်အား

ကြီးပြည်ထောင်စုများက အတင်းအဓမ္မသိမ်း

ယူခြင်းကို ကာဆီးထားစေသည်။

ကြီးမားသည့်ပြည်ထောင်စုကြီးများတွင် မတူ

ညီသည့် ကုန်ပစ္စည်းများ နည်းပညာအရင်းအမြ

စ်များရှိကြကာ သေးငယ်သည့်ပြည်ထောင်စုအ

နေဖြင့်လည်း လက်လွှတ်ရန်မလိုအပ်ပေ။သေး

ငယ်သော်လည်း အသားပင်ဖြစ်သည်။မူလက

ကျိုးချန်ကို အမတ်များထဲမှ ထောက်ခံသူရှိ၍

ကူညီခဲ့သော်လည်း ကျိုးချန်မအောင်မြင်မှုက

နောက်ထပ်အစီစဥ်များကို အလေးအနက်ရှိလာ

စေသည်။မဟုတ်ပါက အခြားပြည်ထောင်စုကြီ

များ သတိပြုမိသွားနိုင်ပြီး ထိုမြေခွေအိုကြီးမျာ

သည် စုန့်ပြည်ထောင်ကိုတိုက်ခိုက်ရန် အကြော

င်းပြချက်ရသွားနိုင်ပေသည်။

ချီအမတ်ကြီးသည် နန်းတွင်းမှပြန်လာသည်နှင့်

သူ့လက်အောက်ရှိကုန်သည်များကို စုဝေးစေသ

ည်။ထိုအထဲတွင် သူ၏မြေးဖြစ်သည့် ချီရီချင်း

လည်းပါဝင်ကာ သူမသည် ကျင့်ကြံမှုတွင်ပါရမီ

နည်းပါးသော်လည်း ကုန်သွယ်ရေးတွင်သူမတူ

အောင်ထူးချွန်သူဖြစ်သည်။ငယ်စဥ်ကပင်ဉာဏ်

ထက်မြတ်သူဖြစ်ပြီး အဖိုးဖြစ်သူ၏အမွေကိုအ

ပြည့်အဝရထားသူဖြစ်၍ ချီမိသားစုတွင်သူမ၏

အလားအလာသည် မြင့်မားကာ နောက်တက်မ

ည့်မိသားစုခေါင်းဆောင်ငယ်အဖြစ်ပင်လျာထာ

ခြင်းခံထားရသည်။

ထိုကဲ့သို့သတ်မှတ်ချက်နှင့်ကိုက်ညီအောင်ပင်

သူမက အမှန်တကယ်ထူးချွန်ပါသည်။မတူညီ

သည့်ဒေသများစွာကိုသွားရောက်ကာ လူမျိုးစုံ

ထိတွေ့ဆက်ဆံခဲ့သူဖြစ်၍ လူရည်လည်ပြီးသူမ

ကိုထိပါးရန်မလွယ်ကူပေ။ စုန့်ဧကရာဇ်ကိုယ်တို

င်ပင် အိမ်ရှေ့စံနှင့်လက်ထပ်ပေးရန်လျာထား

သေးသည်။ထိုအဆင့်တန်းက အိမ်ရှေ့စံဟူသ

ည် သေချာပေါက် ဧကရာဇ်လမ်းစဖြစ်ပြီးချီရီ

ရှင်းသာ အိမ်ရှေ့စံ၏မိဖုရားတပါးဖြစ်လာပါက

သူမ၏ သြဇာအာဏာသည် မခန့်မှန်းနိုင်အောင်

ပင်ကြီးမားသွားပေမည်။

ထိုကဲ့သို့ အခြေနေကိုလက်မခံလိုသူရှိနေပြီးထို

သူများမှာ အခြားသူများမဟုတ်ချေ။စုန့်ပြည်

ထောင်၏ စစ်သူကြီး၃ဦးဖြစ်ပြီး သူမ၏အလား

အလာကိုမြင်သောကြောင့် စုန့်ပြည်ထောင်တွင်

သူမ၏တန်ခိုးထွားလာမည်အနေထားကိုတတ်

နိုင်သရွေ့တားဆီးထားလေသည်။ထိုအတွက်

ကြောင့်ပင် ချီရီရှင်းသည် အိမ်ရှေ့စံ၏မိဖုရား

တပါးဖြစ်မလာခြင်းဖြစ်သည်။

…………………………………………

All Chapters