ကျုံကျန်းမျိုးနွယ်နှင့် နီးစပ်လာခြင်း
Vol. 010 Ch. 901
“ငါက ရုပ်ဆိုးတဲ့ကောင်တွေကို အမုန်းဆုံးပဲ” ရှောင်ချီသည် ရွံ့ရှာစွာဖြင့် ခေါင်းရမ်းလေသည်။
ထိုသနားစရာကောင်းသောဖားပြုတ်သည် ဘာမှမလုပ်နိုင်ပဲ ရှောင်ချီ ကြောင့် ဒဏ်ရာများစွာရကာ ရေထဲတွင် သေလုမြောပါးလှဲနေလေသည်။
“ထားလိုက်တော့ ရှောင်ချီ” ရှီမာယူယူ ပြောလိုက်သည် “သူက ဖန်လေး ရဲ့အသက်ကို သွယ်ဝှက်တဲ့နည်းနဲ့ကယ်ပေးထားတာကို ထောက်ပြီး သူ့ကို လွှတ်ပေးလိုက်”
“ကောင်းပြီ ယူယူက လွှတ်ပေးဖို့ပြောမှတော့” ရှောင်ချီသည် ထပ်လုပ် ချင်သေးသည်။ ရှီမာယူယူ ပြောလိုက်သည့်စကားကိုကြားပြီးနောက်တွင် လက်သီးကိုပြန်ရုတ်လိုက်သည်။
“လာခဲ့ အထဲသွားရအောင်” ရှီမာယူယူ ပြောလိုက်သည်။
“အင်း”
သူတို့သုံးယောက်သည် ကြောက်စရာကောင်းသော ဖားပြုတ်ကို ချန် ထားခဲ့ပြီး ရေကန်မှထွက်ကာ ဆက်သွားလေသည်။
ဒါ ဘာအခြေအနေကြီးလဲ။
အရုပ်ကလေးတစ်ရုပ်က သူ့ကို ဆိုးဝါးစွာထိခိုက်စေခဲ့တယ်။ တခြားလူ တစ်ယောက် အသက်ရှင်လို့ သူပါအသက်ရှင်ခဲ့တယ်။ ဖန်လေးရဲ့ အသက်ကို ကယ်တယ်ဆိုတာ ဘာပြောတာလဲ။ အခုဖြစ်ခဲ့တဲ့အခြေအနေကို တစ် ယောက်ယောက်ကများ ရှင်းပြနိုင်မလား။
သူတို့သည် အရှေ့သို့ဆက်သွားကြရာ လမ်းတွင် အဆိပ်သတ္တဝါတချို့ ကိုတွေကလေသည်။ ကင်းခြေများ၊ မြွေပွေးများ အားလုံးသည် ရှောင်ချီ၏ လက်သီးအောက်တွင် ကျရှုံးလေသည်။
သူမ၏ တိုက်ခိုက်ချင်သော စိတ်ကိုကြည့်ပြီး ရှီမာယူယူသည် ခေါင်းခါ ရုံမှတစ်ပါး မတတ်နိုင်တော့ပေ။ ဒီကောင်မလေးက ဘာလို့အဲလောက်တောင် တိုက်ချင်ခိုက်ချင်နေရတာလဲ။
“ကင်းခြေများပြောသလိုဆိုရင် အတွင်းပိုင်းဒေသကိုရောက်သင့်နေပြီ” ရှောင်ချီ ပြောလိုက်သည် “ဒါပေမဲ့ ဒီမှာ အဆိပ်ပိုးကောင်တွေအများကြီးမရှိ ဘူးပဲ”
“ပုံမှန်ဆိုရင် သာမာန်အဆိပ်ကောင်တွေက အပြင်မှာရှိတာ၊ အထဲကို နက်အောင်သွားလေ အဆိပ်ပိုးကောင်နည်းလေပဲ” ရှီမာယူယူ ရှင်းပြလေ သည် “အထဲကအဆိပ်သတ္တဝါတွေက ပိုပြီးသန်မာတဲ့အတွက် သာမာန် အဆိပ်ပိုးကောင်တွေက သူတို့ကိုကြောက်တဲ့အတွက် အထဲကိုမလာရဲကြ ဘူး”
“ဒါဆို အဆိပ်ပိုးကောင်တွေကို စိုးရိမ်ဖို့မလိုတော့ဘူးပဲ” ရှောင်ချီသည် သက်သာရာရသလိုသက်ပြင်းချလိုက်သည်။
သူမသည် အဆိပ်ပိုးကောင်များကိုမကြောက်ပေ။ သို့သော် ထိုအဆိပ် ပိုးကောင်များ အကူအညီမဲ့နေသည်ကို မြင်ခဲ့ရသည်။ သူမ၏ လက်သီးသည် များစွာသော ပိုးကောင်များကို ဖြေရှင်းရာတွင် စိတ်အားထက်သန်လွန်းသည်။
သူမသည် ထိုအကောင်များကို တိုက်ခိုက်ချင်သော်လည်း ရှီမာယူယူမှ ခွင့်မပြုပေ။ သူတို့ကိုတိုက်ခိုက်လိုက်ပါက တခြားအဆိပ်သတ္တဝါများကို သက်ရောက်မှုသွားဖြစ်မည်။ နောက်ဆုံးတွင် ပိုကောင်းသွားသည်။ သူမကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သည့် ပိုးကောင်မရှိပေ။
အသည်းကွဲတောင်ကြား၏ အတွင်းပိုင်းသို့ဝင်ကတည်းကပင် ရှီမာယူယူသည် ပဒါးငှက်လေးကို ဆင့်ခေါ်ထားသည်။ သူ၏ ရောင်ဝါဖြင့် အဆိပ်သတ္တဝါများသည် မလာရဲပေ။ အဆိပ်ငွေ့များကိုလည်း သူကပင် လောင်ကျွမ်းစေသည်။
ရှီမာယူယူတို့ အဖွဲ့သည် လှည့်ပတ်ကြည့်ပြီးနောက် ကျောက်ဆောင် များကိုမှတ်သားလေသည်။ အိမ်များဆောက်ရန် သင့်တော်သည့် ချောက်နက် ကျယ်ကြီးများစွာကို သူတို့တွေ့ခဲ့သည်။
“ဒီကပတ်ဝန်းကျင်က ကောင်းတာပဲ၊ သေချာလေးပျိုးထောင်လိုက်ရင် နေလို့ရတယ်” ဝူလင်းယူသည် ကမ်းပါးတွင်ရပ်ကာ အရှေ့မှမြင်ကွင်းကို ကြည့်နေလေသည်။
“ဒီကနေကြည့်တော့ အနီးနားက လှတဲ့မြင်ကွင်းတွေ တွေ့ရတာပဲ” ရှီမာယူယူ မှတ်ချက်ပေးလေသည်။
“လှည့်ပတ်ကြည့်ပြီၤးတော့ ဒီကအခြေအနေကို နားလည်သွားပြီလား” ဝူလင်းယူသည် သူမ၏ ဘေးတိုက်ပုံစံကိုကြည့်လိုက်သည်။ နေရောင်သည် သူမအပေါ်ကျရောက်သောအခါ နွေးထွေးစွာတောက်ပနေသည်။
“သတိပြုမိသလောက်ပါပဲ” ရှီမာယူယူ ပြန်ဖြေလေသည် “အဆိပ် သတ္တဝါတွေအပြင် အနံ့အသက်ကိုလည်း အာရုံစိုက်ရမယ်၊ တွက်ကြည့်တာ အနည်းဆုံး ရာချီရှိတယ်၊ ပြီးတော့ နေရာတိုင်းမှာအနံ့အသက်တွေမတူကြ ဘူး၊ အဲအတွက် အဆိပ်ဖြေဆေးရှာရမှာလည်း ဒုက္ခတစ်မျိုးပဲ”
“နေရာတိုင်းမှာ အနံ့အသက်အမျိုးမျိုးရှိနေတော့ အဆိပ်ဖြေဆေးလည်း အမျိုးမျိုးလိုမှာပဲ” ဝူလင်းယူ ပြောလိုက်သည် “အနံ့အသက်ကကျ တခြား အဆိပ်သတ္တဝါတွေလို ထိန်းချုပ်လို့ရတဲ့ဟာမဟုတ်ဘူး၊ ကိုင်တွယ်ဖို့က ပိုခက် တယ်”
“အားလုံးကိုဖြေနိုင်လောက်မယ့် ဆေးထုတ်နိုင်ရင် ပိုကောင်းမယ်၊ အဲ ဆေးသောက်လိုက်တာနဲ့ ဘယ်သွားသွားသက်ရောက်မှုတူညီတဲ့ဆေးမျိုး” ရှီမာယူယူ ပြောလိုက်သည်။
“မင်းလုပ်နိုင်မလား”
“အချိန်လိုလိမ့်မယ်”
သူမ လုပ်နိုင်သည်ဆိုသည့် အဓိပ္ပာယ်သက်ရောက်သည်ကို ဝူလင်းယူ သိသော်လည်း သူ သတိပေးလိုက်သည် “မမေ့နဲ့ မင်းမှာ ၁၀လတောင်မရှိ တော့ဘူး”
“အဲလောက်ဆို လောက်မှာပဲ၊ ပြီးတော့ ကျွန်တော်မထုတ်နိုင်လည်း ကိစ္စမရှိပါဘူး၊ အရေးကြီးတယ်ဆိုပေမယ့် အခုတော့မလိုသေးဘူးလေ” ရှီမာယူယူ ပြောလိုက်သည်။
“ငါတို့ တပ်သားသစ်တွေသွားစုမှာလား ယူယူ” ရှောင်ချီ မေးလိုက် သည်။
“အချိန်ရှိရင်တော့သွားမယ်၊ ဒီပြဿနာကိုအရင်ရှင်းရအောင်” ရှီမာယူယူ ပြန်ဖြေလေသည် “ကိစ္စတွေကို တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဖို့လိုလိမ့် မယ်၊ လူဝကြီးကို တစ်ခါတည်းစားလို့မရဘူးလေ”
“လူဝကြီးကိုတော့ ရိုက်နိုင်တယ်” ရှောင်ချီသည် လက်သီးဝေ့ပြလေ သည်။
“ဟား… မင်းသန်မာမှန်းငါသိပါတယ်၊ ဒါပေမဲ့ မိန်းကလေးတွေက အကြမ်းမဖက်သင့်ဘူး” ရှီမာယူယူ ပြုံးလိုက်သည် “ကောင်းပြီ ဒါလမ်းဆုံးပြီပဲ ပြန်သွားရအောင်”
လူတစ်စုသည် ကမ်းပါးတွင် ရက်အနည်းငယ်စောင့်ပြီးနောက်တွင် သူတို့သုံးယောက်တက်လာသည်ကို မြင်လိုက်ရသည်။
“သခင်လေး အောက်က ဘယ်လိုအခြေအနေရှိလဲ” နီအန်းယိသည် သူတို့ မထိခိုက်ပဲရှိနေသည်ကို မြင်သောအခါ မေးလိုက်သည်။
“ငါတို့ အလယ်ထိသွားခဲ့ပြီး အနံ့အသက်တွေအများကြီးနဲ့ အဆိပ် သတ္တဝါတွေအများကြီးနဲ့တွေ့ခဲတယ်၊ အားလုံးကအားကောင်းကြတယ်” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒီမှာ ဂိုဏ်းထောင်လို့ရနိုင်မလား”
“အဆိပ်သတ္တဝါတွေကတော့ ရှင်းဖို့လွယ်တယ်၊ သူတို့နဲ့ သဘောတူညီ ချက်လုပ်လိုက်ရင်ရပြီ၊ အဓိကပြဿနာက အနံ့အသက်ပြဿနာပဲ” ရှီမာယူယူ ရှင်းပြလေသည် “ငါတို့ တစ်ဖက်တည်းပဲဝင်သွားပြီး နေရာရဲ့ လေး ပုံတစ်ပုံလောက်ပဲသွားခဲ့တာ၊ အဲမှာကို အနံ့အသက်ရာချီနေပြီ၊ အဆိပ်တွေ ကလည်း တစ်နေရာနဲ့တစ်နေရာမတူဘူး၊ အဲဒါက ပြဿနာပဲ”
“အသည်းကွဲတောင်ကြားတစ်ခုလုံးက ကျယ်ပြီးတော့ အဆိပ်တွေ လည်းများတယ်၊ ဒီပြဿနာကိုရှင်းဖို့မလွယ်လောက်ဘူး” ဖန်ခိုင် ပြောလိုက် သည်။
အနံ့အသက်များစွာရှိကာ အဆိပ်များမှာလည်း မတူကြပေ။ တစ်ခုချင်း စီအတွက် အဆိပ်ဖြေဆေးလုပ်ရန်မဖြစ်နိုင်ပေ။ ပြောရမည်ဆိုလျှင် တစ်ယောက် နှစ်ယောက်ချင်းစီအတွက်လုပ်ရန် ဖြစ်နိုင်သေးသည်။ ဂိုဏ်းတစ် ခုအတွက်ဆိုလျှင်တော့ အဆိပ်ဖြေဆေးဘယ်လောက်တောင် လိုမှာလဲ။ ပြီးတော့ အဆိပ်ဖြေဆေးအမှားလုပ်မိရင်လည်း ဖြေရှင်းရန်မလွယ်ပေ။
အားလုံးသည် ထိုသို့တွေးလိုက်သောအခါ ချက်ချင်းပင် ထိုကိစ္စကို ဖြေရှင်းရန် အခက်တွေ့သည်ကို ခံစားလိုက်ရသည်။
“ငါတို့ ဒီမှာဂိုဏ်းထောင်ကြမှာလား” နီအန်ယီ မေးလိုက်သည်။
“ငါ အဆိပ်တစ်ရာကို ကုနိုင်လောက်မယ့် ဆေးကို အရင်ဆုံးလုပ်ကြည့် မယ်၊ အသည်းကွဲတောင်ကြားတစ်ခုလုံးကို ခရီးသွားနိုင်လောက်တဲ့ဆေး တော့မဟုတ်ဘူး၊ အနည်းဆုံးတော့ ဆေးအများကြီးသုံးတာကို လျော့ချနိုင် မယ်” ရှီမာယူယူ ပြန်ဖြေလေသည် “ငါ ဆေးဖော်ပြီးတဲ့အထိစောင့်ပြီးတော့ တပ်သားစစုလို့ရပြီ”
“နေရာတွေဆက်ရှာဖို့လိုသေးလား”
ရှီမာယူယူ ခေတ္တမျှစဉ်းစားကာ “အခုတော့မလိုသေးဘူး၊ ဒီနေရာက အဆင်မပြေဘူးဆိုရင် ထပ်ရှာကြတာပေါ့၊ အခုတော့ မင်းတို့အတွက် တခြား ရှင်းခိုင်းစရာတွေရှိတယ်”
“သခင်လေး ကျွန်တော်တို့အကောင်းဆုံးဖြေရှင်းပါမယ်” ဒိုင်ယိ ပြော လေသည်။
ရှီမာယူယူသည် အဝေးကိုကြည့်ကာ “ဒီကနေ နီကာမြို့နဲ့သိပ်မဝေး တော့ဘူး၊ မင်းတို့ကို သတင်းတွေစုပေးစေချင်တယ်”
ရှီမန်ဖန်သည် နီကာမြို့ဟုကြားလိုက်သည်နှင့် ခေတ္တမျှ မှင်တက်သွား သည်။
“ဘယ်လိုသတင်းလဲ”
“ကျုံကျန်းမျိုးနွယ်ရဲ့ သတင်း” ရှီမာယူယူသည် ထိုစကားလုံးများကို ရေရွတ်ရုံသာ ရေရွတ်လိုက်သည်။ သို့သော် လူဆိုးကြီး၁၀ယောက်သည် အမုန်းတရားများပါနေသည်ကို ခံစားမိလိုက်သည်။
“သခင်လေး မင်းနဲ့ ကျုံကျန်းမျိုးနွယ်…” ယူရှီ မေးလေသည်။
“မကျေအေးနိုင်တဲ့ အမုန်းတရားပေါ့” ရှီမာယူယူ၏ အသံသည် တုန်ယင်နေသည် “ဒီဂိုဏ်းထောင်ရခြင်း ရည်ရွယ်ချက်က လက်စားချေဖို့ အတွက်လို့ အစကတည်းက ပြောခဲ့တယ်မလား”
“ကျုံကျန်းမျိုးနွယ်နဲ့ ရှင်းဖို့လား”
“အဲဒါတင်မဟုတ်ဘူး၊ သူတို့အထက်မှာရှိတဲ့ အင်အားကြီးတစ်ခုလည်း ပါသေးတယ်” ရှီမာယူယူ ပြောလိုက်သည် “ကျုံကျန်းမျိုးနွယ်၊ ရင်ယန်နန်းတော်နဲ့ ပညာရှိစံအိမ်တော်၊ ငါသူတို့ကို အလွတ်မပေးဘူး”
ပညာရှိစံအိမ်တော်လား…
အားလုံးသည် ဝူလင်းယူအား ကြည့်လိုက်ကြသည်။ သခင်လေးက ပညာရှိစံအိမ်တော်က မြင့်မြတ်သောသားတော်ရှေ့မှာ ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်လို့ ပြောလိုက်တယ်။ အဲလူကို အရင်သတ်သွားဦးမယ် သတိ ထားဦး။
သို့သော် ဝူလင်းယူ၏ အမူအရာအရ သူသည် သူမကို တားရန် ဆန္ဒမရှိ သည့်ပုံပင်။
***