ချီရီရှင်း
Vol. 9 Ch. 133
ချီအမတ်ကြီး၏နေအိမ်တွင် ကုန်သည်များစွာ
စုဝေးနေကြလေသည်။ချီအမတ်ကြီးသည် စုန့်
ဧကရာဇ်မှာကြားချက်များကို သေချာရှင်းလင်း
ပြောကြားနေလေသည်။
“ကျုပ်တို့က ကုန်သွယ်ရေးလုပ်ရမယ်ဆိုပေမဲ့
အဓိက ကျိုးပြည်ထောင်စုရဲ့လှုပ်ရှားမှုတွေကို
စောင့်ကြည့်ရမှာ အဲ့အတွက် ကျိုးပြည်ထောင်
စုမှာ အခြေတကျ စီးပွားရေးကွန်ယက်တခုတ
ည်ဆောက်ရလိမ့်မယ် မင်းတို့အနေနဲ့ မတူညီတဲ့
ကုန်ပစ္စည်းတွေ ရောင်းချဖို့စိတ်ကူးရှိထားပြီး
ဧကရာဇ်ရဲ့တာဝန်ကို လုပ်ဆောင်ချင်စိတ်ရှိရဲ့
လား အန္တရာယ်ကတော့ တဖက်သူတွေကကျုပ်
တို့ရဲ့အစီစဥ်ကိုရိပ်မိသွားတာ ဒါမှမဟုတ်တခုခု
အမှားယွင်းဖြစ်သွားတာမျိုးဆိုရင် မကောင်းဘူ
ကျုပ်ပြောတာကို သဘောပေါက်ကြလား”
ကုန်သည်များကခေါင်းညိတ်ပြကြသည်။ဆိုလို
ရင်းကို နားမလည်လောက်အောင်တုံးအသည့်
ကုန်သည်များမဟုတ်ကြပေ။ယခုကိစ္စသည်စီး
ပွားရေးဗန်းပြသည့် နိုင်ငံရေးတခုဖြစ်ပြီးအကျို
အမြတ်မှာလွန်စွာကြီးမားသောကြောင့် ဂရုစိုက်
ရန်လိုပေသည်။
ကုန်သည်တဦးက သိလိုသည်ကိုမေးမြန်းလာသ
ည်။
“ချီအမတ်ကြီးခဗျား ဒါဆိုရင် ကျုပ်တို့ကုန်သ
ည်တွေက အခြေချပြီးသတင်းတွေကိုအဆတ်
မပြတ်စုံစမ်းတာ အင်အားစုတွေမွေးမြူပြီးသွေး
ခွဲတာတွေလုပ်ရမယ်ဆိုတော့ ကျုပ်တို့ရဲ့အန္တရာ
ယ်ကင်းမှုအတွက် ဧကရာဇ်မှာအစီစဥ်များရှိ
ထားသလား သိချင်ပါတယ်”
“မရှိဘူး မင်းတို့က ကုန်သည်တွေဖြစ်သည်အ
တွက် ပညာရှင်အများအပြားစောင့်ကြပ်မယ်ဆို
ရင် တဖက်ပြည်ထောင်စုကရိပ်မိသွားနိုင်လို့
ဖြစ်လာနိုင်တဲ့တဲ့အန္တရာယ်တွေကို ကိုယ်တိုင်က
ပဲ ဖြေရှင်းရလိမ့်မယ် ဒါကြောင့် ကျုပ်ကမည်
သူမည်ဝါရယ်ဆိုပြီး အတင်းအကျပ်မစေလွှတ်
ပါဘူး ဆန္ဒရှိသူပဲသွားလို့ရပါတယ် ဒါပေမယ့်
သွားရောက်တဲ့ကုန်သည်မိသားစုကတော့ဧက
ရာဇ်ရဲ့အထောက်ပံ့အချို့ကို သေချာပေါက်ရဖို့
ရှိမှာပါ”
ဧကရာဇ်အထောက်အပံ့။ထိုအရာကမည်သည့်အရာဖြစ်သနည်း။ပြည်ထောင်စုတခုတွင်ဧက
ရာဇ်သည် အမြင့်မားဆုံးအာဏာရှိသူဖြစ်ကာ
ဧကရာဇ်အထောက်ပံ့ရထားသူသည် တန်ခိုး
အာဏာအရာတွင် ကြီးမားပေသည်။သာမန်ကို
ယ်လုပ်တော်တဦးဆက်သထားသည့် အဆင့်၂
အမတ်ပင် စုဝေးပွဲတက်ရောက်ခွင့်ရထားသည်
မဟုတ်လား။ သာမန်အားဖြင့် အဆင့်၃နှင့်အထ
က်များသာ စုဝေးပွဲတက်ရောက်ခွင့်ရှိပြီး ထိုအ
ဆင့်အောက်တွင်ကမူ တက်ရောက်ခွင့်မရှိပေ။
ချီရီရှင်းသည် သူမ၏အဖိုးပြောသည့်စကားကို
အလေးအနက်တွေးတောနေလေသည်။ယခုကိ
စ္စမှာ ထင်သလောက်မရိုးရှင်းပဲ အန္တရာယ်များ
သည်မဟုတ်လား။တဖက်တွင် ကျိုးပြည်ထော
င်သည် ပြန်လည်ဖွံ့ဖြိုးရေးလမ်းစဥ်ပေါ်ရောက်
ရှိနေပြီး ဧကရာဇ်အသစ်၏အရည်အချင်းကိုလဲ
သူမက ကြားသိထားလေသည်။
သံထည်ဖြင့်ပြုလုပ်ထားသည့် တိုက်ပွဲဝင်စက်
တပ်ယာဥ်များ လက်နက်ဆန်းများအပြင် အမျို
သမီးအခွင့်အလမ်းကိုမြင့်တင်ပေးသည့် ဥပဒေ
များ ကျင့်ကြံရေးလောကနှင့်ကွဲပြားစွာ ဌာနဆို
င်ရာများပေါ်ပေါက်နေပြီး ပြည်သူများကိုပါပူး
ပေါင်းဆောင်ရွက်စေသည့် အစီစဥ်များသည်
မည်သည့်ပြည်ထောင်စုတွင်မှ မရှိချေ။
ထိုအတွက် သူမသည် ကျိုးပြည်ထောင်စုကိုအ
မှန်ပင်စိတ်ဝင်စားနေကာ ယခုအဖိုးဖြစ်သူ၏အ
စီစဥ်များကိုကြားချိန်၌ အားတက်သရောရှိခဲ့
လေသည်။
“သမီးသွားမယ်အဖိုး”
ချီရီရှင်း၏အသံက ခန်းမထဲတွင်ကျယ်လောင်
စွာထွက်ပေါ်လာသည်။ ချီအမတ်ကြီးသည်သူ
၏မြေးဖြစ်သူအကြောင်းကို သိထားပြီးဖြစ်၍
သူမကို အထူးတလည်မမေးခြင်းဖြစ်သည်။သူ
မလေးသည် စွန့်စားရမည့်ကိစ္စများကို အလွန်
ပင်စိတ်အားထက်သန်သူဖြစ်သည်။
“ သေချာလား မြေးလေး”
ချီအမတ်ကြီး၏ အမေးကိုချီရီရှင်းကချက်ချင်း
ပင်ဖြေလိုက်သည်။သူမအတွက် ဒေသအသစ်
တခုသို့သွားရောက်ခြင်းသည် အထူးအဆန်းမ
ဟုတ်သော်လည်း နောက်ဆက်တွဲနိုင်ငံရေးအ
နေထားကိုတော့ မလုပ်ဆောင်ချင်ပေ။ဧကရာဇ်
ကိုခစားခြင်းသည် အသွားနှစ်ဖက်ပါသည့်ဓား
ကို ကိုင်ဆောင်ရခြင်းဖြစ်ကာ နောက်ကျောကို
ဓားနှင့်ထိုးမည့်သူများနန်းတွင်း၌ အပြည့်ရှိပေ
သည်။ထိုအတွက် သူမသည် အိမ်ရှေ့စံ၏မိဖုရာ
အဖြစ်လျာထားသည့် သတင်းကြားချိန်၌အလွန်
ပင်စိတ်ပျက်သွားကာ အခြားပြည်ထောင်စုများ
ထံသို့အချိန်အတော်ကြာပင် ထွက်ခွာသွားခဲ့သ
ည်မဟုတ်လား။
“ကောင်းပြီ ငါ့မြေးက ဆန္ဒရှိမှတော့ အဖိုးသ
ဘောတူပါတယ် ဒါပေမယ့် ငါ့မြေးလေးကနော
က်ဆက်တွဲတွေကို တာဝန်ယူမယ့်သူမဟုတ်လေ
တော့ အဲ့အတွက်အဖိုးက တခြားတဦးကိုထပ်မံ
ရွေးချယ်ရလိမ့်မယ်”
ချီရီရှင်းက ထိုစကားကိုလက်ခံလိုက်သည်။သူမ
သည် နိုင်ငံရေးကို စီးပွားရေးနှင့်မရောထွေးတ
တ်ပေ။ထိုကြောင့်လည်း သူမသည် ပြည်ထောင်
စုများကြားတွင် ကုန်သွယ်ရေးနတ်ဘုရားမအ
ဖြစ်ထင်ရှားနေရခြင်းဖြစ်သည်။
ကျိုးပြည်ထောင်၏တနေရာ….
ကျိုးယန်သည် လက်နက်ပညာရှင်များမှတီထွင်
ဆန်းသစ်ထားသည့် M79 ဗုံးပစ်လောင်ချာအ
သေးစားလေးကို စမ်းသပ်နေလေသည်။ထိုလ
က်နက်လေးသည် AK ကဲ့သို့အစိတ်အပိုင်းများ
ပြားစွာမပါဝင်ပဲ လူစေ့ကိုင်တွယ်ရန်မလိုသော
ကြောင့် အရေအတွက်အမြောက်အမြားထုတ်
လုပ်ရန်လည်းမလိုပေ။
ဗုံးပစ်လောင်ချာငယ်၏လက္ခဏာများအတိုင်း
ပြင်းထန်သည့်ပေါက်ကွဲမှုများကိုဖြစ်စေကာ လူ
စုလူဝေးနှင့်တိုက်ခိုက်မှုများကိုတားဆီရာတွင်အသုံးဝင်ပေသည်။
ကျိုးယန်သည် M79 ဖြင့်တောင်ကုန်းငယ်အား
တချက်ပစ်လိုက်သည်။
အုန်း…
မီတာ ၅၀ အကွာရှိသဲတောင်ကုန်းငယ်သည်
ကြေမွသွားရသည်။ထိုပြင်းအားသည် ကမ္ဘာမြေ
၏လက်နက်ထက်အနည်းငယ်နိမ့်သော်လည်း
တီထွင်နိုင်မှုကိုတော့ ချီးကျူးရန်လုံလောက်ပါ
သည်။ ရှောင်ရှောင်လေးသည် ကျယ်လောင်သ
ည့်ပေါက်ကွဲသံကို ကြောက်ရွံခြင်းမရှိပဲလက်ခုပ်
လက်ဝါးတီးကာ ပျော်ရွှင်နေပုံပင်ရလေသည်။
ကျိုးယန်က လက်နက်ကိုစစ်သည်တဦးထံပြန်
ပေးလိုက်သည်။ပြီးနောက် လက်နက်ထုတ်လုပ်
သည့်တာဝန်ခံများကို ချီးကျူးစကားဆိုကာမ
တူညီသည့် လက်နက်များထပ်မံထုတ်လုပ်ရာတွ
င်လည်း ယခုကဲ့သို့အားစိုက်ထုတ်ရန်မှာကြားလို
က်သည်။
ခနအကြာတွက်ထိုနေရာမှထွက်ခွာကာ နန်းတော်ထဲသို့ဝင်ရောက်လာသည်။တမနက်ခင်
နီးပါး လက်နက်များစမ်းသပ်နေသောကြောင့်
တခုခုစားသောက်ရန်ပင်သတိမရခဲ့ပေ။
“အစ်ကိုကြီး နေ့လည်စာအသင့်ဖြစ်ပြီ”
စုယင်က လာရောက်သတိပေးကာမှ ဝမ်းဗိုက်
မှဆာလောင်မှုကိုသတိရသွားလေသည်။ကျိုး
ယန်ကဲ့သို့အဆင့်မြင့်ပညာရှင်အနေဖြင့်အစား
အသောက်ကို အထူးတလည်စားသုံးရန်မလိုအ
ပ်သော်လည်း စုယင်ကိုယ်တိုင်ကြီးကြပ်သည့်
တနပ်စာအတွက်တော့ သူကစွန့်လွတ်ရန်စိတ်
ကူးမရှိပေ။
“ကောင်းပြီ အစ်ကိုလာခဲ့မယ်”
အချိန်တချို့ကြာပြီးနောက် ကျိုးယန်ကရှောင်
ရှောင်လေးကိုချီကာ စားသောက်ခန်းထဲသို့ဝင်
ရောက်သွားလိုက်သည်။ဧကရာဇ်တပါး၏စား
သောက်ခန်းသည် ကြီးကျယ်ကာ စားဖွယ်များ
သည်စုံလင်ပေသည်။ထိုမြင်ကွင်းကိုကြည့်၍
ကျိုးယန်သည် ကမ္ဘာမြေတွင်နေစဥ်က အသင့်
စားခေါက်ဆွဲများနှင့် နှစ်ပါးသွားခဲ့ရသည့်အချိန်
များကိုပင် သတိရမိသွားကာပြုံးမိသွားလေသ
ည်။
သာမန်လူငယ်တဦးမှာ မတူညီသည့်လောကတ
ခုတွင် ဧကရာဇ်တပါးဖြစ်လာမည်ဟုယခင်က
ပြောကြားပါက ကျိုးယန်တယောက်ယုံကြည်မ
ည်မဟုတ်ပေ။အများအားဖြင့် အချိန်ကူးပြောင်
ခြင်းသည် စိတ်ကူးရေးစာပေများတွင်သာရှိသ
ည်ဟု မှတ်ယူထားသည်မဟုတ်လား။
“ဘာပဲပြောပြော ငါ့မှာရှိတဲ့စနစ်က တခြား
ဇာတ်လိုက်တွေရဲ့ စနစ်ထက်နိမ့်တယ်ဆိုပေမဒ့
အသုံးတော့ဝင်ပါတယ်လေ”
ကျိုးယန်၏အတွေးကိုသိနေသည့်စနစ်ကချက်
ချင်းပင် ကန့်ကွက်စကားဆိုလာသည်။
“စနစ်ရှင်က ကျေးဇူးကန်းတတ်တာပဲ”
ကျိုးယန်က မည်သည့်စကားမှခွန်းတုံ့မပြန်ပဲ
ကျယ်လောင်စွာရယ်မောလိုက်သည်။ ကျိုးယန်
၏ကိုယ်ပေါ်တွင်ရှိနေသည့် ရှောင်ရှောင်လေးက
လဲ ကျိုးယန်၏ရယ်သံကိုကြားလျှင် သူမလေး
သည်လည်း လိုက်ပါရယ်မောလေသည်။
ရှောင်ရှောင်လေးကို မွေးစားသမီးအဖြစ်တရား
ဝင်မသတ်မှတ်ထားရသေးသော်လည်း သူမ
လေး၏ အနေထားကြောင့် ရှောင်ဝူတို့သည်လဲ
မြင့်မားသည့်အဆင့်တန်းတခုကို အလိုအလျော
က်ရရှိသွားကြသည်။ ထိုအရာက ဧကရာဇ်တပါ
နှင့်နန်းဆောင်တခုထဲတွင် နေခွင့်သာမက အတူ
တကွစားသောက်ခွင့်တို့ဖြစ်သည်။
ကျိုးယန်သည် ရှေးရိုးဆန်သည့်ဧကရာဇ်များ
ကဲ့သို့မနေထိုင်ခဲ့ပေ။အရေးကြီးစည်းဝေးပွဲကိစ
များမှလွဲ၍ သာမန်ဝတ်စားဆင်ယင်မှုသာဝတ်
ဆင်လေ့ရှိပြီး ဟိတ်ဟန်မရှိသည့်သာမန်လူတဦ
အသွင်ရှိနေတတ်သည်။ ပေါင်းသင်းဆက်ဆံရာ
တွင်ပြေပြစ်သည်ဟု ကျော်ကြားသော်လည်းခွ
န်အားအရာတွင်တော့ ကျင်းတလျန်ကပင်အနိုင်
မယူနိုင်ဟု ဝန်ခံထားရသည်။ထိုအတွက် ကျိုး
ယန်၏ပေါ့ပေါးပါးပါးနေထိုင်မှုကိုကြည့်၍မည်
သူမှ အကဲမစမ်းရဲပေ။
…………………………………………