← Chapters

မတူညီသည့်နည်းပညာများ

Vol. 9 Ch. 134

မတူညီသည့်နည်းပညာများ

Vol. 9 Ch. 134

ကျိုးယန်သည် ရှောင်ရှောင်လေး၏ မိသားစုနှင့် အတူ စားသောက်ပြီးနောက် စားသောက်ခန်းမ ထဲမှထွက်ခွာလာခဲ့သည်။ သူ့တွင် လုပ်စရာ အများ အပြားရှိသော်လည်းသူ့ပုံစံကအေးဆေး သက်သာစွာပင်ရှိနေသည်။ထိုအမူအရာကိုတဦးဦးသာ တွေ့မြင်ပါက ဧကရာဇ်တပါး ဟု ယုံနိုင်မည်မဟုတ်ချေ။ ပြည်ထောင်စုတခု၏ ဧကရာဇ်တပါးသည် အလွန်ပင် အလုပ်များသူ ဖြစ်ကာ မည်သည့်ဧကရာဇ်မှ ကျိုးယန်ကဲ့သို့ ပေါ့ပေါးပါးပါးရှိမနေပေ။

ကျိုးယန်သည် လက်နက်နည်းပညာ အဆင့်မြင့် တင်ရန်အတွက် လက်နက်စက်ရုံများထံ ရှောင် ရှောင်လေးကိုချီ၍ လည်ပတ်လေသည်။ ထိုအ ရာမှာ သူ၏နေ့စဥ် အလုပ်တခုဖြစ်ပြီး လောက နှစ်ခုကြား မတူညီသည့် နည်းပညာများ ကို ပေါင်းစပ်ရန်က ထင်သလောက် မလွယ်ကူပေ။ သို့သော် ကျိုးယန်က အနည်းငယ်မျှပင် နောက် ဆုတ်မည့်ပုံ မရှိလေပဲ သေနတ်များ အမြှောက် လက်နက်များ အရေအ တွက်အကန့်သတ်မဲ့ သည် အထိ ထုတ်လုပ်စေ သည်။

ကျိုးပြည်ထောင်စုသည် ပြန်လည် ထူထောင် ရေး ကာလများ၌ တည်ငြိမ်စွာ အချိန် ကုန်ဆုံး နေပုံရပြီး ဒေသအသီးသီးကို တာဝန်ယူ ထားသည့် သူများကလည်း အဆင်ပြေပြေ ဖြစ်အောင် ထိန်းချုပ်နိုင်နေလေ သည်။ ကျိုးယန်အတွက် တံခါးဖွင့်ဝါဒကို ကျင့်သုံးရန် အချိန်ကျရောက်လာလေပြီ။ ထိုအတွက် ကျိုးယန်က ပြင်ပကုန်သည်များကို ဖိတ်ခေါ် မည့်အစီစဥ်ကိုတရားဝင်ကြေငြာသည်။ မတူညီ သည့် ဒေသအသီးသီးမှ ထွက်ကုန်များကို လဲလှယ်သည့်အပြင် နည်းပညာများ လက်နက် များ အပေါ်လည်း ထိုနည်းအတူပင် ဖြစ်သည်။

ကျိုးယန်၏ အစီမံများဖြင့် ရွှေရောင်ကုန်သွယ် ရေးဇုန်များတည်ဆောက်စေပြီး ထိုကုန်သွယ် ရေး ဇုန်များ၌ ကျင့်ကြံမှုအရင်းအမြစ်များ လူနေမှုဆိုင်ရာ ပစ္စည်းများ ပါဝင်ကာ ကျောက် မြတ်ရတနာ များမှအစ အရာအားလုံး ရနိုင် စေရန် ရည်ရွယ် သည်။ ကုန်သည်များအတွက် သတ်မှတ်အခွန် အခများကိုလည်း နှစ်အလိုက် ကျခံစေပြီး ထို အထဲတွင် ကုန်သည် မှုပမာဏ အလိုက် ခံစားခွင့် အသီးသီးရှိသည့် အဆင့် သတ်မှတ်ချက် များလည်း ပါဝင်ပေသည်။ ဥပမာ ရွှေရောင်ကုန်သည် အသင်းသည် ကျိုး ပြည်ထောင်၏ အထူးကုန်သည်မဟာမိတ် အဖွဲ့သို့ဝင်ရောက်နိုင်ပြီး ထိုကဲ့သို့အခွင့်အလမ်း က ကျိုးပြည်ထောင်စု၏ နိုင်ငံရေးလောကကို ထိန်းချုပ်ရန်ရည်ရွယ်ထားသည့် ပြင်ပ ပြည်ထောင် များအတွက် သင့်လျော် နေပေသည်။ သို့သော် ထိုအရာကို ကျိုးယန်က မသိ၍ ပြုလုပ်လေသလား။ မဟုတ်ပေ ကုန်သည် ဟူသည် သဘောတရားသည် စစ်မှန်သည့် ကုန်သွယ်ရေး ကိုသာ လုပ်ဆော င်ကြရမည် ဖြစ်ပြီး နိုင်ငံရေးအတွင်း ပါဝင် ပက်သက် မည်ဆိုပါက ခံစားခွင့်များ ရုတ်သိမ်း မည် ဆိုသည့် အချက်ကို ကျိုးယန်က ထည့် သွင်းထားလေသည်။ ထိုအတွက် ကျိုးယန်၏ ဥပဒေအရ မည်သည့် ကုန်သည်များမဆို ပြည်ထောင်စု၏ နိုင်ငံရေးကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ပက်သက်ခွင့် ရှိမည်မဟုတ်တော့ပေ။ ထိုသို့မဟုတ်ပါက ပိုင်ဆိုင်မှုများကို သိမ်းယူခြင်း ရာသက်ပန် ကုန်သွယ်ခွင့် ပိတ်ပင်ခြင်း ပြည်နှင်ဒဏ် ပေးခြင်းတို့ကို ခံစားရပေမည်။

ကျိုးယန်၏ အစီမံများဖြင့် ပြင်ပကုန်သည် များ ဖိတ်ခေါ်မှုသည် အချိန်အနည်းငယ် အတွင်းမှာ ပင် စတင်လာခဲ့သည်။ စုန့်ပြည်ထောင်စု သာမက အနီးအနားရှိ အခြား သောပြည်ထောင် စုများမှ ကုန်သည်များက လည်း ကျိုးယန်ဆီမှ လက်နက် နည်းပညာကို ရလိုရငြားဖြင့် ကုန်သွယ်ရန် စိတ်အားထက်သန်နေကြ လေ သည်။ ထိုအရာမှာ ဖြစ်နိုင်ချေနည်း သော်လဲ မည်သည့်အရာမှ မမျှော်လင့်တာထက် ပို၍ကောင်းမွန်သည် မဟုတ်လား။ အဓိကအား ဖြင့် ပြည်ထောင်စု တခုစီတွင် ယဥ်ကျေးမှု ထုံး တမ်းစဥ်လာများမှာ ကွဲပြားစွာရှိတတ်ပြီး အခြေ ခံစားသောက်ကုန် များမှာလည်း မတူကြပေ။ အထူးသဖြင့် ဆန် ပြောင်း ဂျုံ စသည့် အခြေခံ စားသောက်စရာများ အပြင် လက်နက်ကိရိယာ အမျိုးမျိုး စစ်သည်များအတွက် ချပ်ဝတ်တန် ဆာများအပြင် ကျင့်စဥ်များလည်း ပါဝင်နေ သည်။

“သခင်လေး စုန့်ပြည်ထောင်စုက ကုန်သည်အ ချို့က တွေ့ခွင့်တောင်း နေပါတယ် ခွင့်ပြုလိုက် ရမလား”

အစေခံတဥိးမှ ကျိုးယန်ကို လာရောက် အကြောင်းကြားသည်။ ကျိုးယန်သည် စုန့်ပြည် ထောင်စု ဆိုသည့်အသံကို ကြားလျှင် မျက်မှော င်ကြုတ်မိသော်လည်း ထိုသူများကို မတွေ့ဆုံရန် အကြောင်းပြချက် မရှိပေ။ အထူး သဖြင့် ကုန်သွာ်ရန် လာရောက်သည့် သူများအားလုံးကို တူညီစွာ ဆက်ဆံရန် အရေး ကြီးသည်။ ကျိုးယန်က အစေခံကို ခေါင်းညိတ် ပြလိုက်သည်။ ခနအကြာတွင် အမျိုးသမီးတဦး ဥိးဆောင်သည့် လူတစုဝင်ရောက်လာကာ ထိုအ မျိုးသမီးသည် ကျိုးယန်နှင့်ရွယ်တူ အသက်အ ရွယ်သာ ရှိနေပေဦးမည်။

“ဧကရာဇ်ကျိုးကို နှုတ်ဆက်ပါတယ်”

အကုန်လုံးက တူညီစွာ နှုတ်ဆက်စကား ဆိုလာ ကြသည်။ ထိုအတွက် ကျိုးယန်လည်း ပြန်လည် နှုတ်ဆက်စကား ဆိုလိုက်ရသည်။

“ကျမက စုန့်ပြည်ထောင်စုက ချီမိသားစု ကုန် သည်အသင်းရဲ့ ခေါင်းဆောင် ချီရီရှင်းပါ”

“ တွေ့ရတာ ဝမ်းသာပါတယ်”

ကျိုးယန်က သူမ၏မိတ်ဆက်စကားကို အသိ အမှတ်ပြုကာ လက်ခံလိုက်သည်။ စုန့်ပြည် ထောင်စုတွင် အင်အားကြီး မိသားစုများ ရှိသည်ကို သိထားသောကြောင့် အထူးတလည် အံ့သြခြင်းမရှိပေ။

“ဧကရာဇ်ကျိုးရဲ့ ကုန်သွယ်ရေးနည်းဥပဒေ တွေအပေါ် နှစ်သက်မှု ရှိတဲ့အတွက် ကျမတို့ ကုန်သည်အသင်းက အကျိုးရှိစေမယ့် ကုန်သွယ်မှုတခု လုပ်ဆောင်ချင်ပါတယ်”

“အကျိုးရှိစေမယ့် ကုန်သွယ်မှုတခု ဟုတ်လား”

ကျိုးယန်က ပြန်မေးလိုက်သည်။ ကျိုးယန်၏ မေးခွန်းကို ချီရီရှင်းက

“ယခုအချိန်က ကျိုးပြည်ထောင်ရဲ့ ပြည်လည် ထူထောင်ရေးကာလလို့ သိထားပါတယ် ဒီအတွ က်စားသောက်ကုန်နဲ့ ဆောက်လုပ်ရေး ပစ္စည်း တွေ ကုန်သွယ်ချင်ပါတယ် နောက်ပြီး မတူညီတဲ့ ယဥ်ကျေးမှု ဖလှယ်ပြီး ပြည်ထောင် စုနှစ်ခုအကြား သင့်တင့်လျောက်ပတ်တဲ့ ဆက် ဆံရေးတခု တည်ဆောက်ချင်တာပါ”

ချီရီရှင်းက အသေချာ ရှင်းပြသည်။ စားသော က်ကုန်များသည် မည်သည့် ပြည်ထောင်စုအတွ က်မဆို လိုအပ်ပြီး ဆောက်လုပ်ရေး ပစ္စည်းများ ဖြစ်သည့် သံထည်များ မှာလည်း အရေးကြီး သည့်နေရာတွင် ပါဝင်ပေသည်။ ကျိုးယန်က ခေါင်းတဆတ်ဆတ်ညိတ်၍

“ဘယ်လိုအရာတွေကို ကုန်သွယ်မလဲဆိုတာက အရေးမကြီးပါဘူး ခဗျားတို့အနေနဲ့ ကျုပ်ရဲ့ ပြည်ထောင်အတွင်းမှာ ကုန်သွယ်ချင်တယ် ဆိုရင် ပြည်ထောင်ရဲ့ ဥပဒေတွေကို တိတိပပ လိုက်နာဖို့ဖိုလိမ့်မယ် ဒါကအရေးကြီးဆုံး အချက်ဖြစ်ပြီး နောက်တခုကတော့ စျေးနှုန်း ကြီးမြင့်တဲ့ ကုန်ပစ္စည်းတွေကို လက်ခံမှာမဟုတ် ပါဘူး”

ကျိုးယန်က မိမိ၏ ပြည်သူများ ဝယ်ယူရန် မတတ်နိုင်သည့် ကုန်ပစ္စည်းများကို ရောင်းချ ခွင့်မပြုပေ။ ထိုအရာက နောက်ကွယ်တွင် စျေးနှုန်း မြင့်တင်ထားခြင်းကို တားဆီသည်မှန် သိသာပါသည်။ ကျိုးယန်၏ သဘောထားကို ချီရီရှင်းကလည်း ရိပ်မိပါသည်။ အဓိကပြောလို သည့် အချက်မှာ မြင့်မားသည့် စျေးနှုန်း မဖြစ် စေရန်ဟု သွယ်ဝိုက် ပြောဆိုလိုက်ခြင်း ဖြစ် သည်။ ထိုအတွက် သင့်လျော်သည့် စျေးနှုန်း နှင့်သာ ရောင်းချရပေမည်။

“စိတ်ချပါ ကျမတို့က ကုန်ပစ္စည်းရဲ့ အရည်အ သွေးကအစ စျေးနှုန်းအထိ သေချာ ပြုပြင်ပြီး မှ ဆောင်ရွက်မှာမို့ ဧကရာဇ်ကျိုး စိတ်မပူပါနဲ့”

ကျိုးယန်က လက်ခံသည့် ဟန်ဖြင့် ခေါင်းညိတ် ပြလိုက်သည်။ ချီရီရှင်းက ဆက်၍

“မကြာခင်မှာပဲ ကျမတို့ရဲ့ နောက်ထပ်ကုန်သည် အသင်းတခု ထပ်ရောက်ဖို့ ရှိပါတယ် သူတို့က ကျင့်ကြံမှု ဆိုင်ရာ ပစ္စည်းတွေကို အဓိက ထား ပြီး ရောင်းချမှာပါ ကျမတို့နဲ့တူညီတာက နှစ်ဖွဲ့ စလုံး ဆယ်နှစ် ကုန်သွယ်ခွင့်နဲ့ ပြည်ထောင်စုထဲ မှာပဲ အခြေကျပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်”

ကျိုးယန်က အနည်းငယ် စဥ်းစားကြည့်သည်။ ဆယ်နှစ်သက်တမ်း ရှိသည့် ကုန်သွယ်မှုတခု ထို အရာက များပြားသည့် ကုန်သွယ်မှုတခု ဖြစ် လာနိုင်ချေရှိကာ အခြေချ ကုန်သွယ်မည် ဖြစ်၍ ထိုကုန်သည်များကို စောင့်ကြည့်ရန် လိုအပ်လာ ပေမည်။ သို့သော် ငြင်းပယ်ခြင်းကလည်း ကျိုး ယန်၏ မူဝါဒနှင့် မကိုက်ညီပေ။

“ကောင်းပြီ ကျုပ် ခွင့်ပြုပါတယ် ဒါပေမယ့် ခ ဗျားတို့ဘက်က အစိုးရရဲ့ စီမံရေးဌာနမှာ ကုန် သွယ်ခွင့် စာရင်းပေးသွင်းပြီး နှစ်အလိုက် သတ် မှတ်အခွန်အခကို မမေ့မလျော့ ပေးချေဖို့လိုပါ လိမ့်မယ်”

ချီရီရှင်းမှ ခေါင်းညိတ်ကာ လပ်ခံလိုက်သည်။

သူမသည် မူလက ဧကရာဇ်တပါးနှင့် ပြောဆိုရ သည့်အပေါ် အဆင်ပြေမှု ရှိမရှိ စိုးရိမ်မိခဲ့သော် လည်း ကျိုးယန်နှင့် စကားအနည်းငယ် ပြောပြီ ချိန်တွင် နောက်တက်သည့် ဧကရာဇ်ငယ် သည် သူမထင်ထားသည်ထက် ပို၍ အရည်အချင်း ရှိ ပုံရသည်ကို တွေ့လိုက်ရသည်။ ပွင့်လင်းသည့် စကားပြောပုံများ ဧကရာဇ်တပါး၏ အရှိန်အဝါ ရှိသော်လည်း ဧကရာဇ်တပါးကဲ့သို့ မောက်မာ ခြင်းလုံးဝမရှိပဲ မည်သည့် သူမဆို သက်တောင့် သက်သာ ခံစားရစေနိုင်သည့် စကားပြောစွမ်း ရည်တို့ကြောင့် ချီရီရှင်းသည် ကျိုးယန်ကို အမြင်ကောင်း တခုရသွားလေသည်။ ထိုကဲ့သို့ ဧကရာဇ်ငယ်သည် အခြားအနှောင့်ယှက်များ မ ရှိပါက သေချာပေါက် ကျော်ကြားလာမည့် ဧက ရာဇ်တပါးဖြစ်လာမည်မှာ အသေချာပင်။

ကျိုးယန်သည် ချီရီရှင်းတို့အဖွဲ့ ပြန်လည် ထွက် ခွာသွားပြီးသည်အထိ အတန်ကြာတွေးတောနေ လေသည်။ စုန့်ပြည်ထောင်စုမှ ကုန်သည်များ ဝင်ရောက်လာခြင်းမှာ မရိုးရှင်းသော်လည်း သူမလေး၏ ပုံပန်းသွင်ပြင်မှာ စစ်မှန်သည့် ကုန် သည်တဦးသွင်ပြင် ရှိထားလေသည်။ သို့သော် နောက်ထပ်ရောက်ရှိလာမည့် အဖွဲ့ကကော အမှန်တကယ် ကုန်သည်များ ဟုတ်ပါလေစ။ ထိုအတွက် အနည်းငယ် တွေးရသော်လည်း ကျိုးယန်ကို တိုက်ရိုက် တွေ့ဆုံသည့် ကုန်သည် အဖွဲ့က သူမတို့သာ ရှိပေသည်။ အခြားသော ကုန်သည်များမှာ စီမံရေးဌာနမှ တိုက်ရိုက် ဆက်သွယ်ပြီး စာရင်းပေးသွင်းကာ ကုန်သွယ် ရေးဇုန်ရှိ အဆောက်အုံများကို ဌားရမ်းကြသူ များဖြစ်သည်။

ကုန်သည်များ၏ အခွန်အခသည် ပြည်ထောင် စုအတွက် ဝင်ငွေတခုဖြစ်ကာ ထိုငွေသည် အချိန် တခုထိ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

………………………………………………

All Chapters